Monday, December 23, 2013

ငွေဆောင်၊ ချောင်းသာ သွားမယ်ဆို ဆင်တွေကို သတိထား

23-12-2013

ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်း မလာကြဖို့ ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ...
အခုချိန်က စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေဟာ စပါးရှာစားရင်း ပုသိမ် - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကားလမ်းပေါ်တွေ ရောက်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။

“ဒီကာလမှာ ချောင်းသာ၊ ငွေဆောင်လမ်းတွေကို ညပိုင်းမသွားသင့်ဘူး။
ဆင်နဲ့ရုတ်တရက် တိုးရင် အန္တရာယ်ရှိနိုင်တယ်။ ဆင်က ဒီရာသီမှာစပါးရှာစားတော့ ဒီလိုပဲ သွားလာနေတာ။ နေ့ဆို တောထဲမှာအိပ်။ ညဆို လယ်ကွင်းထဲမှာ စပါးရှာစားတာတွေ လုပ်ကြလေ့ရှိတယ်” လို့ သစ်တောအရာရှိက ဧရာဝတီကို ပြောပါတယ်။

တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန် သီတင်းကျွတ်လလောက်ကစပြီး ရခိုင်ရိုးမထဲကနေ လူတွေစိုက်ထားတဲ့စပါးခင်းတွေကိုလိုက်ရှာပြီး ၀င်ရောက်စားသောက် တတ်ကြပါတယ်။ တောဆင်ရိုင်းတွေ စပါးခင်းဝင်စားတဲ့ဒေသတွေကတော့ ငပုတော၊ ပုသိမ်နဲ့ သာပေါင်း မြို့နယ်တွေပါပဲ။

ဒီလ ၁၂ ရက်နေ့က ငွေဆောင်သွားတဲ့လမ်းက ရေသိုးရွာနားအထိ တောဆင်ရိုင်းအုပ်တွေ ရောက်လာကြတယ်လို့
ငွေဆောင်ကမ်းခြေကပြန်လာတဲ့ ပုသိမ်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။

“ကျနော်ဆီးဂိမ်းဖွင့်ပွဲသတင်းယူပြီး နောက်တရက်မှာပြန်လာတော့ ညနေ ၄ နာရီလောက်ပဲ ရှိသေးတယ်။ ရေသိုးရွာနားမှာ လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ဆိုင်ကယ်ပေါ်က ဆင်းကြည့်တော့ တောဆင်ရိုင်းအုပ်ဗျ။ ငှက်ပျောပင်တွေ ၀င်စားနေတာ အကောင် ၂၀ လောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။

ပုသိမ်ကနေ ချောင်းသာကမ်းခြေသွားတဲ့လမ်းမှာလည်း ဆင်တွေလာတတ်လို့ ဒေသခံတွေဟာ ဆင်မောင်းဖို့ပစ္စည်းတွေ အသင့်ပြင်ထားရတာပါ။

အထူးသဖြင့် ဆင်တွေက ညအချိန်မှာအစာရှာလေ့ရှိတာကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ညပိုင်းမှာမသွားသင့်ပါဘူး တဲ့။

“ညဘက်ကြီး ပုသိမ်ကပြန်လာတော့ ရှောပြာရွာနားအရောက်မှာ ဆင်ကရွာထဲဝင်ဖို့လုပ်နေလို့ ရွာသားတွေ ၀ိုင်းမောင်းထုတ်နေတာ တွေ့ဖူးတယ်။
ကိုယ်နဲ့မတွေ့ခင် ရွာသားတွေနဲ့ အရင်တွေ့တာ တော်သေးတာပေါ့။ နို့မို့ကတော့ မလွယ်ကြောပဲ။ ဒါကြောင့် ညပိုင်းဆို မဖြစ်မနေကိစ္စကလွဲလို့ မသွားကြဘူး။
သွားဖြစ်ရင်လည်း ဆင်နဲ့မတိုးဖို့ ဘုရားတပြီး သွားရတယ်”လို့ ချောင်းသာကျေးရွာသားတဦးက ရှင်းပြပါတယ်။

ဆင်တွေက ကားမီး၊ ဆိုင်ကယ်မီးတွေ့ရင် အဲဒီမီးတွေနောက်ကို ဆင်ကပြေးလိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

အဲတော့ မကြာခင်မှာ ခရစ္စမတ်အားလပ်ရပ်၊ ရုံးပိတ်ရက်တွေမှာ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကိုလာကြမယ်ဆိုရင် ဆင်အန္တရာယ်ကင်းဝေးဖို့ နေ့ခင်းဘက်တွေ ရောက်အောင်လာကြပါလို့ပဲ တိုက်တွန်းလိုပါတယ်။

ရန်ကုန်မြို့နဲ့ ပုသိမ်က ၁၁၅ မိုင်ဝေးပြီး ကားနဲ့ဆိုရင် ၃ နာရီခွဲနီးပါး မောင်းရပါတယ်။
ပုသိမ်ရောက်ပြီး ငွေဆောင်၊ ချောင်းသာဆက်သွားမယ်ဆိုရင်
တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တာကြောင့် အချိန် ၁ နာရီခွဲနီးပါးလောက် မောင်းရပါတယ်။
အဲတော့ ရန်ကုန်ကလာမယ်ဆိုရင် ငွေဆောင်၊ ချောင်းသာရောက်ဖို့ အနည်းဆုံး ၅ နာရီတော့ အချိန်ယူရပါလိမ့်မယ်။

ဒီလိုကားမောင်းရမယ့်နာရီတွေ သိရှိထားခြင်းအားဖြင့် ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိတ်သတ်ကြီးလည်း ငွေဆောင်၊ ချောင်းသာကို အပန်းဖြေလာကြဖို့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။
ကဲ ... အေးချမ်းပျော်ရွှင်စွာနဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေမှာ အပန်းဖြေနိုင်ကြပါစေဗျာ..

