Wednesday, August 08, 2012
ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်အား ပြည်ပဟက်ကာတစ်ဖွဲ့က တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် - ၇
ပြန်ကြားရေးဝန်ကြီးဌာနမှ လွှင့်တင်ထားသည့် http://ministryofinformation.gov.mm/
ဝက်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်းတစ်ခု၏တိုက်ခိုက်ခံရမှုကြာင့် ယနေ့နံနက်၇နာရီဝန်းကျင်မှစတင်၍
ဝင်ရောက်ကြည့်ရှုမရတော့ကြောင်းသတင်းရရှိသည်။
မြန်မာအစိုးရထံသို့ သတင်းစကား ဟူ၍ “ဒီမူဆလင်တွေဟာ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် သတင်းစကားတခု ရှိပေမယ့် သင်တို့ကတော့ သူတို့ကို သတ်ပစ်လိုက်တယ်… မူဆလင်များကို ဆက်လက် သတ်ဖြတ်နေပါက ကမ္ဘာပေါ်ရှိ မည်သည့်နေရာက ဗုဒ္ဓဘာသာဝင်များကို ကျွန်ုပ်တို့ ပစ်မှတ်ထားမည်… သင်တို့နိုင်ငံ ငရဲတွင်း ဖြစ်သွားစေမည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားသွားသည်ကိုလည်း တွေ့ရသည်။
အခြား မြန်မာ အင်တာနက် ဝဘ်ဆိုဒ်တခုဖြစ်သော www.planet.com.mm ကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့က Akincilar အမည်ခံ ဟက်ကာတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး “ရက်စက်မှုများ ရပ်ပါ” နှင့် “မူဆလင် ဘာသာဝင်များကို ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေပါက ခင်ဗျားတို့ system တွေ အားလုံးကို ဖျက်ဆီးပစ်မည်” ဟုလည်း ရေးသွားသည်။
ယင်းနှင့်ပတ်သတ်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက
"ဟုတ်ပါတယ်။ ဒီနေ့ မနက်ကတည်းက server down သွားတာ လောလောဆယ် server ထိုင်ထားတဲ့ teleport ကစစ်နေတုန်းပဲ။ ဘာမှ report မရသေးပါဘူး "ဟုဆိုသည်။
အဆိုပါဝက်ဘ်ဆိုက်မှာ ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် MTG ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ဆိုက်အတွင်းသို့ ပုံမှန်ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခု အခြေအနေသည် တိုက်ခိုက်ခံထားရသည်ဟု ဆိုနိုင်သော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံမှ တိုက်ခိုက်လျက်ရှိသည်ကို မသိရှိရသေးကြောင်း ၄င်းကပြောသည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သည်လည်း တိုက်ခိုက်မှုတစ်ခုကြုံတွေ့ခဲ့ရပြီး၊ ၄င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဓာတ်ပုံအပြောင်းအလဲ ပြုလုပ်ခြင်း၊ စာသားများ ရေးသားထည့်သွင်းခြင်းများ ပြုလုပ်သွားခဲ့သည်။
ယနေ့ နံနက်(သြဂုတ် ၇ ရက်)က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည့် ဟက်ကာ စာမျက်နှာတစ်ခုတွင် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့ တိုက်ခိုက်မည့်ဝက်ဘ်ဆိုက်များ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းကြေညာချက်တွင် ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များအပါအ၀င်
.mm ဖြင့် ဒိုမိန်းရယူထားသည့် ၀က်ဘ်ဆိုက်များ ပါဝင်လျက်ရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment