Monday, March 23, 2015

KIA ကချင်တပ်အပေါ် အစိုးရတပ် လေကြောင်းနဲ့ ထိုးစစ်ဆင်


ဗန်းမော်ခရိုင်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA စခန်း တခုကို မြန်မာအစိုးရတပ်တွေ က စနေနေ့ကတည်းက စတင် ထိုးစစ်ဆင်နေ ပါတယ်။ ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက KIA တပ်တွေရှိ တဲ့ နေရာတွေ အပေါ်လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIAဘ က်က VOA မြန်မာပိုင်းကို ပြောပါတယ်။

တောင်သူလယ်သမား သမဂ္ဂစတင်ဖွဲ့စည်း



ဟတ်ကြီးကပေးတဲ့ သံလွင်ခြောက်အိပ်မက်


သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာစီမံကိန်းတည်ဆောက်တော့မည်ဆိုသဖြင့်ထိုနေရာနှင့် နှစ် မိုင်ကျော် သာကွာဝေးသည့် ဘော့တရောရွာမှ ကျေးရွာသားများက သူတို့ရွာလေးသုံးကြိမ်မြောက် အဖြစ် ရွှေ့ပြောင်းရတော့ မည်ကို စိုးရိမ်ပူပန်နေကြသည်။

ကျောင်းသားသပိတ် ရဲတပ်ဖွဲ့ဖြိုခွင်းမှု နိုင်ငံတကာလုပ်ထုံးလုပ်နည်း ကျော်လွန်ခဲ့ခြင်းမရှိဟု သမ္မတပြောကြား


လက်ပံတန်းမြို့တွင် ကျောင်း သားသပိတ် ပင်မစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းမှာ  ရဲတပ်ဖွဲ့ အနေဖြင့် ၎င်း၏လုပ်ငန်းကို အဆင့်ဆင့်ပြု လုပ်ခြင်း ဖြစ်ပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ထက်ကျော် လွန်ခြင်း မရှိကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူး၌ ဖြေကြား ခဲ့သည်။

ညှိနှိုင်းရန် အနည်းငယ်ကျန်နေ၍ အပစ်ရပ်ဆွေးနွေးပွဲ မတ်လ၃၀ရက်သို့ ရွှေ့ဆိုင်း


ကြားကာလအစီအစဉ် နှင့် စကားလုံးအသုံးအနှုန်းအချို့ ညှိနှိုင်းရန် ကျန်ရှိနေခြင်းကြောင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေးဆွေးနွေးပွဲကို မတ်လ ၃၀ရက်တွင် ပြန်လည်ဆွေးနွေးရန် ရက် ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

သင်္ကြန်ကာလတွင် အစိုးရအပေါ် အကြည်ညိုပျက်စေရန် ရန်ပြုမူလျှင် အရေးယူမည်ဟုဆို


သင်္ကြန်ပွဲတော်ကာလ အတွင်း နိုင်ငံတော်အစိုးရအပေါ် ဂုဏ်သိက္ခာပျက်ပြားစေ၍ အ ကြည်ညိုပျက်စေမည့် တိုက်ရိုက် ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေပြော ဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆို ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းပြု လုပ်ပါက သက်ဆိုင်ရာတည်ဆဲဥ ပဒေများအရ ထိရောက်စွာအရေး ယူမည်ဖြစ်ကြောင်းမုံရွာမြို့နယ်စီ မံခန့်ခွဲမှုကော်မတီက ထုတ်ပြန် ကြေညာလိုက်သည်။

လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင်လာသူများအား ငွေနှင့် အစား အသောက် များ ထောက်ပံ့


လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင်လာသော ပြည်သူများ လာရောက် ခိုလှုံနေထိုင်သည့် လားရှိုးမြို့ (၁၂) ရပ် ကွက်ရှိ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး စခန်းသို့ ရန်ကုန်မြို့ ရှိ We Are One Myanmar လူငယ် ပရဟိတအသင်းက ငွေကျပ်သိန်း ၂၅ဝ ကျော်နှင့် အစားအသောက်များ ကို မတ် ၁၈ရက်က ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Friday, March 20, 2015

