
အစိုးရအဖွဲ့သစ် တာဝန်ယူသည့် ၃နှစ်ကျော်တာကာလအတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်ဖြစ်ထွန်းမှု အမြောက်အများ ရရှိထားဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောကြားလိုက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ်က အရေးပါသည့် ရလဒ်ကောင်းများ မြန်မာရရှိခဲ့မှုအပေါ် ဝမ်းသာကြောင်း ချီးကျူးစကားဆိုခဲ့သည်။



























