Thursday, November 27, 2014

မြန်မာနိုင်ငံတွင် လေးနှစ်အတွင်း အင်တာနက်အသုံးပြုသူ အဆ ၉၀ ကျော်တိုးလာ



မြန်မာနိုင်ငံတွင် ၂၀၁၀ - ၂၀၁၁ ခုနှစ်က အင်တာနက် အသုံးပြုသူအရေ အတွက် သုံးသောင်းကျော်သာရှိရမှ လေးနှစ် အတွင်း ၂၀၁၄ ခုနှစ်တွင် အင်တာနက် အသုံးပြုသူသုံးသန်းခွဲကျော် (မြန်မာနိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်း ဝန်းကျင်) အထိ ရှိလာသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

လိုင်ဇာတွင် ကျဆုံးခဲ့သည့် တိုင်းရင်းသား ဗိုလ်လောင်းများအတွက် ဆုတောင်းပွဲ ကျင်းပ



ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာ စစ်သင်တန်းကျောင်း၌ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရ သည့် တိုင်းရင်းသား ဗိုလ်လောင်းများအတွက် အောက်မေ့ သတိရခြင်း ဆုတောင်းပွဲကို စမ်းချောင်းမြို့နယ်ရှိ ရန်ကုန် ကချင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် နိုဝင်ဘာ ၂၆ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

Wednesday, November 26, 2014

ဦးမြငါးစင်ကူးတို့ဆိပ်ကို မောင်းလေးချောင်းတွင် သီးသန့်တည်ဆောက်ပေးမည်ဟု ဆို


ဦးမြငါးစင် ကူးတို့ဆိပ်ကမ်းမှ ရွှေ့ပြောင်းရမည့် သမ္ဗန်များဆိုက်ကပ်ရန် ဂိတ်အသစ် တစ်ခုနှင့်ရေဆင်း တံတားကို မောင်း လေးချောင်းကူးတို့ဆိပ်တွင် သီးသန့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အနောက် ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဝင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှု ၀ မိုင်းလား နှင့် SSPP တို့ ကန့်ကွက်


တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရသည့် ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချုပ် ဗိုလ်လောင်း သင်တန်းကျောင်း လက်နက်ကြီး ပစ်ခတ်ခံရမှုသည် တည်ဆောက်နေသည့် ငြိမ်းချမ်ရေးအား ထိခိုက် ပျက် ပြား စေနိုင် သောကြောင့် UWSA ဝ တပ်ဖွဲ့ပါဝင်သည့် သျှမ်းပြည်တွင်း အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့ သုံးဖွဲ့က စုပေါင်း ကန့်ကွက် လိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အီးယူလွှတ်တော်တွင် မိန့်ခွန်းပြောကြား



ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ပြင်သစ်နိုင်ငံ စတက်ဘူးဂ် Strasbourg မြို့မှာ ရှိတဲ့ ဥရောပ လွှတ်တော်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရောက်သွားပြီး မိန့်ခွန်းပြောပါတယ်။

အီရန်နျူကလီးယားဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ သတ်မှတ်ရက်ကုန်ဆုံး ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကို ထပ်မံသတ်မှတ်


၁၂ နှစ်ကြာသောင်မတင်ရေ မကျ ဖြစ်နေခဲ့သည့် အီရန်နျူကလီးယားပြဿနာ အားသမိုင်းဝင်သဘော တူညီ ချက်တစ်ရပ်ရရှိရန် အီရန်နှင့် ကမ္ဘာ့အင် အားကြီးနိုင်ငံတို့သည် ခုနစ် လကြာ ကြိုးစားဆွေးနွေးမှုများ ပြု လုပ် ခဲ့ကြသည်။ တနင်္လာနေ့ နိုဝင် ဘာ ၂၄ ရက်က သတ်မှတ် ချိန်ကုန် ဆုံးသွားသော်လည်း မည်သည့်သ ဘောတူညီချက်ကိုမှမရရှိခဲ့ကြပေ။

၆ ပွင့်ဆိုင်ဆွေးနွေးရေးအပေါ် သဘောထားအမြင်များ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတ ဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက် ပါတယ်။

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု တိုင်းဒေသကြီး ၁၁ခုတွင် ပြုလုပ်မည်



အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး ဆယ့်ခြောက် ရက်တာ လှုပ်ရှားမှုကို တိုင်းဒေသ ကြီး ၁၁ ခုတွင် အမျိုးသမီးအဖွဲ့ အစည်းများက ကျင်းပပြုလုပ်မည်ဟု သတင်းရရှိသည်။ အိမ်တွင်း ငြိမ်းချမ်းရေးမှ သည် ငြိမ်းချမ်း သော ကမ္ဘာဆီသို့၊အမျိုးသမီးများ အပေါ် အကြမ်း ဖက်မှုပပျောက်ရန် အမျိုးသားများပါဝင်လာနိုင်ရေးအတွက် အမျိုးသမီးအဖွဲ့ အစည်း ၂၂ ခုက နိုဝင်ဘာ ၂၅ ရက်မှဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

