သက်တမ်းနှစ်၂၀ဝန်းကျင်ကြာမြင့်ပြီဖြစ်သော ရွှေတိဂုံစေတီတော်အနောက်ဘက်စောင်းတန်းရှိစက်လှေကား ခြောက်စင်းကိုဘုရားဖူးများအန္တရာယ်မဖြစ်စေရန်အတွက်စီးနင်းခွင့်မပြုဘဲပိတ်ထားသည်မှာသုံးလခန့်ရှိပြီ ဖြစ်ကြောင်းသိရသည်။ စက်လှေကားအသစ်များကို ဂေါပကအဖွဲ့ ရန်ပုံငွေမှ ကြိုတင်စိုက်ထုတ် ဝယ်ယူမည် ဖြစ်ပြီး အလှူငွေများလည်း လက်ခံလျက်ရှိကြောင်း သိရသည်။ စက်လှေကားများအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းတစ်သောင်းခန့် ကုန်ကျမည်ဖြစ်ပြီး ဇူလိုင်လအတွင်း အပြီးတပ်ဆင်ကာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ စက်လှေကား အဟောင်းခြောက်စင်းအား ဖြုတ်သိမ်းဝယ်ယူလိုသူများသည် သတ်မှတ်တင်ဒါ ပုံစံကို ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူပြီး မေ ၃၀ ရက် နံနက် ၁၁ နာရီ နောက်ဆုံးထား တင်သွင်းနိုင်ပါသည်။
Myanmar Express
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
5 hours ago

No comments:
Post a Comment