Thursday, January 15, 2015

အွန်လိုင်းတွင်ပြန့်နေသည့် သီတဂူဆရာတော်ကြီး၏ အထူးကြေညာချက်မှာ မှားယွင်းထုတ်ပြန်ခြင်းဖြစ်ဟုဆို

သီတဂူ ဆရာတော်ကြီး၏ အထူးကြေညာချက်ဆိုသော ထုတ်ပြန်ချက် တစ်စောင်အား ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်လာခဲ့ရာ ယင်းထုတ် ပြန်ချက်သည် ဆရာလေးတစ်ပါးက မှားယွင်းစွာ ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး သီတဂူ ဆရာတော်ကြီးအနေဖြင့် ထုတ်ပြန်ခိုင်းခြင်းမရှိဟု ဇန်နဝါရီ ၁၄ ရက်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဦးပါမောက္ခက မိန့်ကြားသည်။

စာရေးဆရာ ထင်လင်းဦး သံဃာတော်များကို တောင်းပန်



ပြည်ထောင်စုနေ့အမီ အပစ်ရပ်စာချုပ်ချုပ်ရေးကို အစိုးရ ကမ်းလှမ်းမှု မရှိသေးဟု KIA နှင့် TNLA ပြော


ပြည်ထောင်စုနေ့အမီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုသည်ဟု သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် တို့က ကြေညာထားသော်လည်း တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း အစိုးရစစ်တပ်နှင့်တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေသည့် ကချင် နှင့် ပလောင် တိုင်းရင်းသားတပ်ဖွဲ့တို့က ဗုဒ္ဒဟူးနေ့တွင် ပြောလိုက် သည်။

အပစ်ရပ်စဲရေးစာချုပ်သဘောတူညီမှုများ နီးစပ်လာသော်လည်း အစိုးရမှ နောက်ကြောင်းပြန်လှည့်နေဟု PSLF ထုတ်ပြန်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးစာချုပ်ချုပ်ဆိုနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေး နွေးညှိနှိုင်းလာ ရာတွင် အပစ်အခတ် ရပ်စဲရေးစာချုပ်သဘောတူညီမှုများ နီးစပ်လာသော်လည်း အစိုးရမှ နောက် ကြောင်းပြန် လှည့်နေကြောင်း PSLF က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်များနှင့် ယနေ့မြန်မာနိုင်ငံ


၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ် (၁၀၀) ပင်တိုင်ခဲ့ပြီ။ သို့ သော်လည်း ယနေ့ကျောင်းသား လူငယ်အများစုမှာ လွတ်လပ်ရေး ၏ ဖခင်၊ မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို သိရှိသူ နည်းလှပေသည်။ 

ဦးဖုန်ကြားရှင် ရဲ့ သြဇာအာဏာ ဒေသတွင်းမှာ မရှိတော့ပါဘူး



၂ဝ၁၅ ဇန်နဝါရီလ ပထမအပတ်အတွင်းက နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများထဲမှ ကိုးကန့်နှင့် ပတ် သက်၍ သတင်းများဆက်တိုက်ဆိုသလို ထူးခြားနေသည်။ ၁၉၈၉ ခုနှစ်က နိုင်ငံတော်နှင့် အပစ်ရပ် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားခဲ့သော်လည်း တပ်မတော်၏  သဘောထားဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံခဲ့မှုဖြင့် ၂ဝဝ၉ ခုနှစ်က ရင်ဆိုင် တိုက်ပွဲဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ကိုးကန့်လက်နက်ကိုင် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ကြေညာချက်၊ ၄င်း၏အမှန်တရားနှင့်မျှတမှု၊ အမျိုးသား ပါတီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်ဟု ဆိုထားသော အရာနှစ်ခုတို့၏ ထုတ်ပြန်ကြေညာချက်များက နိုင်ငံတွင်းသာမက နိုင်ငံတကာ မီဒီယာကပါ အာရုံစိုက်လာသည် အထိ ထူးခြားသွားခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးတဦး ထိန်းသိမ်းခံရပြီးနောက် တိုက်ပွဲ ပြင်းထန်


