Thursday, May 21, 2015

ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားခဲ့တဲ့သမိုင်းကို ရိုက်ဖြုတ်လိုက်တာနဲ့အတူတူပဲ


အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန်အတွက် မန်္တလေးမှရန်ကုန်သို့ ခရီးရှည်ချီတက်သပိတ်မှောက်ခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူများ လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ယခုအချိန်တွင် သာယာ ၀တီတရားရုံး၌ တရားရင်ဆိုင်နေရသည်။ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကျောင်း သားခေါင်းဆောင်တချို့၏အမြင်များကိုမေးမြန်းတင်ပြလိုက်ပါသည်။

ပြည်သူတွေအနေနဲ့ အောင်ဆန်း နဲ့ စုကြည် လို့ခွဲသိဖို့လိုမယ် အဲဒါကြောင့်သမ္မတလည်းမလုပ်ပါနဲ့ဗျာ




၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးနီးလာသည်နှင့်အမျှ ပြည်တွင်းရှိနိုင်ငံအရေးအခြေအနေများ၊ နိုင်ငံရေး အင်အားစုများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းရှိအင်အားကြီးနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော USDP နှင့်NLD ပါတီတို့၏ အားပြိုင်လှုပ်ရှားမှုများအပြင် မကြာသေးခင်ကမှပြုလုပ်သွားခဲ့သော ၆ပွင့် ဆိုင်ဆွေးနွေးမှု၏ရလဒ်မှ လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးအား ထင်ဟပ်မှုရှိစေနိုင်မည့် ရလဒ် များ အပေါ် သဘောထားသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ် သူနှင့် ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးလှဆွေအား တွေ့ဆုံဆွေးနွေးမေးမြန်းဖြစ် ခဲ့ပါသည်။

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း ဦးဉာဏ်ဝင်းပြော

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာလာသည်ဆိုသည့် ဘင်္ဂလားပင်လယ်တွင်းမှ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်မည်


၂ဝ၁၅ ရွေးကောက်ပွဲကာလမတိုင်မီ မဲဆွယ်စည်းရုံးမှုများတွင် ပြည်ခိုင်ဖြိုးပါတီမှ ဗိုလ်ချုပ်အောင်ဆန်း ပိုစတာများဖြင့် မဲဆွယ်မှုပြုလုပ်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္ကလာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သိန်းလင်းက မေ ၁၈ရက်တွင် ရန်ကုန်တိုင်းမ်သို့ပြောသည်။

တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး ကာကွယ်ရေးဦးစီးချုပ်က တရုတ်ကို အကူညီတောင်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang အား မေလ ၁၉ရက်တွင် တွေ့ဆုံခဲ့သည်။

Wednesday, May 20, 2015

ရန်ကုန် ဆေးရုံကြီးတွင် လက်ပြတ်သူများ ပြန်ဆက်ရေး တာဝန်ယူ ကုသပေးနေ


အကြောင်းအမျိုးမျိုးကြောင့် လက်ပြတ်ခဲ့သည့်လူနာများကိုရန်ကုန်ပြည်သူ့  ဆေးရုံကြီးတွင် အောင်မြင်စွာ တာဝန်ယူ ခွဲစိတ်ကုသ ပေး နိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ခွဲစိတ်ကုသမှု ခံယူရာ တွင် ငွေကြေးကုန်ကျခံစရာမလိုဘဲ အခမဲ့ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်မှ စတင်၍ လက်ပိုင်း ဆိုင်ရာ အထူးကု ဆရာဝန်များကို ၂၄ နာရီလုံး တာဝန်ချထားပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေး ရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်ကု ဌာနမှူး ပါမောက္ခ ဒေါက်တာ ခင်မောင်မြင့်က မေ ၁၉ ရက် က ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံပြင်မရအောင် တင်ခဲ့ခြင်း မဟုတ်ဟု ဦးရွှေမန်းဆို


