Thursday, December 17, 2015

နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ ဇန်န၀ါရီ ၁၃ရက်မတိုင်မီ ပြုလုပ်မည်နိုင်ငံရေးဆွေးနွေးပွဲများ ဒေါ်အောင်ဆန်းစုကြည်တက်၊ မတက် မသေချာသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည်


၂၀၁၆ ဇန်န၀ါရီလဆန်းတွင် ပြုလုပ်မည့် ပထမအကြိမ်နိုင်ငံရေးဆွေးနွေးပွဲများ၌ ဒေါ်အောင်ဆန်းစုကြည်တက်၊ မတက် အတိအကျမပြောနိုင်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း ကန့်ကွက်ဆန္ဒပြခံရ


ဖားကန့်မြို့နယ်အတွင်း မကြာသေးခင်ရက်ပိုင်းကစလို့ ကျောက်စိမ်းတူးဖေါ် ရေးကုမ္ပဏီတွေက အင်အားအလုံးအရင်းသုံးပြီး တူးဖေါ်ရေးလုပ်လာတဲ့အတွက် ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေကြောင့် မြေစာပုံပိပြီး သေဆုံးမှုအပါအဝင် မတော်တဆ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေ အခုလို ဆန္ဒပြလာကြတာပါ။ဆက်သွယ်စုံစမ်းထားတဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ ရှေ့နှစ်ဆန်း စဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


မြန်မာအစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား နိုင်ငံရေး ဆွေးနွေးပွဲတရပ်ကို လာမယ့် ဇန်န၀ါရီလ ပထမပတ်မှာ ကျင်းပနိုင်ဖို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောဆိုသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ ပေးအပ်ခဲ့တဲ့ အာဏာပိုင် အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေး ပါတီတွေကြား သဘောတူထားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်က တိုင်းရင်းသား ပဋိပက္ခတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ပြီလားဆိုတာနဲ့ လာမယ့် အစိုးရသစ်က လက်ခံနိုင်မယ့် အလားအလာတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အင်တာနက် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ် တရုတ်အဆိုပြု


အင်တာနက်ကို စည်းကမ်းသတ်မှတ် ထိန်းချုပ်ရေး တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က တောင်းဆို လိုက်ပါတယ်။ တရုတ်နိုင်ငံက ကမကထ လုပ်ပြီး နိုင်ငံအရှေ့ပိုင်း Wuzhen မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ သမ္မတရှီက ဒီကနေ့ အဲဒီလိုတောင်းဆိုတာပါ။ အင်တာနက်ကို စီမံအုပ်ချုပ်တဲ့စနစ်တရပ် ဖန်တီးရေး နိုင်ငံတိုင်း အတူတကွလုပ်ဆောင်သင့် တယ်လို့ သမ္မတရှီကပြောပါတယ်။

၂၀၁၅ နိုင်ငံရေး အောင်မြင်မှုတွေမှာ မြန်မာပါဝင်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ၂၀၁၅ ခုနှစ်အတွက် သတင်းစာရှင်းလင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ နိုင်ငံတကာရေးရာနဲ့ ပတ်သက်လို့ အကဲစမ်းမှုတွေ၊ စိုးရိမ်မှုတွေ၊ အောင်မြင်မှုတွေကို မီးမောင်း ထိုးပြခဲ့ရာမှာ မြန်မာနိုင်ငံမှာလည်း အစိုးရ၊ စစ်တပ်နဲ့ နိုဝင်ဘာ ရွေးကောက် ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် တို့ကြား တည်ငြိမ်တဲ့ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးမှုကို စတင်နေတဲ့အကြောင်းအပြင် ခွဲခြားဆက်ဆံခံနေရတဲ့ လူနည်းစုတွေအရေး လည်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ အသေးစိတ်ကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

NLD ပါတီထောက်ခံမှုဖြင့် အတည်ပြုလိုက်သော နိုင်ငံရေးမူဘောင်ကြောင့် ညောင်နှစ်ပင်ကဲ့သို့ အမျိုးသားညီလာခံသာ ဖြစ်လာနိုင်ဟု ဦးခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ဂွန်မော် မှတ်ချက်ပြု


