Wednesday, March 04, 2020

မွေးနေ့ကို ဟင်္သာတတက္ကသိုလ်သင်္ကြန်မှာ ဖြတ်သန်းခဲ့တဲ့ သရုပ်ဆောင် နန်းခင်ဇေယျာ

Image may contain: 20 people, people standing, tree and outdoor
သရုပ်ဆောင် နန်းခင်ဇေယျာဟာ မတ်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ သူရဲ့မွေးနေ့ကို ဟင်္သာတတက္ကသိုလ်သင်္ကြန်မှာ ဖြတ်သန်းခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု မတ်လ ၁၀ ရက်နေ့တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး နိုင်ငံတော် သမ္မတ၊ ဒုသမ္မတများ ရွေးချယ်ခဲ့စဉ်အတိုင်း လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ဆောင်ရွက်သွားမည်

Image may contain: 1 person, sitting and indoor
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင် ခံစာ နောက်ဆက်တွဲ ဇ (၁) ၊ ဈ (၁)တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားများ ဖြစ်သော နောက်ဆက်တွဲ ဇ နှင့် ဈ နှင့် ဇယားနှစ်ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို မတ်လ ၁၀ ရက်နေ့တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးဇော်အေးမောင်အား ရခိုင်အမျိုးသားပါတီဗဟိုမှ စစ်ဆေးမှုများ ပြုလုပ်မည်

Image may contain: 1 person, text that says 'one'
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးဇော်အေးမောင်ကို ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်က စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူက ပြောပါတယ်၊၊ 

နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) သင်္ကြန် ပွဲတော်ရွှဲဖန်သင်္ကြန် ကျင်းပပြုလုပ်

Image may contain: 2 people, people standing and people on stage
နိုင်ငံခြားဘာသာ တက္ကသိုလ် Yangon University Of Foreign Languages- YUFL သင်္ကြန် ပွဲတော်ကိုမတ်လ ၄ ရက်က အဆိုပါ ကျောင်းဝင်းပရဝဏ်မှာ ပြုလုပ်ခဲ့သည်။

ဩစတြေးလျနိုင်ငံ၌အမျိုးသားသုံးကွန်ဒုံးကိုဗိုင်းရပ်စ်ကာကွယ်ရန် အလုအယက်ဝယ်ယူလျှက်ရှိ

No photo description available.
ဩစတြေးလျနိုင်ငံ၌အမျိုးသားကွန်ဒုံးကိုကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရာတွင်အထောက်အကူဖြစ် သည်ဟုဆိုကာအလုအယက်ဝယ်ယူနေကြရာ စူပါမားကတ်များတွင် ပစ္စည်းပြတ်လပ်သည် အထိဖြစ်နေကြောင်းဒေးလီးမေးလ်သတင်းတစ်ရပ်ကဖော်ပြသည်။

အင်းတော်မြို့နယ်တွင် ငလျင်လှုပ် ၊ မော်လူးမြို့တွင် အဆောက်အဦး အချို့ ထိခိုက်ပျက်စီး

Image may contain: outdoor
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဖေဖော်ဝါရီ(၄)ရက် မနက် (၆) နာရီ မိနစ် (၅၀) က ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အင်အား ရစ်(ခ်)တာစကေး (၅ ဒဿမ ၀) အဆင့်ရှိတယ်လို့ သိရပါတယ်။ 

ပွတ်တိုက်မှု ပြင်းထန်လာပါက အခြေခံဥပဒေပြင်ဆင်ရေး နှောင့်နှေးနိုင်ဟု ပြည်ခိုင်ဖြိုးပါတီ ပြော