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ စစ်တပ် ဆက်လက် ပါဝင်နေမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ကူးပြောင်းရာမှာ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ အဓိက နေရာက ဆက်လက် ပါဝင်နေမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် တပ်မတော်က စတင် ပုံဖော်ပေးတာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ပါဝင်မှု လျှော့ချသွားဖို့ဆို တာ အချိန်အကန့်အသတ်ထား မပြောနိုင်သေးကြောင်း သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ ဘီဘီစီကို ပြော ကြားခဲ့တာ ဖြစ်ပါတယ်။

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု အစီရင်ခံစာ တင်သွင်းမည့်ရက် ရွှေ့ဆိုင်း


ရခိုင် ကမ်းရိုးတန်းသွား အောင်တံခွန် သင်္ဘောနစ်မြုပ်မှု အကြောင်းရင်းမှန် ဖော်ထုတ်ရေးအတွက် ပြည် နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၁၈ ရက်တွင် အစီရင်ခံစာ တင်သွင်းရန် သတ်မှတ်ခဲ့သော်လည်း အစီရင်ခံစာ တင်သွင်းမည့် ရက်ကို ထပ်မံရွှေ့ဆိုင်း လိုက်သည်။

အပစ်ရပ်စာချုပ်တွင် “တော်လှန်ရေး” စာလုံးကို ထည့်သွင်း အသုံးပြုရန် သဘောတူညီချက် ရရှိ


တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)တွင် တိုင်းရင်းသားအဖွဲ့များ၏အမည်ကို တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေး အဖွဲ့များဟူ၍ ထည့်သွင်းရန် အစိုးရမှ သဘောတူညီလိုက်ပြီဟု သတင်းရရှိသည်။ထို သဘောတူညီချက် ရရှိခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁၉ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)တွင် ပြုလုပ်သည့် အစိုးရ ကိုယ်စားလှယ် များနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့၏ NCA ၇ ကြိမ်မြောက် ဆွေးနွေးပွဲ တတိယရက်အပြီးတွင် NCCT ကိုယ်စားလှယ်များ က ပြောဆိုခြင်း ဖြစ်သည်။

ဧည့်စာရင်းနှင့် သန်းခေါင်စာရင်းစစ်ခြင်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဟု ဆို


မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဧည့်စာရင်း ကောက်ခြင်းနှင့် ညဥ့်နက်သန်းခေါင် အိမ်ထောင်စု စစ်ဆေးခြင်းများသည် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့် အရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။

အရွယ်မရောက်သေးသည့် လက်ပံတန်းက လူငယ်ကိုပြန်လွှတ်ရန် မိဘတောင်းပန်



ဖမ်းဆီးခံထားရသည့်ကျောင်းသားများကို ထောင်ဝင်စာတွေ့ခွင့်ရပြီ



မျိုးစောင့်ဥပဒေနှစ်ခု ပြည်သူ့လွှတ်တော် အတည်ပြု


မျိုးစောင့်ဥပဒေများဖြစ်သော လူဦးရေတိုးပွားနှုန်း ဆိုင်ရာ ဥပဒေနှင့် မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှစ်ခုကို မတ်လ ၁၉ ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ကျင့်သုံးမည့် ပီအာရ်စနစ် ရွေးကောက်ပွဲပုံစံ ဥပဒေကြမ်းကို ဆွေးနွေးရန် အမည်စာရင်းတောင်းခံ


ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ကျင့်သုံးမည့် PR စနစ်ကို အငြင်းပွားဖွယ်ရာများ ရှိနေသော်လည်းအမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်၍ လွှတ်တော်က စဉ်းစားဆွေးနွေးနိုင်ရေးအတွက် အမည်စာရင်း တင်သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရက်သတ်မှတ်ပေး လိုက်သည်။

ဆိုလာလေယာဉ်ကို သမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ် လာကြည့်ရှု



တိုင်းဧရာမှ သပိတ်စစ်ကြောင်းခေါင်းဆောင်သူများကို အမှုဖွင့်ထားသည့်သတင်း မဟုတ်မှန်ဟုဆို


ဧရာဝတီကျောင်းသားသပိတ် စစ်ကြောင်းခေါင်းဆောင် ၃ ဦးကို သပိတ်စစ်ကြောင်းချီတက်ခဲ့သည့် မြို့နယ် ၁၀ မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်အရေးယူ ထားခြင်းမရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

လက်ပတ်ဖြူ လှုပ်ရှားမှု လူ ၂၅၀၀၀ ခန့် ၀တ်ဆင်ပေးပြီး


အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်သည့် ဆန္ဒပြကျောင်းသားများ အကြမ်းဖက် ဖမ်းဆီးဖြိုခွင်းခံရမှု ကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်နှင့် နယ်မြို့တချို့တွင် လှုပ်ရှားနေ သော လက်ပတ်ဖြူ ကမ်ပိန်းတွင် လက်ပတ်ဖြူ ၂၅၀၀၀ ခန့် ဝတ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုတာ မဲပေးတဲ့နေ့တခုသက်သက် မဟုတ်ပါဘူး


မြန်မာနိုင်ငံအတွက် အရေးပါသည့် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်နေသည့် အချိန်တွင် ဥရောပသမဂ္ဂ နှင့် နိုင်ငံ ၆ နိုင်ငံတို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ် လာ စေရန် ၎င်းတို့က ကူညီပေးသွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ 

ကိုးကန့် သမိုင်း စာမျက်နှာများကို ပြန်လှန်ခြင်း


ရှမ်းပြည်နယ် မြောက်ပိုင်းအစွန်မှ ကိုးကန့်ဒေသတွင် တိုက်ပွဲများရုတ်တရက် ပေါ်ပေါက်လာခြင်းက လူ အတော်များများကို အံ့အား သင့်စေခဲ့သည်။ တိုက်ခိုက်လာသူများသည် မြန်မာနိုင်ငံသားများ မဟုတ်ဟု တချို့သူများက လူမှုကွန်ရက် မီဒီယာများတွင် ရေးသား ခဲ့ကြသည်။ အစိုးရ တာဝန်ရှိသူ တဦးကပင်လျှင် တိုက်ပွဲများကို တရုတ်၏ ကျူးကျော်မှုတခုအဖြစ် အမည်တပ်ခဲ့သည်။

ရန်ကုန်မြို့တော် ခန်းမရှေ့ အကြမ်းဖက်ဖြိုခွင်းမှု စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး နှင့် တွေ့ဆုံခြင်း


ရန်ကုန်မြို့တော် ခန်းမရှေ့တွင် မတ်လ ၅ ရက်က အမျိုးသားပညာရေး ဥပဒေ ပြုပြင်ပြောင်း လဲရေး ထောက် ခံဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ် အစီရင်ခံရန် သမ္မတ ဦးသိန်းစိန်က မတ်လ ၁၀ ရက်တွင် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပေးခဲ့သည်။

ဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသားများ မိသားစုနှင့် တွေ့ခွင့်မရသေး


လက်ပံတန်း အကြမ်းဖက် ဖြိုခွဲခံရမှုအတွင်း ဖမ်းဆီးခံနေရသည့် ဒီမိုကရေစီ ပညာရေး ပင်မသပိတ် စစ်ကြောင်းမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) အဖွဲ့ဝင်များကို ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ခွင့် မပေးသေးကြောင်း သိရ သည်။

မြန်မာ မူးယစ် တိုက်ဖျက်ရေး ကြိုးပမ်းမှုအပေါ် ကန် ဝေဖန်


မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေ ကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ မြန် မာ အာဏာပိုင်တွေဖက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက် နေပါတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

ကိုးကန့်ပြဿ နာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အန်စီစီတီ တောင်းဆို


ကိုးကန့်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿ  နာကို စစ်ရေးနည်းနဲ့ မဖြေရှင်း ဘဲ နိုင်ငံရေးနည်းအရဖြေရှင်းဖို့ ရန်ကုန်မှာ  အစိုးရနဲ့  ၇ ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေရဲ့ အန်စီစီတီက အစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်း ၂ ခု ပြည်သူ့လွှတ်တော် သဘောတူ


မျိုးစောင့်ဥပဒေ ၄ ခုထဲက မြန်မာဗုဒ္ဓဘာသာမိန်းများအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း  နဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း ၂ ခုကို  မတ်လ ၁၉ ရက်နေ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါ တယ်။

My Blog List