NLD ပါတီ၏ ထောက်ခံမှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သဘောတူနိုင်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာနိုင်ဘဲ ယခင်စစ်အစိုးရ လက်ထက်က ကျင်းပခဲ့သည့် အမျိုးသားညီလာခံကဲ့သို့သော ညီလာခံမျိုးသာ ဖြစ်လာ နိုင်ကြောင်း ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များက ဝေဖန်ပြောဆိုသည်။

ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်အား NLD အစိုးရတွင် ၀န်ကြီးအဖြစ် ဆက်ခန့်ရန် သင့်မသင့် NLD ပါတီက ဟိုတယ်ခရီး လုပ်ငန်းရှင်အချို့ကို မေးမြန်းမှုများ ရှိဟုဆို


သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့အသစ်တွင် ဟိုတယ်ခရီးနှင့် ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် ခိုင်းရန် သင့်မသင့်နှင့် ပတ်သက်ပြီး NLD ပါတီ တာဝန်ရှိသူများက ဟိုတယ်ခရီး လုပ်ငန်းရှင် အချို့အား စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။

အစိုးရတာဝန် လွှဲပြောင်းရန် ညှိနှိုင်းအစည်းအဝေး ပထမဆုံးအကြိမ် ပြုလုပ်


နိုင်ငံတော် အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့တာဝန်များစနစ်တကျ လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီး၍ ပြုလုပ်ခဲ့သည်။

ဂျင်ဗာလ်ဂျင်ကို သဘောကျသော ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်ကို ပါဝင်ဆင်နွှဲခွင့်ရခဲ့သည်မှာ ကျွန်မအတွက်ကုသိုလ်ထူးလှပါသည်။ ပထမဆုံးသည်လိုစာပေ ပွဲတော်မျိုးကို နှစ်ပေါင်း ငါးဆယ်ကျော်မှ ရန်ကုန် အင်လျားလိတ်ဟိုတယ်၌ ၂၀၁၃ ဖေဖော်ဝါရီက ကျင်းပခဲ့ခြင်း ဖြစ်၏။ ပွဲတော် ကျင်းပသည့် ဟိုတယ်ပတ်ဝန်းကျင်၌ လေပြည်လေညင်းလေးတွေသာရှိနေခဲ့ပြီး အင်းလျားကန် ရေပြင်ထဲမှာ တိမ်တွေက မလှုပ်မယှက်ငြိမ် သက်နေပါသည်။

မန်းလွှတ်တော်ထဲ ရောက်လာမည့် ပုဏ္ဏားအမတ်


ရှေးမြန်မာ ဘုရင်များ လက်ထက်က နန်းတွင်းလွှတ်တော်တွင် ပုရောဟိတ် ပုဏ္ဏားများ နေရာယူ ခဲ့သလိုမျိုး မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့လည်း ဗြဟ္မဏပုဏ္ဍားတစ်ဦး ၀င်ရောက်လာ တော့မည်ဖြစ်သည်။မန္တလေးမြို့ ပုဏ္ဏားကုန်းတွင် နေထိုင်ပြီး ဗြဟ္မဏပုဏ္ဏား မျိုးမှ ဆင်းသက်လာသည့် ဦး အောင်ရွှေသည် ပြီးခဲ့သည့် နိုဝင် ဘာ ၈ ရက် ရွေးကောက်ပွဲ၌ မန္တ လေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒီမိုကရက်တစ်ပါ တီ (မြန်မာ) ၏ ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ သည်။

