Thursday, November 13, 2014

အမေရိကန်စစ်သင်္ဘောနှင့် ရေတပ်သင်္ဘောများ ရခိုင်ကမ်းရိုးတန်းတွင် ပူးပေါင်းကင်းလှည့်



အမေရိကန်သမ္မ တအိုဘားမားတက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေး အတွက် အမေရိကန်ရေတပ်စစ် သင်္ဘောနှင့် တပ်မတော်(ရေ) ဖရီးဂိတ် စစ်ရေယာဉ်တို့ ပူး ပေါင်း၍ ရခိုင်ကမ်းရိုးတန်းတွင် ကင်းလှည့် သွားလာနေပြီ


ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။

အာဆီယံ အသိုက်အဝန်း ပြန်လည်သုံးသပ်ရန် ထိပ်သီးအစည်းအဝေး အတည်ပြု


၂၅ ကြိမ်မြောက်၊ အာဆီယံထိပ်သီး အစည်းအဝေးကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၁ တွင် နိုဝင်ဘာ ၁၂ ရက်ကကျင်းပ ခဲ့ပြီး ၂၀၁၅ အလွန် အာဆီယံအသိုက်အဝန်း ထူထောင်
ရေးမျှော်မှန်းချက်ဆိုင်ရာ နေပြည်တော်ကြေညာချက်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး အားဖြည့် ခိုင်မာစေ ရေးနှင့် အာဆီယံအဖွဲ့အစည်းများ ပြန်လည် သုံးသပ်ရေး ကြေညာချက်တို့ကို အတည်ပြုခဲ့သည်။

အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ်ရောက်


အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂ နှစ်အတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိလာခဲ့သည်။

အိုင်အက်စ်၊ အီဘိုလာ၊ အာဆီယံအသိုက်အဝန်း စိုးမိုးနေသော အာဆီယံထိပ်သီးအစည်းအဝေး



အိုင်အက်စ် အစွန်းရောက် အကြမ်းဖက်မှုများ၊ အီဘိုလာရောဂါ တိုက်ဖျက် ရေးနှင့် အာဆီယံအသိုက်အဝန်း ထူထောင် ရေးတို့ကို နေပြည်တော်တွင် ပြုလုပ်နေသော (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များက အဓိကထား၍ ဆွေး နွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာခေါင်းဆောင်များလာရောက်တွေ့ဆုံ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများသို့တက်ရောက်ရန် နေပြည်တော်သို့ရောက် ရှိနေသည့် နိုင်ငံတကာခေါင်းဆောင်များက လာရောက်တွေ့ဆုံဆွေးနွေးနေ ကြောင်း သတင်းရရှိသည်။

ကိုပါကြီး သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် ဆက်လက် စစ်ဆေးမည်


အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီး ထပ်မံစစ်ဆေးရန် လိုအပ်သည့် အတွက် မော်လမြိုင်မြို့သို့ ဒုတိယ အကြိမ် သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က ပြောသည်။

ဝန်ထမ်းလစာတိုးပေးရန် အဆို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု



နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၀န်ထမ်းလစာတိုးပေးဖို့ အရေးကြီး အဆိုတရပ် တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီအရေးကြီးအဆိုဟာ လွှတ်တော်အစည်း အဝေးအစီအစဉ်မှာ မပါရှိဘဲ ရုတ်တရက် တင်သွင်းခဲ့တာဖြစ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

Tuesday, November 11, 2014

ပင်လယ် ထဲမျောပါသည့် ကျားဖောင် ၂၀၀ ဝန်းကျင်ပေါ်မှ ရေလုပ်သားများ ပျောက်ဆုံး


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ပင်လယ်ပြင်တွင် မျောပါခဲ့ ရသည့်  ဖျာပုံခရိုင် ကျေးရွာလေး အုပ်စုမှ ပျောက်ဆုံးနေဆဲ ကျားဖောင် ၂၀၀ ၀န်းကျင်နှင့် အတူ ပျောက်ဆုံး ခဲ့သည့် ရေလုပ်သားများထဲမှ ရေလုပ်သား ၄၅၀ကို မြန်မာ့တပ်မတော်(ရေ)မှ ကယ်ဆယ်ထားပြီးဖြစ်သည် ဟု လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ တိုင်းဦးစီးမှူးဦးကြည်သာက ပြောသည်။

