Wednesday, December 10, 2014

ကိုရီးယား လေကြောင်း လက်ထောက် အကြီးအကဲ နှုတ်ထွက်



ကိုရီးယား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ လေယာဉ်မယ်ရဲ့ လုပ်ဆောင်ပုံကို မကျေနပ်လို့ လေယာဉ် ခရီးစဉ်ကို နှောင့်နှေး စေခဲ့တဲ့ လေကြောင်းလိုင်း လက်ထောက် အကြီးအကဲဟာ ရာထူးကနေ နှုတ်ထွက် လိုက်ပါတယ်။ ကိုရီးယား လေကြောင်းလိုင်း ဥက္ကဋ္ဌရဲ့ သမီးလည်း ဖြစ်၊ လေကြောင်းလိုင်းရဲ့ လက်ထောက် အကြီးအကဲလည်း ဖြစ်တဲ့ Heather Cho ဟာ ပြီးခဲ့တဲ့ သောကြာနေ့က နယူးယောက် ကနေ အင်ချွန်းကို ထွက်ခွာတဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မယ်က မြေပဲကို ပန်းကန်နဲ့ ထည့်မပေးဘဲ အိတ်နဲ့ ချပေးတဲ့ အတွက် လေယာဉ် ဝန်ထမ်း အကြီးအကဲကို လေယာဉ်ပေါ်ကနေ ချထားခဲ့ဖို့ ညွှန်ကြားခဲ့တာပါ။

မူဂါဘီကို လုပ်ကြံဖို့ စွပ်စဲခံရတဲ့ ဒုသမ္မတ ရာထူးကဖယ်ရှားခံရ


ဇင်ဘာဗွေနိုင်ငံ ​ဒုသမ္မတဟာ ​သမ္မတ ​ရောဘတ် ​မူဂါဘီကို ​လုပ်ကြံဖို့ ​ကြိုးစားတယ်လို့ ​စွပ်စွဲခံရပြီးနောက် ​ရာထူးကနေ ​ဖယ်ရှားခံလိုက်ရပါတယ်။ ဇင်ဘာဗွေ ​နိုင်ငံမှာ ​သမ္မတ ​တစ်ဦးသာ ​ရှိခဲ့ပြီး ​အသက် ​၉၀ ​အရွယ် ​ရောဘတ် ​မူဂါဘီကပဲ ​နှစ်ပေါင်းများစွာ ​ဆက်တိုက် ​အုပ်ချုပ်လာတာ ​ဖြစ်ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဒီည ချီးမြှင့်မယ်


၂၀၁၄ ​ခုနှစ်အတွက် ​နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ​ပူးပေါင်းရရှိသွားတဲ့ ​အိန္ဒိယနိုင်ငံသားနဲ့ ​ပါကစ္စတန်နိုင်ငံ သူတို့က ​ဒီညကျရင် ​ဆုကို ​လက်ခံကြမှာ ​ဖြစ်ပါတယ်။ တာလီဘန်အဖွဲ့ရဲ့ ​လုပ်ကြံမှုမှာ ​အသက်မသေတဲ့ ​ဆယ်ကျော်သက်အရွယ် ​Malala ​Yousafzai ​ကတော့ ​အခုလို ​ပါကစ္စတန်နဲ့ ​အိန္ဒိယနိုင်ငံသားတွေ ​ပူးပေါင်း ဆုရ ရှိတဲ့အတွက် ​နှစ်နိုင်ငံအကြား ​ကလေးငယ်တွေ ​အမြတ်ထုတ်ခံရမှုတွေ ​လျော့ကျသွားအောင် ​ပိုမို လုပ်ဆောင်မယ်လို့ ​မျှော်လင့်ကြောင်း ​ပြောသွားခဲ့ပါတယ်။

ကန်ဆန္ဒပြမှုအတွင်း လူ ၁၅၀ ကျော် ဖမ်းဆီးခံရ


အမေရိကန် ​ရဲတွေရဲ့ ​လက်ချက်ကြောင့် ​လူမည်းတချို့ ​သေဆုံးခဲ့ရတဲ့အပေါ် ​မကျေနပ်တဲ့အတွက် ​ဆန္ဒပြ ​ကြရာက ​လူပေါင်း ​၁၅၀ ​ကျော် ​ထိန်းသိမ်းခံခဲ့ရပါတယ်။ အမေရိကန် ​တလွှားမှာ ​ဆန္ဒပြမှု ​အသစ်တွေ ​ထပ်မံဖြစ်ပေါ်တာဖြစ်ပြီး ​ကာလီဖိုးနီးယားပြည်နယ်မှာတော့ ​အဓိက ​လမ်းမတစ်ခုကို ​ပိတ်ချ ​ဆန္ဒပြရာက ​အများအပြား ​ဖမ်းဆီးခံရတာ ​ဖြစ်ပါတယ်။

