Wednesday, May 14, 2014

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံးဖြတ်


ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေးသား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေ ခွင့်ပြုရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များထံမှ သိရသည်။

အညောင်းထိုင်သူတွေ အားလုံး ခါးကြောဆန့်ဖို့ မမေ့နဲ့


တစ်နေ့ကုန် အညောင်းထိုင်သူတွေ အတွက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ 

အဲဒါကတော့ အညောင်းထိုင်ပြီး ချိန်တွင် မိနစ်အနည်းငယ်ခန့် ခါးကြောကိုဆန့်ပေးသင့်ပါတယ်။ အဲလို ခါးကြောကို ဆန့်ပေးလိုက်ခြင်းဖြင့် သွေးလည်ပတ်စီးဆင်းမူကို ကောင်းမွန်စေပြီး စိတ်ကိုပါ လန်ဆန်းစေမှာ ဖြစ်ပါတယ်။

ယတြာ ချေနေ ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်



ပူပူနွေးနွေး ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ရသူ မစ္စယင်လတ် ရှင်နာဝပ်ဟာ သူ့ရဲ့ ကံမကောင်းခြင်းတွေအဆုံး သတ်သွား စေဖို့ ဇာတိဒေသဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ယတြာတွေချေနေပါတယ်။ 

ချင်းမိုင်မြို့ရဲ့ တန်ခိုးကြီးဘုရားတဆူဖြစ်တဲ့ လွိုင်ဆုထေ့ပ် ဘုရားမှာ အခု အင်္ဂါနေ့ ကျင်းပမယ့် ကုဆုန် လပြည့် နေ့ ဝိသာခါ ဘုချာနေ့ ရှိခိုးဆုတောင်းပွဲအတွင်း ကံဇာတာ မကောင်းတာတွေ ပပျောက်အောင် ယတြာ ချေတဲ့ အနေနဲ့ မစ္စ ယင်လတ်လာရောက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ 

အလုပ်မှာ လစာတိုးဖို့အတွက် ကိုယ်ကြိုးစားရမယ့် အချက် (၅) ချက်



အလုပ်ခွင်မှာ ရာထူးတိုးဖို့၊ လစာတိုးဖို့ အလုပ်ရှင်ကို ဖားနေရုံနဲ့ အလုပ်ဖြစ်တဲ့ကာလ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ်ရဲ့ ကြိုးစားမှုနဲ့ပဲ ရာထူး၊ လစာတိုးချင်တဲ့သူတွေအတွက် ဘယ်လိုအချက်လေးတွေ သိထားသင့်တယ်ဆိုတာ ပြောပြ ပေးချင်ပါတယ်။

၁။ကိုယ့်အလုပ်ရှင် (သို့) အထက်အရာရှိနဲ့လုပ်မယ့် အစည်းအဝေးတိုင်းမှာ ကိုယ်ရှိနေပါစေ။

ကေအိုင်အေ (ကချင်) လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား တပ်မတော် စစ်ကြောင်းမှ ရှာဖွေကယ်တင်၍ မိဘ အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံ


ကေအိုင်အေ (ကချင်) လက်နက်ကိုင်အဖွဲ့၊ တပ်မဟာ (၁)၊ တပ်ရင်း(၄)မှ အင်အား ၃ဝ ဦးခန့်သည် မေ ၃ရက် နံနက် ၁၁နာရီက မြစ်ကြီးနားမှ မေခ-မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်းပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင် မောင်ဖြိုးဖြိုး ၂၃နှစ်(ဘ)ဦးမြင့်လွင် အပါအဝင် ငါးဦး၊ ညနေ ၃နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ(ခေါ်) ရှန်ဂရီလာ အပန်းဖြေစခန်းမှ မောင်ညီချစ် ၁၇ နှစ်(ဘ) ဦးဖိုးချစ် အပါအဝင် ငါးဦး၊ ည ၁ဝ နာရီတွင် အူဗျစ်ကျေးရွာမှ မောင်တူးရိန် ၂ဝ နှစ်(ဘ) ဦးဇော်မိုင် အပါအဝင် ခုနစ်ဦးအား လည်းကောင်း၊ မေ ၇ ရက် ညသန်းခေါင်ချိန်တွင် တန်ဖဲကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၃၇ဦးအား လည်းကောင်း၊ မေ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာအနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄ဝ နှစ်(ဘ) ဦးတီးမေကျော် အပါအဝင်သုံးဦး စုစုပေါင်း ၅၇ ဦး တို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းမှာ သန်းခေါင် စာရင်းကြောင့် မဟုတ်ဟု ဦးခင်ရီငြင်းဆို


ကချင်ပြည်နယ်အတွင်း ဧပြီလဆန်းမှ စတင်၍ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားနေ မှုမှာ သန်းခေါင်စာရင်း ကောက်ယူမှုကြောင့် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက The Voice သို့ ပြောကြားသည်။