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်ကို လမ်းမှာ တားဆီးမေးမြန်းမှုဖြစ် ပွားပြီးနောက် တပ်မတော်နဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

ဖွဲ့စည်းပုံပြင်ရန်ငြင်းဆန်ပါက ပြုပြင်ပြောင်းလဲရေးနှင့် အလှမ်းဝေးနေမည်



အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရန် ငြင်းဆန်နေပါက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းသည် ပြည်သူနှင့် အလှမ်းဝေးနေမည်ဟု ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။

Air Asia QZ 8501 လေယာဉ်၏ ကိုယ်ထည်ပိုင်း ရှာဖွေတွေ့ရှိ


ဂျာဗားပင်လယ်အတွင်း ပျက်ကျခဲ့သည့် Air Asia QZ 8501 လေယာဉ်၏ အဓိက ကိုယ်ထည်ပိုင်းကို ရှာဖွေရေး တပ်ဖွဲ့ဝင်များက ရှာတွေ့ထားပြီဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ ခရီးသည်များ၏ ရုပ်အလောင်း အများစု ရှိနေလိမ့်မည်ဟု ယူဆရသည့် လေယာဉ် ကိုယ်ထည်ပိုင်းကို ရှာဖွေရေးလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်နေသည့် စင်ကာပူ ရေတပ်သင်္ဘော တစ်စင်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သမ္မတကမ်းလှမ်းသည့် ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရေး မဖြစ်နိုင်သေးဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့မှ မွန်ခေါင်းဆောင်နိုင်ဟံသာပြောဆို


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပြည်ထောင်စု နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံ တော်သမ္မတ၏ တိုက်တွန်းမှုမှာ မဖြစ် နိုင်သေးဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့(NCCT) ခေါင်း ဆောင် ဦးနိုင်ဟံသာက ပြောသည်။

IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းကို ယာဉ်တွင်တပ်ဆင် သွားလာနေသည့်ပုံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေ


IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ် တံဆိပ်နှင့် ဆင်တူသည်ဟုယူဆရသည့် စာတန်းအား ယာဉ်တွင်တပ် ဆင်ကာ သွားလာနေသည့်ပုံမှာ လူမှုကွန်ရက် စာမျက်နှာ တွင်ပျံ့နှံခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင် အား ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ကချင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား KIA ခေတ္တထိန်းသိမ်း


ကချင်ပြည်နယ် မိုးကောင်း - ကာမိုင်း - ဖားကန့် လမ်းခင်းနေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးတဲ့ ကချင်ပြည်နယ် အစိုးရလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်နဲ့ အဖွဲ့ကို KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့က တားဆီးခဲ့ပြီး ဝန်ကြီးအဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပထမဆုံး ကချင်ခရီးစဉ်မှာ မယ်ပြိုင်ပွဲဒိုင်လုပ်ဖြစ်တဲ့ နန်းခင်ဇေယျာ


(၆၇)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်တွင်ပြုလုပ် သည့် Miss Manu Shayi 2015 ပြိုင်ပွဲ ၌ ဒေါ်အယ်လ်ခွန်းရီ၏ ဖိတ် ခေါ်မှုဖြင့် ဒိုင်အဖြစ်ဆောင်ရွက် ပေးခဲ့ရကြောင်း နန်းခင်ဇေယျာ က ပြောသည်။‘‘ဒီပွဲကမလုပ်တာ သုံး နှစ်လောက်ရှိပြီလို့ပြောတယ်။ 