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ အဆိုတင်သွင်းခဲ့တာဟာ ဖွဲ့စည်းပုံပြင် မရအောင် တင်ခဲ့တာမဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှာ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာ ရေးသားဖော်ပြလိုက်ပါတယ်။

လှေစီးဒုက္ခသည်တွေကို ဖိလစ်ပိုင်နဲ့ ဂမ္ဘီးယားနိုင်ငံ ခေါ်ယူမည်


ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက လှေနဲ့ထွက်ပြေးသွားတဲ့ လူပေါင်း ၃ ထောင်လောက်ကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုဖို့အဆင့်သင့်ရှိနေတယ်လို့ မနေ့ကပြော လိုက်ပါတယ်။ ဒီကိစ္စအတွက် ဖိလစ်ပိုင်အစိုးရနဲ့ ခရစ်ယန် ကက်သလစ်ဘုရားကျောင်းက သဘောတူ ထားတယ်လို့လည်း သိရပါတယ်။

ပင်လယ်ပြင်မှာ လှေစီးဒုက္ခသည် ၂ဝဝဝ ရှိလို့ ကုလပြောကြား


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လူမှောင်ခိုကူး သူတွေ ခေါ်ယူလာခဲ့တဲ့ ဒုက္ခသည် ၂ဝဝဝ လောက်ဟာ ဘင်္ဂလားပင်လယ်အော်အတွင်းက လှေတွေ သင်္ဘောတွေပေါ်မှာ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြ တယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

ခြသေ့င်္ပါတီ နောက်တစ်ချီ အာဏာရခဲ့သော်


မကြာမီ ကျင်းပတော့မည့် အထွေထွေရွေး ကောက်ပွဲတွင် အစိုးရတစ်ရပ် ဖွဲ့နိုင်လောက်သည့် လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ကို ပြည် ခိုင်ဖြိုးပါတီက ရရှိခဲ့သည် ဆိုကြပါစို့။ထိုသို့ဆိုလျှင်ပြည်ခိုင်ဖြိုး ပါတီ သည် နောက်တစ်ကြိမ် ၅ နှစ်သက်တမ်း အာဏာရသွားကာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၏ လုပ်ပိုင်ခွင့်အရ ပြည်ေ ထာင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်တို့ နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသအဖွဲ့တို့ ကို ၎င်းတို့ စိတ်ကြိုက်ဖွဲ့ စည်းခြင်းဖြင့် နိုင်ငံကို စီမံအုပ်ချုပ်သွားတော့ မည်ဖြစ်သည်။ထိုအခါတွင် ………………

ခြောက်ပွင့်ဆိုင် ထပ်မံတွေ့ဆုံရေး အစိုးရ တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ယခုလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကိစ္စကို အစိုးရက တက်တက်ကြွကြွ လုပ်ဆောင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် က ပြောကြားသည်။

ဘင်္ဂါလီများအရေးကို နုတ်ဆိတ်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနှင့် မထိုက်တန်ကြောင်း မလေးဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ပြောကြား


ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပေါ် စိတ်ပျက် မိကြောင်း ဒေါက်တာ မဟာသီယာက ဆိုသည်။ “နိုဘယ်ဆုဆိုတာ ဘာလဲ။ သူ (ဒေါ်အောင်ဆန်းစုကြည်) အဖမ်းခံထားရ တုန်းက ကျွန်တော်တို့ သူ့ကို ကူညီခဲ့ဖူးပါတယ်။ သူ့နိုင်ငံက မူဆလင်တွေ အသတ်ခံနေ ရတာ ဘာကြောင့်နှုတ်ဆိတ်နေတာလဲ။ သူက နိုဘယ်ဆုနဲ့ မထိုက်တန်ပါဘူး။ နိုဘယ်ဆုကလည်း တန်ဖိုး မရှိတော့ပါဘူး။ အိုဘားမားလို လူမျိုးတောင် နိုဘယ်ဆုရနေပါပြီ”ဟု ၎င်းက ပြောကြား ခဲ့သည်။

