Thursday, May 22, 2014

တရုတ်လူမျိုး ၂ ဦးကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဟု လက်ပံတောင်း ဒေသခံများပြော


မေလ ၁၈ ရက်နေ့က ဆည်တည်းရွာနဲ့ တုံရွာအကြားယာခင်းထဲကို မြေတိုင်းဖို့ ရောက်ရှိခဲ့တဲ့ ၀မ်ပေါင် ကုမ္မဏီဝန်ထမ်း တရုတ်လူမျိုးတဦးနဲ့ စကားပြန်တဦးကို ပြန်ပေးဆွဲတာမဟုတ်ဘဲ ခေတ္တခေါ်ယူထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်းဒေသ၊ ဆည်တည်းရွာခံတွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းမှာ ဒီနေ့နေလယ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားပါတယ်။

နော်ဝေ-မြန်မာ သံအမတ်ဟောင်းကို တယ်လီနော ဒုဥက္ကဌ ခန့်


မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် တယ်လီနော(Telenor)ကုမ္ပဏီ ၏ ဒု ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးဟောင်း Ms Katja Nordgaard ကို ခန့်အပ်လိုက်ကြောင်း သတင်း ရရှိသည်။ လွန်ခဲ့သည့် သီတင်းပတ်က တယ်လီနော ကုမ္ပဏီလုပ်ငန်းစုကြီး၏ ဒုဥက္ကဋ္ဌ ၃ ဦး အသစ် ခန့်အပ်ရာတွင် Ms Katja Nordgaard လည်း တဦး အပါအ၀င် ဖြစ်သည်။

ချင်းပြည်နယ် သတင်းများကို လိုရာဆွဲ၍ ရေးသားမှုများရှိဟု ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဆို



ချင်းပြည်နယ် အစိုးရနှင့် လွှတ်တော်ပိုင်းဆိုင်ရာ သတင်းများ ရေးသားဖော်ပြရာတွင် မီဒီယာအချို့က ဘက်လိုက် ရေးသားခြင်း၊ လိုရာဆွဲ၍ ရေးသားမှုများရှိကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဟောက်ခင်းခမ်က ပြောကြား သည်။ ချင်းပြည်နယ် ဟားခါးမြို့ ချင်းခရစ်ယာန် ကောလိပ်တွင် မေလ ၂၁ ရက်နေ့က ကျင်းပသည့် တတိယ အကြိမ်မြောက် ချင်းလူမျိုး သတင်းထောက်များ တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခြင်း ဖြစ်သည်။

မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်ကို လသာမြို့နယ်တရားရုံး ဖမ်းဝရမ်းထုတ်


ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်လျက်ရှိသော မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင်သူ ဦးစိန်သန်းကို မေလ ၂၁ ရက်နေ့တွင် လသာမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။ 

UNICEF ရုံးခန်းကို ဗိုလ်ချုပ်ဟောင်း တဦးအိမ်ငှားရမ်းမှု နောက်ဆက်တွဲ


ရန်ကုန်မြို့က UNICEF ရုံးခန်းငှားရမ်းမှုဟာ စစ်ဗိုလ်ချုပ်ဟောင်း ယခင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွှန့်တင်၏ အိမ်ဖြစ်ပြီး အိမ်ငှားရမ်းခနှင့်ပတ်သက်၍ တလလျှင် အမေရိကန် ဒေါ်လာ ၉ သောင်းဝန်းကျင်ဖြင့် ငှားရမ်းထားသည်ဟု သတင်းရင်းမြစ်တခုက ပြောဆိုသည်ကို ဧရာဝတီက အင်္ဂလိပ်ပိုင်းသတင်းတွင် Unicef Rents Rangoon Office From Former General ခေါင်းစဉ်ဖြင့် ရေးသားခဲ့ပါသည်။ 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲ ပထမနေ့တွင် အခန်း သုံးခန်း ပြီးစီးသည်အထိ သဘောတူဆွေးနွေး နိုင်ခဲ့၊ ဖက်ဒရယ် အသုံး အနှုန်းနှင့်ပတ်သက်ပြီး နှစ်ဖက်သဘောတူ