မလေးရှားတွင် မြန်မာ ၁၈ ဦး သတ်ဖြတ်ခံရမှုဖြင့် ဖမ်းဆီးထားသူများကို စွဲချက်တင်


မလေးရှားနိုင်ငံ၊ ပီနန် မြို့တွင် မြန်မာနိုင်ငံသား ၁၈ ဦး ကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထား သော မြန်မာနိုင်ငံ သားဟု ထွက်ဆိုထားသည့် တရားခံ ကိုးဦးအား ဇန်န၀ါရီ ၁၃ ရက်က စွဲချက်တင်လိုက် ကြောင်း သတင်းရ ရှိသည်။

ပြုပြင်ပြောင်းလဲရေးတွင် ကူညီမည်ဖြစ်ပြီး အားနည်းချက်များကိုလည်း ထောက်ပြ မည်ဟု ကန်ကုလသံအမတ်ပြော


မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျသည့် ကူညီပံ့ပိုးမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ် ပြီး မြန်မာအစိုးရ၏ အားနည်းချို့ ယွင်းချက်များကို ထောက်ပြဝေဖန်၍ အပြောင်းအလဲကို မလိုလားသူများအား ဆက်လက်စောင့်ကြည့်ပိတ်ဆို့အရေးယူသွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ၏ကုလသံအမတ် မစ္စဆမန်သာ ပါဝါကပြောကြားလိုက်သည်။

မြန်မာပြည် အတွက် ဘယ်လိုခေါင်းဆောင် လိုသလဲ


နေပြည်တော် အထူး အစီအစဉ် အဖြစ် DVB Debate ရှိုးနှစ်ခုကို တစ်ရက် တည်း ရိုက်ခဲ့ပါတယ်။ ပထမ အစီအစဉ်ကို ကျွန်တော်က တင်ဆက်သူ အဖြစ် ရိုက်ခဲ့ပြီး၊ ဒုတိယ အစီအစဉ်ဖြစ်တဲ့ ”မြန်မာပြည် အတွက် ဘယ်လို ခေါင်းဆောင်မျိုး လိုသလဲ” ဒီဘိတ်ကိုတော့ မျိုးမျိုးက တင်ဆက်သူ အ ဖြစ် ရိုက်ပါတယ်။

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးစတင်ချိန်တွင် NLD မပါဝင်သေး



၂ဝဝ၅ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအချို့တို့သည် ယခုတစ်ပတ်မှ စကာ မဲဆွယ်စည်းရုံး ရေးများ စတင်နေကြပြီဖြစ်သည်။

၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူမျိုးစုများ ပြန်လည်ဦးစီးကျင်းပခွင့်ရ နာဂနှစ်သစ်ကူးပွဲတော် ယနေ့စတင်

အစိုးရ၏ အစီအစဉ်များဖြင့်သာ လုပ်ခွင့်ရခဲ့သည့် နာဂမျိုး နွယ်စုအားလုံး၏ ရိုးရာနှစ်သစ်ကူးပွဲ ဘုံပွဲတော်ကို ယခုနှစ်တွင် နာဂ ရိုးရာယဉ်ကျေးမှု ကော်မတီက ပြန်လည် ဦးစီးကျင်းပခွင့်ရခဲ့ ကြောင်း သတင်းရရှိသည်။ ၁၄ နှစ်တာ ကာလအတွင်း နာဂရိုးရာ ယဉ်ကျေးမှုကော်မတီက ပြန်လည်ဦးစီးကျင်းပခွင့်ရခဲ့ သည့် အဆိုပါ ရိုးရာနှစ်သစ်ကူး ဘုံပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဇန်န၀ါရီ ၁၄ ရက်မှ စတင်ကျင်းပခဲ့ သည်။

ရန်ကုန်တွင် The Interview ဇာတ်ကား ရောင်းခွင့်မပြုဘဲ လိုက်လံသိမ်း ဆည်းနေ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆင်ဆာမဲ့ခွေအားလုံးကို ဖမ်းဆီး ၊ The Interview ခွေကို သိမ်းဆည်းရန် ညွှန်ကြားထားခြင်းမရှိဟုဆိုပြန်


မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်ကို သရော်ထားသော ဟာသရုပ်ရှင် ဇာတ်ကား The Interview ဇာတ်လမ်းအခွေများကို ရန်ကုန်မြို့တွင် ရောင်းချခွင့် မပြုဘဲလိုက်လံသိမ်းဆည်းဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် စိတ်ဝင်စား၍ ကမ်းလှမ်းလာသူများ အားလုံးကို လက်ခံစဉ်းစားပေးမည်ဟုဆို


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အစိုးရထံကို စိတ်ဝင်စားကမ်းလှမ်းတင်ပြမှုများ ရှိလာပါက လက်ခံစဉ်း စားပေးသွားမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦး စောထွန်းအောင်မြင့် က ပြော သည်။

Wednesday, January 14, 2015

အစိုးရ ပြုပြင်ပြောင်းလဲမှု အလုပ်မဖြစ်ခဲ့ဟု နိုင်ငံရေး အင်အားစုများ ဝေဖန်

သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်သူလူထု၏ လိုအပ်ချက်နှင့် ပိုမို နီးစပ်မှု ရှိလာကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်၏ ပြောဆိုမှုအား လက်မခံနိုင်ကြောင်း နိုင်ငံရေး အင်အားစုများ က ဝေဖန် ပြောကြားလိုက်သည်။

အဖြေမထွက်တဲ့ သမ္မတရဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ အခြေအနေကို ပိုမိုရှုပ်ထွေးစေမလား


သမ္မတ ဦးသိန်းစိန်က ရလဒ်ထွက်ပေါ်ခြင်း မရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်တိုက်ဆိုသလို ကျင်းပပြု လုပ် နေတာ ကြောင့် အဖြေမထွက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တွေကျင်းပပြီး ရှေ့မတိုး နောက် မဆုတ် ဖြစ်နေတဲ့ နိုင်ငံရေး အကျပ် အတည်း တွေ ပိုမိုရှုပ်ထွေးလာအောင် တမင်ဖန်တီးနေတာလားဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး အသိုင်း အဝိုင်းက မေးခွန်းထုတ်လာပါတယ်။

ဆိုနီကွန်ပျူတာစနစ် ဖောက်ထွင်းမှု စွပ်စွဲချက် မြောက်ကိုရီးယား ငြင်းဆန်



မြန်မာနိုင်ငံသား ၉ ဦးကို လူသတ်မှုဖြင့် မလေးရှား တရားစွဲ


မြန်မာနိုင်ငံသား ၉ ဦးကို တနိုင်ငံသား လူ၅ ဦး သတ်မှုနဲ့ မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက ဒီကနေ့ စွဲချက် တင်လိုက်ပါတယ်။ စွပ်စွဲခံ ၉ ဦးအနက် တချို့ကို လူသတ်မှု ၂ ခုနဲ့ စွဲချက်တင်ထားတယ်လို့ မလေးရှား နယူး စထရိတ်တိုင်မ်း သတင်းမှာ ရေးပါတယ်။

‘‘တရုတ်က နောက်ကွယ်မှာ မရှိပါဘူး’’


ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖုန်အားတီနှင့် တွေ့ဆုံမေးမြန်းခြင်း


၂၀၀၉ ခုနှစ်က ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေစီအဖွဲ့ မဟာမိတ်တပ်မတော် (MNDAA)ကို အစိုးရက စီးနင်းချေမှုန်းခဲ့သည်။ MNDAA ဌာနချုပ်တည်ရှိခဲ့ရာ လောက်ကိုင်မြို့မှာ သံလွင်မြစ် အရှေ့ဘက်ခြမ်း တရုတ်နယ်စပ်နှင့် ကပ်လျက်တည်ရှိသည်။ ယင်းဒေသမှာ အထူးဒေသ (၁)အဖြစ် အစိုးရကသတ်မှတ်ထားသော ဒေသလည်းဖြစ်သည်။  

My Blog List