Tuesday, September 17, 2019

ပုသိမ်ရှိအထည်ချုပ်စက်ရုံ တစ်ခုတွင် မကျွတ်လွတ်သူများက အလုပ်သမား အချို့ကို ၀င်ပူး၍ အမျှအတမ်းပေးဝေရန်တောင်းဆို၊ အလုပ်သမားအများစုကို ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ခဲ့ရ


Image may contain: 1 person, crowd

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မကျွတ်လွတ်သူများက အလုပ်သမားအချို့ကို ၀င်ပူး၍ အမျှအတမ်း ပေးဝေရန်တောင်ဆိုခြင်းကြောင့် အလုပ်သမားအများစု အစုလိုက် အပြုံလိုက် ကြောက်လန့်မူးဝေ၊ သတိလစ်ခြင်းများဖြစ်ပွားခဲ့ခြင်းကြောင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် ဘုန်းကြီးကျောင်းများသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)ကွန်ယက်ဝင် ပုသိမ်မြို့နယ်ရှိလူမှုကယ်ဆယ်ရေးအဖွဲ့များမှအဖွဲ့ဝင်(၄၀)ဦး၊လူနာတင်ယာဉ်(၁၅)စီးဖြင့်ပို့ဆောင်ကူညီခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေး တိုင်းသြ၀ါဒစရိယ ဆရာတော် ဦးစန္ဒာသီရိက The Ladies သို့ မိန့်ကြားခဲ့သည်။

ငြိမ်းစုစီဖြင့်အမှုဖွင့်ခံရသည့် ဒေါ်နော်အုန်းလှကို ဒုတိယအကြိမ်ရုံးထုတ်


Image may contain: 5 people, people smiling, people standing
ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကရင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှကို စက်တင်ဘာ (၁၇)ရက်က ကျောက်တံတားမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

တရုတ်အနောက်မြောက်ပိုင်းတွင် ပြင်းအား(၅)အဆင့်ရှိ ငလျင်လှုပ်ခတ်


Image may contain: one or more people and people standing
တရုတ်အနောက်မြောက်ပိုင်း Gansu ပြည်နယ် Zhangye မြို့မှာအခုလ(၁၆)ရက်နေ့ညကပြင်းအား(၅)အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့တယ်လို့တရုတ်ငလျင်စောင့်ကြည့်ရေးစင်တာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
 

သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး


Image may contain: 4 people, outdoor
သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ လေးဒေါင့်ကန်လမ်းမကြီးပေါ်မှာ စက်တင်ဘာ(၁၆)ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ 
 

လက်တစ်ဖက် အင်္ဂါမစုံသည့် ကလေးများမွေးလာခြင်းအတွက် ဂျာမနီတွင် စုံစမ်းစစ်ဆေးမှုများ စတင်


Image may contain: sky, tree, house and outdoor
ဂျာမနီနိုင်ငံ အနောက်ပိုင်းက မြို့တစ်မြို့မှာ လက်တစ်ဖက် အင်္ဂါမစုံတဲ့ ကလေး သုံးယောက် မွေးဖွားလာပြီးတဲ့နောက် ဘာ ကြောင့်ဖြစ်ရတာလဲဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

ထိုင်း Vita စက်ရုံ ဆန္ဒပြအလုပ်သမား ၁၅၀ ကျော် အများစုမြန်မာတွေပါဝင်

ထိုင်း Vita စက်ရုံ ဆန္ဒပြအလုပ်သမားများ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်က Vita Food Factory မှာ မြန်မာနဲ့ ထိုင်းအလုပ်သမား ၃၀ ၀ကျော်ကို လုပ်အားခ ၃ လစာ မပေးတာကြောင့် ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် ၅ ရက်ရှိပါပြီ။ ထိုင်းလူအခွင့်ရေးရှေနေ ဦးဆောင်ပြီိး ကမ်ချနဘူရီခရိုင် Pak Phraek အမှတ် (၇) ဒေသ မြို့ နယ်တရားရုံးရှေမှာ ဆန္ဒပြမူတွေဆက်လုပ်နေပါတယ်။ 