“ဆွေမျိုးကောင်းစားဖို့ မျှော်ကိုးရင်း၊ အိမ်နီးချင်းတွေရဲ့ကောင်းကျိုးချမ်းသာကို မျှော်လင့်တယ်” – မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုလန်


မြန်မာနိုင်ငံကို မကြာမီ ရောက်ရှိလာတော့မယ့် တရုတ်ဝန်ကြီးချုပ် လီကီချန်းရဲ့ တရားဝင်ခရီးစဉ်ဟာ အစိုးရသစ် ပေါ်ပေါက်လာပြီးနောက်မှာ တရုတ်ဝန်ကြီးချုပ်တယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါတယ်။ ဒါဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို မြှင့်တင်ပေးရာမှာ သိသာထင်ရှားတဲ့ အရေးပါမှု ကိစ္စတရပ် ဖြစ်တဲ့အပြင် ကျယ်ပြန့်တဲ့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်ဖြစ်အောင် တွန်းအားပေးနေတာလဲ ဖြစ်တယ်လို့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးအကြို အထူးအင်တာဗျူးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုလန်က ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပိုလန်နိုင်ငံမှာပြုလုပ်မယ့် Miss Supranational ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ဟန်သီ

  
Miss Supranational Myanmar 2014   ဆုရှင် ဟန်သီက ကိုရီးယားနိုင်ငံModel Association KMA အဖွဲ့အစည်းကနေ ကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲကိုတက် ရောက်ပေးရမှာဖြစ်တဲ့အတွက် နိုဝင်ဘာလ ၅ရက်နေ့ က ကိုရီးယား နိုင်ငံကို သွားရောက်ခဲ့ပြီး ၉ ရက်နေ့ထိ ဖက်ရှင်ရှိုးလျှောက် ပေးရမှာဖြစ်ကြောင်း ပြောပြခဲ့ ပါတယ်။ 

Shwe FM ကရတဲ့ ဆုနဲ့ မိုးစက်ဝိုင် ရဲ့ အလှူအစီအစဉ်


မိုးစက်ဝိုင်က Shwe FM  ၅နှစ် ပြည့်ပွဲမှာ ပရိသတ်တွေရဲ့ မဲပေးမှုကြောင့်အကောင်းဆုံးပွဲတက်ဖက်ရှင်ဆု ကို ရရှိခဲ့ပါတယ်။ ဒီပွဲတက်ဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံက ဖန်တီးချုပ် လုပ်ပေးတာဖြစ် ပြီး ပရိသတ်တွေ vote ပေးလို့ရတဲ့ဆုဖြစ်တာကြောင့်တန်ဖိုးလည်းထားကြောင်း မိုး စက်ဝိုင်က ပြောပါတယ်။ 

ရှမ်းတောင်နှင့် ပအိုဝ်း အဖွဲ့ တို့၏ နယ်မြေအငြင်းပွားမှု ပြသာနာ ကြားနေ အဖွဲ့ ဝင်ရောက် ညှိနှိုင်း ပေးရန် နှစ်ဖက်မှ လိုလားနေ



ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား ရှမ်းပြည် တောင်ပိုင်း၌ ဖြစ်ပွား နေသည့် နယ်မြေ အငြင်းပွားမှု ပြသနာ များအား ကြားနေ အဖွဲ့ များ၏ ဝင်ရောက် ညှိနှိုင်း ပေးမှုဖြင့် ဖြေရှင်း ကြရန် နှစ်ဖက် အဖွဲ့ ဆန္ဒ ရှိနေကြောင်း သက်ဆိုင်ရာ အဖွဲ့များမှ တာဝန် ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ ပြောကြား ခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား ထိုင်းအစိုးရမှ အမည်ပျက် စာရင်း သွင်းထား သည်ဟု ထွက်ပေါ် နေသည့် သတင်းမှာ ကောလဟာလ သာဖြစ်


ထိုင်းအစိုးရမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RSS/SSA) အဖွဲ့၏ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်အား အမည်ပျက်စာရင်း သွင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ၊ ၎င်းမှာ ကောလ ဟာလသာ ဖြစ်ကြောင်း RCSS တာဝန်ရှိသူများနှင့် ထိုင်းအာဏာပိုင်များက ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ပြောကြားသည်။