ဆလိုင်းသန့်စင်

ဧရာဝတီblog

မွန်ပြည်နယ်မှ ကျောင်းသူနှစ်ဦး အင်္ဂလန်သို့ ပညာတော်သင်စေလွှတ်မည်

23-12-2013
မွန်ပြည်နယ်အခြေစိုက် တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့က သံဖြူဇရပ်မြို့နယ် ပငကျေး ရွာရှိ ကျောင်းသူနှစ်ဦးကို အင်္ဂလန်နိုင်ငံတွင် သွားရောက် ပညာသင်ကြားရန်အတွက် ကျပ်သိန်း ၆၀၀ ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဟု ဆုရွေးချယ်ရေးအဖွဲ့မှ တာဝန်ခံ ဦးခင်မောင်ဇင်က ဒီဇင်ဘာ ၂၁ က ရန်ကုန်မြို့၊ မြေနီကုန်းရှိ Crown Education တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော သည်။

“လူငယ်တွေဟာ အင်္ဂလန်လိုနိုင်ငံမျိုးမှာ ပညာသင်ကြားရဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ”ဟု ဆိုသည်။

ယင်းသို့ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးရခြင်းမှာ ကျေးလက်တောရွာများတွင် ပညာရေးအခွင့်အ လမ်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ဖြစ်ပြီး ထောက်ပံ့ရာတွင် အလှုရှင်တစ်ဦးတည်းက ထောက်ပံ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပညာသင်ဆုပေးခြင်းနှင့်ပတ်သက်ပြီး အလှူရှင်ကိုမင်းမြတ်သူက “ကျေးလက်တောရွာကလူ ငယ်တွေ နိုင်ငံတကာအဆင့်မီ ပညာရေးကို လေ့လာဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာပါ။ ပညာသင်ဆုရတဲ့သူတွေအနေနဲ့ ကျွန်တော်ဆုံးပါးသွားရင်တောင် ပညာဆက်သင်နိုင်အောင် စီစဉ်ထား ပါတယ်”ဟု ဆိုသည်။

ထောက်ပံ့ကြေးပေးရာတွင် ဘွဲ့ရသည်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ကြေးပေး ထားသူနှစ်ဦး ဘွဲ့ရမှ ကျန်သူများကို ဆက်လက် ထောက်ပံ့ရန် စီစဉ်သွားမည်ဖြစ်သည်။ အဆိုပါကျောင်း သူနှစ်ဦးမှာ လက်ရှိတွင် ပြည်တွင်း၌ တက္ကသိုလ်ပညာရေး သင်ကြားနေသူများဖြစ်ပြီး အင်္ဂလန်တွင် မည် သည့်ကျောင်း၌ ပညာသင်ကြားရမည်ဆိုသည်ကို ရွေးချယ်ခြင်း မပြုလုပ်ရသေးပေ။

ပညာသင်ဆုရရှိခဲ့သူ မြို့ပြအင်ဂျင်နီယာကျောင်းသူ မလင်းရတနာလွင်က “ကျောင်းပြီးသွားရင် ကိုယ့်ရပ် ရွာမှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကိုယ့်ရပ်ရွာကလူတွေ ပညာရေးကိုလဲ စိတ်ပါဝင်စားလာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

အဆိုပါကျောင်းသူနှစ်ဦးကို အင်္ဂလန်နိုင်ငံတွင် ပညာသင်ယူရန်အတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ အကြံဉဏ်များပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် တက္ကသိုလ်ရွေးချယ်မှုဆိုင်ရာ အကြံဥာဏ်များ ပေးခြင်းကို Crown Education မှ ပံ့ပိုးပေးလျက်ရှိပြီး အင်္ဂလန်နိုင်ငံတွင် သွားရောက် ပညာသင်ကြားရန် ကြိုတင်ပြင်ဆင်မှုများကို ခြောက်လမှ ဆယ်လအတွင်း ဆောင်ရွက်ပေးသွားမည်ဟု Crown Education မှ ပညာရေးဆိုင်ရာအကြံပေး ဦးအောင်ကျော်ဆန်းက ဆိုသည်။

တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပညာသင်ဆု လျှောက်ထားနိုင်ရေးအတွက် စတင်ခေါ်ယူခဲ့ပြီး လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ အသက်၂၂ နှစ်ထက်မကြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီး ဆေးစစ်ချက် အောင်မြင်သူ၊ မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပြီး ပငကျေးရွာတွင် တစ်ဆက်တည်း ၁၀ နှစ်နေထိုင်သူ၊ မွန်စာ မွန်စကား ကောင်းစွာတတ်ကျွမ်းသူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသူ၊ ပညာဆုံးခန်းတိုင်ပါက မိမိနိုင်ငံအကျိုး လူမျိုးအကျိုးကို ပြန်လည်သယ်ပိုးနိုင်သူ စသည့် အချက်များဖြင့် ကိုက်ညီရမည်ဖြစ်သည်။

