Wednesday, August 08, 2012
တိုးတက်လာသော ခေတ်သစ်အတွက် အကျင့်ဟောင်းများ စွန့်လွှတ်ရမည့် မြန်မာနိုင်ငံ
မြန်မာနိုင်ငံတွင် ဆင်ဆာရှိတော့မည်မဟုတ်ဟူသော နေပြည်တော်အာဏာပိုင်များ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များကြောင့် စိတ်ဓာတ် တက်ကြွမှုများ ပတ်လည်ဝိုင်နေသော်လည်း မြန်မာနိုင်ငံတွင် ဆင်ဆာပိတ်ပင်မှု ကောင်းစွာရှင်သန်နေသည်။
မြန်မာနိုင်ငံအတွင်းမှ တကယ့်ဖြစ်ရပ်မှန်များက ကွဲပြားခြားနားသော ဇာတ်လမ်းကို ဖော်ကျူးပြနေသည်။ လတ်တလောThe Voice Weekly နှင့် Envoyဂျာနယ်နှစ်စောင်ကို ပိတ်ပင်လိုက်သည် စာပေစိစစ်ရေးဘုတ်အဖွဲ့၏ နောက်ပြန်ခြေလှမ်းကို ပြည်တွင်းသတင်းထောက်များက ပြင်ဆင်ရှုတ်ချခဲ့ကြ သည်။
လွတ်လပ်စွာပြောဆိုခွင့်ကိစ္စသည် မြန်မာအသိုင်းအဝိုင်းတွင် အငြင်းပွားစရာ ပြဿနာတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ လွတ်လပ်စွာပြောဆိုခွင့် ချုပ်ချယ်မှုနှင့် မီဒီယာဆင်ဆာတင်းကြပ်မှု သမိုင်းကြောင်းရှိခဲ့သော နေပြည်တော်အာဏာပိုင်များသည် လွတ်လပ်သော လူ့အဖွဲ့အစည်းမှ မီဒီယာလွတ်လပ် ခွင့်ပုံစံကို သိသာထင်ရှားစွာ လက်ခံအသုံးပြုခြင်း မရှိပေ။
အကယ်၍မြန်မာနိုင်ငံသည် ဒီမိုကရေစီအမည်ခံပြီး ဆင်ဆာတင်းကြပ်မှုကိုမလျှော့ပါက ကမ္ဘာ့အလယ်တွင် ရယ်ရွှင်ဖွယ်ဟာသတစ်ခု ဖြစ်လာ တော့မည်။ အစိုးရအဖွဲ့ရာထူးအပြောင်းအလဲ သတင်းဖော်ပြခြင်းကို မြန်မာအာဏာပိုင်များ မနှစ်သက်ခြင်းအပေါ် နားလည်နိုင်သူ တစ်ဦးတစ်လေ ရှိပါ လိမ့်မည်။ မြန်မာနိုင်ငံရေးတွင် ဝန်ကြီးနာမည် အသစ်များကြေညာခြင်းသည် အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း ကိုရည်ညွှန်းသည်။
အကယ်၍ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေး နှင့်ဒီမိုကရေစီ ကူးပြောင်းခြင်းလမ်းကြောင်း အတိုင်းရှေ့ဆက်သွားလိုသည့် ဆန္ဒရှိပါက နိုင်ငံရေးလှုပ်ရှားမှုများကို အသားကျနေဖို့လိုအပ်သည်။သို့မဟုတ်ပါက အံ့ဖွယ်ဖြစ်ရပ်ဟု တင်စားရသော ပြုပြင်ပြောင်းလဲမှု ရလာဒ်များ အားလုံးရေစုန်မျော နောက်ပြန်လျှောကျသွားနိုင်စရာ ရှိသည်။
အကယ်၍ သတင်းမီဒီယာများကို ဆက်လက်ပိတ်ပင်ထားမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းအား သူတို့မြင်နေရသော အရာများသည် တကယ် အစစ်မဟုတ်ဟု ဆိုသောအချက်ကို မှားယွင်းပြသမိရာ ရောက်မည့်အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ရည်မှန်းချက်နှင့် အစီအစဉ်များအပေါ်တွင်လည်း ဆန့်ကျင်ဘက်ဆိုးကျိုးများ သက်ရောက်လာနိုင်သည်။