မန္တလေး ကျောက်စိမ်းစေတီမှ ကျောက်အချို့ကို တရုတ်ခရီးသွားအချို့ယူငင်



မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ ဝေရောစနကျောက်စိမ်းစေတီတော်ကြီးမှ ကျောက်စိမ်းဖြတ်စအချို့ကို တရုတ်ခရီးသွားများက ယူငင်မှုဖြစ်ပွားခဲ့ကြောင်း ဝေရောစနကျောက်စိမ်းစေတီတော်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ကမ္ဘာ့ရေနံဈေးတစ်စည် ဒေါ်လာ ၆၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ တစ်လကျော်အတွင်း တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိ ဆက်လက်မြင့်တက်


ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ကမ္ဘာ့ရေနံဈေး ဒေါ်လာ ၆၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တစ်လကျော် အတွင်း တစ်လီတာ ၄၅ ကျပ်မှ ကျပ် ၅၀ အထိဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်း ဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။

ရွေးကောက်ပွဲ အနိုင်ရပါက အခွန်စနစ်အပြင် မီတာခများကိုပါ ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ပြီး ပြည်သူလူထုအတွက် ဝန်နှင့်အားမျှသည့် အခွန်စနစ်မျိုးဖြစ်ရန် စဉ်းစားဆောင်ရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောကြား


ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးစီးမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ရွေးကောက်ပွဲ အနိုင်ရပါက အခွန်စနစ်အပြင် မီတာခများကိုပါ ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ပြီး ပြည်သူလူထုအတွက် ဝန်နှင့်အားမျှသည့် အခွန်စနစ်မျိုးဖြစ်ရန် စဉ်းစားဆောင်ရွက်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။ စက်တင်ဘာ ၁၅ ရက်၌ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးစီးမှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Monday, September 16, 2019

လက်ရှိအချိန်အထိ H1N1 ကြောင့် သေဆုံးသူ ၁၁၂ ဦးအထိ ရှိလာကြောင်း သိရ



ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူဦးရေသည် လက်ရှိအချိန်အထိ ၁၁၂ ဦးရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

မြဝတီမြို့မှာ ဥပဒေမဲ့ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို စာရင်းပြုစုဖို့ ကော်မတီဖွဲ့


မြဝတီမြို့မှာ တရုတ်လူမျိုးများ၊ တရုတ်စာတမ်းကပ်ထားသည့်ဆိုင်များ တိုးမြင့်လာခြင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို ၂၀၁၉၊ စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပစဉ်
ကရင်ပြည်နယ် မြဝတီမြို့မှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်လာတာများလာပြီး မင်းမဲ့စရိုက်ဆန်ဆန် မူးယစ် ရမ်းကားတာတွေရှိနေတာကြောင့် ဥပဒေမဲ့နေထိုင်သူတွေကို စာရင်းပြုစုဖို့ မြဝတီအခြေစိုက် အရပ်ဘက် ကော်မတီ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အစားအသောက်ထုပ်ပိုးရာတွင် ပလတ်စတစ် အသုံးမပြုစေရန် ပလတ်စတစ်ဆိုင်ရာ ဥပဒေထုတ်ပြန်ရမည်ဟုဆို




အစားအသောက်များ ထုပ်ပိုးရာတွင် ပလတ်စတစ်များ အသုံးမပြုစေနိုင်ရန်အတွက် ပလတ်စတစ်ဆိုင်ရာ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေး စိန်က ပြောသည်။

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် ခရီးသွားဝန်ဆောင်မှုအမြင့်ဆုံးဖြစ်



ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသည် အမြင့်ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ အနိုင်ရမည်ဟုဆို



အတိုက်အခံ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် လာမည့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲ၌ မဲအနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

နည်းပညာကောလိပ် နည်းပြကို သတ်ပြီး တိမ်းရှောင်နေသူကို ဖမ်းမိ



မိုးကောင်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ မှာ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)က နည်းပြဆရာမတစ်ဦးကို သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ဇင်ထိုက်ကို စက်တင်ဘာ(၁၅)ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားနယ်မြေ ရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံကို ရောက်ရှိ


Image may contain: 1 person, standing, car and outdoor
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင် (NRPC)နဲ့ တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ကျိုင်းတုံမြို့၊ Amazing Resort Hotel ကို စက်တင်ဘာလ ၁၆ရက် မနက် ၁၁နာရီခန့်က ရောက်ရှိပါတယ်။