Mizzia

ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး

23-12-2013
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ် ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊ သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။

မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့ ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ငြိမ်းချမ်းရေးလုပ်ဆောင်နေစဉ်ကာလ စစ်အင်အားတိုးချဲ့မှုမရှိဟု DKBA ဆို

23-12-2013

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလတွင် ဒီမိုကရေ စီအကျိုးပြု ကရင့်တပ်မတော်(DKBA) အနေဖြင့် တပ်အင်အားတိုးချဲ့ခြင်းများ လုပ်ဆောင်မှုမရှိဟု ကလို့ ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးစောထွန်းထွန်းက မဇိ္ဈမသို့ ပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ဒေသထဲမှာတော့ ငြိမ်းချမ်းရေးလဲ လုပ်ဆောင်နေတဲ့အချိန်မို့ စစ်အင်အားတိုးချဲ့တာ မရှိ ဘူး။ လျော့သွားတယ်လို့တောင် ပြောရမယ်။ အရင်က သီဘောဘိုးမှာ ဗျူဟာမှူးတစ်ယောက်နဲ့ တပ်ဗျူ ဟာတစ်ခုရှိတယ်။ အခုဆို လျှော့လိုက်ပြီ။ အဲဒီမှာ မရှိတော့ဘူး”ဟု ပြောသည်။

DKBA သည် အစိုးရတပ်မတော်နှင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘော တူလက်မှတ် ရေးထိုးခဲ့သည်။ ထိုအချိန်မှစ၍ တပ်မတော်နှင့် DKBA အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိ ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသို့ သွားနိုင်ရန် နိုင်ငံ တော်မှ ငြိမ်းချမ်းရေးမူဘောင်များအတိုင်း သွားနေသည့်အတွက် စစ်အင်အားဖြည့်တင်းမှုများ၊ ထိုးစစ် ဆင်ရန် ပြင်ဆင်မှုများ လုံးဝမရှိဟု ဆိုသည်။

“အပစ်ရပ်ရေးမှာလဲ လက်မှတ်ထိုးထားတော့ နိုင်ငံတော်မူနဲ့ပဲ သွားနေတဲ့အချိန်မှာ ကျွန်တော်တို့ ထိုးစစ်တော့ မဆင်တော့ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက်ကတော့ ပြင်ဆင်ကောင်း ပြင်ဆင်တာ တွေ ရှိတယ်”ဟု ဗိုလ်မှူးစောထွန်းထွန်းက ဆိုသည်။

တပ်အင်အားတိုးချဲ့သည့်လုပ်ငန်းများ လတ်တလောတွင် လုပ်ဆောင်မှုမရှိဘဲ တပ်အင်အားစုများ လျော့ နည်းလာသည်များသာ ရှိသည်ဟုဆိုသည်။ တပ်အင်အားလျော့နည်းသွားရခြင်းမှာလည်း အသွင်ပြောင်း သူများ၊ တပ်မှ ထွက်သွားသူများကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး နိုင်ငံ ရေးလမ်းစဉ်သို့ သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စောဘဦးကြီးမူများအား လက်ကိုင်ထားရှိထားသော်လည်း ကရင့်လက်နက် ကရင့်လက်ထဲတွင်သာ ရှိရမည်ဟူသည့်မူအား နိုင်ငံရေးလမ်းကြောင်းတွင် ပြင်ရန် လို အပ်လာပါက ပြင်မည်ဟု ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက ဆိုသည်။

“ကျွန်တော်တို့အတွက် လုံခြုံစိတ်ချရမယ့်ငြိမ်းချမ်းရေးမျိုး၊ ယုံကြည်ရမယ့် အစိုးရတစ်ရပ်ဖြစ်လာပြီ ရှိလာ ပြီဆိုရင်တော့ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ ရှိရမယ်ဆိုတဲ့ အချက်က ပြောင်းလဲမှာပါ။ အဲ့လိုမ ဟုတ်ရင်တော့ ကျွန်တော်တို့လက်နက်တွေက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေမှာပါ”ဟု ပြောသည်။

အစိုးရတပ်မတော်နှင့် DKBA တို့အကြား ၂၀၁၀ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးထားပြီး အစိုးရဘက်မှ ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင်လည်း ပါဝင် ၍ နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် ဆွေးနွေးလျက်ရှိသည်။

Mizzima - News in Burmese

မန္တလေးအခြေစိုက် လေကြောင်းလိုင်းသစ်နှစ်လိုင်း ပြည်တွင်းခရီးစဉ် ပြေးဆွဲမည်

23-12-2013

မန္တလေးမြို့မှ ပြည်တွင်း အခြားမြို့များသို့ လေကြောင်းဖြင့်သွားလာမှု များပြားလာသဖြင့် လေယာဉ်ငယ် များ ပြေးဆွဲပေးခြင်းအပြင် လေကြောင်းလိုင်းသစ်နှစ်လိုင်းမှ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲ သွားရန် စီစဉ်နေပြီဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထပ်မံပြေးဆွဲပေးမည့် လေကြောင်းလိုင်းများမှာ မန်းမြေရာဇာလေကြောင်းလိုင်းနှင့် စစ်ကိုင်းလေကြောင်း လိုင်းတို့ ဖြစ်ပြီး သွားလာမှု မလွယ်ကူသောနေရာများနှင့် ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အ တွက် ရည်ရွယ်ကာ ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်သည်။