ဆီးရီးယား ဒုက္ခသည် ၁.၇ သန်းကို WFP ပြန်ထောက်ပံ့မယ်


ရံပုံငွေ ​အခက်အခဲကြောင့် ​ဆီးရီးယားဒုက္ခသည်တွေကို ​ပေးနေတဲ့ ​အစား အသောက် ​ထောက်ပံ့မှု ​အစီ အစဉ်ကို ​ရပ်တန့်လိုက်ရပြီလို့ ​ကုလသမဂ္ဂက ​ပြောဆိုပေမယ့် ​အခုအခါမှာ ​အစားအသောက်တွေ ​ပြန်လည် ​ထောက်ပံ့နိုင်တယ်မယ်လို့ ​ကြေညာလိုက်ပါတယ်။

CIA စစ်ဆေးတဲ့နည်းလမ်းက ရက်စက်ရာကြလို့ဆို


အမေရိကန်နိုင်ငံမှာ ​ဗဟိုထောက်လှမ်းရေး ​CIA ​အဖွဲ့ရဲ့ ​စစ်ဆေးမေးမြန်းမှုတွေဟာ ​ထင်ထားတာထက် ​ရက်စက်မှုတွေ ​များပြားကြောင်း ​အစီရင်ခံစာ ​တစ်ခုမှာ ​ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံ ​ပင်တာဂွန် ​စစ်ဌာနချုပ်ရှိရာ ​အမွှာတိုက်မြင့် ​နှစ်လုံးကို ​အကြမ်းဖက်သမားတွေက ​၂၀၀၁ ​ခုနှစ် ​စက်တင်ဘာလ ​၉ ​ရက်နေ့တုန်းက ​လေယာဉ် ​နှစ်စင်းနဲ့ ​ဝင်တိုက်ပြီးတဲ့နောက် ​စီအိုင်အေက ​အကြမ်းဖက်မှုနဲ့ ​သံသယရှိသူ တွေအပေါ် ​ရက်စက်စွာ ​စစ်ဆေးမေးမြန်းမှု ​လုပ်လာတာလို့ ​ဆိုပါတယ်။

ဗြိတိန်မင်းသား William ၀ါရှင်တန်မြို့တော် အလည်ရောက်


ဗြိတိသျှတော်ဝင်မင်းသား ၀ီလျှံဟာ ပထမဆုံးအကြိမ်အဖြစ် မြို့တော်ဝါရှင်တန် ကို တနင်္လာနေ့မှာ ရောက်ရှိ လာပါတယ်။ အနာဂတ်မှာ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်အရိုက်အရာကို ဆက်ခံဖို့ရှိနေတဲ့ မင်းသားဝီလျှံက ကမ္ဘာ့
တောရိုင်း တိရစ္ဆာန် တရားမ၀င်ကုန်ကူးမှုကို တိုက်ဖျက်ဖို့ တောင်းဆိုသွားပါတယ်။

အကြမ်းဖက်သမားများ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းနည်း CIA အသုံးပြု


အမေရိကန် အထက်လွှတ်တော်ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ CIA ဗဟိုထောက်လှမ်းရေးအဖွဲ့ က ၂၀၀၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်သမားတွေလို့ သံသယရှိတဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၄-၂၀၂၀ ကာလ မြန်မာအတွက် EU အထောက်အကူ Euro ၆၈၈ သန်း ပေးမည်


EU ဥရောပသမဂ္ဂက ၂၀၁၄ ကနေ ၂၀၂၀ ကာလအထိ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မှု အစီအစဉ်အရ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို အထောက်အကူပြုဖို့ ယူရို ၆၈၈ သန်း ပေးဖို့ လျာထားတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်လိုကဏ္ဍတွေမှာ အကူအညီပေးဖို့ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

CIA စစ်ဆေးမေးမြန်းမှုစနစ် အစီရင်ခံစာထုတ်ပြန်


အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၁ စက်တင်ဘာလ အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ပိုင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ စစ်ဆေးမေးမြန်းမှု နည်းစနစ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင်ကို အထက်လွှတ်တော်က ဒီကနေ့ ထုတ်ပြန်ဖို့ ရှိနေပြီး နိုင်ငံရပ်ခြားက အမေရိကန် သံတမန် ရေးရာ အဆောင်အဦးတွေ၊ စစ်ဘက်ဆိုင်ရာ စခန်းတွေကို လုံခြုံရေး တိုးမြှင့်ထားပါတယ်။

