Thursday, July 17, 2014

အမေရိကခရီးစဉ်အပြန်မှာ ပုဒ်မ ၄၃၆ပြင်ဆင်ရေး ကိုယ်တိုင်လက်မှတ် ထိုးခဲ့တဲ့ ထွန်းအိန္ဒြာဗို


ပြည်ပဖျော်ဖြေရေးခရီး သွားနေသဖြင့် ပုဒ်မ ၄၃၆ပြင်ဆင် ရေးလက်မှတ်ထိုးခြင်းကို အဝေးရောက်အနေဖြင့် ပါဝင်နိုင်သော်လည်း ကိုယ်တိုင်လက်မှတ်ရေးထိုးချင်၍ ဇူလိုင် ၁၅ရက်မှသာ လက်မှတ်ထိုးဖြစ်ခဲ့သည်ဟု ထွန်းအိန္ဒြာဗိုကပြောသည်။

မပီပြင်တဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမေရိကန် – မြန်မာ ဆက်ဆံရေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ့် သြဂုတ် လမှာ လာရောက်ဖို့ ရှိပါ တယ်။သမ္မတ မစ္စတာအိုဘားမားကလည်း နိုဝင်ဘာလ နေပြည်တော်မှာကျင်းပမယ့် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ရှိနေပါတယ်။

ထိုင်း ဘုရင့်ထီ အမြင့်ဆုံး ဆုမဲနဲ့ ကံထူးသူ



ဇူလိုင်လ ၁၆ ရက်နေ့ကထွက်ရှိတဲ့ ထိုင်း ဘုရင့်ထီပေါက်မဲအရ ထိုင်းဘတ် ၂ သန်းဆုမဲဂဏန်း ၄၆၈၇၂၈ နဲ့ ကံထူးသူတဦးကတော့ ထိုင်းဘတ်ငွေ ၈ သန်း( ကျပ် သိန်းပေါင်း ၂၄ဝဝ ကျော် ခန့်) ရသွားပါတယ်။ ကံထူး သူက Mr.Somnuk က အဲဒီ နံပတ်ကို ၂ လုံး ဂဏန်း ၂၉၊ ၃ဝ နဲ့ ၅၇၊ ၅၈ ဆိုတဲ့ ၂ စောင်တွဲ ၄ စောင် ကံစမ်းခဲ့တာကြောင့် ဆုမဲ ဘတ် ၂ သန်း တန် ၄ စောင်စာအတွက်  ထိုင်းဘတ်ငွေ စုစုပေါင်း ၈ သန်း ရသွားခြင်း ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ပုံတူ သီးသန့်ပြမည့် ပန်းချီပြပွဲ ကျင်းပမည်


ပန်းချီဆရာမာန်ဇာဟိန်း၏ ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီအာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ပန်းချီဆရာ သုံးဆယ်ကျော် ပါဝင်ရေးဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီကားများကိုသာ သီးသန့်ပြသမည့် Bogyoke is our Fatherပန်းချီပြပွဲကို အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ လကုန်အထိ ပြသသွား မည်ဖြစ်သည်။

အာဇာနည်နေ့တွင် ဥသြဆွဲပြီး ငြိမ်သက်စွာအလေးပြုရန် ကျောင်းသား သမဂ္ဂများနှင့် အခြားလူမှုအဖွဲ့အစည်းများ ရန်ကုန်မြို့အနှံ့ စတစ်ကာများ လိုက်လံဖြန့်ဝေ



ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် ၆၇ နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ နေရာအနှံ့အပါအဝင် နယ်မြို့များတွင် ဥဩဆွဲပြီး ငြိမ်သက်စွာ အလေးပြုရန် ကျောင်းသားသမဂ္ဂများနှင့် အခြားလူမှုအဖွဲ့အစည်းများ ဇူလိုင် ၁၆ ရက်ကစ၍ ရန်ကုန်မြို့အနှံ့ စတစ်ကာများ စတင်ဖြန့်ဝေ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

ဂျပန်ရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခု တစ်ကျော့ပြန် လည်ပတ်ရန် ကနဦး ခွင့်ပြုချက်ရရှိ


