Wednesday, July 29, 2015

“ကွဲပြားနေတဲ့ ကရင်တွေကို တပေါင်းတစည်းတည်း ဖြစ်စေချင်တယ်”


၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ တိုင်းရင်းသားဒေသများတွင် တိုင်းရင်သားပါတီများက လည်း ပါတီ အောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ရာ တိုင်းရင်းသား ပါတီတခု ဖြစ်သည့် ကရင် ပြည်သူ့ပါတီ၏ မဲဆွယ် စည်းရုံးမှု အခြေအနေ၊ မူဝါဒလမ်းစဉ်များနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မင်းခန့်ပိုင်က ကရင်ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောအေးကိုနှင့် တွေ့ဆုံ မေးမြန်းထားပါသည်။

ကောလင်း ရေဘေးသင့် ဒေသတချို့ ထိရောက်သည့် အကူအညီ မရရှိသေး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၈၈ ရွာ ရေဖုံးလွှမ်းခံခဲ့ရပြီးနောက် ရေဘေး သင့် ဒေသတချို့မှာ လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့် ထိရောက်သော အကူအညီများ မပေး နိုင်သေးကြောင်း သတင်းရရှိသည်။

Tuesday, July 28, 2015

အရှိန်မြင့်လာသော နိုင်ငံရေးစီးချင်းထိုးပွဲ


ဥပဒေပြုမဏ္ဍိုင်၏ ထိပ်ပိုင်းတာဝန်ယူထားသော သူရဦးရွှေမန်းကို တပ်မတော်သား မဲဆန္ဒရှင် ၁၇၈၀ က ဆန္ဒပြု လက်မှတ်ရေးထိုးပြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းလိုကြောင်း သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။

၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက ၄င်းတို့အဖွဲ့၏ လုပ်ငန်းစဉ်များကိုပြောပြ


ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို နိုင်ငံရေးပါတီ များက နောက်ဆုံးထား တင်သွင်းရမည့်ရက်ဖြစ်သည့် သြဂုတ်လ ၈ ရက်နေ့ မှာ တဖြည်းဖြည်း နီးကပ်လာ လျက်ရှိနေစဉ်တွင် ဦးကိုကိုကြီး နှင့် ကျောင်းသားခေါင်းဆောင်ဟောင်း ၂၀ ခန့်သည် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင် ကြရန် ဆုံးဖြတ် ထားကြောင်း ၈၈ မျိုးဆက် အဖွဲ့ဝင် ကိုဂျင်မီက Mizzima Weekly နှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

KNU နှင့် တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိဟု DKBA ပြော


ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိရာ ထိုသတင်းသည်မှားယွင်း သည့် ထုတ်ပြန်မှုများသာ ဖြစ်ကြောင်း DKBA က ပြောသည်။

တပ်မတော် ထိုးစစ်များ ရပ်ပေးရန် UNFC တောင်းဆို


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး နိုင်ရေး ကြိုးပမ်းနေချိန်တွင် တပ်မတော်က တိုင်းရင်းသား တပ်ဖွဲ့ အချို့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို ခြွင်းချက်မရှိ ရပ်တန့်ပေးရန် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇူလိုင်လ ၂၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၆ ဦး ရှိဟုဆို


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင် သွင်းသူ ဇူလိုင်လ ၂၆ ရက်နေ့အထိ ၄၆ ဦးရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ တရားဝင် သတင်း ထုတ်ပြန်သည်။

ဆီးရီးယားမှာ IS ချေမှုန်းဖို့ ကန်နဲ့ တူရကီ သဘောတူ


ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ IS တွေ လုံးဝ အခြေမချ နိုင်အောင် ချေမှုန်းမှုတွေ လုပ်သွားဖို့ အမေရိကန် နဲ့ တူရကီတို့ သဘောတူခဲ့ကြပါတယ်။ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက IS အစ္စလာမ်မစ် တပ်တွေကို ဘယ်လို တိုးမြင့် တိုက်ခိုက်မလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ ဆွေးနွေးခဲ့ရာက သဘောတူကြတာပါ။

တရုတ်နဲ့ ကုန်သွယ်သဘောတူမှုကို သြစီ ကန့်ကွက်


သြစတြေးလျနိုင်ငံမြောက်ပိုင်း ဘရစ္စဘိန်းမြို့က အလုပ်သမားအယောက်ပေါင်း ၂၀၀၀ လောက်က တရုတ် နဲ့ သြစတြေးလျအကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါ တယ်။

ကန်အဆင့်နိမ့် သတ်မှတ်မှုကို ထိုင်းမကျေနပ်


ထိုင်းနိုင်ငံအစိုးရအနေနဲ့ လူကုန်ကူးမှု ပပျောက်အောင် ကောင်းမွန်စွာ လုပ်ဆောင်မှုမရှိဘူးလို့ အမေရိကန် က ပြောဆိုခဲ့တာကို ထိုင်းအစိုးရက မကျေမနပ် ဖြစ်နေပါတယ်။ လူကုန်ကူးမှုကို တိုက်ဖျက်ရာမှာ အနိမ့်ဆုံး အဆင့်အဖြစ် ထိုင်း၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အီရီထရီးယား နိုင်ငံတို့ကို ထည့်သွင်း ထားပါတယ်။