ကန် ကာကွယ်ရေးဝန်ကြီး ကြိုတင်မကြေညာဘဲ အီရတ်ရောက်ရှိ


IS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း စစ်ဆင်ရေးတွေ စတင်အပြီး ၄ လအကြာမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဝန်ကြီးချုပ် Haider al-Abadi နဲ့ အမေရိကန် တပ်မှူးတွေကို တွေ့ဆုံဖို့အတွက် အီရတ်ကို ရောက်နေပါတယ်။

မလေးရှားတွင် မြန်မာများအသတ်ခံရမှုအတွက် သံသယရှိ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး



မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့ အမှုတွေအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ မလေးရှားနိုင်ငံ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဧပြီလ အတွင်းက ပီနန်မြို့မှာ မြန်မာနိုင်ငံ သားတွေကို သတ်ဖြတ်တဲ့ လူသတ်မှု ၁၈ မှုဖြစ်ပွားခဲ့ပြီး လောလောဆယ်မှာ လူသတ်မှု ၁၃ မှုအတွက် သံသယရှိသူတွေကို ဖမ်းဆီ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲများ ရုပ်သိမ်းရန် ဗဟိုတရားရုံး ထုတ်ပြန်



ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းပေးရမယ်လို့ ဟောင်


ကောင်ဗဟိုတရားရုံးက ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဟောင်ကောင်အစိုးရရုံးဌာနတွေရှိတဲ့ အမရာတီ ရပ်ကွက်က လက်ကျန်ဆန္ဒပြစခန်းတွေကို ဖြုတ်သိမ်းဖို့ ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် ဟောင်ကောင်သတင်းစာတွေမှာ လည်း ကြေညာခဲ့ပါတယ်။

နာဂဒေသအား ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ် ပါဝင်သည့် ဒေသအဖြစ် နိုင်ငံရေးရပိုင်ခွင့် အသိအမှတ်ပြုပေးရန် နာဂအမျိုးသားညီလာခံ တောင်းဆို


နာဂဒေသအား ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးရပ်ပါ ၀င်သည့် ဒေသအဖြစ် နိုင်ငံရေး ရပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန် ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည့် နာဂအမျိုးသားညီလာခံဆိုင်ရာ တောင်းဆိုချက်များတွင် ဖော်ပြထားသည်။

ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ် .


ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ်ဖြစ်ကြောင်း ဒေါက်တာအေးမောင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့ ပြောကြား

Tuesday, December 09, 2014

ဗြိတိသျှ တော်ဝင်စုံတွဲ နယူးယော့ခ်မြို့သို့ ရောက်ရှိ



ဗြိတိန်၏ မင်းသား ဝီလျံနှင့် ကြင်ယာတော် ကိတ် တို့သည် အမေရိကန် အရှေ့ဘက် ကမ်းခြေ ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်က နယူးယော့ခ် မြို့သို့ ရောက်ရှိ လာခဲ့ရာ ဒေသခံ များက ကြိုဆိုခဲ့ ကြကြောင်း သိရသည်။ ကမ်းဘရစ်ဂ်ျ၏ တော်ဝင် မင်းသား နှင့် တော်ဝင် မင်းသမီးတို့၏ မော်တော် ယာဉ်တန်းသည် ဒေသစံ တော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ် (ဂရင်းနစ် စံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်) တွင် Upper East Side ရှိ ကာလိုင်ယယ်လ် ဟိုတယ် ဟိုတယ်တွင် တည်းခို ခဲ့ကြသည်။

အမေရိကန်တွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျ



အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ ဆင်ခြေဖုံးရပ်တွင် လေယာဉ်ငယ်တစ်စီး လူနေအိမ်တစ်လုံးပေါ်ပျက်ကျ၍ လူခြောက်ဦး သေဆုံးခဲ့သည်။ မာရီလန်းအရပ်ရှိ နေအိမ်ပေါ်သို့ လေယာဉ်ငယ် ပျက်ကျခြင်းဖြစ်ပြီး ယာဉ်ပေါ် လိုက်ပါသူ သုံးဦး သေဆုံးခဲ့ သည်။ နေအိမ်တွင်းရှိ မိခင်တစ်ဦးနှင့် တစ်လသား အရွယ်နှင့် သုံးနှစ်အရွယ် သားငယ်နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း တာဝန်ရှိ သူများက နောက်ပိုင်းတွင် အတည်ပြုသည်။

ဆီးရီးယား ဒုက္ခသည် ၁၈၀,၀၀၀ ကို အခြား နိုင်ငံများက လက်ခံပေးရန် ကုလသမဂ္ဂ တိုက်တွန်း