“မန္တလေးမြို့မှ လေကြောင်းလိုင်းများဖြင့် ခရီးသွားလာမှုက တစ်နေ့ထက်တစ်နေ့ တိုးလာပါတယ်၊ အဲဒါ ကြောင့် အခုလို လေကြောင်းလိုင်းတွေ ထပ်မံတိုးလာတာဖြစ်ပါတယ်၊ ဆက်လက်ပြီးလဲ လေကြောင်း လိုင်းအသစ်တွေ တိုးလာဖို့ ရှိပါသေးတယ်”ဟု အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေဆိပ်မှ နေပြည်တော်၊ ဗန်းမော်၊ လာရှိုး၊ လွိုင်ကော်၊ ညောင် ဦး၊ ဟဲဟိုး စသည့်မြို့များသို့ နားရက်ပို့ဆောင်ပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တံတားဦးလေ ဆိပ်မှ သွားလာရခက်ခဲသော မြစ်ကြီးနား၊ ခန်္တီး၊ ကလေး၊ ဟုမ္မလင်း၊ ကျိုင်းတုံသို့ လေယာဉ်ကြီးများဖြင့် ပျံသန်းပြေးဆွဲပေးလျက် ရှိသည်။

“ပြေးဆွဲရ မလွယ်ကူတဲ့နေရာတွေကို လေယာဉ်ငယ်တွေနဲ့ ပြေးဆွဲပေးဖို့ စီစဉ်နေပါတယ်၊ လတ်တလော မှာ လက်ရှိ ချမ်းမြသာစည်လေဆိပ်ကနေ လေယာဉ်ငယ် နှစ်စင်းနဲ့ ဒီဇင်ဘာလ ၁၂ ရက်က စတင် ပို့ ဆောင်ပေးနေပြီဖြစ်ပါတယ်၊ လေယာဉ်နဲ့ခရီးသွားတွေ များလာတာကြောင့်လဲ အခုလိုစီစဉ်တာဖြစ်ပါ တယ်”ဟု မြန်မာ့လေကြောင်း မန္တလေးရုံးခွဲ မန်နေဂျာဦးအောင်မင်းဆွေက ပြောသည်။

ဈေးနှုန်းများမှာ လေယာဉ်ငယ်လက်မှတ်တစ်စောင်လျှင် ခရီးစဉ်အလိုက် ကျပ် ၃၇,၅၀၀ မှ ၄၉,၀၀၀၊ နိုင် ငံခြားသား အမေရိကန်ဒေါ်လာ ၅၄ မှ ၆၆ ခန့် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းမှ ပြေးဆွဲပေးနေသော လေကြောင်းလိုင်းများအဖြစ် Air Bagan၊ Asia Wings၊ MAI၊ ရွှေမြန်မာလေကြောင်းလိုင်း၊Air KBZ၊ Air Mandalay၊ Yangon Airway လေကြောင်း လိုင်းများအပါအ၀င် စုစုပေါင်း လေကြောင်းလိုင်း ၅၁ ခု ပြေးဆွဲပေးနေသည်။

  Mizzima 

လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အမေရိကန်နိုင်ငံမှ မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ၌ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးဖြစ်နေ


23-12-2013

လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးလုပ်ငန်းများကို အမေရိကန်နိုင်ငံမှ မြန်မာနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိလူကုန်ကူးမှု ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယခုနှစ်အတွင်း နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၉၅ မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၅၆ မှုအဖြစ် အများဆုံးဖြစ်ပွားခဲ့ကာ ထိုင်းနိုင်ငံသို့ ၂၀ မှုဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးလုပ်ငန်းများကို မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အပြင် အမေရိကန်နိုင်ငံနှင့်လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အတွက် လာရောက်လေ့လာ ဆွေးနွေးမှုများရှိကြောင်း သိရသည်။

“အမေရိကန် လူကုန်ကူးမှုဆိုင်ရာ သံအမတ်ကြီးနဲ့အဖွဲ့ လာပြီးတော့ ကျွန်တော်တို့ လူကုန်ကူး ဗဟိုအဖွဲ့ဝင်တွေရော၊ လူကုန်ကူးတပ်စု အဖွဲ့ဝင်တွေကို လာပြီးတွေ့ပြီးသွားပြီး။ တွေ့ပြီးတော့ လုပ်ငန်းစီမံချက်တွေဆွဲဖို့ စီစဉ်နေဆဲပဲ ဖြစ်ပါတယ်။ လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး။ အမေရိကန်နိုင်ငံမှ လူကုန်ကူးမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွဲဖက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ရဲတပ်ဖွဲ့တွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်တယ်။

