Wednesday, July 15, 2015

ဖမ်းဆီးခံ ကျောင်းသားများ ကျန်းမာရေး ပြင်ပ ဆရာဝန်များနှင့် စစ်ဆေးခွင့်ပြုရန် တောင်းဆို



အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသော ကျောင်းသားများ၏ ကျန်းမာရေး ကို ပြင်ပဆရာဝန်များ နှင့် စစ်ဆေးခွင့်ပြုရန် ကျောင်းသားမိဘများက တင်ပြတောင်းဆိုထားကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် NLDနှင့် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်ရေးမလုပ်ဟု ရခိုင်အမျိုးသားပါတီပြော


   
၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ခွဲဝေရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီနှင့် ညှိနှိုင်းသွားရန် အစီအစဉ်မရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP) နာယက ဦးအေးသာအောင်က ပြောသည်။

သပိတ်မှောက်ကျောင်းသား ကိုးဦးနှင့် ၀န်းရံပြည်သူ နှစ်ဦးအာမခံရ



သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအနက် အာမခံလျှောက်ထားသူများနှင့် ပတ်သက်၍ သာယာဝတီခရိုင် တရားရုံးတွင် ဇူလိုင် ၇ ရက်က အမိန့်ချခဲ့ပြီး လျှောက်ထားသူ ၁၅ ဦးအနက် အဝေးသင် ကျောင်းသား ကိုးဦးနှင့် ၀န်းရံပြည်သူ နှစ် ဦး အာမခံရရှိခဲ့ကြောင်း သတင်း ရရှိသည်။

တရုတ်ရဲ့ တစ်မိသားစုကလေးတစ်ယောက်မူဝါဒလျှော့ပေါ့ ပြင်ဆင်ပေး လိုက်တဲ့အခါ...



တစ်မိသားစုကို ကလေး တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ မူဝါဒကို လျှော့ပေါ့ ပြင်ဆင်ပေး လိုက်ခြင်းနဲ့အတူ တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ပြန်ပြီး မြင့်တက်လာတယ်လို့ ကျန်းမာ ရေးဌာန တာဝန်ရှိသူတွေက ကြေ ညာခဲ့ပါတယ်။

တစ်ဖန်ပြန်သန်းလာသော ငြိမ်းချမ်းရေး ရောင်နီ



နောက်ပြန်လှည့်တော့မည် ဟု စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေချိန်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ ‘‘ဂ’’ ကွေ့ ပြန်ကွေ့၍ အကောင်းဘက်သို့ ဦးတည်လာသည်။ ဇူလိုင် တတိယပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေး နွေးပွဲသည် နောက်ဆုံးအကြိမ်ဖြစ် နိုင်သည်ဟုပင် အစိုးရနှင့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့နှစ် ဖက်စလုံးက ဆိုကြသည်။

ရဲတံခွန်စီမံကိန်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာ



၁၄ နှစ်ကျော် သဘာဝဓာတ်ငွေ့ထုတ်ယူပြီးနောက် ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ထုတ်လုပ်မှု ကျဆင်းလာပြီး ယခင်ထက် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၁၃၀ ခန့်ကျဆင်းလာကြောင်းမြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ထိုင်း၊ တရုတ်နှင့် မြန်မာတို့ ပူးတွဲလက်မှတ်ရေးထိုးမည်



သံလွင်မြစ်အထက်ပိုင်းပိုင် ၇၀၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် မောင်တောင် ရေအားလျှပ်စစ်စီမံကိန်းတည် ဆောက်ရန် ထိုင်း၊ တရုတ်နှင့်မြန်မာတို့ ယခုနှစ်အတွင်း လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း သိရသည်။ မြန်မာအစိုးရက တာဆန်းရေအား လျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းခဲ့သည်။

အလုပ်ရှင်များ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခကို ကန့်ကွက်နေမည့် အစား အဆင်မပြေမှသာ ပြန်တင်ပြသင့်ဟု အလုပ်သမား ညွှန်ချုပ်ဆို



