Friday, December 12, 2014

ယခင် ရန်သူဟောင်းများဖြင့် အပတ်စဉ် တွေ့ဆုံဆွေးနွေးသည်မှာ မြန်မာနိုင်ငံအတွက် သတင်းကောင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြော


မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ ထိန်းချုပ်နိုင်ရေးအတွက် အကူအညီ ပေးရန် ဩစတြေးလျနှင့် မြန်မာနိုင်ငံ တို့ကြား နားလည်မှု စာချွန်လွှာတစ်စောင်ကို နိုဝင်ဘာလ က လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုဝင်ဘာလက ဘရစ္စဘိန်း၌ ကျင်းပခဲ့သည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့မော်ရစ်ဆင်က ဩစတြေးလျ ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးဖြစ် သည်ဟု ပြောကြားခဲ့သည်။ 

ဗိုလ်မှူးကျော်စွာဝင်းအား ထောင်ဒဏ်အပြစ်ပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် လူသားတရပ်လုံးအား ခြိမ်းခြောက်ခြင်းဟု ဒါရိုက်တာအောင်မျိုးမင်းဆို


ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ် ရေးထိုးခဲ့သော ဗိုလ်မှူးကျော်စွာဝင်းအား ထောင်ဒဏ်အပြစ်ပေးခြင်းသည် လူ့အခွင့် အရေးချိုးဖောက်ခြင်းဖြစ်ပြီး လူသားတရပ်လုံးအား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ Equal Myanmar မှ ဒါရိုက်တာဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၉ ရက်တွင်New Watch သို့ ပြောသည်။

ပြည်သူနဲ့မထိုက်တန် အတိုက်အခံဖြစ်နေပြီလား



ကနေ့ ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံရေးပြကွက်တွေကလည်း လျင်မြန်တဲ့ အကွက်တွေနဲ့ မျက်လှည့်ဆန်ဆန် တစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် ရင်သပ်ရှုမော တအံ့တဩ ကြည့်လို့ အလွန်ကောင်းပါတယ်။  ဟုတ်တော့မလိုလို၊ စိတ်ချမ်းသာမှု ရတော့ မလိုလို၊ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးပဲ ပြီးဆုံးသွားတော့ မလိုလို၊ ငြိမ်းချမ်းရေးပဲရ တော့မလိုလို၊ ဆယ့်လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ လေးပွင့်ဆိုင်ပြီး ညှိနှိုင်း ဆွေးနွေးပွဲတွေက ချက်ချင်းပဲ အပြောင်းအလဲတွေ ဖြစ်တော့မလိုလို၊ ဟိုလိုလို ဒီလိုလို မျှော်လင့်မထားတာတွေ၊ မထင်မှတ်ထားတာတွေ နောက်ဆုံးစိတ်ပျက်သွားရ တော့တာပါပဲ။ 

အင်ဒိုနီးရှား နိုင်ငံတွင် လစာတိုးပေးရေး အတွက် လူထောင်ပေါင်း များစွာ လူထုစုဝေး မှုများပြုလုပ်


အင်ဒိုနီးရှား နိုင်ငံတွင် မကြာသေးမီးက လောင်စာဆီ ဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်းပွ မှုများဖြစ်ပေါ် ခဲ့ပြီးနောက် အလုပ်သမား ထောင်ပေါင်းများစွာသည် ဒီဇင်ဘာ ၁၀ ရက်က မြို့တော် ဂျကာတာတွင် စုဝေးကာ လစာ တိုးမြှင့် ပေးရေးတောင်း ဆိုခဲ့ကြသည်။

အံဒင် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေးစက်ရုံ ဆန္ဒပြမည့် YSS အဖွဲ့ နှောင့်ယှက်မှုနှင့် ကြုံရ


မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာ၌ တည်ဆောက်မည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက် ဆန္ဒပြရန် ပြင်ဆင် နေသည့် ရေးမြို့ လူမှု အကျိုးဆောင်အဖွဲ့ (YSS) တာဝန်ရှိသူများထံ ယခုရက်ပိုင်းများအတွင်း ဖုန်းမှတဆင့် စာပို့၍ နှောင့်ယှက် ခြင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ နှောင့်ယှက်မှုများ ရှိနေကြောင်း YSS အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ပြောကြားသည်။