တစ်နိုင်ငံလုံးရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို ပိတ်ပင်ထားရာမှ (၂)ခုကို ပြန်လည်ဖွင့်လှစ်ရန် ဂျပန် နျူကလီးယားစွမ်းအင်ဆိုင်ရာ စိစစ်ရေး တာဝန်ရှိသူများက ကနဦး ခွင့်ပြုပေးလိုက်သည်။ (၂၀၁၁)ခုနှစ်က ငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ၏ ဒဏ်ကြောင့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံမှ ဓာတ်ပေါင်းဖိုများတွင် ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ 

ဖိလစ်ပိုင်တွင် Rammasun မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး အနည်းဆုံး(၁၀)ဦးသေဆုံး


ဖိလစ်ပိုင် နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း Rammasun ဝင်ရောက်တိုက်ခတ်ရာ အနည်းဆုံး လူ(၁၀)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်(၁၆)ရက်နေ့တွင် မနီလာမြို့တော် တောင်ပိုင်းကို ဖြတ်ကျော်ခဲ့သည့် မုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ကြုံဖူးသမျှ အင်အားအပြင်းဆုံး တိုင်ဖွန်းလည်း ဖြစ်လာသည်။ လူဇုန်ကျွန်းကို မုန်တိုင်း ဖြတ်သန်းသွားစဉ် အတောအတွင်း သစ်ပင်များ ပြိုလဲကာ ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။ မနီလာတွင်လည်း ကျောင်းများ၊ ဆိုင်များကို ပိတ်ထားရသည်။

သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲ၊ မြို့နယ်တရားရုံး လက်မခံ၍ ခရိုင်၊ တိုင်းသို့ ဆက်တက်မည်



မဟာသန္တိသုခကျောင်း တိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရ သော သံဃာတော်ငါးပါးက မဟာသံဃနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုရာ ဗဟန်းမြို့ နယ်တရားရုံးက ပယ်ချလိုက် သော်လည်း ခရိုင်၊ တိုင်းအဆင့်ဆင့်ထိ အမှုဖွင့် တိုင်ကြားသွားမည်ဖြစ်ကြောင်း အင်္ဂလန်ဆရာ တော် ဦးဥတ္တရက မိန့်ကြားသည်။

ယူနတီဂျာနယ်သတင်းထောက်များကို နိုင်/ကျဉ်းစာရင်းသွင်းပြီး အမြန်ဆုံးလွှတ်ပေးရန် AAPP တောင်းဆို


ယူနတီဂျာနယ်သတင်း ထောက်များကို နိုင်ငံရေးအကျဉ်း သားအဖြစ် အမည်စာရင်းသွင်းပြီး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန် အစိုးရထံ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေး အသင်းကတောင်းဆို လိုက်သည်။

Wednesday, July 16, 2014

မဟနကို တရားစွဲဆိုမှု ပယ်ချခံရ


မဟာသန္တိသုခကျောင်းကိစ္စနှင့်ပတ်သက်ပြီး တရားစွဲခံထားရသော လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် သံဃာ ၅ ပါးတို့က မိမိတို့၏နစ်နာမှုများအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)ကို ဗဟန်းတရား ရုံးတွင် ပြန်လည်တရားစွဲဆိုရာ တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရသည်။

ထိုင်း-မြန်မာဒုက္ခသည်များ တစ်နှစ်အတွင်း နေရပ်ပြန်ပို့ရန် စီစဉ်နေမှုအပေါ် အဆင်သင့်မဖြစ်သေး၍ ဒုက္ခသည်များစိုးရိမ်


ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော မြန်မာဒုက္ခသည် ၁၃ဝ,ဝဝဝ ကျော်ကို တစ်နှစ်အတွင်း နေရပ်ပြန်ပို့ရန် ထိုင်းအစိုးရက စီစဉ်နေသည့်အပေါ် ပြည်တွင်း၌ လုံခြုံမှု မရှိသေးသဖြင့် ဒုက္ခသည်များက စိုးရိမ်နေသည်ဟု ဒုက္ခသည်များနှင့် ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။

သိမ်းဆည်းလက်နက် ၃ သောင်းခွဲခန့် ထိုင်းစစ်တပ်ဖျက်ဆီး


ထိုင်းအာဏာပိုင်တွေဟာ သိမ်းယူရရှိထားတဲ့ သောင်းနဲ့ချီတဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ က ဖျက်ဆီးခဲ့ပါတယ်။ ဘန်ကောက်မြို့စွန် စမွတ်ပရာကန်ခရိုင်မှာ ဖျက်ဆီးမယ့် သေနတ်အလက်ပေါင်း ၃ သောင်း ၄ ထောင်ကျော်ကို ခင်းကျင်းပြသခဲ့တာပါ။