လူသတ်မှုဖြင့် ဖမ်းခံရသည့် မြန်မာနှစ်ဦး ထွက်ပြေးပါက မိမိအဖမ်းခံမည်ဟု ပြောကာ ဦးခင်အောင်မြင့် အာမခံခဲ့ဟုဆို



ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ်ပေးပြီး မြန်မာသံရုံး၏ ကွပ်ကဲမှုဖြင့် ထားရှိဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက ထိုင်းသံရုံးရောက်မှ ထွက်ပြေးလွတ်မြောက်သွားမည် ဆိုပါက မိမိကိုယ်တိုင် လာရောက်အဖမ်းခံ မည်ဟု အာမခံခဲ့ကြောင်း ဦးခင်အောင်မြင့်က နိုဝင်ဘာ ၂၆ရက်က မီဒီယာ အချို့ကို ပြောသည်။ 

ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီများ လက်မခံ


လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါက အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ နည်းသွားနိုင်ခြင်းတို့ကြောင့် ယင်းစနစ်ကို လက်မခံနိုင်ဟု တိုင်းရင်းသား ပါတီ ခေါင်းဆောင်အချို့က ပြောသည်။

မနောပွဲ ကျင်းပမည့်အစီအစဉ် ဒေသခံ ဦးရေတစ်သောင်းခန့် လက်မှတ်ထိုးကန့်ကွက်


မနောပွဲတော်ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းအပေါ်ကန့်ကွက်ကြောင်း ပေးပို့စာတစ်စောင်ကို ကချင် တိုင်းရင်းသားလူငယ် တစ်သောင်းခန့်က လက်မှတ်ရေးထိုး၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လူပျိုကြီးအတွက် ကြင်ဖော်ရှာကြော်ငြာ သတင်းစာတွင်ပါပြီး တစ်ရက်အတွင်း အမျိုးသမီး ၃ဝ ကျော်က လက်ထပ်လိုကြောင်း ကမ်းလှမ်း


သားလူပျိုကြီးအတွက် ရှာပေးသည့် ကြင်ဖော်ရှာကြေညာစာကို နေ့ စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွင် ဖော် ပြအပြီး တစ်ရက်တည်းနှင့် အမျိုးသမီးငယ် ၃ဝကျော်လျှောက်ထားလာကြောင်းဖခင်ဖြစ်သူ ဦးစိန်မြင့်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆန္ဒဖော်ထုတ်ပွဲ




လစာနှင့်ချီးမြှင့်ငွေ မတိုးလျှင် အရည်အချင်းမရှိသည့် အမတ်များ ပေါ်ပေါက်နိုင်သည်ဟု ဆို



လွှတ်တော် ကိုယ်စားလှယ်များ၏ စရိတ်၊ အဆောင်အယောင်နှင့် ချီးမြှင့်ငွေ တို့ကို လက်ရှိခံစားနေရသည်ထက် ပိုမို တိုးမြှင့်ပေးခြင်း မရှိပါက ဒုတိယအကြိမ်လွှတ်တော်တွင် အရည်အချင်းမပြည့်မီသော အမတ်လောင်းများ ကိုယ်စားလှယ် အဖြစ် လွှတ်တော်တွင်း ရောက်ရှိလာနိုင်သည်ဟု ဦးဇုန်လှယ်ထန်းက ဆိုသည်။

မြန်မာပြည်ဖွံ့ဖြိုးရေး အီးယူက ယူရိုသန်း ၂၅၀ နှစ်စဉ် ကူညီပေးမည်



ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီငွေ ယူရို သန်း ၂၅၀ နှစ်စဉ် ထောက်ပံ့ ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီးရိုလန်ကိုဘီယာရဲ့ပြောကြားချက်ကို ကိုးကားပြီး တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြ ပါတယ်။

အာတိတ်စစ်ဌာနချုပ်အသစ် ဖွဲ့စည်းလိုက်ကြောင်း ရုရှားကြေညာ


ရုရှားသမ္မတ ဗလာဒီမာပူတင်က မဟာဗျူဟာမြောက် စစ်ဌာနချုပ် အသစ် တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း၊ အာတိတ်ဒေသစစ်ဆင်ရေးအားလုံး နှင့်အသစ်ဖြစ်ထွန်းမှုများကိုလည်း ခြုံငုံမိနိုင်ကြောင်း၊ ဤစစ်ဌာနချုပ် သည် ဒီဇင်ဘာ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင် နန်းတော်၏ ကြေညာချက်၌ဖော်ပြခဲ့သည်ကို ဆင်ဟွာကရေးသားလိုက်သည်။

လွှတ်တော် ကိုယ်စားလှယ်များအား ချီးမြှင့်ငွေ ၁၀ သိန်းမှ ၁၆ သိန်း အထိရှိ တိုးမြင့်မည်ဖြစ်၍ အခွန်ဆောင်ရမည်ဟု ဆို


