Thursday, August 20, 2015

MPT SIM ကတ် အသစ်များတွင် ဆွေသဟာအစီအစဉ် အလိုအလျောက် ထည့်သွင်းပေးထားမည်


သြဂုတ်လ ၁၀ ရက်နေ့မှ စပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ GSM/ WCDMA ဖုန်း SIM ကတ်အသစ် စတင် ဝယ်ယူသုံးစွဲသူတိုင်း MPT ရဲ့ဆွေသဟာအစီအစဉ်ကို သီးသန့်လျှောက်ထားစရာ မလိုတော့ဘဲ အလိုအလျှောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ ပြောပိုင်ဆိုပိုင်ခွင့်က အများကြီး အကန့်အသတ် တွေ ရှိနေတယ်


မြန်မာနိုင်ငံသည် တိုင်းရင်းသားဒေသ အများစုရှိ သယံဇာတ ခွဲဝေရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှုအများ ဆုံး ကြုံတွေ့နေရသည့် နိုင်ငံဖြစ်သည်။ အစိုးရသစ်လက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် လာပြီးသည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) တွင် အဖွဲ့ဝင်လောင်းအဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် လက်ခံခဲ့သည်။ EITI ၏ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့တွင် အစိုးရဌာန၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ပါဝင်သည်။ 

အရင်ခေတ်က ပညာရေးစနစ်ရဲ့ အုတ်မြစ်


နိုင်ငံတနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုမှ အစ နိုင်ငံရေးအဆုံး ပြဿနာရပ် ပေါင်းစုံသည် ထိုနိုင်ငံ ၏ ပညာရေး စနစ်အပေါ်၌ တည်ရှိနေပါသည်။ ပညာရေးစနစ် နိမ့်ကျနေပါက ထိုနိုင်ငံ၏ အဆင့်အတန်း သည်လည်း နိမ့်ကျရပါတော့မည်။

မန္တလေးတိုင်း အခွန်ကြွေးကျန်များ လက်ရှိအစိုးရ သက်တမ်း အပြီးကောက်မည်


မန္တလေးတိုင်းအတွင်းရှိ အခွန်ကြွေးကျန်များကို လက်ရှိအစိုးရသက်တမ်းတွင် အပြီးကောက်ခံသွားမည် ဖြစ်ပြီး မပေးဆောင်ပါက ဥပဒေအရ အရေးယူ သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး က ဧရာဝတီသို့ ပြောသည်။

ပုဂံဘုရားတချို့ မီးလင်းရေး ဂျပန် Panasonic Corporation ကူမည်


ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသရှိ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတချို့ကို မီးအလင်းပေး နိုင်ရေးအတွက် ဂျပန် အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သည့် နာမည်ကြီး ပင်နစ်ဆိုးနစ် (Panasonic Corporation) က UNESCO နှင့် ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ချင်းမိုင်တွင် ယာယီပတ်စ်ပို့ကိုင်ဆောင်သူများကို ဈေးဆိုင်ရောင်းခွင့် ပိတ်ပင်


ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအား ကိုယ်ပိုင် ဈေးဆိုင် ရောင်းချ ခွင့်မရှိကြောင်း ထိုင်းအာဏာပိုင်များမှ လိုက်လံတားမြစ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းလူဝင်မှု ကြီးကြပ်ရေး နှင့် အာဏာပိုင်များမှ ချင်းမိုင်မြို့ရှိ မြန်မာဈေးတန်းရှိသည့် နေရာများကို လိုက်လံ စစ်ဆေးခဲ့ပြီး ထမင်း ဆိုင်၊ ကွမ်းယာဆိုင်များ အပါအဝင် တနိုင်တပိုင် မြန်မာပစ္စည်းများ ရောင်းသည့် ဆိုင်များကို ဆက်လက်မရောင်းရန် သတိပေးခဲ့သည်။

Wednesday, August 19, 2015

NCA အပစ်ရပ်စာချုပ် KIO လက်မှတ်ထိုးဖို့ ကချင်လူမှုအဖွဲ့တွေတိုက်တွန်း


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင် လက်မှတ်ရေးထိုးမှသာ KIO ကချင်-လွတ်လပ်ရေးအဖွဲ့ အနေနဲ့လဲ လက်မှတ်ထိုးသင့်တယ် လို့ ကချင်လူမှုအဖွဲ့အစည်းတွေက တောင်းဆို လိုက်ကြပါတယ်။ ဒီလိုတောင်းဆိုမှုပေါ်မှာ KIO ဖက်ကလဲ သုံးသပ်စဉ်းစားနေပုံ ရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ တွေက ပြောပါတယ်။ ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေအပေါ် ပါတီများ၏ သဘောထား အမြန်ဆုံးတင်ပြရန် သူရဦးရွှေမန်း ပြောကြား


လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို သြဂုတ်လ ၂၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်သို့ အမြန်ဆုံး တင်ပြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောကြားလိုက်သည်။