လတ်တလောတွင် အပြုသဘောဆောင်သော အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံထဲသို့ အနောက်အုပ်စုနှင့် အခြားအာရှနိုင်ငံများ အပြေးအ လွှား ဝင်ရောက်လာနေကြသည်။ လွန်ခဲ့သော တစ်နှစ်ကျော် ကတစ်ကမ္ဘာလုံးဝိုင်းဝန်း အပြစ်တင် ရှုတ်ချခံရသော မြန်မာနိုင်ငံကို မေ့ထားလိုက်ကြပြီ။
လက်ရှိမြန်မာနိုင်ငံအနေဖြင့် မီဒီယာကို ချုပ်ချယ်ချင်သော အယူအဆကို ပြန်စဉ်းစားဖို့ လိုသည်။အလုံးစုံ ပြုပြင်ပြောင်းလဲမှု များဆက်လက် ပြုလုပ် လျက်ရှိသော မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်၌ ပြဋ္ဌာန်းဖွယ်ရှိသော မီဒီယာဥပဒေသစ်သည် နိုင်ငံ၏ အရေးပါသော ကိရိယာ တစ်ခုဖြစ်လာလိမ့်မည်။
မြန်မာနိုင်ငံ၏ မီဒီယာဥပဒေသည် နိုင်ငံတံခါးဖွင့်ပြောင်းလဲမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်တို့ကို အားပေးမှုတို့နှင့်ကိုက်ညီ၍ ခေတ်မီမှုရှိစေရန် အတွက် မြန်မာသတင်းမီဒီယာ လောကသားများ ကိုနိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများက အကူအညီပေးလျက်ရှိသည်။
နေပြည်တော်သည် ယင်း၏ ပွင့်လင်းမှု အခန်းသစ်အပေါ် အပြစ်တင်ဝေဖန်သူများကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။လတ်တလောဂျာနယ်နှစ်စောင် ပိတ်ပင်မှုကိစ္စသာမရှိပါက မြန်မာ့မီဒီယာလွတ်လပ်ခွင့်သည် အာဆီယံ အတိုင်းအတာအားဖြင့် ယခင်ကထက်ပိုမို အဆင့်မြင့်လာခဲ့သည်။
နေပြည်တော်အနေဖြင့် မီဒီယာတို့၏ အလုပ်ဖြစ်ပုံနှင့် ၎င်းတို့၏ ကဏ္ဍကို အသိအမှတ်ပြု၍ စတင်အားပေးရမည်ဆိုသည်ကို အသိအမှတ်ပြု၍ စတင် အားပေးရမည်ဆိုသည်ကို သိရှိသဘောပေါက်ရန် လိုအပ်သည်။နိုင်ငံတိုးတက်လာသည်နှင့်အမျှ တစ်နေ့ချင်းဖြစ်ရပ်များကို အချိန်နှင့်တပြေးညီ သတင်း ပေးမှုများ မရှိမဖြစ်လိုအပ်လာသည်။မှားယွင်းသော သတင်းဖော်ပြမှုများ ရှိကောင်းရှိလာနိုင်သော်လည်း ယင်းကိစ္စသည် မီဒီယာများကို ပိတ်ပင်ဟန့်တားရ မည့် အကြောင်းအရာတစ်ခုမဟုတ်ပါ။
ပြည်တွင်းမှ မီဒီယာသမားများအနေဖြင့်လည်း ယခင်ဝါဒဖြန့် အာဏာရှင်စနစ်ဟောင်းနှင့်မတူတော့သော နိုင်ငံရေးနယ်ပယ်သစ်တွင် အကဲဆတ် သော ကိစ္စများကို ဂရုတစိုက်ကိုင်တွယ်နိုင်ရေးအတွက် ဆက်လက်လေ့ကျင့်သင်ယူမှုများ ပြုလုပ်ရပါလိမ့်မည်။ အဆင့်မြင့်တိုးတက်လာသော မီဒီယာသည် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်မှ မြန်မာနိုင်ငံကို ကူညီနိုင်ပါလိမ့်မည်။
သတင်းများကို ပွင့်လင်းမျှတစွာဖော်ပြရန် ဝေဖန်သုံးသပ်ချက်များ ဖော်ပြနေသောသတင်းစာစောင်များအပေါ် ပိတ်ပင်ရန်အကြောင်းလုံးဝမရှိသင့်ပါ ဟု အကြံပြုတင်ပြလိုက်ပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment