Tuesday, June 23, 2015

တိုင်းရင်းသားတွေရဲ့ အဖွဲ့အသစ်ကို အစိုးရဘက်က လက်မခံသေး


အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အသစ် ဖွဲ့စည်း လိုက်တဲ့ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့" ကို အစိုးရဘက်က လက်မခံသေးကြောင်း တိုင်းရင်းသားကိုယ်စားလှယ်တွေက ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ် တစိုက် ဆောင်ရွက်သူကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မည်


လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် လွှတ်တော်တွင် ပါတီကိုယ်စားပြု အမတ်ရှိရန် လိုအပ်သည်ဟု ယူဆသဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်တစိုက် ဆောင်ရွက်သူကို အခြေခံအားဖြင့် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်သွားမည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက မဇ္ဈိမကို ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပနေစဉ် ဖုန်းမပြောရန် သူရဦးရွှေမန်း သတိပေး


လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် အစည်းအဝေး ကျင်းပနေစဉ် အချိန်အတွင်း ဖုန်းသံများ မြည်နေ ခြင်း၊ ဖုန်းပြောခြင်းတို့ကြောင့် ဂုဏ်သိက္ခာနှင့်အညီ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းကြရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံသား အင်ဒိုနီးရှား ကွပ်မျက်ဖို့ နီးစပ်


မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ပြင်သစ်နိုင်ငံသားအမှုအတွက် အယူခံဝင်တာကို အင်ဒိုနီးရှား တရားရုံးက ပယ်ချလိုက်တဲ့ အတွက် အဲဒီ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ပြစ်တင် ဝေဖန် မှုတွေ နောက်ထပ် ဖြစ်ပေါ်လာမယ့် အလားအလာ ရှိနေပါတယ်။

သမိုင်းတင်မည့် ၂ဝ၁၅ မြန်မာရွေးကောက်ပွဲ ဒီမိုကရေစီ နည်းကျဖို့ EU တိုက်တွန်း


EU ဥရောပသမဂ္ဂကောင်စီက ၂ဝ၁၃ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက ပြည့်ပြည့်စုံစုံနဲ့ အပြီးသတ်ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုတွေအပေါ် ထောက်ခံ အားပေးသွားမှာဖြစ်တဲ့အကြောင်း သံန္နိဌာန်ချမှတ်ထားမှုကို ဆက်လက် ဆွဲကိုင်သွားမယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။

မြန်မာဖမ်းထားတဲ့ နယ်ခြားစောင့်တပ်သား လွတ်မြောက်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ဖိအားပေးခံရ


မြန်မာနိုင်ငံမှာဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို ပြန်လည် လွှဲပြောင်းပေးရေးအ တွက် မြန်မာဘက်က တောင်းဆို ချက်ကို လိုက်လျှောရမယ်လို့ မြန်မာနယ်ခြားစောင့်တပ်ကပြောကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြ ထားပါတယ်။ အဲဒီ တောင်းဆိုချက်ကတော့ ကပ္ပလီပင်လယ်ပြင်အတွင်း မြန်မာရေတပ်က ကယ်တင်ထားလိုက်တဲ့ လူမှောင်ခိုကူးခံရသူ လှေစီးပြေး ဒုက္ခသည် ၅၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လက်ခံရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

အိမ်ဖြူတော် ဝါဖြေညစာစားပွဲ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ တက်ရောက်မည်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အိမ်ဖြူတော်မှာ ဒီညကျင်းပမယ့် အစ္စလာမ်ဘာသာဝင် တွေ အထွဋ်အမြတ်ထားရာ “ဝါဖြေ ညစာစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ် ရှားသူ မဝေဝေနုကို အမေရိကန်သမ္မတက ဂုဏ်ပြုဖိတ်ကြားထားပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့် အရေး အခြေအနေတွေ၊ ၂၀၁၅ ရွေးကောက် ပွဲအနေအထားနဲ့ အာရှဒေသတွင်း နိုင်ငံတကာက အာရုံစိုက် နေရတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးတွေကို အမေရိကန်သမ္မတအပါအဝင် အမေရိကန်အစိုးရ ထိပ် တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အဓိက ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဖိတ်ကြားခံရတဲ့ မဝေဝေနုက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဥရောပသမဂ္ဂ ရုရှားဒဏ်ခတ်မှု သက်တမ်းတိုး