Image may contain: indoor
ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်း ဆွေးနွေးမှုတွေမှာ ပွတ်တိုက်မှုတွေ ပိုပြီးပြင်းထန်လာမယ်ဆိုရင် ပြင်ဆင်ရေးလုပ်ငန်းစဉ် နှောင့်နှေးသွားနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးရာမှာ NLDပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့အကြား ပွတ်တိုက်မှုတွေရှိနေပြီး ပြည်ထောင်စုလွှတ်တော် နာယကကိုယ်တိုင် သတိပေးရတဲ့ ကိစ္စရပ်အချို့လည်း ရှိနေပါတယ်။ဒီမိုကရေစီနည်းကျကျ ဆောင်ရွက်နေတာ မှန်ပေမယ့် ပွတ်တိုက်မှုအားပြင်းလာရင်လည်း ပြင်ဆင်ရေးလုပ်ငန်းစဉ်နှောင့်နှေးသွားမှာကို စိုးရိမ်မိတယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

မလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကြောင့် တောင်ကိုရီးယား၊ အီတလီ၊ အီရန်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားရခြင်း ဖြစ်ဟု WHO ပြောကြား


Image may contain: one or more people, people standing, people sitting and indoor
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံပြင်ပ တောင်ကိုရီးယား၊ အီတလီ၊ အီရန်တို့တွင် ရောဂါပျံ့နှံ့မှုနှင့် သေဆုံးမှု အဆိုးရွားဆုံး ဖြစ်ပွားရသည့် အကြောင်းရင်းမှာ လုံလောက်မှု မရှိသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မာဂရက် ဟားရစ်က ဂျနီဗာရှိ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့်အဖွဲ့သို့ ပြန်လာစဉ် ပြောကြားခဲ့သည်။

ဒဂုံတက္ကသိုလ်ကျောင်းသူများကို ညစ်ညမ်းစွာပြောဆိုသည့် ဝိုင်ဘီအက်စ်(၂၅) ယာဉ်မောင်းအား ဖမ်းဆီးအရေးယူ


Image may contain: one or more people
ဒဂုံတက္ကသိုလ် ပရိဝုဏ်အတွင်း ကျောင်းသူအချို့အား ညစ်ညမ်း သော စကားလုံးများဖြင့် ပြောဆိုခဲ့သည့် ယာဉ်မောင်းတစ်ဦးကို ဥပဒေအရ အရေးယူပေးရန် သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

သင်္ဃန်းကျွန်းတွင် သာမန်ရန်ဖြစ်မှုကို ဘာသာရေးပဋိပက္ခ အသွင်ဆောင်စေရန် MNO က စတင်လှုံ့ဆော်၊ အမျိုးသားရေးလှုပ်ရှားရန် MNO နှင့် NBF ပူးပေါင်းပြီဟု ကြေညာ

No photo description available.
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူငယ်ချင်း ရန်ဖြစ်မှု ရိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး(MNO) က ဘာသာရေး ပဋိပက္ခပုံစံ အသွင်မျိုးဖြစ်လာစေရန် ယနေ့ စတင် လှုံ့ဆော်လာသည်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက စိစစ်တွေ့ရှိရသည်။

ကလေးဝမြို့အနီး မြေငလျင်တစ်ခုလှုပ်ခတ်

No photo description available.
မတ်လ (၄)ရက်နေ့ (ယနေ့) မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၀၆)မိနစ်၊ (၄၆)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၅၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၄၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၈)ဒီဂရီ၊ အနက်(၃၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံသောကြောင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ANP ပါတီ စစ်ဆေး

Image may contain: 11 people, people standing
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်အမျိုးသားပါတီ(ANP ) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဇော်အေးမောင်သည် ပါတီကိုအကြောင်းမကြားဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကြောင့် ANP ပါတီကစစ်ဆေးလျက်ရှိကြောင်း အဆိုပါပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက The Voice Journal သို့ ပြောကြားသည်။

ဂူးဂဲလ်၊ တွစ်တာနှင့် Coinbase ကုမ္ဗဏီဝန်ထမ်းများ အိမ်မှသာ အလုပ်လုပ်ကြရန် တိုက်တွန်းညွှန်ကြား