ချင်းအမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကို တရားစွဲမှု ရုပ်သိမ်းရန် တောင်းဆို


အမျိုးသမီးများအကြမ်းဖက်ခံရမှုရပ်တန့်ရေး ဆန္ဒပြခဲ့တဲ့ ချင်းအမျိုးသမီး ခေါင်းဆောင်တွေကိုအာဏာပိုင်တွေ က တရားစွဲထားမှုကို ခြွင်းချက်မရှိ ရုပ်သိမ်းပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရေဇွာမှာ ဒေသခံအမျိုး သမီးတဦးကို အစိုးရတပ်သားတဦးက မတရားကျင့်ဖို့ ကြိုးစားမှုတခုဖြစ်ပွားခဲ့ပါတယ်။ 

အာဇာနည်နေ့ ဥသြဆွဲသံ ၁ မိနစ် လွှင့်ပေးရန် အဖွဲ့ ၃၀ ကျော် တောင်းဆို


ဇူလိုင် ၁၉ ရက်နေ့ ကျရောက်မယ့် အာဇာနည်နေ့မှာ အောက်မေ့ဖွယ်ဥသြဆွဲသံ ၁ မိနစ် လွှင့်ပေးဖို့ အဖွဲ့ ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန်ဖြစ်တဲ့ ဇူလိုင် ၁၉ ရက် နံနက် ၁ဝး၃၇ မိနစ်မှာ နိုင်ငံပိုင် အသံလွှင့် မီဒီယာတွေ ပုဂ္ဂလိကပိုင် အသံလွှင့် မီဒီယာတွေကနေ အောက်မေ့ဖွယ် ဥသြဆွဲသံကို ၁ မိနစ်ကြာ ထုတ်လွှင့်ပေး ဖို့အတွက် ပြည်တွင်းလူငယ်အဖွဲ့အစည်းနဲ့ တိုင်းရင်းသားအဖွဲ့ ၃၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အာဇာနည်သို့ ဦးညွှတ်သူများလို့ အမည်ရတဲ့ အဖွဲ့တခုက ဒီကနေ့ တောင်းဆိုလိုက်တာပါ။

ဇွန်လကုန်ကစပြီး နိုင်ငံရေးအကျဉ်းသား ၆၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံရ



၂၀၁၄ ခုနှစ်၊ ဇွန်လအကုန်က အစပြုပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၆၅ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၂ ဦးဟာ နိုင်ငံရေးလှုပ် ရှားမှုတွေကြာင့် တရားရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

သမ္မတကို ဆန္ဒပြသည့် သတင်းထောက်များ ပြန်တောင်းပန်ပါက ကျေအေးပေးမည်ဆိုသည်မှာ မဟုတ်ဟု ဦးရဲထွဋ်ပြော


သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြခဲ့သော သတင်းထောက်များ သမ္မတအား တောင်းပန်ပါက   အမှုဖွင့် ထားခြင်းကို ကျေအေးပေးရန်ရှိကြောင်း ပြောဆိုခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ   ဦးရဲထွဋ်က   ပြောသည်။

တက္ကသိုလ်များကို လွတ်လပ်စွာရွေးချယ်တက်ခွင့်ရနိုင်မည့်အချက်များပါသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း အတည်ပြု


အခြေခံပညာမှ အဆင့်မြင့်ပညာရေးသို့ ကူးပြောင်းသင်ယူရာတွင် အမှတ်ဖြင့်တက္ကသိုလ်ရွေးချယ် တက် ရောက်ရသည့် စနစ်အစားတက်ရောက်လိုသည့် တက္ကသိုလ်များကိုလွတ် လပ်စွာရွေးချယ်ခွင့် များရရှိနိုင် သည့်အချက်များ ပါဝင်သော အ မျိုးသားပညာရေးဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက် ပြီဖြစ်သည်။

ထိုင်းဘုရင့်ကောင်စီ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သားအဖြစ် မွေးစားဟု စင်ကာပူ သတင်းစာ ဖော်ပြ


အငြိမ်းစားယူပြီးနောက် သမ္မတ ရာထူးရယူလာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းစစ်ဦးချုပ်ဟောင်း Prem Tinsulanonda က သားအဖြစ်မွေးစားတယ် လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။