ယူကရိန်းအရေးမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာ ကို နောက်ထပ် ၆ လ သက်တမ်း တိုးဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့မှာ သဘောတူလိုက်ကြပါတယ်။

ကိုးကန့်ပဋိပက္ခ မြန်မာ ငြိမ်းချမ်းရေးကမ်းလှမ်း


ကိုးကန့်လက်နက်ကိုင်တပ်ဘက်က တဖက်သတ် အပစ်ရပ်စဲတယ်လို့ ကြေညာပြီးနောက်မှာပဲအစိုးရဘက် က ကိုးကန့်တပ်ဘက်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်လို့ ကိုးကန့် လောက်ကိုင် မဲဆန္ဒနယ်က ပြည်သူ့ ကိုယ်စား လှယ်က ပြောပါတယ်။ 

နေပြည်တော်တွင် ကျင်းပသည့် CLMV ထိပ်သီးအစည်းအဝေးတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ဆွေးနွေး


ဇွန်၂၂ ရက်က နေပြည်တော်တွင် စတင်ကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ထိပ်သီး အစည်းအဝေးတွင် ဒေသတွင်း နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး လုပ်ဆောင် ချက်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း (၇)ကြိမ်မြောက် CLMV  ထပ်သီး အစည်းအဝေး ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲအတွက် စစ်တပ်အတွင်း သွားရောက်မဲဆွယ်ခွင့်မရှိဟု ဦးတင်အေးပြော


ရွေးကောက်ပွဲအတွက် စစ်တပ်တွေထဲကို သွားရောက်မဲဆွယ်ခွင့်မရှိဘဲ မီဒီယာတွေကနေတဆင့်ပဲ စည်းရုံး ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ ပိုမိုပါဝင် နိုင်ရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေ မေးမြန်းတာ ကို ဖြေကြားလိုက်တာပါ။

ထောင်ဒဏ် ၁၃ နှစ် ၄ လ ကျခံနေရသော MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား မြောက်ဥက္ကလာပ တရားရုံးတွင် ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့ဖြင့် ဆက်လက်ရုံးထုတ်



ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံးအသီးသီးမှ ထောင်ဒဏ် ၁၃ နှစ် လေးလချ ထားခံရသော MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ဇွန် ၂၂ ရက်နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့ဖြင့် ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေး ဆောက်လုပ်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှု သက်ဆိုင်ရာ ကုမ္ပဏီကို တရားစွဲမည်


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု၌ ဇွန် ၂၀ ရက်က ငြမ်းပြို ကျပြီး အလုပ်သမားများ သေဆုံး ဒဏ်ရာရရှိမှု နှင့်ပတ်သက်၍ တာဝန်ရှိသည့် ဉာဏ်မိသားစု ဆောက်လုပ် ရေး ကုမ္ပဏီကို သက်ဆိုင်ရာက တရားစွဲဆိုတော့မည် ဖြစ်သည်။

ဂျာမနီဟာ မြန်မာရဲ့ မိတ်ဆွေစစ် ဟုတ်၊ မဟုတ်


အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံကို သွားရောက် လည်ပတ်တော့မှာဖြစ်ပြီး ဂျာမနီနိုင်ငံက ချီးမြှင့်မယ့် Willy Brandt ဆုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အတော်ကို ကောင်းခဲ့တဲ့ ဥရောပနိုင်ငံထဲက ဓနအင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပါတယ်။ တိတိကျကျ ဆိုရရင်တော့ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ ဂျာမန် လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Fritz Werner တို့ဟာ အတော်ကို ဆက်ဆံရေး ကောင်းခဲ့ပါ တယ်။

“နိုင်ငံရေး ကတောက်ကဆဖြစ်နေရင် စီးပွားရေးလည်း ပျက်မှာပဲ”