IS ကို တိုက်ခိုက်တဲ့ ကရင်နီ တစ်ဦးနဲ့ မေးမြန်းချက်


Free Burma Rangers (FBR) လို့ခေါ်တဲ့ အဖွဲ့ဟာ IS အစ္စလာမ်မစ် အဖွဲ့ကို တိုက်ခိုက်ဖို့ အီရတ်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ FBR အဖွဲ့ထဲမှာ ကရင်လူမျိုး နှစ်ဦးနဲ့ ကရင်နီ ပြည်သားတစ်ဦးတို့ လိုက်ပါခဲ့ပါ တယ်။

ရာသီဥတု ဆိုးဝါးမှုကြောင့် ရန်ကုန်လေဆိပ်ကို ခုနစ်ရက်အတွင်း သုံးကြိမ်ပိတ်


မိုးဆက်တိုက် ရွာသွန်းလျက်ရှိသည့် ရာသီဥတုကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို တစ်ပတ် အတွင်း သုံးကြိမ် ယာယီပိတ်ခဲ့ရကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။ ရာသီဥတု ဆိုးဝါးသဖြင့် ရန်ကုန်လေဆိပ်မှာ ဇူလိုင်လ ၂၀ ရက်က ၂၂ မိနစ်ကြာ၊ ဇူလိုင်လ ၂၇ ရက်တွင် ၁၈ မိနစ်ကြာ လေယာဉ် အဆင်း၊ အတက်များကို ယာယီရပ်ဆိုင်း၍ ကွင်းပိတ်ခဲ့ရပြီး ဇူလိုင်လ ၂၄ ရက်က လည်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မန္တလေးမှရန်ကုန်သို့ပျံသန်းလာသည့် Air Bagan လေကြောင်းလိုင်း မှ ATR 72 လေယာဉ်မှာ ဆင်းသက်စဉ်တွင် လေယာဉ်ပြေးလမ်းချော်သည့် မတော်တဆမှုကြောင့် ၂ နာရီ ၅၀ မိနစ်ကြာ လေယာဉ်ကွင်းကို ယာယီပိတ်ခဲ့ရကြောင်း လေကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

အာဖရိက ခေါင်းဆောင်များနှင်အရေးကြီးဆွေးနွေးပွဲများ ကျင်းပရန် အာဖရိကသို့ အိုဘားမား ရောက်ရှိ


အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဖရိက ခရီးစဉ်တွင် ဒုတိယ ခရီးတစ်ထောက်နားသည့် အနေနှင့် အီသီယိုးပီးယားသို့ ရောက်ရှိနေပြီး လက်ရှိအာဏာရ အမေရိကန်ခေါင်းဆောင်၏ ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

ခေါင်းလောင်းတစ်လုံးနစ်မြုပ်နေသည့် သတင်းကြောင့် ရေငုပ်သမားများမှ ရှာဖွေလျက်ရှိ



မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာရှိ အော်ကြီးချောင်းအတွင်း ခေါင်းလောင်းတစ်လုံးနစ်မြုပ်နေ သည့် သတင်းကြောင့် အဆိုပါ ကျေးရွာသားများနှင့် ရေငုပ်သမားများ ပူးပေါင်းကာ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသားများကို လူ့အခွင့်အရေး ကော်မရှင်ခေါ်ယူတွေ့ဆုံ


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းအား လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များက သပိတ်စစ်ကြောင်း တွင် ပါဝင်ခဲ့သည့် ကျောင်းသား ၁၃ ဦးကို ဇူလိုင် ၂၇ ရက်တွင် ခေါ်ယူတွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

SD အဖွဲ့နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရာတွင် အပစ်ရပ် စာချုပ်အတွက် အစိုးရနှင့် သဘောမတူသေးသည့် အချက်များကို ဆွေးနွေးဆဲ


အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ ပထမနေ့ အစည်းအဝေး တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်မည့် အစိုးရနှင့် သဘောတူညီချက် မရသေး သည့် အချက် သုံးချက်ကို ဆွေးနွေးနေရဆဲဟု SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

KSDP ပါတီ ကချင်ပြည်နယ်လွှတ်တော် နေရာအားလုံး ဝင်ပြိုင်မည်


ကချင်လူထုရဲ့လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)ဟာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ KSDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် ဖို့ဆိုရင် မဲစာရင်းမှားယွင်းနေတဲ့ကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်က အဓိက အလေးထား ပြင်ဆင်ဆောင်ရွက်ပေးဖို့လို တယ်လို့ သူကပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လက်ပံတန်းသပိတ်ဖြိုခွင်းမှုအပေါ် တိုင်ကြားသည့်ကျောင်းသားများကို လူ့အခွင့်အရေးကော်မရှင် ခေါ်ယူမေးမြန်း


