Tuesday, November 24, 2015

အကျင့်ပျက်အစိုးရ၀န်ထမ်း တစ်ရာကျော် ကော်မရှင် အရေးယူခဲ့


အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ တစ်နှစ်ကျော်အတွင်း အဂတိလိုက်စားတဲ့ အစိုးရ၀န်ထမ်း တစ်ရာကျော်ကို ဖော်ထုတ်အရေးယူခဲ့ပြီး နိုင်ငံတော်အစိုးရထံ ငွေကျပ်သိန်းပေါင်း ၂၀၀ ကျော်ကို ပြန်လည် အပ်နှံခဲ့ ကြောင်း ကော်မရှင် ဥက္ကဌ ဦးမြ၀င်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ပူးတွဲကော်မတီ ကိုယ်စားလှယ် UNA နဲ့ SNLD ရွေးချယ်


ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ထဲမှာ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြုပေးဖို့ အတွက် UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့က ကိုယ်စားလှယ်တစ်ဦးစီကို ဒီကနေ့ ရွေးချယ်ပေးလိုက်ပါတယ်။

၅၉(စ)နှင့် အမြီးမတစ်စေချင်


၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူးခြားဆုံးသမိုင်းအလှည့်အ ပြောင်း တစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။

အစိုးရသစ်လက်ထက် လူထုအသံလွှတ်တော်အသံဖြစ်ရန်လိုအပ်ဟု KNPP ပြော


၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီးနောက် ယခုတက်လာ မည့် အစိုးရသစ်လက်ထက်တွင် လူထုအသံလွှတ်တော် အသံဖြစ်ရန်လိုအပ် ကြောင်း ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ ဒုဥက္ကဌ ခူးဦးရယ်က ပြောဆို လိုက်သည်။ “အခုလက်ရှိအစိုးရဆို ဘာပြောလဲ လူထုအသံလွှတ်တော်အသံလို့ပြော တယ်။ဒါမမှန်ဘူးဗျ ပါစပ်ကသာအဲ့လို ကြွေးကြော်ထားတာ ဒါပေမယ့် လွှတ်တော်အသံလူထုအသံဖြစ်နေတယ် ဒါပြောင်းပြန်ဖြစ်နေတယ်။အဲ့တော့ အခုတတ်လာမယ့် အစိုးသစ်အနေနဲ့ အဲ့သလိုကြွေးကြော်သံနဲ့ လုပ်မှာကို တော့ ကျနော်တို့မမြင်ချင်တော့ဘူး ဗျ ။လူထုအသံ လွှတ်တော်အသံတကယ် ဖြစ်ဖို့လိုတယ် အဲ့ဒီအတိုင်းတကယ်သွားမယ်ဆိုရင်တော့ တကယ်ပြောင်းလဲ မှာပါ ပြောင်းလဲတယ်ဆိုတာ အကောင်းဖက်ကို ပြောင်းလဲတာကို ဆိုလို တာဖြစ်ပါတယ် ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

လူ ၆ ဦးသေဆုံးသည့် ဟားခါးပေါက်ကွဲမှု အကြမ်းဖက်မှုမဟုတ်ဘဲ ယမ်းပေါက်ကွဲမှုကြောင့်ဖြစ်


ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းတွက် နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ပေါက်ကွဲမှုတရပ်ဖြစ်ပွား ခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပါအ၀င် လူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိ ခဲ့မှုသည် အကြမ်းဖက်မှုကြောင့်မဟုတ်ဘဲ ကျောက်မိုင်းခွဲ ရာတွင် အသုံးပြုသည့် ယမ်းပျော့များ သိုလှောင် ထားရာမှ ပေါက်ကွဲဖြစ် ကြောင်း သိရှိရသည်။

အစိုးရအရာရှိတွေ ပိုင်ဆိုင်မှု စစ်တမ်း ကောက်ရန် အစီအစဉ်မရှိဟုဆို


မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရဝန်ထမ်း အရာရှိများ ၏ ပိုင်ဆိုင်မှု အခြေအနေ စစ် ဆေး ရန် အစီအစဉ်မရှိဟု အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း က ယနေ့ပြုလုပ်သည့် ပြည်သူ့လွတ်တော် ပုံမှန်အစည်း အဝေးတွင် ပြောကြားလိုက်သည်။ယနေ့ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်း အဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး က “အဂတိလိုက်စား မှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို ဖြေရှင်းရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်အနေဖြင့် မည်သို့သော စနစ်ဖြင့် အရေးယူဆောင်ရွက်မှု နှင့် အောင်မြင်မှု ရှိ/မရှိ”မေးခွန်းကို မေးမြန်းခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက “ပိုင်ဆိုင်မှုစစ်တမ်းကောက်ယူရန် လတ်တလောတွင် အစီအစဉ်မရှိပါ”ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်သစ်တွင် ပုံဝင်ဖော်ကြမည့် အမျိုးသမီး အမတ်များ


ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး အမတ်လောင်း ၈၀၀ ခန့်အနက် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ၁၅၀ ခန့် အနိုင်ရရှိခဲ့ရာ လာမည့်လွှတ်တော်သစ် များတွင် အမျိုးသမီးကိုယ်စားလှယ်ဦးရေ ပိုမိုပါဝင်လာပြီ ဖြစ်သည်။ ယင်းရလဒ်က အနာဂတ် မြန်မာ့နိုင်ငံရေး ဦးဆောင် အခန်းကဏ္ဍ များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန် ရောင်နီပျိုးလာခြင်းပင်ဖြစ်သည်ဟု အမျိုးသမီးအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ၈၈မျိုးဆက်-ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲ ကိစ္စရပ်များ၊ နောက်ထပ် အရေးကြီးသော ခြေလှမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး



လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ၈၈မျိုးဆက်-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များနှင့်တွေ့ဆုံ ၍ ရွေးကောက်ပွဲကိစ္စရပ်များ၊ နောက်ထပ် အရေးကြီးသော ခြေလှမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ ကြောင့်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ၏ facebook စာမျက်နှာ ဖြစ်သည့် U.S Embassy Rangoon တွင် ဖော်ပြထားရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း အပိုင်း(၁)


Washington Post။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလိုမဟုတ်ဘဲ တပ်မတော်နဲ့အရပ်သား အစိုးရကြား အာဏာကိုခွဲဝေသုံးစွဲနေရတယ်လို့ ပြောလို့ရနိုင်မလား။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ တပ်ကအရပ်သားအစိုးရရဲ့ ကွပ်ကဲမှု အောက်မှာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့သဘောထားကို သိချင်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အချိန်အကန့်အသတ် ရှိသည့်အတွက် အားနည်းချက်၊ မပြည့်စုံခြင်းများ ရှိနိုင်ဟု ဦးအောင်မင်း ပြောဆို


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အခက်အခဲများရှိမည် ဖြစ်ပြီး အချိန်အကန့်အသတ်လည်း ရှိနေသည့်အတွက် အားနည်းချက်များ၊ မပြည့်စုံခြင်းများ ရှိနိုင်ကြောင်း၊ နောင်တက်လာမည့် အစိုးရအတွက် အဆင်ပြေစေရန် မူဘောင်ရေးဆွဲရာတွင်လည်း ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုသည်။

ပဲရစ် အကြမ်းဖက်သမား ဖမ်းမိနိုင်ရေး Belgium အပူတပြင်းရှာဖွေ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့သူကို ကူညီ ရှာဖွေပေးဖို့ Belgium အစိုးရက သူတို့ထံ တရားဝင် မေတ္တာရပ်ခံ ခဲ့တယ်လို့ မော်ရိုကိုအာဏာပိုင်တွေက ပြောပါတယ်။ ဒီအတောအတွင်း ထွက်ပြေးနေတဲ့ အကြမ်းဖက်သမားတွေကို Belgium အစိုးရက လိုက်လံ ရှာဖွေနေတာမှာ Brussels မြို့ ၀င်ပေါက် ထွက်ပေါက်တွေပါပိတ်ပြီး ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပါတယ်။

သမ္မတ Hollande အိုဘားမာနှင့် အိမ်ဖြူတော်မှာတွေ့မည်


ပဲရစ်မှာ လူတွေသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး သီတင်း ၂ ပတ်တောင် မပြည့်ခင် အမေရိကန်သမ္မတ Barack Obama ဟာ ပြင်သစ် သမ္မတ Francois Hollande ကို အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး အမေရိကန်ရဲ့ အကြာဆုံးမြင့် မိတ်ဆွေနိုင်ငံနဲ့ သွေးစည်း ခိုင်မာမှုထက် ပိုပြီး ပြသရာရောက်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။