မျောက်မင်းစွန်းဝူခုံး သရုပ်ဆောင် မြန်မာနိုင်ငံလာမည်


ပြည်တွင်း၌ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားစအချိန်တွင် နာမည်ကျော် လူကြိုက်များခဲ့သော အနောက်အရပ်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ်လမ်းတွဲ၌ တရုတ် ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ ပင့်ဆောင်သည့် ဇာတ်ဝင်ခန်းများတွင် မျောက်မင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် စွန်းဝူခုံးခေါ် (မစ္စတာ လူချင်ဟိုလင်းတန်) သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

မတရားသင်းဆက်သွယ်မှု သမ္မတကိုင်တွယ်ရန် ရှမ်းခေါင်းဆောင်တောင်းဆို



အစိုးရနဲ့ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ RCSS/SSA (တောင်ပိုင်း) နဲ့ ဆက်သွယ်လို့ဆိုပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်ကို မတရားအသင်းပုဒ်မနဲ့ တရားစွဲခံထားရတဲ့ကိစ္စ နိုင်ငံတော် သမ္မတကိုယ်တိုင် ဖြေရှင်းပေးဖို့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကတဆင့် သမ္မတထံ တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတကို နိုင်ငံရေးပြည့်တန်ဆာဟု မြောက်ကိုရီးယား သုံးနှုန်းတိုက်ခိုက်



တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ထောက်လှမ်း နေသည်ဟူသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းဆိုလိုက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း ပြည့်တန်ဆာဟု ခေါ်ဝေါ် သုံးနှုန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သာသနာတော်တည်တံ့ရေး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ဂိုဏ်းပေါင်းစုံသံဃာများ ညှိနှိုင်းလုပ်ဆောင်ရန် သီတဂူဆရာတော် တိုက်တွန်း



ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် သာသနာ့ရေးရာများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာ များ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန် သီတဂူဆရာတော် အရှင်ဉာဏိဿရက တိုက်တွန်း လျှောက်ထားကြောင်း ဂိုဏ်းပေါင်းစုံ သံဃာအဖွဲ့များမှ ဆရာတော်များက မိန့်ကြားသည်။

ဦးကိုကိုကြီးရဲ့ နိုင်ငံရေးစာအုပ်သစ်မိတ်ဆက်ပွဲနဲ့ စာအုပ်တိုက် ဖွင့်လှစ်ပွဲ ကျင်းပ




၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး တည်ထောင်ထားတဲ့ ကေကျူ (KQ) စာအုပ်တိုက် နဲ့ သူရေးသားတဲ့ “နိုင်ငံတော်သစ်နဲ့ အမျိုးသား အမှတ်သရုပ်” စာအုပ် မိတ်ဆက်ပွဲကို ဒီနေ့ ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။

ရွှေပြည်သာစက်မှုဇုန် Star Tax အထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ခြောက်ရက်မြောက်နေ့ ဆက်လက်ဆန္ဒပြ


ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်ရှိ Star Tax အထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ခြောက် ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြောင်း သပိတ်စခန်း အလုပ်သမားများက ပြောကြားသည်။ Star Tax အထည်ချုပ်စက်ရုံရှေ့တွင် ဖွင့်လှစ်ထားသော အဆိုပါသပိတ်စခန်းတွင် အလုပ်သမား ၁၈၀ ခန့်ရှိပြီး မေ ၈ ရက်မှ စတင်ကာ မေ ၁၃ ရက်အထိ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေဆဲဖြစ်ကြောင်း သိရသည်။

ရွှေမော်ဓောစေတီ ရင်ပြင်ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် မော်တော်ယာဉ်ဖြင့် တက်ရောက် ညောင်ရေသွန်း



ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ထင်ရှားကျော်ကြားသော စေတီများအနက် တစ်ဆူဖြစ်သော ပဲခူးမြို့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်သို့ မေလ ၁၃ ရက် နံနက် ၇ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မော်တော်ယာဉ်ဖြင့် တက်ရောက်ကာ ညောင်ရေသွန်း ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံတော် သံဃမဟာနာယက၏ သက်တမ်းကိစ္စများ၊ အရေးပေါ် ကိစ္စများ ပေါ်ပေါက်ပါက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အမြန်ဆုံးခေါ်ယူကျင်းပရေး ကိစ္စများအပါအ၀င် ၁၈ ချက် ပြင်ဆင်ကာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို အတည်ပြု


နိုင်ငံတော် သံဃမဟာနာယက၏ သက်တမ်းကိစ္စများ၊ အရေးပေါ်ကိစ္စများ ပေါ်ပေါက်ပါက ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရေးကိစ္စများ အပါအ၀င် အချက်ပေါင်း ၁၈ ချက်ကို ပြင်ဆင် ကာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို အတည်ပြုခဲ့သည်။

လက်ပံတောင်း စီမံကိန်းရပ်ဆိုင်းရန် ဘုရားတွင် ဆုတောင်း



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး တက်ကြွလှုပ်ရှားသူ ဒေသခံ ၄၇ ဦးက စီမံကိန်းရပ်ဆိုင်း သွားရန် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရားတွင် မေလ ၂၃ရက်(ကဆုန်လပြည့်) က ၀တ်ပြုခြင်းနှင့် ရင်ပြင်တော်တွင် လှည့်လည် ဆုတောင်းခြင်းများ ထပ်မံပြုလုပ်ခဲ့ကြသည်။