Image may contain: sky and outdoor
အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ ဂူးဂဲလ်ကုုမ္ဗဏီ၏ ဥရောပတိုက်ဆိုင်ရာရုံးချုပ်ရှိ ဝန်ထမ်းတစ်ဦးတွင် တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာတွေ့ရှိရကြောင်း သတင်းပို့ချက်ရရှိပြီးနောက် ယင်းရုံးရှိ ဝန်ထမ်းများအား မတ်လ(၂)ရက် အင်္ဂါနေ့မှစတင်၍ အိမ်မှသာအလုပ်လုပ်ကြရန် ဂူးဂဲလ်က တိုက်တွန်းခဲ့သည်။ ယင်းရုံးချုပ်တွင် ဝန်ထမ်းပေါင်း ၈၀၀၀ ခန့်ရှိသည်။

စပိန်တွင် COVID-19 ကြောင့် လူတစ်ဦး ပထမဦးဆုံး သေဆုံးခဲ့ကြောင်း အတည်ပြု

No photo description available.
စပိန်နိုင်ငံပိုင် ဗယ်လန်စီယာနယ်မြေမှ အမျိုးသားတစ်ဦး COVID-19 ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော အဆုပ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းသည် စပိန်နယ်နိမိတ်အတွင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးသူဖြစ်ကြောင်း စပိန် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

Tuesday, March 03, 2020

NLDပါတီမှ စည်းရုံးရေးစရိတ်အဖြစ် တစ်မြို့နယ်လျှင် ကျပ်သိန်း(၃၀)စတင်ထုတ်ပေးနေပြီ

Image may contain: 5 people, people sitting
NLDပါတီမှ စည်းရုံးရေးစရိတ်အဖြစ် တစ်မြို့နယ်လျှင် ကျပ်သိန်း(၃၀)စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက အတည်ပြု့ပြောဆိုပါတယ်။

စည်းကမ်းရှိသော စာသားပယ်ဖျက်ခြင်း စည်းမဲ့၊ကမ်းမဲ့ လုပ်ချင်လို့လားဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ်

Image may contain: 6 people, text

စည်းကမ်းရှိသော စာသားပယ်ဖျက်ခြင်း စည်းမဲ့၊ကမ်းမဲ့ လုပ်ချင်လို့လားဟု တပ်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုပြီး ယနေ့ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။

လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ အင်အားအပြည့်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်


No photo description available.
ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားပါတီ(၄)ခုပေါင်းစည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ(Kachin State Peoples Party)(KSPP)အနေနဲ့ (၂၀၂၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၈)မြို့နယ်မှာ အင်အားအပြည့်နဲ့ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ မနန်တူးဂျာ ကပြောပါတယ်။ 

NLDပါတီမှ ၂၀၂၀ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဇွန်လအတွင်း အပြီးရွေးချယ်မည်ဟု ပြော

Image may contain: 6 people
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လာမည့် ဇွန်လအတွင်း အပြီးရွေးချယ်မည်ဖြစ်ကြောင်း ယင်းပါတီပြောရေး ဆိုခွင့်ရှိသူ မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များကသာခန့်ရေး ပုဒ်မ ၂၆၁ ပြင်ဆင်လိုမှုတပ်မတော်ပါဝင်မှုကို ပိုမိုချဲ့ထွင်ခြင်းသာဖြစ်ပြီး၊ ဖက်ဒရယ်အနှစ်သာရဝေးသထက်ဝေးသွားမည်

Image may contain: 1 person, text

ကြံ့ခိုင်ရေးအမတ် ဦးသိန်းထွန်း တင်ထားသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဥပဒေမူကြမ်းကို လွှတ်တော်အသီးသီးထဲမှ တပ်မတော်သားများပါဝင်မှုလျှော့ချပြီးချိန်မှသာ ဆောင်ရွက်သင့်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်စိုးမင်း (ရွာငံမဲဆန္ဒနယ်) ပြောဆိုဆွေးနွေးခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၊ ရပ်ကျေးဥက္ကဋ္ဌအား အခြားပါတီကို ကူးပြောင်းသည်ဟုဆိုကာ NLD ပါတီမှ ထုတ်ပယ်