ဘယ်ကဏ္ဍကနေ ပူးပေါင်းပါဝင်မလဲ ဆိုတာကိုတော့ သူတို့လေ့လာနေတုန်းပါပဲ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ဆိုသည်။
လက်ရှိ၌ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ငါးနှစ်စီမံကိန်းဖြင့် မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ကြိုတင်ကာကွယ်ခြင်းကဏ္ဍ၊ တရားစွဲတင်ရေးကဏ္ဍ
လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်သည့် ကဏ္ဍနှင့် ယင်းကဏ္ဍများကို လုပ်ဆောင်နေသူများအား စွမ်းရည်မြှင့်တင်ပေးမှု ကဏ္ဍ(၅)ခုဖြင့် ရွက်ဆောင်နေကြောင်း သိရှိရသည်။

EMG

ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ

23-12-2013

လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလည်း အဆို ပါဗိုလ်ချုပ်က ပြောသည်။

“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။

သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်တင်စန်းနိုင်က တရားဝင် ထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေ လင်းက“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါ တယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်တာ ၀န်ပေးထားသည့် တပ်မတော်သား ၂၅ ဦးသည် ဒုတိယ အများဆုံးအဖြစ် ပါဝင်နေသည်။

ထို့ပြင် လွှတ်တော်အတွင်း၌လည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို တပ်မတော်သားတို့ ရယူထားကြ သည်။ ယင်းသို့ ဥပဒေပြုရေးတွင် တပ်မတော်သားတို့ပါဝင်နေမှုကို လျှော့ချရေး အကြံပြုစာ အများအပြား ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ရောက်ရှိနေသည်ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်နှင့် လုပ်ငန်းကူညီဆောင်ရွက်ပေးနေသူ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထွန်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။

ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ယခုလကုန်အထိ လက်ခံရယူမည်ဖြစ်ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလကုန်မတိုင်မီ အစီရင်ခံရမည်ဖြစ်သည်။

Mizzima - News in Burmese Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

ATM ကတ်ဖြင့် ငွေထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ရခြင်းကြောင့် သုံးစွဲသူများ အခက်တွေ့

23-12-2013
ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

“ATM ကတ်တွေကို သုံးစွဲတဲ့အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေလို့ ငွေထုတ်လို့မရတာက အများဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့ အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက်ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့ လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း လိုင်းကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး ငွေကထွက်မလာတဲ့အခါ တော်တော်များများက ATM ကို မသုံးချင်တော့လောက်အောင် စိတ်ပျက်သွားကြတယ်။ ငွေအရေအတွက်များရင် ဘဏ်ကိုသေသေချာချာ ပြောပြပြီး ရက်အနည်းငယ်စောင့်ရင် ငွေပြန်ထုတ်လို့ ရပေမယ့် ငွေနည်းနည်းပါးပါး ထုတ်တဲ့အခါမျိုးမှာ ကြုံရရင် အလုပ်ရှုပ်ခံပြီး မလုပ်ချင်ကြတော့ဘူး” ဟု ATM ကတ်ဖြင့် ငွေထုတ်စဉ် အခက်အခဲများ ကြုံတွေ့ခဲ့ရသော ကိုကိုရဲက ပြောပြသည်။

“နောက်ကြုံရတာ တစ်ခုကတော့ တော်တော်ဆိုးတယ်။ ATM အတွက်ထားတဲ့ ဆာဗာက အင်တာနက် ပြတ်တောက်သွားတာလို့ ထင်ပါတယ်။ သွားထုတ်တဲ့ ATM စက်မှာသာမက တခြား ATM စက်တွေမှာလည်း ငွေစစ်တာ၊ ငွေထုတ်တာတွေ ဘာမှလုပ်လို့ မရတော့ဘူး။ အဲဒီအချိန်မျိုးကတော့ အဆိုးဆုံးပါပဲ” ဟု ATM စက်များတွင် ငွေမကြာခဏ ထုတ်ယူလေ့ရှိသူ တစ်ဦးက ပြောပြသည်။

“တစ်ခါတလေမှာ Connection ကြောင့် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ စက်ထဲမှာ ငွေကုန်နေတာကတော့ Monitoring System ရှိလို့ ဘဏ်ကအချိန်မီ သိနိုင်ပါတယ်။ အဆင်မပြေတာကြုံရရင် ဘဏ်ကိုသတင်းပို့ပေးပါ။ အင်တာနက်ပိုင်းက ဆက်သွယ်ရေးနဲ့ဆိုင်တော့ ပြောရခက်တယ်။ ပိုက်ဆံထွက်ခါနီးမှာ Connection ကျ သွားတဲ့အခါ ငွေထွက်မလာဘဲ ပြန်သိမ်းသွားတာမျိုး ကြုံရရင် သုံးစွဲသူတွေက စိုးရိမ်တတ်ပါတယ်။ ဒါမျိုးဖြစ်ရင် ဘဏ်ကနေပြန်စစ်ပြီး ငွေပြန်ထုတ်ပေးပါတယ်။ Telenor တို့ ပေါ်လာရင်တော့ ဒါတွေက ပြေလည်သွားမယ်လို့ ထင်ပါတယ်။ အခုက အင်တာနက် မကောင်းတဲ့ကြားက လုပ်ရတာဖြစ်လို့ နားလည်ပေးစေချင်တယ်။ တစ်ပတ်ကို ကျပ်နှစ်ဘီလျံလောက် ATM စက်တွေထဲ ငွေပြန်ဖြည့်ပေးနေရတာကိုကြည့်ရင် သုံးစွဲမှုများနေတာ သိသာပါတယ်” ဟု CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Eleven Media Group