NLD ကိုယ်စားလှယ်အဖွဲ့ ဂျပန်သွားမည်


ဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံမှာ နောက်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရသစ် ကြား နှစ်နိုင်ငံရင်းနှီး ချစ်ကြည်မှုတွေ၊ ခိုင်မာတဲ့ စီးပွားရေး ဆောက်ရွက်မှုတွေနဲ့ လူမှုရေး ပညာရေး အကူအညီတွေ ပိုပြီးတော့မှ ဆက်သွယ် လုပ်ကိုင်လာဖို့ကို ဂျပန်လူမျိုးတွေနဲ့ ဂျပန်ရောက် မြန်မာတွေ ကြား မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ရွေးကောက် ပွဲအနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလွှာနဲ့အတူ ဂျပန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်မှုဟာ ဂျပန်အစိုးရ ဘက်က နောက်တက်လာမယ့် အစိုးရသစ်အပေါ် ရင်းရင်းနှီးနှီး လက်ကမ်းကြိုဆို လိုက်တာပဲလို့ သုံးသပ်ပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါ်စု ၊ ဦးသိန်းစိန် တို့နဲ့ တွေ့မည်



မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်တို့အပြင် အစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိ သွားပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ တက်ကြွလှုပ်ရှားသူတွေ နဲ့ တွေ့ဆုံရာ မှာတော့ ရွေးကောက်ပွဲ လွန်ကာလ အသွင်ကူးပြောင်းရေး အတွက် လိုအပ်ချက်တွေကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့တာပါ။

Monday, November 23, 2015

လာအို ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်


လာအိုနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု Lao Sat-1ကို နိုင်ဝင်ဘာ ၂၁ရက်နေ့က ဒေသစံတော်ချိန် ၀၀:o၇ နာရီတွင် ဆီချွန်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးဌာနမှ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့သည်။ Lao Sat-1ဂြိုဟ်တုမှာ အမြင့်တွင် ဒုံးပျံမှ အောင်မြင်စွာ ခွဲထွက်သွားခဲ့ပြီး ပျံတက်အပြီးတွင် ၄င်း၏ ဆိုလာပြားများကို ဖြန့်ကျက်လိုက်သည်ဟု ဆိုသည်။

စစ်ပွဲတွေ ရပ်ဖို့ ၈၈ နဲ့ အနုပညာရှင်များ ပူးပေါင်း လှုပ်ရှားမည်


ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားလျှက်ရှိသော စစ်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် လှုပ်ရှားမှု တစ်ခုပြုလုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းအဖွဲ့အစည်းက အနုပညာရှင်များ နှင့် နိုဝင်ဘာ ၂၃ရက် နေ့လည် ၁နာရီက ဆွေးနွေးခဲ့သည်။

အာဂျင်တီးနားရွေးကောက်ပွဲ အတိုက်အခံအနိုင်ရ၍ လက်ရှိသမ္မတ ဖာနန်ဒက်ဇ်၏ မျိုးရိုးစဉ်ဆက် အမွေခံနိုင်ငံရေး တစ်ခန်းရပ်


မျိုးရိုးစဉ်ဆက်နိုင်ငံရေး (political dynasty)ကို တစ်ခန်းရပ်လိုက်သည့် ဒုတိယအကျော့ ရွေးကောက်ပွဲအပြီးတွင် အတိုက်အခံသမ္မတလောင်း မော်ရီစီယို မာခရီမှာ အာဂျင်တီးနား၏ နောက်သမ္မတ ဖြစ်လာတော့မည် ဖြစ်သည်။ ‘ကျနော့်ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ဆုံးဖြတ်ရွေးချယ်လို့ ကျနော် ဒီနေရာမှာ ရှိနေတာပါ’ဟု အောင်ပွဲရမာခရီက ၄င်း၏ မဲဆွယ်ရုံးချုပ်မှ ပြောကြား လိုက်ရာ ထောက်ခံသူလူအုပ်ကြီးက ဟေးခနဲ အော်ဟစ်လိုက်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခြေလှမ်းသွက်နေတဲ့ နိုင်ငံရေး ကစားကွက်


၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့တစ်နေ့တည်းမှာပဲ သူရဦး ရွှေမန်း၊ ၄၂ နိုင်ငံမှ နိုင်ငံခြားသံရုံးများမှ သံအမတ်များနဲ့တွေ့ခဲ့ပါတယ်။ သူမဟာ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာမှာပဲ အမျိုးသားရင်ကြားစေ့ရေးဆွေးနွေးရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာပါ။

တိုကျိုရှိ ယာဆုကုနိ နန်းကွန်း၌ ပေါက်ကွဲမှုဖြစ်


တိုကျိုရှိ ယာဆုကုနိ နန်းကွန်း၌ ပေါက်ကွဲမှုဖြစ်ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းသေဆုံးသူများအတွက် ၀တ်ပြုဆုတောင်းမှုပြုသည် ယာဆုကုနိ စစ်သည်တော်ဗိမာန် နတ်ကွန်းရှိ သန့်စင်အခန်းတခု၌ ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတရပ်ဖြစ်ပွားခဲ့ရာ ထိခိုက်မှုမရှိကြောင်း ကျိုတို သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