မေ ၂၁ရက်ကပြု လုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်း ရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UWPC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာအပစ်အ ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းမှု အဖွဲ့ NCCT တို့၏ဆွေးနွေးပွဲတွင် နှစ်ဖက် ပူးပေါင်း ရေးဆွဲထားသည့် အခန်း ခုနစ်ခန်းပါ အပစအ်ခတ်ရပ်စဲရေး မူကြမ်း၏ အခန်း(၃)ခန်းကိုပြီးစီးသည်အထိ သဘောတူဆွေးနွေးနိုင် ခဲ့ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ် ထူးဝင်းက ပြောသည်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကြောင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ ခွင့်ပြုမည်မဟုတ်ဟု ကာချုပ်ပြော


နယ်စပ်ဒေသရှိ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကိုအကြောင်း ပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ပြည်တွင်း ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိ ခိုက်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် လူမှုကွန်ရက် အဖွဲ့အစည်း ၇၀ ကျော် တောင်းဆို


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဒေသအချို့တွင် တပ်မတော်နှင့် ကေအိုင်အေ၊ တပ်မတော်နှင့် တအာင်းပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TNLA)တို့အကြား ပစ်ခတ်တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ထံ အရပ်ဘက်လူမှုကွန်ရက် အဖွဲ့အစည်း ၇၀ ကျော်က မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ၂ ထောင်ကျပ် ကိစ္စ ပွဲဆူနေပြီ


ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ကျပ် ၂ ထောင်နဲ့ ရပ်တည်လို့ရတယ်ဆိုတဲ့ စကားကတော့ အတော်ပွဲဆူနေပါပြီ။ ဒု သမ္မတ ဦးဥာဏ်ထွန်းက မြန်မာနိုင်ငံသားတွေအနေနဲ့ လူ တဦး ငွေ ၂၀၀၀ ကျပ် ရှိယုံနဲ့ ဘ၀ရပ်တည်နိုင် တယ်လို့  ပြောခဲ့တာကို ပြည်တွင်း စာစောင်တခုမှာ ဖော်ပြခဲ့တာပါ။ ဒါကြောင့် အိမ်ရှင်မတွေ အပါအ၀င် အိမ်ထောင်ဦးစီးတွေက တနေ့တာ အသုံးစရိတ်တွေကို တွက်ပြကြပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းကို စဉ်ဆက်မပြတ် စစ်ဆေးရန် နိုင်ငံတော်သမ္မတညွှန်ကြား



ယာဉ်တိမ်းမှောက်မှု မကြာခဏဖြစ် ပွားလျက်ရှိသော ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်အန္တရာယ်ကင်းရှင်း ရေး စဉ်ဆက်မပြတ်စစ်ဆေးရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က မေ ၁၉ ရက် အမြန် လမ်းတစ်လျှောက် လမ်းတံတား အခြေအနေ များကိုကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

လက်နက်အမြောက်အမြား ဖမ်းမိဟု ထိုင်းစစ်တပ်ပြော


စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ထိုင်းနိုင်ငံမှာ မနေ့ညက လက်နက်တွေကို ဖမ်းမိတယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက မေလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုပါတယ်။ ဘန်ကောက်က ဆန္ဒပြပွဲတွေကိုရှုပ်ထွေးစေဖို့ရည်ရွယ်တဲ့လက်နက်တွေကို လုဘူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ထိုင်း သတင်း တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံရေး အပြုသဘောဆောင်ဆွေးနွေးမှုဖြင့် အဖြေရှာရေး ဘန်ကီမွန်း တိုက်တွန်း



တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အုပ်ချုပ်ရေး ထုတ်လိုက်ရသည်အထိ ဆိုးရွားသွားခဲ့သည့် ထိုင်းနိုင်ငံရေးအခြေအနေ အား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် အဖြေရှာစေလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်းက မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေး ရာ၌ အဓိကကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံ လိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များက ပြောကြားသည်။

အစိုးရနှင့် NCCT တို့၏ ရန်ကုန်ဆွေးနွေးပွဲ၌ အပစ်ရပ်စဲရေး စာချုပ်အတွက် နှစ်ဖက်အကြား ကျန်ရှိနေသည့် ကွဲလွဲချက်များ နည်းပါးအောင်သာ ဆွေးနွေးနိုင်ဖွယ်ရှိ



အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း ရေးဆွဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ကျန်ရှိနေသည့် ကွဲလွဲချက်များ နည်းပါးအောင်သာ ဆွေးနွေးနိုင်ဖွယ်ရှိပြီး မူကြမ်းအချောသပ်နိုင်ရေး မဖြစ်နိုင်သေးကြောင်း မေ ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ပြုလုပ်သော အစိုးရနှင့် NCCT တို့၏ ဆွေးနွေးပွဲ အဖွင့်တွင် နှစ်ဖက်ခေါင်းဆောင်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့လေကြောင်းက ပြင်သစ် ATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်သစ် ခြောက်စင်း ၀ယ်ယူရန်နှင့် ရန်ကုန်လေဆိပ်တွင် လေယာဉ်အကြီးစားပြင်စက်ရုံ ဖွင့်လှစ်ရန် MoU ရေးထိုး



နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်း ပြင်သစ်နိုင်ငံATR လေယာဉ်ကုမ္ပဏီမှ လေယာဉ်သစ် ခြောက်စင်း ဝယ်ယူရန်နှင့် ရန်ကုန်လေဆိပ်တွင် ATR လေယာဉ်အကြီးစား ပြင်ဆင်စက်ရုံဖွင့်လှစ်ရန် MoU အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မိကျောင်းကန်သပိတ်စခန်း ဦးဆောင်သူအား လသာတရားရုံးက ဖမ်းဝရမ်းထုတ်သောကြောင့် သပိတ်စခန်းဖွင့် ဆန္ဒပြသူများ တရားရုံးရှေ့ ဆန္ဒပြ




ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေသိမ်းခံရမှုနှင့် ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့် သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းအား လသာမြို့နယ် (စည်ပင်တရားရုံး)က ဖမ်းဝရမ်းထုတ်မှုနှင့် ပတ်သက်၍ မိကျောင်းကန် ဆန္ဒပြသူ ၁၀၀ ကျော်သည် တရားရုံးရှေ့၌ မေ ၂၁ ရက် နံနက် ၉ နာရီတွင် ဆန္ဒပြခဲ့ကြသည်။

အာရှစစ်မဟာမိတ်ဖွဲ့စည်းမှု တရုတ်သမ္မတ သတိပေး


အာရှနိုင်ငံတွေကြား စစ်ရေးအရ မဟာမိတ်ဖွဲ့တဲ့ အစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က သတိပေးလိုက်ပါတယ်။ အမေရိကန်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးမြှင့်လာနေတာကို ရည်ညွှန်းလိုပုံရတဲ့ သဘောထားကိုတော့ ရှန်ဟိုင်းမြို့မှာ ကျင်းပနေတဲ့ အာရှတလွှား ယုံကြည်မှုတည်ဆောက်ရေး ညီလာခံမှာ တရုတ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ


ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

ထိုင်းပဋိပက္ခ ပြေလည်ရေး နိုင်ငံရေး အင်အားစုများ အားလုံး တွေ့ဆုံ ဆွေးနွေးရန် စစ်တပ်အကြီးအကဲ ဆင့်ခေါ်