မြန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ ဒေါ်လာလဲလှယ်နှုန်း ဈေးကွက်သည် ယခုလများအတွင်း အမြင့်ဆုံးနှုန်း ထားသို့ စံချိန်တင် ရောက်ရှိ ခဲ့ခြင်းကြောင့် သွင်းကုန်ပစ္စည်များ ဈေးမြင့်တက်လာကာ ရွှေဈေးနှုန်းသည် လည်း ဒေါ်လာ လဲလှယ်နှုန်းအလိုက် ဈေးမြင့် တက်လာသည်။ 

ပါလီမန်အခြေပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင် နိုင်ပါ့မလား


စစ်အစိုးရစိတ်ကြိုက် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အုပ်ချုပ်ရေး မဏ္ဍိုင်အတွက် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင် ခွင့်များနှင့် တပ်မတော်၏ အခန်းကဏ္ဍကို ဦးစားပေး ပြဋ္ဌာန်းထားခဲ့သော် လည်း လွှတ်တော်ဥပဒေကြမ်းကော်မတီ က တင်သွင်းသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် မဏ္ဍိုင်အားလုံးအတွက် ပါလီမန်အခြေပြု ဥပဒေအဖြစ် ပြင်ဆင် ထားရာ ယင်းသို့ပြင်ဆင်မှုသည် တပ်မတော်နှင့် အစိုးရ၏ ကန့်ကွက်မှုကြောင့် အောင်မြင်ရန် မလွယ်ကူဟု နိုင်ငံရေး အသိုင်း အ၀ိုင်းက သုံးသပ် ပြောဆို သည်။

ဒဂုံစီးတီး အဆင့်မြင့် အိမ်ရာစီမံကိန်း လုံးဝရပ်ဆိုင်းမည်ဟု တိုင်းစစ်ဌာနချုပ် ကတိပေး


ရွှေတိဂုံ စေတီတော် ကြံ့ခိုင်မှုနှင့် စေတီတော် ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်သည်ဟုဆိုကာ ကန့်ကွက်ခံ ထားရသော ဒဂုံစီးတီး (Dagon City) အဆင့်မြင့် အိမ်ရာစီမံကိန်း လုံးဝရပ်ဆိုင်းရန် ရန်ကုန်တိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သို့ ကတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်ဖိအားနှင့် ကိုးကန့်စစ်ပွဲ


တရုတ်အစိုးရရဲ့ ဖိအားပေး ပြောဆိုမှုကြောင့် မြန်မာ့တပ်မတော်နဲ့ ၃ လကြာ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ ကိုးကန့် ဒေသတိုက်ပွဲတွေကို မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) က တဖက်သတ် စစ်ရပ်စဲ ကြောင်း ကြေညာလိုက်တဲ့အခါ မြန်မာ့နိုင်ငံရေးမှာ တရုတ်ဩဇာ ကြီးမားလာ မှုနဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက သတိပြု သုံးသပ်စရာ ဖြစ်လာပါတယ်။

လူမျိုးကြီးဝါဒရဲ့ လောင်းရိပ်အောက်ရောက်နေတဲ့ ပင်လုံစာချုပ်


မကြာသေးခင်က ပင်လုံကျောက်တိုင်ဆီကို ကျနော် ပထမဆုံးအကြိမ် ဂါရဝပြု ခရီးထွက်ခဲ့ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ပင်လုံကျောက်တိုင် ဆိုတာကတော့ ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သူရဲ ကောင်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်အချို့ သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့တဲ့ အထိမ်းအမှတ် အဖြစ် တည်ဆောက်ထားခဲ့တဲ့ ကျောက်တိုင်ပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များနှင့်ပတ်သက်၍ ယနေ့ စတင်ဆွေးနွေးမည်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် များက ဇွန် ၂၃ ရက် ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Monday, June 22, 2015

နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာမည့်အပေါ် အမြင်များ ဦးရှိန်းထွန်း (အထွေထွေအတွင်းရေးမှုး(၁)- ချင်းတိုးတက်ရေး ပါတီ )


“ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းက ပဋိပက္ခဖြစ်ရာဒေသတွေမှာ အမျိုးသမီး တွေက သားကောင် တွေဖြစ်ခဲ့ကြ ရတာကို တွေ့ကြ ရမှာပါ။ ဒါကြောင့် ခုလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုလိုက်တာ ကို ကြိုဆို တယ်။ တကယ့် သားကောင် ဖြစ်ခဲ့ရတဲ့ ဒေသက အမျိုးသမီးတွေ ရဲ့အသံတွေ တကယ်ပါလာဖို့ သူတို့ကိုပါ ဒီဆွေးနွေး ပွဲတွေမှာပါဝင် ဆွေးနွေး ဖို့လုပ်ဆောင်သင့်တယ်”

အိုင်အက်စ်တို့နှင့် ချိတ်ဆက်သည့် လူမှုမီဒီယာအကောင့်များကို ခြေရာခံပြီး ပိတ်ပစ်ရန် ဥရောပရဲတပ်ဖွဲ့ ဖွဲ့စည်း


အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့နှင့် ချိတ်ဆက်သည့် လူမှုမီဒီယာ အကောင့်များကို ခြေရာခံကာ ပိတ်ပစ်ရန် ဥရောပအနှံ့မှ ရဲများ ပါဝင်သည့် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီဖြစ်သည်။ တွစ်တာပေါ်တွင် အိုင်အက်စ်အုပ်စုနှင့်ချိတ်ဆက်မှုရှိနေသည့်အကောင့် ပေါင်းမှာ အနည်းဆုံး ၄၆၀၀၀ ရှိနေပြီး အများစုက အိုင်အက်စ်အဖွဲ့သို့ လူသစ်စုဆောင်းပေးခြင်းကို လုပ်ဆောင်နေ ခြင်း ဖြစ်ကြောင်း အမေရိကန်သုတေသနတစ်ရပ်က မကြာမီက ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ မဲပေးရေး မ.ဘ.သ ကြိုးကိုင်မည် မဟုတ်ဟုဆို


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အနေနှင့် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့် မပေးသင့် ဝေဖန်အကြံပြုမည် မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ ရန်ကုန် မြို့တော် အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ဇွန်လ ၂၁ ရက်ကကျင်းပသည့် မ.ဘ.သ အဖွဲ့ ဒုတိယ အကြိမ် ညီလာခံတွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ပြည်မြို့နယ် ၀က်ထီးကန် တိုက်နယ်အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူ ငါးဆယ်ကျော်စုပေါင်းပြီး ထွန်တုံးတိုက်ပွဲ ပြုလုပ်


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် ၀က်ထီးကန် တိုက်နယ်အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထွန်တုံးတိုက်ပွဲကို ဇွန် ၂၁ ရက် က ၀က်ထီးကန်တိုက်နယ် ကံကျိုး အုပ်စု၊ ကံကျိုးကျေးရွာ၊ တလုပ်ပင်အုပ်စုတို့ရှိ ကွင်းအမှတ် ၃၁၄၊ ၃၁၅ ကွင်းတို့တွင် တောင်သူ ၅၀ ကျော်က နွားဆယ်ရှဉ်းခန့်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထွန်ယက်ခြင်းနှင့် ပျိုးကြဲခြင်းများအပြင် တို့မြေ တို့ရေ ပြန်ရရေး-တို့အရေး၊ တိုင်းတစ်ပါးသား ကျူးကျော်မှု ဖျက်သိမ်းရေး-တို့အရေး၊ ကိုလိုနီစနစ် ကျဆုံးပါစေ အစရှိသည့် စာသားတို့ကို ကြွေးကြော် ခဲ့ကြသည်။

ကျောင်းသားများ လွှတ်ပေးရန် အပါအဝင် NNER ညီလာခံ တောင်းဆိုသည့် အချက် နှစ်ချက် သမ္မတထံ တင်ပြမည်


ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ညီလာခံက တောင်းဆိုထားသည့် အချက် နှစ်ချက် ကို နိုင်ငံတော်သမ္မ ဦးသိန်းစိန် အပါအဝင် ပညာရေး လေးပွင့်ဆိုင် ညီလာခံကို တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် အားလုံးထံ ပေးပို့သွားမည်ဖြစ်ပြီး အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို သုံးသပ်ထားသည့် သုံးသပ် ချက်များ ကိုလည်း ပေးပို့သွားရန် NNER ညီလာခံက ဆုံးဖြတ်လိုက်သည်။

My Blog List