ဂျာမနီ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် အတွင်းရှိ လေထုညစ်ညမ်းမှု များသောနေရာ ၁၅ ခုတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက် တပ်ဆင်မည်

23-12-2013
ဂျာမနီ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် အတွင်းရှိ လေထုညစ်ညမ်းမှု များနေသော အရေးကြီးနေရာ ၅၀ ထဲမှ ၁၅ နေရာတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်၍ စမ်းသပ်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

အာဆီယံမြို့ကြီးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ GIZ (German International Co-operation) ဂျာမန်နည်းပညာ ပူးပေါင်းအဖွဲ့မှ ရန်ကုန်မြို့တော်၏ လေထုအရည်သွေး စောင့်ကြည့်လေ့လာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်း မှုများအပြင် လေထုအရည်အသွေး တိုင်းတာရေး စက်ကိရိယာများ တပ်ဆင်ရေး အတွက်ကိုလည်း ကူညီပေးခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ လူနေထူထပ်လာမှုကြောင့် လေထုညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များ ကြုံတွေ့နေရကြောင်း၊ ရန်ကုန်မြို့တော်အတွင်း လေထုညစ်ညမ်းမှုများအတွက် လေထုအရည်အသွေးစက်များ တပ်ဆင်ကာ စောင့်ကြည့်ရန် လိုအပ်သည့်နေရာ အများအပြား ရှိသော်လည်း ယင်းနေရာများထဲမှ ပိုအရေးကြီးဆုံးနေရာ ၁၅ ခုတွင် တပ်ဆင်မည်ဖြစ်ပြီး စက်မှုဇုန်များနှင့် နီးစပ်သည့်နေရာများ၊ ယာဉ်များအများဆုံး သွားလာသည့် အဓိက လမ်းဆုံနေရာများ၊ ပြည်သူများနေထိုင်ရာနှင့် နီးစပ်သည့် နေရာများ ပါဝင်ကြောင်း သိရသည်။

လေထုညစ်ညမ်းမှု အခြေအနေ များပြားနေပါက လေထုအတွင်း အမှုန်အမွှား လွင့်စဉ်မှု များပြားကာ လူများတွင် အသက်ရှူလမ်းကြောင်းပိုင်း ဆိုင်ရာများကို ဖြစ်ပွားစေနိုင်သည်ဟု သိရသည်။

လေထုညစ်ညမ်းမှုများကို အဓိကဖြစ်စေသည့် အကြောင်းရင်းများမှာ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော မီးခိုးများ၊ သက်တမ်းလွန် မော်တော်ယာဉ်များမှ ထွက်ရှိသော အိတ်ဇောမီးခိုးများကြောင့် ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ရန်ကုန်မြို့တော် အတွင်းရှိ နေ့စဉ်စွန့်ပစ်သော အမှိုက်များမှလည်း မီးသိန်းဓာတ်ငွေ့များ ထွက်ရှိကာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်နေစေနိုင်ပြီး နေ့စဉ်ထွက် အမှိုက်များကို လျော့နည်းစေမည့် နည်းလမ်းများကို ရှာဖွေနေပြီး အမှိုက်မီးရှို့စက်ထောင်၍ မီးရှို့ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည်

 23-12-2013
အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လအသုံးစရိတ် စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းတွင် လုပ်သားများ၏ တစ်လတာ အသုံးစရိတ်တွင် ပါဝင်သည့် အသား၊ ငါး၊ ဆန်၊ ဆီ စသည့် စားသောက် ကုန်ပစ္စည်းများ၊ တံမြက်စည်းစသည့် အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် ကလေး၏ ကျောင်းစရိတ်ကို ထည့်သွင်းထားခြင်း ဖြစ်ပြီး အိမ်ရှိ မိသားစုသုံးဦးအပေါ် မူတည် တွက်ချက်ထားချက်အရ တစ်လအတွင်း အသုံးစရိတ်မှာ ၁၈၂ç၉၁၀ ကျပ် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယခုကဲ့သို့ တွက်ချက်မှုအတိုင်း လုပ်သားများ အပြည့်အဝ မရပါက လုပ်သားများ အနေနှင့် အလုပ်တွင် အားသွန်ခွန်စိုက် လုပ်ကိုင်လိုစိတ် နည်းပါးလာပြီး ခိုးဝှက်ခြင်းကဲ့သို့ ကိုယ်ကျင့်တရားများ ပျက်ပြားလာနိုင်ကာ ကလေးငယ်များ အနေနှင့်လည်း ကျောင်းမတက်နိုင်ဘဲ ကလေးလုပ်သား ဖြစ်သွားနိုင်ကြောင်း ဦးအောင်လင်းက ပြောကြားသည်။