အစိုးရသစ်ကို စောင့်ကြိုနေသော စိန်ခေါ်မှုများ


ဆယ်စုနှစ် နှစ်ခုကျော် အတိုက်အခံဘ၀နှင့် ကျော်ဖြတ်လာပြီးနောက် ယခုအခါ အစိုးရသစ် တစ်ရပ်အဖြစ် တာဝန်ယူတော့မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို စိန်ခေါ်မှု အများအ ပြားက စောင့်ကြိုနေသည်။ထိုစိန် ခေါ်မှုများ၌ လွတ်လပ်ရေး ရချိန်မှ စ၍ တိုင်းပြည်တွင် အမြစ်တွယ် ကြီးထွားနေခဲ့သော ပဋိပက္ခများ၊ ယခင်အစိုးရအဆက်ဆက်ဖန်တီး ထားရစ်ခဲ့သော ပြဿနာများ၊ အ ဘက်ဘက်မှ ချွတ်ခြုံကျနေသောနိုင်ငံ့အနေအထား၊ ပြည်သူများ၏ မျှော်လင့်ချက်ဖိအား၊ ဒီချုပ်ကိုယ် တိုင်၏ အားနည်းချက်များအစရှိ သည်တို့ မျိုးစုံပါဝင်နေသည်။

မြန်မာ့အသွင်ကူးပြောင်းမှု စောင့်ကြည့်ခြင်း တစ်လကျော်အထိ အသွင်ကူးပြောင်းမှု ချောမွေ့နေ



ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာမှ ကျောင်းသား ၁၈၀ ခန့် ပညာသင်ယူနေ


ယခုပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာတက္ကသိုလ်များမှ ကျောင်းသား ၁၈၀ ခန့် လာရောက်ပညာသင်ကြားလျက်ရှိပြီး တရုတ်နိုင်ငံမှ ကျောင်းသားအရေအတွက် အများဆုံးဖြစ်ကြောင်း သတင်းရရှိ သည်။

၂၀၁၅ ရွေးကောက်ပွဲ၏ ထူးခြားသောကိန်းဂဏန်းများ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြိုင်ဘက်များကို အပြတ်အသတ် အနိုင်ရယူခဲ့ခြင်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏အထင် ရှားဆုံး မျက်နှာစာဖြစ်ခဲ့သည်။ ရွေးကောက်ပွဲ၏ အခြားမျက်နှာစာများတွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၏သမိုင်းဝင်စာမျက်နှာအချို့နှင့် ထူးခြားသော မျက်နှာစာ အချို့ရှိနေသည်။ ယင်းမျက်နှာစာများကို ကိန်းဂဏန်းများဖြင့် ခြေရာ ခံကြည့်သည့်အခါ ပြည်သူအများဆုံး မဲလာထည့်သည့် ရွေးကောက်ပွဲ၊ ကိုယ်စားလှယ်လောင်းအများဆုံးဝင်ပြိုင်သည့် ရွေးကောက်ပွဲ၊ တစ်သီးပုဂ္ဂလ အများဆုံးဝင်ပြိုင်သည့်ရွေးကောက်ပွဲ၊ ပါတီတစ်ခုတည်းက အပြတ်သားဆုံး အနိုင်ရသည့်ရွေးကောက်ပွဲ၊ အမျိုးသမီး အမတ်အများဆုံး လွှတ်တော်ထဲ ရောက်လာသည့်ရွေးကောက်ပွဲစသည့် ဝိသေသများနှင့်စံချိန်ဟောင်းများကို ရိုက်ချိုးလိုက်သည့် ရွေးကောက်ပွဲအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

Wednesday, December 16, 2015

တိုင်းပြည်အကျိုး ကြီးစွာ ထိခိုက်စေတဲ့အပြင် အစိုးရကိုလည်း အကြည်ညို ပျက်စေနိုင်တဲ့ သတင်းများ


ယခုတလော သတင်းမီဒီယာများမှာ ခေါင်းစီးစာလုံးကြီးများနဲ့ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်ဟာ မည်သူမျှ ကျော်ဖတ်မသွားနိုင်လောက်အောင် ဆွဲဆောင်ထားနိုင်ကြပါတယ်။ ဥပမာ ဖါးကန့်ဒေသမှာ တရုတ်နိုင်ငံဘက်က မျက်စိတဆုံး ဝန်တင်ကားကြီးတွေ နေ့ရောညပါ မြေတွေ ၂၄ နာရီမပြတ် သယ်ယူနေကြတယ်ဆိုတဲ့ သတင်းမျိုးပါပဲ။

“ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့လုပ်တာ ပြည်ခိုင်ဖြိုးအမတ်တွေ မရှက်ကြဘူးလား။”


အခုရက်ပိုင်း လွှတ်တော်ဘက်က ထွက်လာတဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ သိပ်မကြာခင် သက်တမ်းကုန်တော့မယ့် လွှတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင် ပုံစံ တစ်လုံးတစ်ခဲထဲ ချီးမြှင့်ငွေ ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း လွှတ်တော်အမတ်တွေဟာ ကိုယ့်လစာငွေကို ကိုယ် တစ်လ ကျပ် ၃ သိန်းကနေ ၁၀ သိန်းအထိ တိုးမြှင့်ဖို့ ကိုယ့်ဖာသာကိုယ် ဥပဒေပြဌာန်း ရယူခဲ့ကြပြီးပါပြီ။

တပ်မတော်၌ ခေတ်မီနည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ပစ္စည်းလက်နက် ကိရိယာများ ဝယ်ယူမှုအပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို


တပ်မတော်ကို နိုင်ငံတကာ တပ်မတော်များ နှင့် ရင်ပေါင်တန်းနိုင်အောင် ခေတ်မီနည်းပညာသုံး လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ပစ္စည်းလက်နက် ကိရိယာများ ဝယ်ယူဖြည့်တင်းခြင်း နှင့်အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းလုပ်ဆောင် သွားရမည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး နည်းလမ်းရှိနိုင်


ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မတွေကို ချွင်းချက်နဲ့ကျော်လွှားနိုင်ဖို့ လွှတ်တော် သက်တမ်း တခုခုမှာ ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဘီဘီစီကိုပြောပါတယ်။အခြေခံဥပဒေ ပုဒ်မ ၅၉ ( စ ) ကို ၅ နှစ် ဆိုင်းငံ့လိုက်မယ် ဆိုရင် တိုင်းရင်းသားတွေ၊ မြန်မာ ပြည်သူတွေ အများစု မျှော်လင့်နေသလိုဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ လမ်းပွင့်သွားမှာ ဖြစ်တယ်လို့ သူရ ဦးအောင်ကိုက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ IS ၁၁ ဦးဝင်ရောက်လာသည်ဆိုသော သတင်းကြောင့် ရှမ်းမြောက်တွင် လုံခြုံရေးအထူးတင်းကျပ်


IS ( အစ္စလာမ်မစ် နိုင်ငံတော်) အဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများဟု ယုံကြည်ရသူ အမျိုးသား (၁၁) ဦးသည် ဒီဇင်ဘာလ (၁၄) ရက်နေ့ က ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့  ၀င်ရောက်လာသည်ဟူသောသတင်းအရ မူဆယ်-လားရှိုး အဝေးပြေးလမ်းမကြီးတလျှောက် လုံခြုံရေးကို အထူးတင်းကြပ်ထားရှိပြီး မြို့ ရွာအသီးသီးများတွင်လည်း လုံခြုံရေးအဆင့်ကို တိုးမြှင့်ထားလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူးးရဲမှူးကြီး အောင်မြတ်မိုး က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။

NLD မှ ကြားဝင်ညှိနှိုင်းပေးသဖြင့် အပစ်၇ပ် နိုင်ငံရေးဆွေးနွေးပွဲများတွင် တပ်မတော် ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ် အရေအတွက်ကို ယနေ့ အစည်းအဝေးတွင် သဘောတူညီမှု ရခဲ့


နေပြည်တော်တွင် ကျင်းပနေသော နိုင်ငံရေး ဆွေးနွေးပွဲများအတွက် နိုင်ငံ ရေး မူဘောင်ရေးဆွဲရေးဆိုင်ရာအစည်းအဝေးမှ လာမည့်နိုင်ငံရေး ဆွေးနွေး ပွဲများတွင်တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ စီ တက်ရောက်ရန် သဘောတူ လိုက်ကြောင်း အစည်းဝေး တက်ရောက်နေသူများထံမှ သိရသည်။

