
၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကို ကူးပြောင်းတော့မယ့်အချိန် လက်ရှိ အန်အယ်လ်ဒီ အစိုးရသက်တမ်း ၄ နှစ်လောက် ရှိလာတဲ့အချိန် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ပြီးခဲ့တဲ့ ၂ နှစ်ကနဲ့ယှဉ်ရင် ၇ ဆင့် ကျသွားတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဆိုပါတယ်။


