စစ်တမ်း ကောက်ယူထားသည့်အတိုင်း လုပ်သားများကို အဆိုပါ နှုန်းထားအတိုင်း လစာငွေ ပေးအပ်နိုင်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း၊ သို့သော် ယခုကဲ့သို့ ပေးအပ်ရန်အတွက် အလုပ်သမားများ၏ အလုပ် လုပ်နိုင်စွမ်းအပေါ် ကြည့်သင့်ကြောင်း၊ အဆိုပါ စစ်တမ်းအရ အလုပ်သမားများတွင် တစ်လလျှင် လစာကျပ်တစ်သိန်း ရှစ်သောင်း ပေးသင့်သူ ရှိသကဲ့သို့ တစ်သိန်းတစ်သောင်း ပေးသင့်သူလည်း ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ စိုက်မျိုးစပါး တင်သွင်းဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်သော ASIA DANSITY INTERNA TION SERVICE ကုမ္ပဏီ၏ ဒါရိုက်တာ ဦးထိန်လင်းက ပြောကြားသည်။

လစာနှုန်းထားများအပေါ် ယခုကဲ့သို့ စစ်တမ်း ကောက်ယူပေးသည့် အတွက် ကောင်းမွန်သော်လည်း လုပ်သားများကို ယခုကဲ့သို့ လစာပမာဏ ပေးရန်မှာ အလုပ်ရှင်နှင့် အဆင်မပြေနိုင်ကြောင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။

ယင်းစစ်တမ်းကို အောက်တိုဘာလမှ စတင်ကာ သုံးလကြာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုမှ မြို့နယ်ပေါင်း ၄၆ မြို့နယ် အတွင်းရှိ လုပ်သား အဖွဲ့အစည်းများမှ တစ်ဆင့် ကုန်ဈေးနှုန်းများ ကောက်ယူခြင်းနှင့် လုပ်သားများထံ မေးမြန်းထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ

23-12-2013
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်
ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

MWD

Sunday, December 22, 2013

နိုင်ငံရေးမုန်တိုင်း ပြင်းထန်နိုင်သည်။

 22-12-2013
( ဒီကနေ့ထုတ် The Voice weekly ဆောင်းပါးဖြစ်ပါတယ်။ တချို့တလေစွပ်စွဲသလို ကျနော်သာ စစ်အာဏာရှင်စနစ်ကိုလိုလားသူ အမှန်ဆိုရင် ကျနော်ဒီလိုဆောင်းပါးမျိုးရေးပြီးအတိုက်အခံကို
ထောက်ပြဝေဖန်သတိပေးစရာအကြောင်းမရှိပါ။ အသာလေးကြည့်နေလိုက်ရုံပါပဲ။ ဘာပဲလုပ်လုပ် "မှန်တယ်မှန်တယ် ထောက်ခံတယ်ထောက်ခံတယ် "ဆိုတဲ့ အဆင်ခြင်မဲ့မျက်စိမှိတ်ထောက်ခံမှုကသာ အဆင်းကိုဘီးတပ်တဲ့လုပ်ရပ်မျိုးဖြစ်ပြီး ချောက်ချတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်ခင်ဗျား။ )

အခုအခါ မြန်မာ့နိုင်ငံရေးဟာလေပြေလေညှင်းတိုက်ခတ်စဉ်အခါလည်းမဟုတ်သလို လေမုန်တိုင်းထန်နေတဲ့ကာလည်းမမည်ပေမယ့် လေပြင်းများအဆက်မပြတ်
တိုက်ခတ်တော့မယ့် အစကနဦးအခြေအနေကို ဦးတည်နေပြီဖြစ်ကြောင်း
အထင်အရှားမြင်တွေ့လာရပါတယ်။ တပ်မတော်၊အစိုးရတို့နဲ့ အတိုက်အခံခေါင်းဆောင်တို့အကြား
မတူညီတဲ့ ခံယူချက်၊လမ်းစဉ် နဲ့ သဘောထားတို့ဟာ ပိုမိုကွာဟလာတော့မယ့်အသွင် ရှိလာတဲ့အတွက်
ဒီမိုကရေစီခရီး အနီးအဝေးဟာ ခန့်မှန်းရပိုခက်ခဲလာတော့မှာလည်းဖြစ်ပါတယ်။

တပ်မတော်က နိုင်ငံရေးထဲ ပါဝင်ခြင်း မပါဝင်ခြင်း၊ ဒေါ်စုသမ္မတ ဖြစ်ခွင့် မဖြစ်ခွင့် နဲ့ ဖက်ဒရယ် ပေးရေးမပေးရေးတို့ဟာ debate များရဲ့ ဗဟိုချက်မဖြစ်လာပြီး လောလောဆယ်မှာတော့
ဒေါ်စု သမ္မတ ဖြစ်ခွင့် မဖြစ်ခွင့်ဟာ နိုင်ငံရေး လေပြင်းများကိုတိုက်ခတ်စေမယ့် အဓိက အကြောင်းရင်းခံဖြစ်လာတော့မယ့် သွင်ပြင်လက္ခဏာများ ပီပြင်သထက် ပီပြင်လာနေပါတယ်။