အနည်းဆုံး လုပ်ခ၊ လစာ သတ်မှတ်ရေး အမျိုးသား ကော်မတီက သတ်မှတ် လိုက်သည့် တစ်နေ့ ရှစ် နာရီ အနည်းဆုံး လုပ်အားခ ကျပ် ၃၆၀၀ ကို မပေးနိုင်ဟုဆိုပြီး အလုပ်ရှင်များအနေဖြင့် ကန့်ကွက်နေမည့် အစား ကုန်ထုတ် စွမ်းအားကို မြှင့်တင်နိုင်အောင် ဆောင်ရွက်သင့်ပြီး အဆင်မပြေမှုများ ရှိခဲ့မှသာ ပြန် လည် တင်ပြသင့်သည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးအောင်က မဇ္ဈိမကိုပြောသည်။

နိုင်ငံခြားသား ၁၂၆ ဦးကို အမြဲတမ်း နေထိုင်ခွင့်ချပေး



မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၁၀၀ ကျော်ကို အစိုးရက Permanent Resident (PR) ကဒ်တွေ တရားဝင် စတင် ထုတ်ပေးနေပြီဖြစ်ပါတယ်။ အခု အမြဲတမ်းနေထိုင်ခွင့်ရသူ အများစုက မြန်မာနိုင်ငံသားဟောင်းတွေ ဖြစ် ပြီး၊ နောက်ထပ် လျှောက်ထားသူတွေကိုလည်း ထပ်မံထုတ်ပေးဖို့ စိစစ်နေပြီဖြစ်တဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိဖို့အတွက် ဘာတွေလိုအပ် သလဲ ဆိုတာနဲ့ ဘယ်လိုအခက်အခဲတွေများ ရှိနေလဲဆိုတာကိုတော့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက မမေခက သတင်းပေးပို့ ထားပါတယ်ရှင်။

အီရန်နျူကလီးယား သဘောတူညီချက်ရရှိ




အီရန်ရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို ကန့်သတ်ပြီး အပြန်အလှန် အနေနဲ့ အီရန်အပေါ် ဒဏ်ခတ်မှုတွေ လျှော့ပေါ့ ပေးဖို့  အီရန်နဲ့ ကမ္ဘာ့အင် အားကြီး နိုင်ငံများ အဖွဲ့တို့ကြား ဆယ်နှစ်ကျော် ညှိနှိုင်းခဲ့ရတဲ့ သမိုင်းဝင် သဘောတူညီချက် ရသွားပြီ ဖြစ်ပါတယ်။

နောက်တက်မယ့် မြန်မာသမ္မတဖြစ်နိုင်ချေအပေါ် သုံးသပ်ချက်



မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အပေါ် တိကျရေရာတဲ့အဖြေ ထွက်မလာသေးပေမဲ့လည်း ရွေးကောက်ပွဲအပြီး ဘယ်သူ သမ္မတဖြစ်လာမလဲ ဆိုတာကို ထင်ကြေးပေး ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ လက်ရှိ အဓိက နိုင်ငံရေး ပါတီကြီးတွေအကြား အားပြိုင်နေမှုအပေါ် အခြေခံပြီး သမ္မတ ဖြစ်လာနိုင်ချေရှိတဲ့ အလားအလာတွေကို သီပေါမြို့နယ် ကိုယ်စားပြု SNDP - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက လွှတ်တော်အမတ် ဦးရဲထွန်းက သုံးသပ်ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

သမ္မတ ရွေးကောက်ပွဲ ၀င် မ၀င် နိုင်ငံရေးအခြေအနေပေါ်မူတည်



လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ အခြေအနေ ၃ ရပ်ပေါ်မှာ မူတည်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာပါဝင်ရေးအတွက် စဉ်းစားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးက တရားဝင်ထုတ်ဖော် ပြောဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ထွက်ပေါ်နေတဲ့ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့သတင်းနဲ့ မ၀င်တော့ကြောင်း ပါတီ ဥက္ကဌထံကို စာပေး ပို့ထားတယ်ဆိုတာကိုလည်း အတည်မပြုကြောင်း ပြောဆိုပါတယ်။ 