ထိုင်း၊အင်ဒိုနဲ့ မလေးတို့ ရိုဟင်ဂျာအရေး ဒီကနေ့ ဆွေးနွေး


ပင်လယ်ပြင်မှာ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်နဲ့ချီ သောင်တင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်း ၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံ ခေါင်းဆောင်တွေက ဒီကနေ့ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ဒီပြဿနာရဲ့ အရင်း အမြစ်ဖြစ်တယ်လို့ စွပ်စွဲ ခံနေရတဲ့ မြန်မာ ကိုယ်စားလှယ် ကတော့ ဒီဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။

လူကုန်ကူးသူကို ရေတပ်က နှိမ်နင်းဖို့ အီးယူခွင့်ပြုပြီ


လစ်ဗျားနိုင်ငံကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပတိုက်ထဲ ဝင်လာတဲ့ ပြဿနာနဲ့ ဆက်စပ်ပြီး လူကုန် ကူးသူတွေကို ရေတပ်တွေ နှိမ်နင်းဖို့ ဥရောပ သမဂ္ဂ အီးယူက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။အီတလီနိုင်ငံကနေ အခြေစိုက် လှုပ်ရှားကြမှာ ဖြစ်ပြီး စစ်သင်္ဘောတွေ၊ ထောက်လှမ်းရေး လေယာဉ်တွေကို အသုံးပြုပြီး အချက် အလက် စုဆောင်းမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ KNU နယ်မြေမှာ ကျင်းပမည်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇွန်လ ၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်း အရုံး KNU ရဲ့ နယ်မြေမှာကျင်းပဖို့ ရှိနေပြီး ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA နဲ့ တနိုင်ငံလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါ တယ်။

၂၀၁၄ အကယ်ဒမီစာရင်းတွင် ဇာတ်ကား ၁၇ ကား စာရင်းဝင်


၂၀၁၄ အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ၁၇ ကားရှိပြီး သက်ဆိုင်ရာထုတ်လုပ်ရေး တိုက်များမှ လိုအပ်သည့် စာရွက်စာတမ်းများ မေလကုန် နောက်ဆုံးထား၍ တောင်းခံထားကြောင်း မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးနှင်းမိုးကပြောသည်။

‘‘သမိုင်းတွင်မယ့် လုပ်ငန်းကြီးကို ပေါ့ပေါ့ဆဆ ပြီးစလွယ်လုပ်သွားတာကို မလုပ်ချင်ဘူး။ သေချာလုပ်ပေးခဲ့ချင်တယ်’’စတော့အိတ်ချိန်းစတင် တည်ထောင်ရန် ဦးဆောင်လုပ်ကိုင်နေသော ဘဏ္ဍာရေး ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းနှင့်တွေ့ဆုံခြင်း


မြန်မာနိုင်ငံတွင် မရှိသေးသည့် စ တော့အိတ်ချိန်းဈေးကွက်ကို မကြာမီ ကာလအတွင်း စတင်ဖွင့် လှစ်တော့ မည်ဖြစ်သည်။ စတော့ ရှယ်ယာဈေး ကွက်ပေါ်ပေါက်ရန် ဦးဆောင်လုပ်ကိုင်နေသော ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းနှင့်မေလ ၁၇ရက်တွင် 7DayDaily ကတွေ့ဆုံမေးမြန်းခဲ့သည် များကိုဖော်ပြလိုက်ပါသည်။

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပပေးရန် ဒေါက်တာတူးဂျာတောင်းဆို