အနက်ရောင်ဖဲကြိုးများ၏ နောက်ကွယ်


ရုပ်မြင်သံကြားကြော်ငြာတွေထဲကလို ‘‘ကျွန်တော်ဆရာဝန်တစ် ယောက်ပါ’’ဆိုပြီး လိုက်မိတ်ဆက် နေစရာ မလို။ ပြီးခဲ့တဲ့ ရက်များတွင် မည်သူက ဆရာဝန်ဆိုသည်ကို လူတစ်ယောက်၏ ရင်ဘတ် ပေါ်၌ ဖဲကြိုးနက် တပ်ဆင် ထားခြင်းရှိ၊ မရှိကြည့်ရုံဖြင့် သိနိုင်သည်။ ရင်ဘတ်မှာဖဲကြိုးနက် မတပ်ထားလျှင် ဆရာဝန်မဟုတ် သလို ဖြစ်သည်အထိ ခေတ်စားခဲ့သည်။

ကြံ့ခိုင်ရေးပါတီပြဿနာကြောင့် သူရဦးရွှေမန်းနှင့် ဆက်ဆံရေး ပိုခိုင်မာစေဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှု အပြောင်းအလဲ ကြောင့် ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်း အပါအဝင် ယင်း ပါတီခေါင်းဆောင်ပိုင်းမှ မဟာမိတ်များနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေခဲ့ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသည်။

မဲဆွယ်စည်းရုံးရေး ကာလ ကော်မရှင်ကြေညာ


နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ လာမယ့်စက်တင်ဘာ ၈ရက်နေ့ကစပြီး နိုဝင်ဘာလ ၆ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။

"အမျိုးသားလွှတ်တော်အစည်းအဝေး ရပ်နားမည်"


အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုရပ်နားရန်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် က ယမန်နေ့က တင်သွင်းခဲ့သော အရေးကြီး အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၂၈ မဲဖြင့် လွှတ် တော်က အတည်ပြုလိုက်သည်။

အာဏာသို့ တကျော့ပြန်လာရန် ကြိုးစားသည့် သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း ဝန်ခံ


သီရိလင်္ကာ၏အာဏာရှင်ဆန်သော ခေါင်းဆောင်ဟောင်း မဟိန္ဒြာရာဂျာပက်ဆေးက ပါလီ မန်ရွေးကောက် ပွဲများတွင် ရှုံးနိမ့်သွားခဲ့ကြောင့် ဝန်ခံသွား ခဲ့သောကြောင့် သမ္မတအဖြစ်မှ ဖယ်ရှားခံရ ပြီး လပေါင်းများစွာ အကြာတွင် အာဏာသို့ တစ်ကျော့ပြန်လာရေး သူ့မျှော်လင့်ချက်များမှာလည်း အဆုံး သတ်သွားခဲ့ရပြီ ဖြစ်သည်။

ရေဘေးသင့် ရခိုင်ပြည်သူများကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန် လိုအပ်


သဘာဝဘေးအန္တရာယ်ကြောင့် ရေဘေးသင့် ရခိုင်ပြည်သူများမှာ လယ်ယာမြေများနှင့် ငါးဖမ်းလုပ်ငန်းများ ကို အဓိက အားထားပြီး လုပ်ကိုင်စားသောက် နေရသောကြောင့် ယင်းလုပ်ငန်းများမှာ ပျက်စီးသွားသည့် အတွက် ဘဝတစ်ခုလုံး ပျက်စီးသွားသလို ခံစားနေရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုများကို မြှင့်တင်ရန် လိုအပ်နေ ကြောင်း သိရသည်။

ချယ်ရီ အက်ဖ်အမ်က အများပြည်သူ ထိတ်လန့်စေမည့် အသံလွှင့်ချက်ပြုလုပ် မည်ကို စိုးရိမ် ဟုပြန်ကြားရေးဝန်ကြီး ဆို


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ပြဿနာများ ဖြစ်ပေါ်နေ သည့် အချိန်တွင် ပါတီပူးတွဲ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်း ၏ ချွေးမ ဦးစီးလုပ်ကိုင်နေသည့် ချယ်ရီ FM က အများပြည် သူ ထိတ်လန့် စေမည့် ဟောပြောချက်၊ အသံလွှင့်ချက်များကို ထုတ်လွှင့်မည်ကို စိုးရိမ်သည်ဟု ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြော သည်။

ပြည်ခိုင်ဖြိုးခေါင်းဆောင်အပြောင်းအလဲကြောင့် ဒီချုပ်အနိုင်ရရန် ပိုသေချာ လာဟု ဒေါ်အောင်ဆန်းစုကြည်ပြော


လက်ရှိအာဏာရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲကိစ္စကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြည်သူထောက်ခံမှု ပိုတိုးလာကာ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အနိုင်ရရှိရန် ပိုမိုသေချာသွားသည့်အနေအထားဖြစ်ကြောင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