သမိုင်းတင် အီရန်နျူကလီးယား သဘောတူညီမှု နိုင်ငံတကာတုံ့ပြန်



အီရန်အနေနဲ့ နျူကလီးယားဗုံး လက်ဝယ်မပိုင်ဆိုင်နိုင်ဖို့ အာမခံချက်ပေးမယ့် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ အီရန်နိုင်ငံ ကြား သမိုင်းတင်သဘောတူညီမှု ရရှိတဲ့သတင်းကို အစ္စရေးလ်နိုင်ငံ ပြစ်တင်ရှုတ်ချလိုက်ပေမဲ့ ကုလသမဂ္ဂနဲ့အီရန် အိမ်နီး ချင်းနိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။

ဦးအောင်သောင်း၏ မဲဆန္ဒနယ် တောင်သာတွင် ဝင်ပြိုင်ရန် မြင်းခြံ အမတ်ကို ဦးရွှေမန်း ညွှန်ကြားထားဟုဆို



စင်္ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၏ မဲဆန္ဒနယ်ဖြစ်သော တောင်သာမြို့နယ်မှ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့က တာဝန်ပေးထားသည်ဟု ကာကယံရှင်ဖြစ်သော ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့် ကပြောသည်။

ဒီကေဘီအေမှ အရာရှိနှစ်ဦး နှင့် ဝန်ထမ်းတစ်ဦးကို တပ်က ဖမ်းဆီးပြီး ယခုထိပြန်မလွှတ်ပေးသေး



ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ကရင်ပြည်နယ်ကော့ကရိတ် မြို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောသရဲနီအား ဇူလိုင်လ ၁၂ ရက်က အစိုးရ စစ်တပ်ဘက်မှ ဖမ်းဆီးထားရာမှ ယနေ့ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း DKBA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောလုံ့လုံက ပြောသည်။

သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ၀င်ရောက် မယှဉ်ပြိုင်ဆိုသော သတင်း မမှန်ဟု သမ္မတရုံး အကြီးတန်း အရာရှိပြော


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယသက်တမ်းအတွက် ဝင်ရောက် မယှဉ်ပြိုင် ဆိုသော သတင်းမှာ မှန်ကန်ခြင်းမရှိဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေး က ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြား လိုက်သည်။

Tuesday, July 14, 2015

ဦးသိန်းစိန် ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းသည် သမ္မတဖြစ်ခြင်း မဖြစ်ခြင်းနှင့် ဆက်စပ်မှုမရှိ



“စစ်တပ်က သဘောကျသည်ဟုဆိုသည့် ဦးသိန်စိန်သည်သာ သမ္မတပြန်ဖြစ် လာနိုင်ခြေ များနေသည်ဟု ဆိုရမည့် အနေအထားတွင် ရှိနေသည် . . .” ဇူလိုင် ၁၄ ရက်နေ့ထုတ် ပြည်တွင်းသတင်းစာများတွင် ''၂၀၁၅ ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်ခြင်းမရှိ''ဟူသော ခေါင်းစီးဖြင့် မျက်နှာဖုံး တင်ကာ သတင်းထူးတပုဒ် ပုံစံဖြင့် ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ 

သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၃ ဦး အာမခံဖြင့် လွတ်မြောက်



အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ရိုက်နှက် ဖမ်းဆီး တရားစွဲခံ ထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၃ ဦးကို ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့ ရုံးထုတ်မှာ အာမခံနဲ့ လွှတ်ပေးလိုက် ပါတယ်။

ဒီချုပ် ရွေးကောက်ပွဲနိုင်လျှင် သမ္မတရွေးချယ်မှုမတိုင်မီ ခြေဥပြင်ဆင်ရေးမူကြမ်း အမြန်တင်သွင်းကာ ဆန္ဒခံယူပွဲကျင်းပပေးရန် ကော်မရှင်ထံ တောင်းဆိုနိုင်ဟု မြန်မာ့အရေးကျွမ်းကျင်သူပြောကြား