ခြောက်လနီးပါကြာမျှ ဖြစ်ပေါ်ခဲ့သော ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုတွင် ပါဝင်ပတ်သက်နေသည့် ပင်မနိုင်ငံရေး အဖွဲ့အစည်းများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာပြီး နောက်တစ်ရက် အကြာတွင် ဆင့်ခေါ်လိုက်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ရေးသားဖော်ပြသည်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ ဘွဲ့ရမြန်မာ အလုပ်သမား ၀န်ထမ်းများ ဆန္ဒဖော်ထုတ်မှုတွင် ဒေသခံများ ပူးပေါင်းကာ အင်အား ၆၀၀ ကျော်ဖြင့် ၀မ်ပေါင်ရုံးရှေ့အထိ ချီတက်ဆန္ဒပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ ဘွဲ့ရမြန်မာအလုပ်သမား ၀န်ထမ်းများ ခုနစ်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုတွင် ဒေသခံများပါ ပူးပေါင်းပါဝင်ခဲ့ပြီး လူအင်းအား ၆၀၀ ကျော်ဖြင့် ၀မ်ပေါင်ရုံးရှေ့အထိ ချီတက်ဆန္ဒပြမှုကို မေ ၂၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်တွေရဲ့  ရှေ့ အနာဂတ် နိုင်ငံရေးခြေလှမ်း


၈၈ မျိုးဆက်တွေရဲ့  ရှေ့ အနာဂတ် နိုင်ငံရေးဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ၈၈ မျိုးဆက်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍက တက်တက်ကြွကြွပါဝင်ခဲ့ သလို၊ ဒီမိုကရေစီဖော်ဆောင်ရေးကာလ မြန်မာ့နိုင်ငံရေးမှာ အားကျိုးမာန်တတ်ပါဝင်နိုင်မယ့် အလားအလာရှိပါသလား။ 

ဖက်ဒရယ်အခြေခံမူ ၃ ချက်ကို အပစ်အခတ်ရပ်စဲရေးမှာထည့်ဖို့ အစိုးရသဘောတူ


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သတ်မှတ်ထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ရဲ့အခြေခံမူတွေကို အပစ်အခတ်ရပ်စဲရေးမူကြမ်းမှာ ထည့်သွင်း ဆွေးနွေးဖို့ အစိုးရဘက်က လက်ခံလိုက်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် တက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တစ်နိုင်လုံးအတိုင်းအတာနဲ့ လူထုလက်မှတ်ရေးထိုးပွဲကို နေပြည်တော်က မြို့နယ် ၅ မြို့နယ် ကနေ စတင်မယ်လို့ သိရပါတယ်။

တောင်လေးလုံးမှာ ဦးဝင်းတင် အမှတ်တရ သစ်ပင်နဲ့ ကျောက်စာစိုက်ထူ


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖြစ် တာဝန်ယူခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တစ်လပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ထုကျောက်စာတိုင်နဲ့ ကံ့ကော်ပင်တစ်ပင်ကို ဒီနေ့ စိုက်ထူခဲ့ပါတယ်။ ဆရာကြီး ဦးဝင်းတင်အတွက် ရည်စူးတဲ့ ကျောက်စာတိုင်အကြောင်း စာရေးဆရာ ဆရာမောင်သစ်လွင် လူထုက အခုလို ပြောပါတယ်။

Wednesday, May 21, 2014

"အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်းဇယားများကို လက်ရှိအချိန်ထိ ထုတ်ပြန်မှု လုံးဝမရှိသေး"


အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်း ဇယားများကို လက်ရှိအချိန်ထိ ထုတ်ပြန်မှု လုံးဝမရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်သူ့ အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီကပြောသည်။“အပြင်မှာ ရန်ကုန်မှာ ဘယ်လောက်ရှိပြီ မန္တလေးမှာ ဘယ်လောက် ရှိပြီပြော နေရေးနေကြတယ် အဲဒါ အမှားကြီးပါ”ဟု၎င်းကဆိုသည်။

My Blog List