Image may contain: 3 people, people standing, child and indoor

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါကျေးရွာမှ NLDပါတီ ရပ်ကျေး ဥက္ကဋ္ဌဆိုသူကို ပါတီမှ နှုတ်ထွက်ခြင်းမရှိဘဲ အခြားပါတီသို့ ကူးပြောင်းသည်ဟုဆိုကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပယ်ခံရသည့်ကာယကံရှင်၏ ပြောဆိုချက်အရ ယနေ့ မတ်လ ၃ ရက်နေ့တွင် သိရှိရသည်။

ထိုင်းနိုင်ငံမှ အလိုရှိသည့် လူသတ်သမားဖြစ်သူ တရုတ်နိုင်ငံသားနှစ်ဦး ငွေဆောင်ကမ်းခြေ၌ ဖမ်းမိ

Image may contain: 1 person, standingImage may contain: 1 person, standing
ထိုင်းနိုင်ငံတွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ်နိုင်ငံသား လေးဦးအနက် နှစ်ဦးကို မတ်လ ၂ ရက် ညနေပိုင်းက ငွေဆောင်ကမ်းခြေတွင် ဖမ်းမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဝန်ကြီး ဦးဇော်အေးမောင်ကို ANP က ၁၅ ရက်အတွင်း အရေးယူမည်

Image may contain: 1 person
ရခိုင်အမျိုးသားပါတီ ANP ခွင့်ပြုချက်မယူဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို ပါတီအနေနဲ့ ၁၅ ရက်အတွင်း အရေးယူဖို့ စီစဉ်နေပါတယ်။

ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားတွေ့ဆုံပွဲတွင် လုံလောက် သော စိုက်ပျိုးစရိတ် ရင်းနှီးငွေရရှိ ရေး၊ ခိုင်မာသော သီးနှံစျေးကွက်ရရှိ ရေးလုပ်ငန်းစဉ်များအကောင် အထည်ဖော်ရေးအပါအဝင် ဆုံးဖြတ်ချက်သုံးရပ်ချမှတ်


Image may contain: one or more people, people on stage and outdoor
ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားတွေ့ဆုံပွဲတွင် လုံလောက် သော စိုက်ပျိုး စရိတ် ရင်းနှီးငွေရရှိ ရေး၊ ခိုင်မာသော သီးနှံစျေးကွက်ရရှိ ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးအပါအဝင် ဆုံးဖြတ်ချက် သုံးရပ်ချမှတ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျနိုင်ငံ စူပါမားကတ်များတွင် ကုန်ပစ္စည်းပြတ်လပ်သည်အထိ ဝယ်ယူနေကြ

No photo description available.
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သြစတြေးလျနိုင်ငံရဲ့စူပါးမားကတ်တွေမှာ ကုန်ပစ္စည်များပြတ်လပ်သွားတဲ့အထိ အလု အယက်ဝယ်ယူနေကြတယ်လို့ အခုလ(၂)ရက် BBC သတင်းမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်နှုန်း ပိုမိုမြင့်တက်နေသည့် တောင်ကိုရီးယားတွင် ၆၀၀ ဦး ထပ်မံ ကူးစက်


Image may contain: 1 person, sitting, table and indoor
တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်နှုန်း လျော့နည်းလာသော်လည်း တောင်ကိုရီးယားနိုင်ငံတွင်မူ မြင့်တက်နေပြီး ယမန်နေ့က လူပေါင်း ၆၀၀ ဦး ထပ်မံကူးစက်ခဲ့ကာ သုံးဦး သေဆုံးကြောင်း ကိုရီးယားရောဂါ ထိန်းချုပ်ရေး စင်တာက ယနေ့ မတ်လ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

My Blog List