သမ္မတကို အသံတိတ်ဆန္ဒပြသည့် သတင်းထောက်များကိုသာ ဓာတ်ပုံမှတ်တမ်းဖြင့် စိစစ်အရေးယူမည်


“မီဒီယာဖိနှိပ်မှုရပ်” စာသားပါ တီရှပ်ဝတ်ဆင်ကာ သတင်းယူခွင့်မပြု၍ ဆန္ဒပြသူများထဲမှ သတင်းထောက် ၅၀ ဦးကို အရေးယူမည်ဟုဆိုခဲ့သော်လည်း အမှုကိုင်အရာရှိ ဒုရဲမှူး မောင်မောင်ဦးကမူ အသံတိတ်ဆန္ဒပြ သူများကိုသာ ဓာတ်ပုံမှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးအရေးယူမည်ဟု  ပြောသည်။

ထရီပိုလီလေဆိပ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ၊ လေယာဉ် ၁၁ စင်း ပျက်စီး


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် လေယာဉ် ၁၁ စင်း ပျက်စီးသွားပြီး အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဇာနည်နေ့အခမ်းအနား သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရဝပြုရန် လူငယ်အဖွဲ့အစည်းအချို့ တောင်းဆို



တိုင်းရင်းသားလူမျိုး ခုနစ်မျိုးမှ လူငယ်များနှင့် လူငယ်အဖွဲ့အစည်း သုံးဆယ်ကျော်ပါဝင်သော ‘အာဇာနည်သို့ ဦးညွတ်သူ များ’ အဖွဲ့က နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် နိုင်ငံတော်အကြီးအကဲများ အနေနှင့် (၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုရန် တောင်းဆိုလိုက်သည်။

တိုက်ပွဲရပ်ရေး လွှတ်တော်က အထူးတိုက်တွန်းဖို့ မလိုလို့ ဦးရွှေမန်းပြော



စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာ၊ စိတ်မကောင်းပေမယ့် တိုက်ပွဲရပ်ဆိုင်းရေးမှာ လွှတ်တော်က အထူးတိုက်တွန်းစရာ မလိုဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောဆိုလိုက်ပါတယ်။

အာဇာနည်နေ့၊ ဝန်ကြီးများရုံးဟောင်းရှေ့မှာ ကဗျာရွတ်ပြီးအလေးပြုမည်



အာဇာနည်တို့သွေးမြေကျရာ အမေ့ခံထားရတဲ့ဝန်ကြီးများရုံးဟောင်းရှေ့မှာ ကဗျာချစ်သူများအသင်း(PLA) က ကဗျာများရွတ်ပြီး ဦးညွှတ်အလေးပြုမည်။ 

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက ဖြုတ်ယူသွားသည့်အလံ တက္ကသိုလ်တာဝန်ရှိသူများပြန်ပေး



ဒဂုံတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုကြောင့် ဒဂုံတက္ကသိုလ် တာဝန်ရှိသူများက ဖြုတ်သိမ်းသွားသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ထားရှိသည့် ခွပ်ဒေါင်းအလံနှင့် ဆိုင်းဘုတ်ကို တက္ကသိုလ် တာဝန်ရှိသူများက ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆရာများသမဂ္ဂမှတစ်ဆင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း အဆိုပါသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက ပြောကြားသည်။ 

စစ်မြေပြင်သုံး ခွေးစက်ရုပ်ကို အမေရိကန်တွင် ပထမဆုံးအကြိမ် ကွင်းဆင်း စမ်းသပ်



အနာဂတ် အမေရိကန် စစ်တပ်များတွင် အသုံးပြုသွားရန် ရည်ရွယ်ထားသည့် ခွေးစက်ရုပ်ကို ပထမဆုံးအကြိမ် လက်တွေ့ ကွင်းဆင်း စမ်းသပ်နေကြောင်း သိရှိရသည်။Legged Squad Support System ခေါ် ခြေလေးချောင်းတပ် စက်ရုပ်ကို Google က တီထွင်ထားခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့များက ကူဂျိုဟု ချစ်စနိုးအမည် ပေးထားသည်။ အဆိုပါ စက်ရုပ်ကို (၅)နှစ်ကြာ အချိန်ယူ သုတေသနပြု ဖန်တီးထားခဲ့ပြီး ယခုအခါ ဟာဝိုင်ယီရှိ ကာဟူကူ စစ်ရေးလေ့ကျင့်မှု ဧရိယာတွင် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်လျက် ရှိသည်။

My Blog List