နေ့လည်၂နာရီထိမဲရုံတချို့ရဲ့မဲစာရင်းများတွက်ပြီးထုတ်ပြန်ချက်များအရNLDအခြေအနေကောင်းနေတယ်လို့ပါတီပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်းကပြောဆိုလိုက်ပါတယ်။ရေတွက်ပြီးတဲ့မဲရုံတချို့ထဲကကော့မှူး၁နေရာ၊ကျွန်းစု၁နေရာ၊ပုလဲမြို့နယ်တွင်၂နေရာတို့တွင်အနိုင်ရရှိထားပါပြီ။
“ခုထက်ထိရသလောက်လေးအခြေအနေကိုတင်ပြောရမယ်ဆိုရင်ကျနော်တို့အခြေအနေကောင်းနေတယ်လို့ပဲပြောနိုင်တယ်” ဟုဦးဉာဏ်ဝင်းကပြောပါတယ်။
စစ်တပ်တွင်းမဲရုံများတွင်ကြံ့ခိုင်ရေးပါတီကအနိုင်ရရှိနေမှုနှင့်ပတ်သက်ပြီးဦးဉာဏ်ဝင်းက“ဒီဥစ္စာကလွတ်လပ်စွာမဲပေးတယ်လို့ကိုကျနော်ကမယုံကြည်ဘူး” လို့သူကမှတ်ချက်ပြုပြောဆိုပါတယ်။
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ
ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook
နဲ့ Youtube...
7 hours ago

No comments:
Post a Comment