အမေရိကန်တွင် မြန်မာကို ကမ္ဘာကသိစေမည့်သူ


"မင်္ဂလာပါရှင်" ဟု မြန်မာဆန်ဆန် မျက်နှာထား၊ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ် လှပပြီး၊ တက်ကြွသောအပြုံးဖြင့် သျှားက ရင်းနှီးဖော်ရွေစွာ ခရီးဦးကြိုသည်။ အိမ်နံရံတွင် သျှားတို့မိသားစု၏ အမှတ်တရဓာတ်ပုံလေးများ ချိတ်ဆွဲထားသည်။ သူတို့မိသားစုတွင် မိဘနှစ်ပါး၊ သျှားနှင့် ဆယ်တန်းတက်
နေသာ ညီမလေး တစ်ယောက်ရှိသည်။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုပြုလုပ်မည့် လက္ခဏာ မရှိသေးဟု အမေရိကန် ပညာရှင် အကြံပေးအဖွဲ့ ပြောကြား


ဂြိုလ်တုမှ ဖမ်းယူရရှိသော ပုံရိပ်များအရ မြောက်ကိုရီးယားနိုင်ငံသည် မကြာမီ အချိန်အတွင်း နျူကလီးယား စမ်းသပ်မှု ပြုလုပ်မည့်အခြေ အနေမရှိ သေးကြောင်း အမေရိကန် ပညာရှင် အကြံပေးအဖွဲ့တစ်ခုက ဒီဇင်ဘာ ၁၁ ရက်တွင်ပြော ကြားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ဒေသခံကြား မြေယာပိုင်ဆိုင်မှု မစစ်ဆေးနိုင်သေး


ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ ဒေသခံ တောင်သူတွေကြား မြေယာ ပိုင်ဆိုင်မှု အငြင်းပွား ပြဿ နာကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်က လက်ခံရရှိထားပေမယ့် ဒီကနေ့ထိ သွားရောက်စစ် ဆေးပေးနိုင်ခြင်းမရှိဘူးလို့  မြေသိမ်းမှု စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

ပြည်သူတွေရဲ့ ကျေးကျွန်အဖြစ်နဲ့ ခံယူပြီး ဒီပါတီကို ထူထောင်တာ


မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒနဲ့  အလုပ်သ မားအရေး၊ လယ်သမားအရေး ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်မျိုးခိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အမေရိကန်သမိုင်းတွင် အကြီးဆုံးဒေ၀ါလီခံခဲ့ရသည့်မြို့ အကြွေးပြန် ဆပ်နိုင်တော့မည်


အမေရိကန်သမိုင်းမှာ အကြီးဆုံး ဒေ၀ါလီခံရတဲ့မြို့ကြီးအဖြစ် ကြေညာခဲ့ရတဲ့ ဒက်ထရွိုက် (Detroit) မြို့ဟာ အခုတော့ အကြွေးတွေကို ပြန်ဆပ်နိုင်တော့မှာ ဖြစ်လို့ ဒေ၀ါလီခံမြို့အဖြစ်ကနေလွတ်မြောက်တော့မယ်လို့ မြို့တော် အာဏာ ပိုင်တွေက ကြေညာပါတယ်။

လေဆာလက်နက် ပထမဆုံးအကြိမ် အမေရိကန် စမ်းသပ်ပစ်ခတ်


အမေရိကန်ရေတပ်ဟာ စမ်းသပ်လေ့လာနေဆဲ လေဆာလက်နက်ကို သင်္ဘောပေါ်က နေ ပထမဆုံးအ ကြိမ် စမ်းသပ်ပစ်ခတ်ပါတယ်။ ပစ်မှတ်ကို ဖျက်ဆီးဖို့ ကျစ်လျစ်တဲ့ အနီအောက်ရောင်ခြည် စွမ်းအင် ရောင်စဉ်တန်း အသုံးချတဲ့လက်နက်ကို ပြီးခဲ့တဲ့လတွေက ပါရှန်းပင်လယ်ကွေ့မှာ ရှိတဲ့ ယူအက်စ်အက်စ် ပွန်စီ လေယာဉ် တင်စစ်သင်္ဘောပေါ်မှာ စမ်းသပ်နေခဲ့တာပါ။

၂၀၂၀ တွင် လက်နက်ကိုင်ပဋိပက္ခအားလုံး အဆုံးသတ်ရန် မြန်မာသမ္မတမျှော်မှန်း


မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ပြီး ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဖြစ်ဖို့ မျှော်မှန်းထားတယ်လို့  တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

