နိုင်တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီလ အတွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။