လာမည့်ဧပြီလမှ စတင်ပြီး ချီးမြှင့်ငွေနှင့် နေ့တွက်စရိတ်များ ၁၀ သိန်းမှ ၁၆ သိန်း အထိ တိုးမြင့်ရရှိမည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အခွန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များကို လစာငွေ များ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြု လိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အီးယူမှ မြန်မာနိုင်ငံအား ဒေါ်လာ သန်းတစ်ထောင် ထောက်ပံ့မည်ဟု သိရ


ဥရောပသမဂ္ဂက မြန်မာနိုင်ငံအား ၃ နှစ် သက်တမ်းရှိ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ၂၀၁၄ မှ ၂၀၁၆ အထိ နှစ်စဉ် ယူရိုသန်း ၂၅၀ (ဒေါ်လာ ၃၃၂ . ၅ သန်း ) ထောက်ပံ့သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်အား ကိုကား၍ အစိုးရသတင်းရင်းမြစ်များက အင်္ဂါနေ့ တွင် ပြောကြား ခဲ့သည်။

အသေခံဗုံးဖောက်တဲ့ အမျိုးသမီးတွေကြောင့် လူ ၄၅ ဦးကျော်သေဆုံး


နိုင်ဂျီးရီးယားနိုင်ငံမှာ ​အသေခံ ​ဗုံးဖောက်ခွဲရေး ​အမျိုးသမီးနှစ်ဦးက ​ဈေးမှာ ​ဗုံးဖောက်ခွဲခဲ့တာကြောင့် ​အနည်းဆုံး ​လူ ​၄၅ ​ယောက်လောက် ​သေဆုံးခဲ့ရ ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံ ​မြောက်ပိုင်း ​Maiduguri ​မြို့ ​ဈေးမှာ ​ဆယ်ကျော်သက်အရွယ် ​အမျိုးသမီးနှစ်ယောက်က ​အသေခံ ​ဗုံးဖောက်ခွဲခဲ့တာလို့ ​မျက်မြင်သက်သေ တွေက ​ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ခိုတောင်ကျွန်းကိစ္စမှ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ် ထုချေခွင့်ပေးရန် ပြောကြား


ခိုတောင်ကျွန်းလူသတ်မှုကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသားနှစ်ဦးအား အချုပ်လွှတ်ထုချေခွင့်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာနှင့်တွေ့ ဆုံစဉ် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ခြောက်ပွင့်ဆိုင် ဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု


လက်ရှိဖြစ်ပေါ်နေသော နိုင်ငံ့အရေးများကို တွေ့ဆုံဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ် စားလှယ် တစ်ဦးတို့ ပါဝင်မည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ကို စောလျင်စွာတွေ့ဆုံရန် အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။

ဟောင်ကောင် ဆန္ဒပြနေရာ အချို့အား အာဏာပိုင်များ ရှင်းလင်းစဉ် လူ ၈၀ ဦးခန့် ဖမ်းဆီးခံရ


ဟောင်ကောင်ဒေသ မောင်ကော့အရပ်ရှိ ဒီမိုကရေစီ တောင်းဆိုသူများ၏ ဆန္ဒပြနေရာများကို  အာဏာပိုင် များက ရှင်းလင်းလျှက်ရှိရာ ဖယ်ရှားပေးရန် ငြင်းဆန်သူ ၈၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ရဲများက ငရုပ်ကောင်းရည် များဖြင့် လူအပ်စုကို ဖြန်းခဲ့ကြောင်း သိရသည်။

အိန္ဒိယ ကက်ရှ်မီးယား ပြည်နယ် ဆန္ဒခံယူပွဲ များတွင် အာဏာရပါတီ ဦးဆောင်နေ


အငြင်းပွားမှုများနှင့် တင်းမာသော အခြေအနေများရှိနေသည့် အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ပြည်နယ်တွင် လူထု ဆန္ဒခံယူပွဲများကို နိုဝင်ဘာ ၂၅ ရက်က လုံခြုံရေး တင်းကျပ်စွာဖြင့် စတင်ကျင်းပခဲ့ရာ ၀န်ကြီးချုပ် နာရင်ဒါ မိုဒီ၏ ဟိန္ဒူ အမျိုးသား ပါတီသည် မူဆလင်ဘာသာဝင် အများဆုံး နေထိုင်သည့် အဆိုပါ ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် အနိုင်ရမည့် အခြေအနေရှိနေသည်ဟု သိရသည်။

အမျိုးသမီးများကို အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု စတင်


အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် အပြည်ပြည် ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း စုစုပေါင်း ၂၂ ခုတို့ ပူးပေါင်း ပြုလုပ်မည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်က စတင် လိုက်ပြီဖြစ်သည်။

မြန်မာသံတော်ဆင့် ဂျာနယ် ကျပ်သိန်း ၁၁၀ ဖြင့် အာမခံရ



နိုင်ငံတော် သမ္မတ အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် သံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာများ အပါအဝင် ၁၁ ဦးကို ကျပ် သိန်း ၁၁၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးက အာမခံပေးလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်


ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မဇ္ဈိမကို ပြောသည်။

My Blog List