လက်ပံတန်းသပိတ်ဖြိုခွင်းခံရမှုအပေါ် တာဝနှ်ရှိသူများအား စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် တိုင်ကြားခဲ့သည့် သပိတ်မှောက် ကျောင်းသားများအား လူ့အခွင့်အရေးကော်မရှင်က ရန်ကုန်ရှိ ကော်မရှင်ရုံးတွင် ဇူလိုင် ၂၇ က ခေါ်ယူ တွေ့ဆုံခဲ့သည်။

UNA နှင့် မိတ်ဖက် အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပေဒပြင်ဆင်ရေးများ အဓိက ဆွေးနွေး


စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့်မိတ်ဖက် အဖွဲ့ အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့တွင် ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဆွေးနွေးပွဲ အပြီးတွင် မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ၌ စစ်လေယာဉ်များလေ့လာ


အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇူလိုင် ၂၆ ရက် တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် မြို့တော် ဘန်ဂလိုမြို့ရှိ Hindustan Aeronautics Limited လေယာဉ် ကုမ္ပဏီဗဟိုရုံးသို့ သွားရောက်လေ့လာခဲ့သည်။

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းငယ်ကြောင့် ဒေသတချို့ မိုးကြီး၍ လေပြင်း တိုက်နိုင်


ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်မှ လမ်းကြောင်းအနည်းငယ်ပြောင်း ၍ ရွေ့လျား နေသော်လည်း ယင်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသတချို့တွင် မိုးကြီးပြီး လေပြင်းများ တိုက်ခတ် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ(မိုး/ဇလ) ညွှန်ကြားမှု ဦးစီးဋ္ဌာနက ခန့်မှန်းထားသည်။

သရေခေတ္တရာ မြို့ဟောင်းဇုန်၌ နေအိမ်များ ကျူးကျော်ဆောက်လုပ်ခြင်း မရှိရန် စီစဉ်


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း တမြို့ ဖြစ်သည့် သရေခေတ္တရာ မြို့ဟောင်းဇုန်အတွင်း နေအိမ်များ ကျူး ကျော်ဆောက်လုပ်လာခြင်းမရှိစေရန်အတွက် တိုးချဲ့ရပ်ကွက် ပြုလုပ်ပေးရန် စီစဉ်နေသည်။ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နှင့် ၅ မိုင်ခန့်တွင် တည်ရှိသည့် သရေခေတ္တရာ မြို့ဟောင်းဇုန်နယ်မြေအတွင်း ကျေးရွာ ၁၉ ရွာ နှင့် ဘုန်းတော်ကြီး ကျောင်း ၁၁၅ ကျောင်းရှိကြောင်း၊ ထို့ကြောင့် ဇုန်နယ်မြေအတွင်း လူဦးရေတိုးပွား လာမှုနှင့် နယ်မြေ ချဲ့ထွင်လာမှု မဖြစ်စေရန် ရည်ရွယ်၍ နယ်မြေသစ်တခု ရှာပြီး တိုးချဲ့ရပ်ကွက် ပြုလုပ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ စီစဉ်နေခြင်းဖြစ် ကြောင်း သိရသည်။

Miss Earth Myanmar အလှမယ်နှစ်ဦး ကောလင်းမြို့ရေဘေး ဒုက္ခသည် များထံ သွားရောက် လှူဒါန်းမည်


Miss Earth Myanmar 2014 အိမွန်ခိုင် နှင့် Miss Earth Myanmar 2015 ရရှိ ထားသည့် အိမ့်မျက်ခြယ် တို့ သည် Miss Golden Land Myanmar Organization အဖွဲ့နှင့် အတူကောလင်းမြို့ ရှိ ရေဘေး ဒုက္ခသည်များအတွက် သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း Miss Earth Myanmar 2014 အိမွန်ခိုင် က မဇ္ဈိမကိုပြောသည်။

သူရဦးရွှေမန်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင်တချို့ စာတင်


လက်ရှိ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းကို သူ့ရဲ့မူလ မဲဆန္ဒနယ်မြေဖြစ်တဲ့ နေပြည်တော်ရှိ ဇေယျာသီရိမြိုနယ် မဲဆန္ဒရှင် ၃ % ခန့်က လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို ဒီရက်ပိုင်းအတွင်း စာရေးသား တောင်းဆိုလိုက်တယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

Monday, July 27, 2015

နိုင်ငံရေး ပါတီ ၇ ခုမှ အမတ်လောင်းများ ကော်မရှုင်တွင် အမည်စာရင်း စတင်သွင်း


၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်း ထားတဲ့ နိုင်ငံရေးပါတီ ၇ ပါတီနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦးရှိနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

My Blog List