ဂြိုဟ်တုဓာတ်ပုံအရ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ ချထားဆဲ


ယူကရိန်းနိုင်ငံနဲ့ နယ်စပ်နားမှာ ရုရှားတပ်တွေ ရှိနေသေးတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အမေရိကန် နိုင်ငံခြားရေးဌာနကနေ အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။ တပ်အင်အား အမြောက်အများ ချထားတာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ရုရှားအစိုးရက အာမခံထားပြီးနောက်မှာ အခုလို ရုရှားတပ်တွေ ဆက်ရှိနေတဲ့ပုံတွေ ထုတ်ပြန်လိုက်တာပါ။

မေလ ၉ ရက်နေ့တုန်းက စီးပွားဖြစ်သုံး ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို နေတိုးအဖွဲ့ရဲ့ Twitter Account ပေါ်မှာလည်း ဖော်ပြခဲ့ပါတယ်။ ယူကရိန်းနဲ့ နယ်စပ်မြို့ဖြစ်တဲ့ Belgorad မြို့မှာ ရဟတ်ယာဉ်တွေ ရပ်ထားတဲ့ ပုံတွေကို မြင်ရပါတယ်။

Mariupol မြို့နားက နယ်စပ်ဘက်မှာ တနင်္ဂနွေနေ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံကတော့ အမေရိကန် တာဝန်ရှိသူတွေအပြောအရ ရုရှားသံချပ်ကာကားတွေ ဖြစ်ပါတယ်။ အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ယူကရိန်း သံချပ်ကာ စစ်ကြောင်းကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၇ ယောက် သေဆုံးပြီး နောက်ထပ် ၇ ယောက် ဒဏ်ရာရသွားပါတယ်။

ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာကို ညှိနှိုင်းအဖြေရှာရေး တိုက်တွန်းဖို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယူကရိန်းနိုင်ငံ ကို ရောက်ရှိလာတဲ့နေ့မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားတာပါ။

အစိုးရအစီအစဉ်နဲ့ အခုသီတင်းပတ်ထဲ ယူကရိန်း တနိုင်ငံလုံးက နိုင်ငံရေးသမားတွေ လူထုအခြေပြု အဖွဲ့ အစည်းတွေပါတဲ့ မျက်နှာစုံညီ ဆွေးနွေးပွဲကနေ မေလ ၂၅ ရက် ရွေးကောက်ပွဲမတိုင်ခင် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ လက်နက်စွန့်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ကြောင်း Kyiv မြို့တော်ကို ရောက်လာပြီးနောက်မှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ပြောကြားခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့ကျရင် ယူကရိန်းမှာ သမ္မတနဲ့ မြို့တော်ဝန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထား ပါတယ်။ ဒီရွေးကောက်ပွဲဟာ ယူကရိန်းနိုင်ငံအတွက် အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ ၀ါရှင်တန်ဒီစီ မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က အီတလီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်း စာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

VOA

အစိုးရနှင့် NCCT တို့အကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိစ္စများသာ ဆွေးနွေးရန်ကျန်တော့ကြောင်း ဦးအောင်မင်း ပြောကြား


အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စများသာ ဆွေးနွေးရန် ကျန်တော့ကြောင်း UPWC ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၁၃ ရက်တွင် ပြောကြား သည်။

ရွေးကောက်ပွဲကော်မရှင်၏ အမတ်လောင်း မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် မူကြမ်း ဒီမိုကရေစီနှင့်မညီ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေး အတွက် မူကြမ်း တရပ်ကို နိုင်ငံရေးပါတီများထံသို့ ပေးပို့ထားရာ ယင်းညွှန်ကြားချက်မူကြမ်းတွင် ဒီမိုကရေစီနှင့်မညီသော အချက်များစွာ ပါဝင် နေကြောင်း နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲ



ကေအိုင်အေ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမှာ ဆန္ဒပြ


အစိုးရနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေ ဒီနေ့ မြစ်ကြီးနားမြို့ မနောကွင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် မနောကွင်းရှေ့မှာ ကေအိုင်အေတပ်တွေက ဖမ်းဆီးခံထားရသူ အယောက်၂၀ လောက်ကို ပြန်လွှတ်ပေးဖို့ ဒေသခံ ၂၀ ကျော်လောက်က ပိုစတာတွေကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ကေအိုင်အိုနဲ့ အစိုးရ သဘော တူညီ


မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကေအိုင်အိုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ သီးသန့်ဆွေးနွေးပွဲမှာ နှစ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ ၏ ပူးတွဲကြေညာချက်ထုတ်ပြန်



လ ကဆုန် ညောင်သွန်းလို့ တူယှဉ်တွဲ နွှဲလို့ ပျော်



ကဆုန်လပြည့် နေ့ ကိုးထပ်ကြီးဘုရား မြင်ကွင်းများ



အနုပညာရှင်များ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်း




My Blog List