အစ္စရေးရဲများနှင့် ထိပ်တိုက်တွေ့မှုတွင် ပါလက်စတိုင်းဝန်ကြီး သေဆုံး


အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေး နယ်ခြားစောင့် ရဲများနှင့် ပါလက်စတိုင်းများ ထိပ်တိုက်တွေ့ရာတွင် ပါလက်စတိုင်းဝန်ကြီး ဇီးဒါအဘူအင် လည်ပင်းညှစ်ခံရခြင်းကြောင့် သေဆုံးသွားပြီး ယင်းဖြစ်ရပ်သည် လူရိုင်းဆန်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်က ပြောကြားသွား ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော ကိုရီးယားကုမ္ပဏီများသည် လျှပ်စစ်မီး မလုံလောက်မှု၊ မြေယာငှားရမ်းခ ကြီးမြင့်မှုနှင့်အတူ အခြားအခက်အခဲများ ရင်ဆိုင်နေရကြောင်း သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ ဆုံစဉ် တောင်ကိုရီးယားသမ္မတ ပြောကြား



ဒီဇင်ဘာ ၁၁ ရက်က တောင်ကိုရီးယားနိုင်ငံ၌ စတင်ကျင်းပသော ASEAN-Re-public of Korea Commemorative Sum-mit တွင် သမ္မတ ဦးသိန်စိန်နှင့် သီးခြားတွေ့ဆုံစဉ် တောင်ကိုရီးယား သမ္မတ ပက်ကွမ်ဟီးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများအနေဖြင့် လျှပ်စစ်မီးလုံလောက်စွာ မရရှိ ခြင်း၊ လုပ်ငန်းမြေနေရာ ငှားရမ်းမှုဈေးကြီးခြင်း၊ ကိုရီးယားငွေကြေးအဖွဲ့ အစည်းများကို မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ခွင့်မပေးသေးသောကြောင့် ငွေကြေးလွှဲပြောင်းမှု ခက်ခဲခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့ကြောင်း Korean Herald သတင်းစာတွင် ဖော်ပြထားသည်။

တောင်ကိုရီးယား တက္ကသိုလ်က ဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်


မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အောင်မြင်မှုများကြောင့် တောင်ကိုရီးယား နိုင်ငံ၊ ဘူဂယောင်း အမျိုးသားတက္ကသိုလ်က သမ္မတဦးသိန်းစိန် အား နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်(လေ)နေ့ လေကြောင်းစွမ်းရည်ပြပွဲတွင် တိုက်လေယာဉ်သစ်အချို့ ထုတ်ပြဖွယ်ရှိ


ဒီဇင်ဘာ ၁၅ ရက်တွင် ပြုလုပ်မည့် တပ်မတော်(လေ)နေ့ လေကြောင်းစွမ်း ရည်ပြပွဲ၌ မြန်မာ့တပ်မတော်က တိုက်လေယာဉ်သစ်အချို့ ထုတ်ပြဖွယ်ရှိကြောင်း သတင်းရရှိသည်။ (၆၇)နှစ်မြောက် တပ်မ တော်(လေ) နေ့ကို မိတ္ထီလာ လေကြောင်းအတတ်သင် လေတပ်စခန်းတွင် ဒီဇင်ဘာ ၁၅ ရက်၌ ပြုလုပ်မည်ဖြစ်သည်။

၁၂ ပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုမှုသည် ဆွေးနွေးပွဲများ မဖြစ်မြောက်အောင် ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအစား ၁၂ ပွင့်ဆိုင် တွေ့ဆုံပေး


ရေးတောင်းဆိုမှုသည် ဆွေးနွေးပွဲများမဖြစ်မြောက်အောင် ဦးတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က ဒေါ်အောင် ဆန်းစုကြည် က ဝေဖန်ပြောကြားသည်။

Thursday, December 11, 2014

မဟာမိတ်နိုင်ငံများက အီရတ်သို့ စစ်သား ၁၅၀၀ စေလွှတ်မည်


အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများက အီရတ်အစိုးရကို ကူညီရန်အတွက် စစ်သား ၁၅၀၀ အား အီရတ်သို့စေလွှတ်ရန် ပြင်ဆင်ထားကြောင်း၊ IS တိုက်ခိုက် ရေးအတွက်ဖြစ်ကြောင်း အမေရိကန် စစ်ကူပေးရေး တပ်မှူးတစ်ဦးက ပြောကြားလိုက်သည်။

ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့က စစ်ဆေးမည့် လေးတန်းနှင့် ရှစ်တန်း စာမေးပွဲအကြောင်း သိကောင်းစရာ


ရွှေပြည်သာမြို့နယ်၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ဝါဝါရီနှင့် တွေ့ဆုံမေး မြန်းခြင်း။

အခြေခံပညာ လေးတန်းနှင့် ရှစ်တန်း စာမေးပွဲကို ခရိုင်စစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်ဟူ၍ ပညာရေး ဝန်ကြီးဌာနက စစ် ဆေးတော့မည်ဖြစ်သည်။ အတန်း တင် စာမေးပွဲကြီးကို လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပမည် ဖြစ်သော်လည်း အစမ်းစာမေးပွဲကို ကြိုတင်ကာဒီဇင်ဘာ ၁၆ ရက်နေ့ မှ စ၍ ပြုလုပ်မည်ဟု သိရသည်။ 

V Gastro.bar ဆိုင်ရှင်နှင့် မန်နေဂျာအား မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ ဗဟိုမှ သီးသန့်တရားစွဲမည်ဟုဆို



ဗုဒ္ဓရုပ်ပုံအား မဖွယ်မရာပြုလုပ်ခဲ့သည့် V Gastro.bar ဆိုင်ရှင်နှင့် မန်နေဂျာအား မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာ နုရက္ခိတဗဟိုမှ သီးသန့်တရားစွဲသွားမည်ဟု အဆိုပါအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးအောင်မြိုင် က News Watch ဂျာနယ်သို့ ဒီဇင်ဘာ ၁၁ က ပြောကြားခဲ့ သည်။

တိုင်းမ်မဂ္ဂဇင်း၏ တစ်နှစ်တာလူပုဂ္ဂိုလ်ဆုကို အီဘိုလာတိုက်ဖျက်ရေး ၀န်ထမ်းများ ရရှိ


တိုင်းမ်မဂ္ဂဇင်းကြီးက ယခုနှစ်အတွက် တစ်နှစ်တာလူပုဂ္ဂိုလ်ဆု (Person of ther Year)ကို အနောက် အာဖရိက ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အီဘိုလာတိုက်ဖျက်ရေး ၀န်ထမ်းမျာအား ချီးမြှင့်လိုက် သည်။ 

ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်မွေးနေ့ တောင်ကြီးတွင် ခမ်းနားစွာ ကျင်းပရန် စီစဉ်


၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ပွဲကို တောင်ကြီးမြို့ ၌ ပြည်သူအားလုံးပါဝင်ကာ အကြီးကျယ်ဆုံးဖြစ်အောင် ကျင်းပသွားမည်ဟု တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။

၁၂ ပွင့် ဆုံးဖြတ်ချက်ဟာ အနှောင့်အယှက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော



ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၁၂ ပွင့်ဆိုင်ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ ဆွေးနွေးပွဲအစစ်အမှန်တွေ ပေါ်ထွန်းရေးကို အနှောင့်အယှက်ပြုတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်ပါတယ်။

အပွင့်အရေအတွက် ဆုံးဖြတ်ပြီးလျှင် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပို့မည်ဟုဆို



ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့် ဆိုင်နှင့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှု နည်းလမ်းသုံးခုလုံးကို သမ္မ တက ချင့်ချိန်စဉ်းစားနေပြီး တိုင်း ပြည်အတွက် အကောင်းဆုံးဖြစ် နိုင်မည့် ဆုံးဖြတ်ချက်တစ်ခုကို လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ အသိပေးမည်ဖြစ် သည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

ဒီချုပ်နှင့် တပ်မတော်သားကိုယ်စားလှယ်များ တွေ့ဆုံရေးအထက်လူကြီးများ ၏ သဘောထား လိုအပ်နေသေးဟုဆို



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ကိစ္စသည် အထက်လူကြီးများ၏ သဘောထားတောင်း ခံရန် လိုအပ်နေ သေးကြောင်း တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြော ဆိုလိုက်သည်။ တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ''ကျွန်တော် တို့နဲ့ အင်န်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေနဲ့ မိတ်ဆွေလို ပြောကြဆိုကြ အခြေအနေကို ရောက်နေကြ ပါပြီ။ 

My Blog List