MALDIVES International Future Series 2019 ပြိုင်ပွဲအတွက် သက်ထားသူဇာ မော်လဒိုက်သို့ ထွက်ခွာ



MALDIVES International Future Series 2019 ပြိုင်ပွဲအတွက်  သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံတွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပပြုလုပ်မည့် MALDIVES International Future Series 2019 ကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမှ စတင်ထွက်ခွာသွားပြီဟု သိရသည်။

ကိုလံဘီယာမှာ လေယာဉ်ငယ်တစ်စီးပျက်ကျ လူ(၇)ဦးသေဆုံး


Image may contain: outdoor
ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း Popayan မြို့မှာ အခုလ(၁၅)ရက်က ခရီးသည်(၉)ဦး လိုက်ပါလာတဲ့ လေယာဉ် ငယ်တစ်စီးပျက်ကျခဲ့တာကြောင့် လူ(၇)ဦးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

သြစတြေးလျလွှတ်တော် ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်တွင် တရုတ်ရှိနေဟုဆို


Image may contain: 2 people
မေလ အထွေထွေရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီကြီး ၃ ခုနဲ့ အမျိုးသားလွှတ်တော်ကို ဆိုက်ဘာတိုက်ခိုက်မှု အတွက် တရုတ်နိုင်ငံမှာ တာဝန်ရှိတယ်လို့ သြစတြေးလျ ထောက်လှမ်းရေးအေဂျင်စီ(ASD) ယုံကြည်နေကြောင်း အခုဖြစ်ရပ်ကို တိုက်ရိုက်သိရှိသူ ၅ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြောက်ကိုရီးယားသို့ လာရောက်ရန် ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် စာဖြင့် ဖိတ်ကြား


Image may contain: 2 people
မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သြဂုတ်လမှာ စာရေးသားပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းစာတစ်စောင်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ သမိုင်းတရားခံ အဖြစ်မခံဟု ကြံ့ခိုင်ရေးပါတီပြော


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမိုင်းတရားခံ အဖြစ်မခံဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုလိုက်ပါတယ်။

ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့မရဟု တပ်မတော်သားကိုယ်စားလှယ်ပြော


ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့လည်း အရေးကြီးသလို လူကြားကောင်းရုံ ပရမ်းပတာ ဒီမိုကရေစီဖြစ်လို့ မရဘူးလို့  တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး ကျော်မိုးအောင်က ပြောပါတယ်။

မြစ်ကြီးနားတွင်ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံကြိုဆိုပွဲ (ဓာတ်ပုံ)


70150795_2323136737903002_669708203151327232_o
သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံအတွက် အကြိုဂုဏ်ပြုညစာစားပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မနောကွင်းမှာ စက်တင်ဘာ ၁၅ရက်နေ့ညက ပြုလုပ်ခဲ့ပါတယ်။

Myanmar’s Got Talent ရဲ့အသက်အငယ်ဆုံးချန်ပီယံ အန္တရာယ်ကြားက ဓားသိုင်းသမားလေး (ရုပ်သံ)


မတူညီတဲ့ စွမ်းရည်တွေ၊ အံ့မခန်း ပညာရပ်တွေ အသီးသီးနဲ့ အကြိတ်အနယ် ရှိခဲ့ကြတဲ့ Myanmar’s Got Talent ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာတော့ ထူးထူးခြားခြားပဲ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ ၅ နှစ်သား သိုင်းသမားလေး ဘုန်းမြတ်မင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ 

မူဆယ်မြို့တွင် ပြည့်တန်ဆာ အလိုရှိသည်ဟု ကြော်ငြာကပ်ခဲ့သူ လေးဦးကို စစ်ဆေးနေ


ဓာတ်ပုံ -  ပြည့်စုံ
ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပြည့်တန်ဆာအသစ် အလိုရှိသည်ဟု ကြော်ငြာကပ်ခဲ့ သော မြန်မာနိုင်ငံ သားလေးဦးကို စစ်ဆေးနေပြီး ကျန်ရှိသူများကို ထပ်မံဖမ်းဆီးနိုင်ရေး ကြိုးစားနေကြောင်း မူဆယ်မြို့ နယ်ရဲစခန်းမှ သတင်းရရှိသည်။

My Blog List