မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Sunday, August 05, 2012
သတ္တုတူးဖော်ရေး လုပ်ငန်း၌ နိုင်ငံခြား လုပ်ငန်းရှင်များမှ ကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါး မြှုပ်နှံထား သန့်စင်ပြီးသတ္တုများ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိကနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်
မိုးကုတ်ဒေသရှိ သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Photo :germ research.ch
ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံခြား လုပ်ငန်းရှင်များမှ အမေရိကန်ဒေါ်လာ သန်း ၂၈၁၄ ဒသမ ၃၆၀ မြှုပ်နှံထားပြီး နိုင်ငံသားလုပ်ငန်းရှင်များမှ ကျပ် သန်း ၁၁၀၀၇ ဒသမ ၉၂မြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အလားတူ ပြည်ပသို့ သန့် စင်ပြီးသတ္တုများ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတ္တုတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် နေသည့်ကုမ္ပဏီများထံမှ သိရှိရသည်။
လက်ရှိကာလ၌ သတ္တုတူးဖော်ရေး လုပ်ငန်းရှစ်မျိုးတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့က ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ထဲမှာ ကြေးနီသတ္တုတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်ပါတယ်။ ကျွန်တော် တို့လုပ်ငန်းမှာ နိုင်ငံခြားလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်ချင်ရင် လုပ်ကိုင် လို့ရအောင် ဖိတ်ခေါ်ထားပါတယ်။ အဲဒါကလည်း သူတို့ဆီက နည်းပညာလိုချင်လို့ပါ။ လက်ရှိတူးဖော် ရရှိနေတဲ့ သတ္တုရိုင်းတွေကနေ သန့်စင်တဲ့နည်းပညာကိုလိုချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့သတ္တု သိုက်က ကြေးနီတောင်၊ စပ္ပာယ်တောင်တို့လို သတ္တုသိုက် အကြီးကြီး မဟုတ်တဲ့အတွက် စက်ရုံတည်မယ် ဆိုလည်း စက်ရုံအကြီးကြီးလုပ်လို့ မရပါဘူး။ စက်ရုံကကြီးပြီး သတ္တုက နည်းနေနိုင်ပါတယ်။ ဒါကြောင့် စက်ရုံတည်မယ် ဆိုရင် အလတ်စားလောက်ပဲ ဖြစ်မှာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းလုပ်ကိုင်ရတာ ကလည်း သတ္တုသန့်စင်တဲ့ နည်းပညာကိုသုံးပြီး တန်ဖိုးမြှင့်သတ္တုတွေ ထုတ်လုပ်နိုင်ဖို့ပါ”ဟုလည်း သတ္တုတူးဖော်ရေးလုပ်ငန်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သတ္တုတူးဖော်ရေး လုပ်ငန်း(၈)ခုမှာ ရွှေ၊ကြေးနီ၊ကျောက်မီး သွေး၊ ခဲမဖြူ၊ အဖြိုက်နက်၊ခဲ၊သံ၊သွပ် သတ္တုများဖြစ်ကြောင်းနှင့် ယင်းသတ္တု (၈)မျိုးအား စီးပွားဖြစ်ထုတ်လုပ်နိုင် သည့်ဒေသများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ဖြစ်ကြောင်းလည်း သိရှိရသည်။
သတ္တုတူးဖော်ရေးလုပ်ငန်း တစ်ခုချင်းအလိုက် နိုင်ငံခြားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြမည့် ကုမ္ပဏီများမှာ အရေအတွက်အားဖြင့် ၃၆ ခု ရှိကြောင်းလည်း သိရှိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ အဓိက ပို့ကုန်ပစ္စည်းများ တင်ပို့မှုအခြေအနေ
ပို့ကုန်အမည်
တန်ဖိုး
သဘာဝဓါတ်ငွေ့
၃၅၀၂ ဒသမ ၅၂၀
ကျောက်စိမ်း
၇၈၀ ဒသမ ၃၅
အ၀တ်အထည်
၄၉၇ ဒသမ ၄၆
မတ်ပဲ
၄၇၂ ဒသမ ၆၃
ငါး
၄၆၁ ဒသမ ၃၆
ပဲတီစိမ်း
၃၁၅ ဒသမ ၈၀
ရာဘာစိမ်း
၃၁၁ ဒသမ ၀၅
ဆန်
၃၀၁ ဒသမ ၀၀
ကျွန်းသစ်လုံး
၂၈၃ ဒသမ ၉၂
သစ်မာလုံး
၂၇၂ ဒသမ ၈၉
ပြောင်း
၁၁၆ ဒသမ ၈၀
ပဲစင်းငုံ
၁၉၀ ဒသမ ၄၅
နှမ်း
၁၆၈ ဒသမ ၇၃
ပုစွန်
၈၈ ဒသမ ၈၀
သတ္တုနှင့် သတ္တုရိုင်းများ
၈၂ ဒသမ ၅၉
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube...
2 days ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
2 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-
No comments:
Post a Comment