အမှတ် (၂)တံတား ဆောက်လုပ်ရေးကို မြန်မာဘက်ခြမ်း စတင်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း



ထိုင်း-မြန်မာ အမှတ် (၂)နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်း တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်နိုင် ရန် နိုဝင်ဘာ ၂၀ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝမ်းစကင်းကျေးရွာရှိ လမ်းတံတားတည်ဆောက်ရေး စီမံကိန်းခန်းမ၌ ထိုင်း-မြန်မာ တံတားစီမံ ကိန်း ပူးပေါင်းလုပ်ဆောင်ရေး ကော်မတီ တာဝန်ရှိသူများက ပထမဦးဆုံး အကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

NLD ပါတီ၏ နိုင်ငံခြားရေး မူဝါဒကို လေ့လာ ဆန်းစစ်ခြင်း


အခုတော့ အားလုံးသိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အများမျှော်လင့်တဲ့အတိုင်း အပြတ်အသတ် အနိုင်ရခဲ့ပါပြီ။ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ် အရေအတွက်ကိုလည်း ကျော်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မ ၅၉(စ) အရ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားဆဲပါပဲ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “သူဟာ သမ္မတအထက်ကနေ ရှိနေမယ်” လို့ ပြောခဲ့တဲ့အတွက် ဝေဖန်သံတွေလည်း သောသောညံခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် NLD ပါတီ အစိုးရဖွဲ့ပြီးခဲ့ရင် အဲဒီ အစိုးရအဖွဲ့ရဲ့ မူဝါဒက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာပဲ မူတည်နေလိမ့်မယ်လို့ အများက တွက်ဆထားပြီးသားပါ။

အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် တရားဝင် ဆွေးနွေးမှု နိုဝင်ဘာ ၂၄ ရက်တွင် စတင်မည်


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီတို့ ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲခြင်းနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် တရားဝင်ဆွေးနွေးမှုကို နိုဝင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာနှင့်အဝှမ်း ဒုက္ခသည်အကျပ်အတည်းကို မီးမောင်းထိုးပြရန် မလေးရှား ဒုက္ခသည်စခန်းကို အိုဘားမားသွားရောက်


ရီပတ်ဘလီကင်များက အမေရိကန်၏ ဆီးရီးယားဒုက္ခသည်များအား လက်ခံမှုကို ပိတ်ဆို့ရန် ကြိုးစားနေချိန်တွင် ကမ္ဘာနှင့်အ၀န်း ရွှေ့ပြောင်းအခြေချ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး နိုင်ငံများက ပိုမိုမေတ္တာထားကြရန် ၎င်း၏ တိုက်တွန်းမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက နိုဝင်ဘာလ ၂၁ရက်နေ့က မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုသို့ သွားရောက်ခဲ့သည်။

တောင်ကိုရီးယားသမ္မတဟောင်း ကင်ယောင်ဆန် အသက်၈၇နှစ်တွင် ကွယ်လွန်


နှစ်၃၀ကြာ စစ်အုပ်ချုပ်ရေးကို နောက်ဆုံးကန့်လန့်ကာ ဆွဲချခဲ့သည့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ယောင်ဆန်မှာ အသက် ၈၇နှစ်အရွယ်တွင် နိုဝင်ဘာလ ၂၁ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဟု ဆေးရုံအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

စစ်ရာဇဝတ်မှုများအတွက် အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကြိုးပေးကွက်မျက်


၁၉၇၁ခုနှစ်က လွတ်လပ်ရေးစစ်ပွဲအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အတိုက်အခံခေါင်းဆောင်နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်က သုတ်သင်ကွက်မျက်လိုက်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲ အေကေအမ် ရှာဟီဒူ ဟိုကွီ၏ အတည်ပြုပြောကြားချက်အရ Jamaat-e-Islami (JeI)ပါတီမှ ဝါရင့်နိုင်ငံရေးသမား အလီ အာရှန် မိုဟာမက် မူဂျာဟစ်နှင့် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP)မှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ဆာလောက်ဒင် ကွာဒါ ချောင်ဒူရီတို့နှစ်ဦးကို နိုဝင်ဘာ ၂၂ရက်နေ့ အစောပိုင်းက ဒါကာ ဗဟိုအကျဉ်းထောင်တွင် ကြိုးပေးကွက်မျက်ခဲ့သည်။

My Blog List