နိုဝင်ဘာရွေးကောက်ပွဲ၌ အင်န်အယ်လ်ဒီအနိုင်ရလျှင် သမ္မတမရွေးချယ်မီကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ခုကို အလျင်အမြန် တင်သွင်းကာ ပြည်သူ့ဆန္ဒခံ ယူပွဲကျင်းပရေး ကြိုးပမ်းနိုင်ခြေရှိနေကြောင်း နိုင်ငံတကာမှ လေ့လာ သူအချို့က သုံးသပ်သည်။

ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး ကုလကူညီမည်




"ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံနှင့်မှတ်တမ်းတင်ခံရသူမြန်မာနိုင်ငံသားမင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး"



ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို၁၉၅၅ ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။ 


" အွန်လိုင်းပေါ်က ဝေဖန်မှုတွေအပေါ် ဖွေးဖွေးရဲ့ သဘောထား "



ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးက မရိုက်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ ခံခဲ့ရသလို ရုံတင်ပြ သနေချိန်မှာပဲ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာကြောင့် အနုပညာအရတော့ အောင်မြင်ခဲ့ပေမယ့် ငွေကြေးအရရှုံးနိမ့်ကြောင်း ဒီဇာတ်ကား မှာ ထားသခင် အဖြစ် ပါဝင်သရုပ် ဆောင်ထားတဲ့ ဖွေးဖွေးက သူ့ရဲ့ သဘောထားကို ပြောပြပါတယ်။

ဟန်ပြ အတုအယောင် ထုတ်လုပ်နေသည့် စက်မှုဇုန် ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိမရှိ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို မေးခွန်းထုတ်



ဟန်ပြအတုအယောင် ထုတ်လုပ်နေသည့် စက်မှုဇုန် ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိမရှိ လွှတ် တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက မေးမြန်းသည်။ ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် သူရဦးအောင်ကိုက နေပြည်တော်တွင် ဇူလိုင် ၁၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ‘ဟန်ပြ အတုအယောင် ထုတ်လုပ်နေသော စက်မှုဇုန် ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိမရှိနှင့် စက်မှုဇုန် ကားများ ခုထုတ်-ခုအပ် အကြိမ်ကြိမ်ပြုလုပ်ပြီး စလစ်ထုတ်ယူ၍ ပြည်ပမှ အဆင့်မြင့် ကားရာပေါင်းများစွာ တင်သွင်း ခဲ့ခြင်းကြောင့် နိုင်ငံတော် အခွန်ဘဏ္ဍာငွေ နစ်နာမှုအတွက် တာဝန်ရှိကြသော ၀န်ထမ်းများနှင့် ဇုန်ကားလုပ်စားသူ များကို ပြန်လည်စစ်ဆေး ကြပ်မတ်ရန် အစီအစဉ် ရှိမရှိ’ တို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

စီအာပီပီ တိုင်းရင်းသားခေါင်းဆောင်များ မဲဆန္ဒနယ်တွင် အန်အယ်ဒီ ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်



လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ စီအာပီပီလို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီမှာ ပါဝင်တဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ NLD အနေနဲ့ ၀င်ရောက်မယှဉ်ပြိုင်ဖို့ စဉ်းစားမှာဖြစ်တယ်လို့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဆီးရီးယား ဒုက္ခသည်များအတွက် မာလာလာ စာသင်ကျောင်းဖွင့်လှစ်



အသက်အငယ်ဆုံး ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်သည် ၎င်း၏အသက် (၁၈) နှစ်ပြည့်မွေး နေ့ဖြစ်သော တနင်္ဂနွေနေ့တွင် လက်ဘနွန်၌ ခိုလှုံနေရသော ဆီးရီးယားဒုက္ခသည် မိန်းကလေးများအတွက် စာသင် ကျောင်း တစ်ကျောင်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

My Blog List