ဆီးရီးယားနိုင်ငံရှိ ပဋိပက္ခစစ်ပွဲများ အကြားရှိ ဒုက္ခသည် ၁၈၀, ၀၀၀ ခန့်ကို လက်ခံပေးကြရန် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်း ၃၀ ကျော်က နိုင်ငံများကို ဒီဇင်ဘာ ၈ ရက်က ပန်ကြားလိုက်သည်ဟု သိရသည်။ ယင်းဒုက္ခသည် အရေ အတွက်သည် လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ရှိလာမည့် ဒုက္ခသည် အရေအတွက်၏ ငါးရာခိုင်နှုန်းခန့် ဖြစ်မည်ဟု ဒုက္ခသည်များဆိုင်ရာကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်သည်။ 

ဘလော့ဂါနှင့် နိုင်ငံရေးသမား တို့၏ နိုင်ငံကူး လက်မှတ်များကို မလေးအစိုးရ ပယ်ဖျက်


ဘလော့ဂါ အယ်လ်ဗင်တန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အလီအာဘတ်ဂျလီတို့၏ နိုင်ငံကူးလက်မှတ် များကို မလေးရှားလူဝင်မှု ကြီးကြပ် ရေးဌာနက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။လူဝင်မှု ကြီးကြပ်ရေး ဌာန ညွှန်ကြား ရေးမှူးချုပ် မူစတာဖာ အီဗရာဟင်က “တရားစီရင်ရေး စနစ်နဲ့ မလေး အုပ်ချုပ် သူတွေကို ဘယ်သူကမှ စော်ကားတာကို သည်းခံ ခွင့်လွှတ်သွားမှာ မဟုတ်ပါဘူး” ဟု ပြောကြားကြောင်း မလေးရှား အင်ဆိုက်ဒါ သတင်းစာတွင် ဖော်ပြခဲ့သည်။

ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ ဆုံးဖြတ်



ကရင်လက်နက်ကိုင်အချင်းချင်း ပြဿနာများ ထပ်မံဖြစ်ပွားပါက ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းသွားကြရန် ဒီဇင်ဘာ ၅ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ နန်းရွှေမှုံရွာ၌ ပြုလုပ်ခဲ့သော ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ၏ (၅)ကြိမ် မြောက်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်အနှိပ်ခန်း ၄၃ မှု အရေးယူ

  
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်လုပ်ကိုင်နေတဲ့ အနှိပ်ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးခဲ့ရာမှာ ၄၃ မှုအထိ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ နယ်စပ်​ရေးရာနှင့်လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောပါတယ်။

ရဲဌာနချုပ်ကို တာလီဘန် အသေခံဗုံးခွဲမှုကြောင့် လူ ၅ ဦးသေဆုံး


အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာခရိုင်မှာ တာလီဘန် တို်က်ခိုက်ရေး သမားတွေ ကျောထောက် နောက်ခံ ပေးထားတဲ့ အသေခံဗုံးခွဲသူတယောက်က ရဲဌာနချုပ်ကို ဒီဇင်ဘာ ၈ ရက်နေ့က တိုက်ခိုက်ခဲ့လို့ 
လူ ၅ ယောက် သေဆုံး ပါတယ်။

၁၂ ပွင့်ဆိုင်ဆွေးနွေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အရေးကြီးအဆိုတင်


ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုအစား ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်း တိုက်တွန်း လိုက်ပါတယ်။

ဆီအုန်းစီမံကိန်းကြောင့် နစ်နာမှုများကို KNU နှင့် တိုင်းအစိုးရထံ ဒေသခံများ လက်မှတ်ထိုးတောင်းဆိုမည်



တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဆီအုန်း စိုက်ပျိုးရေးစီမံကိန်း ကြောင့် သိမ်းဆည်းခံထားရသော ဒေသခံများ၏ ဥယျာဉ်၊ ခြံမြေများ၏ နစ်နာမှုများ အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် တိုင်းဒေသကြီးအစိုးရထံ ဒေသခံများက လက်မှတ်ရေး ထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဋ္ဌမအကြိမ်မြောက် KNU တပ်မဟာ(၆) စစ်ဘက်ဆိုင်ရာ မွမ်းမံသင်တန်းပြီးဆုံး



ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၂၀၁)က ကြီးမှူး၍ အောက်တိုဘာလ ၃ရက်မှ ဒီဇင်ဘာ ၈ရက်နေ့အထိ ပြုလုပ်ပေးခဲ့သည့် အဋ္ဌမအကြိမ်မြောက် စစ်ဘက်ဆိုင်ရာ မွမ်းမံသင်တန်းကို ၎င်းတို့ဌာနချုပ်ရှိရာ မြ၀တီမြို့နယ်ရှိ ဝေါ်လေခီး စခန်းတွင် ယနေ့ သင်တန်းဆင်းပွဲ ကျင်းပပြီးစီး ခဲ့သည်။

My Blog List