RCSSနှင့် TNLA တိုက်ပွဲကိစ္စ အတွက် UNFC နှင့် RCSS / SSA ဆွေးနွေးပွဲတိကျသည့် သဘောတူညီမှုမရ


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် RCSS / SSA အဖွဲ့နှင့် လက်မှတ် ရေးထိုးထားခြင်း မရှိသော တအာင်း ပလောင် အပါအ၀င်အဖွဲ့အချို့အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု များအတွက် RCSS/SSA နှင့်UNFC တိုင်းရင်းသား တပ်ပေါင်းစုတို့အကြား ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ဆွေးနွေးခဲ့ရာ တိကျသည့် သဘောတူညီချက် မရဘဲဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ရန်သာ သဘောတူညီခဲ့ကြောင်း RCSS/ SSA မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မဟောသဓာ ဇာတ်တော်လာ ၀ိဒေဟရာဇ် ပုတ်သင်ကဲ့သို့ အချို့သူများ၏ စိတ်ကြီးဝင် ကယောင် ကတန်း ရေးသား ပြောဆိုမှုများကြောင့် မြန်မာ့ အနာဂတ်အလှကို မပျက်စီးစေလိုကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်း ဆို


လက်ရှိအချိန်တွင် စိတ်ကြီးဝင်၍ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို မသိသော ငွေပြား(အသပြာ) လည်ပင်းတွင် ဆွဲထားခံကြရသော၊ မဟောသဓာ ဇာတ်တော်လာ ၀ိဒေဟရာဇ် ပုတ်သင်ကဲ့သို့ အချို့သူများ၏ စိတ်ကြီးဝင် ကယောင် ကတန်း ရေးသားပြုမှု ပြောဆိုမှုများကြောင့် မြန်မာတို့၏ အနာဂတ်အလှကို မဖျက်ဆီးစေလို၊ မပျက်စီးစေလိုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက သူ၏ ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခကြောင့် မြန်မာဘိန်းစိုက်ပျိုးမှု အားကောင်းဆဲ


ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (UNODC) ရဲ့ နောက်ဆုံး ဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ အရင်ကနှစ်တွေအတိုင်းပဲ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့အစိုးရ နောက်နှစ်တက်လာတဲ့အခါ ဘိန်းထုတ်လုပ်မှုကို သက်ရောက်မှုရှိစေမယ့် မူဝါဒတွေ ချမှတ်ဖို့ ကြိုးစားရာမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံရမှာဖြစ်တယ်လို့ UNODC က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့က ပေးပို့ထားတဲ့ သတင်းကို ကိုရဲခေါင်က တင်ပြထားပါတယ်။

သတင်းထောက်ဖမ်းဆီးမှု အများဆုံးနိုင်ငံထဲ တရုတ်ပါဝင်


မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်းမှာ ဒီနှစ်ထဲ ဖမ်းဆီးခံခဲ့ရတဲ့ သတင်း သမား ၂၀၀ နီးပါး ရှိခဲ့ပြီး ၄ ပုံ တပုံသာ ပြန်လည်လွတ်မြောက်လာသေး တယ်လို့ အမေရိကန် အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့် ရှောက်ရေး ကော်မတီ (CPJ) က ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် တိုက်ဖျက်ရေး ၃၄ နိုင်ငံ ညွန့်ပေါင်းဖွဲ့


အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အစ္စလာမ် စစ်ရေးမဟာမိတ်အဖွဲ့လို့ အမည်ပေးထားတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံ ပါဝင်မယ့် ညွန့်ပေါင်းအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။နိုင်ငံပိုင် Saudi Press အေဂျင်စီက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ တော့ အစီအစဉ်သစ်မှာ စစ်ဆင်ရေးတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ Riyadh မြို့တော်မှာ ကွပ်ကဲရေးဌာနထားရှိရေး ကိစ္စလည်း ထည့်သွင်းထားတဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။

My Blog List