လာမည့် ၂၀၁၅အထွေ ထွေရွေးကောက်ပွဲတွင်  ကချင် ပြည်နယ်ရှိ မဲဆန္ဒနယ်များအားလုံး၌  ကျင်းပပေးရန်  ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ  ဒေါက်တာတူးဂျာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  တင်ပြလိုက်ကြောင်းသတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့တွင် လူထုဟောပြောပွဲပြုလုပ်မည်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်သည် ကချင်ပြည်နယ် ပူ တာအိုမြို့သို့ မေလ ၂၃ ရက်တွင် သွားရောက်ကာ လူထုဟောပြော ပွဲပြုလုပ်မည်ဖြစ်ကြောင်းသတင်း ရရှိသည်။ ‘‘၂၃ ရက်နေ့  ရောက်ပြီး ညမှာ လူမှုအဖွဲ့အစည်းဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးညစာ စားမယ်။ ပြီးတော့ ၂၄ ရက်မှာ လူထုဟောပြောပွဲလုပ်မယ်’’ဟု ကချင်ပြည်နယ် မြစ်ကြီးနားအမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ရေးမှူးဦးကျော်ကျော်ဦးက မေလ ၁၉ ရက်တွင် ပြောသည်။

စတုတ္ထနှင့်အဋ္ဌမတန်းဘာသာစုံကျရှုံးသူများ ကုစားပြန်ဖြေသော်လည်း အောင်မြင်နိုင်ခြေနည်းပါး


စတုတ္ထတန်းနှင့်အဋ္ဌမ တန်းအစိုးရစစ် ကုစားစာမေးပွဲ တွင်ကျရှုံးဘာသာရပ် အနည်းငယ်ကို ပြန်လည်ဖြေ ဆိုရသူများအောင် မြင်နိုင်မှုများပြီး ဘာသာစုံပြန် လည်ဖြေဆိုရသူများမှာ အောင် နိုင်ခြေနည်းပါးနိုင်ကြောင်း အခြေ ခံပညာ ဦးစီးဌာနမှ သတင်းရရှိ သည်။

(ဘက)ပညာရေး အဆင့်မြှင့်ဖို့ ဆရာတော်များ ညီလာခံကျင်းပ


ဘုန်းတော်ကြီးသင် (ဘက) ပညာရေးကို မြန်မာနိုင်ငံ ပညာရေးစနစ်အပြင် နိုင်ငံတကာ ပညာရေးစနစ်နဲ့ ပါ ပေါင်းစပ်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့မှာ ကျင်းပနေတဲ့ ဘက ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ ဆရာတော်က မိန့်ကြား ပါတယ်။

ကျောင်းသားသပိတ် ထောက်ခံသူ နည်းပြဆရာ တရားစွဲခံရ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ထောက်ခံခဲ့တဲ့ ပုသိမ်နည်းပညာ တက္ကသိုလ်က ကျောင်းဆရာတစ်ဦးကို ပုဒ်မ ၁၈ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မနဲ့ တရားစွဲ ထားပြီး တက္ကသိုလ်တာဝန်ရှိသူတွေက သူ့ကို တာဝန်ကနေ ယာယီရပ်နားထားလိုက်ပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဒီရက်ပိုင်းအတွင်းဖြစ်ဖို့ မမြင်


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အရေးကြီးတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဒီရက် ပိုင်းအတွင်းဖြစ်မြောက်ဖို့ အစိုးရဘက်က တက်ကြွမှုရှိတာ မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

NCA လက်မှတ်ထိုးရန် အစိုးရ အသင့်ရှိကြောင်း သမ္မတ ဦးသိန်းစိန် ပြော


တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ အဆင်သင့်ဖြစ်သည်နှင့်တပြိုင်နက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အပြီးသတ် လက်မှတ်ရေးထိုးရန် အစိုးရက အဆင်သင့်ရှိကြောင်း သမ္မတ ဦးသိန်းစိန်က မေလ ၁၈ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ရွေးကောက်ပွဲတွင် မဲ ၂ ကြိမ် ပေးပါက ထောင်ဒဏ် ငွေဒဏ် ချမှတ်ခံရမည်


၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးမည့်သူများ အနေဖြင့် တဦးတည်းက မဲ ၂ ကြိမ် ပေးပါက ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုမြောက်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်ခြင်း ခံရမည်ဖြစ်၍ သတိပြုသင့်ကြောင်း သိရသည်။

My Blog List