သူရဦးရွှေမန်းကို ကိုယ်စားလှယ် အဖြစ်ကနေ ဖြုတ်ချဖို့ တိုင်တန်းထားကြောင်း အတည်ပြုပြော


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မိမိအား လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ တိုင်တန်းထားတာရှိကြောင်း၊ လာမယ့် သြဂုတ်လ ၂၀ ရက် နေ့နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စား လှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည် တင်ပြဖို့ ဒီကနေ့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းနိုင်ဖို့ လုပ်ထုံးအဆင့်များရှိ


လွှတ်တော်ကနေ ဆုံးဖြတ်ပြဌာန်းဖို့ ရွေးကောက်ပွဲကော်မရှင်ဘက်က ထပ်မံတင်သွင်းလာတဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမှာ မဲဆန္ဒရှင် ၁% က  ရွေးကောက်ခံ ကိုယ်စားလှယ်အပေါ် ကန့်ကွက်တိုင်ကြားလာရင် ကော်မရှင်အနေနဲ့ လက်ခံဆောင်ရွက်ဖို့ ဥပဒေအရ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။ 

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်မှု အပြောင်းအလဲ ဒေါ်စုတုံ့ပြန်


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်း ရုတ်တရက် ခေါင်းဆောင်အပြောင်းအလဲကြောင့် မိတ်ဆွေအစစ်အမှန် ပေါ်လာ မှာ ဖြစ်တဲ့အပြင် မိတ်ဆွေအချင်းချင်းကြား ပိုပြီးခိုင်မာသွားဖို့ပဲ ရှိတယ်လို့ မနေ့က နေပြည်တော်မှာကျင်းပ တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါ တယ်။ ဒါဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းနဲ့ သူ့အကြားမှာ မဟာမိတ်ဆက်ဆံရေး ပိုပြီးခိုင်မာလာဖို့ပဲ ဖြစ်တယ်လို့ အများက သုံးသပ်နေကြပါတယ်။

ဘန်ကောက်ပေါက်ကွဲမှု မသင်္ကာသူတချို့ကို အာဏာပိုင်တွေရှာဖွေ


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲအမှုအနီးက ရိုက်ယူထားတဲ့ ဗွီဒီယို မှတ်တမ်း တွေထဲမှာပါတဲ့ မသင်္ကာသူတချို့ကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ လိုက်လံရှာဖွေနေတယ်လို့ ထိုင်းဝန်ကြီး ချုပ် Prayuth Chan-ocha က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၂၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ သူတွေ ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

အင်ဒိုလေယာဉ်ပျက်ကျမှု ခရီးသည်အားလုံး သေဆုံး


အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်ပါသူ အားလုံး သေဆုံးသွား တယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ဒီကနေ့ အင်္ဂါနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။သေဆုံးသွား သူ ၅၄ ဦးရဲ့ အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရွာသားတွေက ကောက်ယူခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရ ရှာဖွေကယ်ဆယ် ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုပ်သိမ်းရေး ဥပဒေကြမ်း ၆ ပါတီ သဘောတူ


ဒီကနေ့ ပြန်ကျင်းတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က တိုက်တွန်း ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ (right to recall) ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ဥပဒေကြမ်း ကော်မတီနဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ညနေက တွေ့ဆုံပြီး သဘောထားရယူခဲ့ပါတယ်။

ကျားဖြူပါတီမှ ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်၊ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်


လာမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ(ကျားဖြူပါတီ – SNDP) ကိုယ် စားလှယ် ၂ ဦးသည် ပါတီ မှ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရ သည်။

ကြံ့ခိုင်ရေး၏သန်းခေါင်ယံ အပြောင်းအလဲကြောင့် မိတ်ဆွေစစ် ဆက်ဆံရေး ပိုခိုင်မာဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် (ကြံ့ခိုင်ရေး) သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံ ဖြစ် ပွားသော ခေါင်းဆောင် ပိုင်းအပြောင်းအလဲသည် ဒီမိုကရေစီနည်းလမ်းမကျဘဲ ယင်းအပြောင်းအလဲသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အတွက် မဟာမိတ် ဆုံးရှုံး ခြင်းမဟုတ်ကြောင်း၊ မိတ်ဆွေစစ်များနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာပေါ်လွင်လာစေကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ယနေ့ပြောဆို လိုက်သည်။

ကြံ့ခိုင်ရေး အကွဲအပြဲကြောင့် စီးပွားရေး ဂယောက်ဂယက်ဖြစ်မည်ကို စိုးရိမ်


ဦးရွှေမန်း ချွေးမပိုင် ချယ်ရီ FM အသံလွှင့်လိုင်း ရပ်နားသွားခဲ့သည် 

လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်း အကွဲအပြဲကြောင့် စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေးပညာရှင်များက စိုးရိမ် နေကြသည်။

My Blog List