ချေမှုန်းရေး၊ စစ်ဆင်ရေး မှားယွင်းချက်မရှိ၊ ကဏ္ဍသစ်တစ်ခုထဲသို့ ရောက်ရှိဟု အိုဘားမားပြောကြား


အီရတ်နိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်သမားများ အုပ်စုအပေါ် တိုက်ခိုက်ချေမှုန်းရန် အမေရိကန် တပ်ဖွဲ့ဝင် အင်အား ထပ်မံတိုးမြှင့်လိုက်ခြင်းသည် အမေရိကန် ပြည်ထောင်စု၏ IS နှိမ်နင်းရေး မဟာဗျူဟာ မှားယွင်းမှုကို ဖော်ကျူးသည့် သင်္ကေတ မဟုတ်ဘဲ ယင်းစစ်ဆင်ရေးကြီး အခန်းကဏ္ဍသစ် တစ်ခုထဲသို့ ရောက်ရှိလာသည့် သဘောသာ ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

စပိန်နိုင်ငံ ကာတာလိုနီးယားပြည်နယ် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ခွဲထွက် ရာခိုင်နှုန်းများ


စပိန်နိုင်ငံ ကာတာလိုနီးယား (Catalonia) ပြည်နယ် ခွဲထွက်ရေး ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က လူထုစစ် တမ်းကောက်ခံကြည့်ရာမှာ မဲ ၉၀ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာတော့ မဲပေးသူ  ၈၀ ရာခိုင်နှုန်းက စပိန်နိုင်ငံက ခွဲထွက်ဖို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။

နေပြည်တော်လာရောက်မည့် ကမ္ဘာ့ခေါင်းဆောင်စာရင်း


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ တာဝန်ယူပြီး နောက်ဆုံး ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘာ့ ခေါင်းဆောင် ၂၀ ကျော် နေပြည်တော်ကို မကြာမီ ရောက်ရှိလာဖို့ ရှိနေပါတယ်။

ဦးအောင်သောင်းကို ဒဏ်ခတ်ပိတ်ဆို့မှု NLD ဘာကြောင့် ကန့်ကွက်သလဲ


ကြံခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် နိုင်ငံက ပစ်မှတ်ထား အရေးယူ တာနဲ့ ပတ်သက်ပြီး လွှတ်တော်က ကန့်ကွက်လိုက်ပါတယ်။ လွှတ်တော်ထဲ ကန့်ကွက်ကြတဲ့ထဲမှာ NLD အမတ်တွေလည်း ပါပါတယ်။ NLD အမတ်တွေက ဦးအောင်သောင်းဘက်ကနေ နာကြသလား လို့ မေးခွန်း ထုတ်နေကြပါပြီ။

အိန္ဒိယဝန်ကြီးချုပ်က ဝန်ကြီးအသစ် ၂၁ဦး ခန့်ထား၍ အစိုးရအဖွဲ့ကို တိုးချဲ့


အိန္ဒိယဝန်ကြီးချုပ် နာရန္ဒရာမိုဒီသည် ရွေးကောက်ပွဲတွင် ၎င်း၏ BJP ပါတီ အနိုင်ရရှိပြီးနောက် ငါးလခန့်တွင် ဝန်ကြီးအမြောက်အမြားကို ပြောင်းလဲတာဝန်ပေးအပ်ပြီး ၎င်း၏ဝန်ကြီးအဖွဲ့ကို တိုးချဲ့ခဲ့ကြောင်း သိရသည်။
ဝန်ကြီးသစ် ၂၁ဦးသည် ဒေလီ မြို့ရှိ သမ္မတနန်းတော်တွင် ယမန်နေ့က ကျမ်းသစ္စာဆိုခဲ့ကြသည်။ 

၅၆ ပါတီ၏ နိုင်ငံရေးမူဘောင်နှင့် ရေးဆွဲနေဆဲ မူဘောင်များ ညှိနှိုင်းရန် ပါတီအားလုံး တွေ့ဆုံမည်


မူကြမ်းအဆင့် ရေးဆွဲပြီးစီးပြီ ဖြစ်သော နိုင်ငံရေးပါတီ ၅၆ ပါတီ၏ နိုင်ငံရေး မူဘောင်ကို အခြားသီးခြား မူဘောင်များ ရေးဆွဲနေသော နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းရန် ယခုလအတွင်း နိုင်ငံရေးပါတီများ အားလုံး တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံရေးမူဘောင် ရေးဆွဲရေးလုပ်ငန်း အဖွဲ့ဝင် ဦးနေမင်းကျော်က ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေးကိစ္စ အမေရိကန်သမ္မတကို SNLD ဥက္ကဌ ပြောပြမည်


အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး အတွက် မြန်မာအစိုးရအား ဖိအားပေးရန်ပြောဆို တိုက်တွန်းသွားမည်ဟု SNLD ဥက္ကဌ ခွန်ထွန်းဦး က ပြောသည်။

နိုင်ငံတကာရုပ်သေးပွဲတော်တွင် ထွေးဦးမြန်မာရုပ်သေးအဖွဲ့ အကောင်းဆုံး လှုပ်ရှားသက်ဝင်မှု နည်းပညာဆု ရရှိ



ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ ကျင်းပတဲ့ ဟာမိုနီဝေါလ် နိုင်ငံတကာ ရုပ်သေးပွဲတော်မှာ မြန်မာနိုင်ငံက ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က အကောင်းဆုံး လှုပ်ရှားသက်ဝင်မှု နည်းပညာ ဆုကို ရသွားပါတယ်။

အကြမ်းဖက်သံသယဖြင့် ဖမ်းထားသူ မြန်မာနိုင်ငံသား ၂၀ ဦးကို ရုံးထုတ်



နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်ကြောင်း သံသယ ရှိမှုဖြင့် ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား ၂၀ ဦးကို တောင်ကြီးခရိုင် တရား ရုံးတွင် နိုဝင်ဘာ ၁၀ ရက်က ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။ ထိုစဉ်အတွင်း တရားရုံး အနီးဝန်းကျင်တွင် လုံခြုံရေး အစောင့်အရှောက် တင်းကျပ်စွာချထားပြီး ဝင်ထွက်ခွင့်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တားမြစ်ထားသည်။ စစ်ဆေးမှုကို မွန်းလွဲ တစ်နာရီမှ စတင်ခဲ့ပြီး ညနေ သုံးနာရီခွဲတွင် ပြီးဆုံးသည်ဟု စစ်ဆေးခံရသူများဖက်မှ လိုက်ပါဆောင်ရွက်ပေး နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။

ကာကွယ်ရေးဘတ်ဂျက် တိုးတောင်းမှု မမျှော်လင့်သော ဝယ်ယူမှုများကြောင့်ဟု ကာကွယ်ရေးဝန်ကြီးရှင်းလင်း



ကာကွယ်ရေးဝန်ကြီး ဌာနသည် မူလတင်ပြ တောင်းခံထားသော ဘတ်ဂျက်ငွေ များအပြင် စစ်ရေးလေ့ကျင့်မှုနှင့် လျှပ်စစ် ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် အခြားသောပစ္စည်းများ ဝယ်ယူရခြင်းတို့ကြောင့် ထပ်တိုးငွေ တောင်းခံ ရခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြည်ထောင်စု လွှတ်တော်တွင် ရှင်း သည်။

အာရှနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အိုဘားမား ကတိပြု



အမေရိကန်ပြည်ထောင်စုဟာ အာရှဒေသနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်လို့ အမေရိကန်သမ္မတ Barack Obama က APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံမှာ စီးပွားရေးခေါင်းဆောင်တွေကို ပြောသွားပါတယ်။

မြန်မာနဲ့ လူ့အခွင့်အရေး ဦးစားပေးဆွေးနွေးဖို့ အိုဘားမားကို PHR အဖွဲ့တိုက်တွန်း



သမ္မတအိုဘားမားအနေနဲ့ လာမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာ လူနည်းစု ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်မှုအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ရေး တိုက်တွန်းပြောဆိုဖို့ နယူးရောက်အခြေစိုက် PHR ခေါ် လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များ အဖွဲ့က တောင်းဆို လိုက်ပါတယ်။

My Blog List