ဒေါ်စုကိုယ်တိုင်သွားရောက်ဟောပြောတဲ့ အခြေခံဥပဒေ ပြင်ရေးမပြင်ရေး လူထုဆန္ဒရယူပွဲများဟာ
မြို့ကြီးပြကြီးမဟုတ်တဲ့ ဒေသများ၊ တောမြို့ငယ်များဆီကို ရွေ့လျားနေပြီး တောသူတောင်သားတို့ရဲ့ပကတိ ရိုးသားဖြူစင်မှုများနဲ့
ဒီမိုကရေစီကို ငတ်မွတ်တောင့်တမှုများကို အထင်းသားမြင်တွေ့ရပါတယ်။ သာယာဝတီပွဲမှာ ဒေါ်စုက
သူဟောပြောရှင်းလင်းအပြီး ပြည်သူတို့အနေနဲ့ မေးခွန်းများမေးနိုင်ကြောင်း လမ်းဖွင့်ပေးတဲ့အခါ
အခြေခံဥပဒေကြီးဟာ မှားနေပါတယ် ဆိုတဲ့စကားကို သူတို့နားလည်သလို အားပါးတရ ထုတ်ဖော်ပြောဆိုကြတဲ့ တောသူတောင်သားတို့ရဲ့ စကားတွေမှာ ရိုးသားဖြူစင်မှုကို အထင်းသားမြင်တွေ့နိုင်ပါတယ်။ မြို့ပြမှာရှိတဲ့ နောက် နိုင်ငံရပ်ခြားမှာရှိတဲ့ intellectual လို့ခေါ်တဲ့
ပညာတတ်လူတန်းစားတို့ပင်လျှင် တိတိကျကျသိဖို့ တော်တော်ကြီးအားထုတ်ကြရဦးမယ့် အခြေခံဥပဒေဆိုင်ရာ အသိအမြင်များကို တောကလူတွေ တစ်လုံးတစ်ပါဒ မသိခြင်းကို အပြစ်လို့ ပြောရင် ပြောတဲ့လူလောက် မိုက်မဲတဲ့သူ လောကမှာရှိမယ်မထင်ပါတူး။

ဒါပေမယ့် ဒီလို ဘာမှ မသိနားမလည်ရှာတဲ့လူထုဆီကနေ သဘောထားရယူနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို
နိုင်ငံသားတစ်ယောက်အနေနဲ့တာဝန်ရှိတာမို့  ချစ်ခင်လေးစားစိတ်ရင်းအခံရှိရင်းစွဲမို့ ပညာရှိ သတိဖြစ်ခဲ ဆိုတဲ့စကားနဲ့အညီ နည်းဗျူဟာရေးရာလျစ်ဟင်းမှုများရှိ ရင် ပြင်ဆင်ဖို့စဉ်းစားစေလိုတဲ့ရည်ရွယ်ချက်နဲ့
အမှားအယွင်းနည်းနိုင်သမျှနည်းမယ့်နည်းလမ်းများ ရှာကြံလုပ်ဆောင်စေလိုတဲ့ ဆန္ဒ ဖြစ်ပေါ်မိပါတယ်။
လူထုဟာ ဒီမိုကရေစီကို အမှန်တစ်ကယ်လိုလားတာဖြစ်သော်လည်း အခြေခံဥပဒေ ဆိုင်ရာ ဗဟုသုတများမှာတော့ အားနည်းနေကြရှာတာအမှန်ပါ။ သန်းခြောက်ဆယ်သော လူထုမှာ အခြေခံဥပဒေဆိုင်ရာ ဗဟုသုတအပါအဝင် နိုင်ငံသားတို့အတွက် အခြေခံအားဖြင့် မဖြစ်မနေသိသင့်သိထိုက်တဲ့ အသိပညာများကို ဖြည့်ဆည်းပေးဖို့ရာ အားလုံးရဲ့ တာဝန်တစ်ခုလို့ မြင်မိပါတယ်။

လူထုစစ်တမ်းကောက်ယူခြင်း လူထုသဘောထားရယူခြင်းဆိုတဲ့ကိစ္စတွေကို မဖြစ်မနေလုပ်မယ်ဆိုရင်လည်း အခု အတိုက်အခံပါတီက လုပ်နေတာထက် ပိုပြီးအများကြီးနက်နက်ရှိုင်းရှိုင်း လုပ်ဖို့လိုအပ်မယ်လို့ယူဆပါတယ်။ အသိပညာရေချိန်နိမ့်ပါးတဲ့ လူများစုကို ခေတ်ကောင်းစနစ်ကောင်းတစ်ခုဆီ ဝိုင်းဝန်းပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ကြီးမှာ အဲဒီခေတ်စနစ်သစ်ကြီးတည်တံ့ခိုင်မာဖို့ကို ထည့်စဉ်းစားပြီး အသိပညာရေချိန်မြင့်မားရေးကို တစ်ခါထဲတွဲလုပ်သွားဖို့ကို အားလုံးက မေ့လျော့နေကြပါတယ်။ ဒါမှမဟုတ်
ဒီတာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်နေကြပါတယ်။

ဒီမိုကရေစီရယ်လို့ ပီပြင်သွားတဲ့အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့ဟာ လူထုသဘောထားဆန္ဒများကို
လုံးဝ မျက်ကွယ်ပြုလို့မရသလို လွန်ဆန်လို့မရလည်းမရပါဘူး။ လူထုဟာ ဆုံးဖြတ်ပိုင်ခွင့် ရာနှုန်းပြည့်ရှိလာမှာဖြစ်ပါတယ်။ ဒီမိုကရေစီတည်ဆောက်ရင်းနဲ့ အဲဒီဆုံးဖြတ်ပိုင်ခွင့်ကို လူထုက ပိုင်ပိုင်နိုင်နိုင်ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လူထုရဲ့ နားတွေမျက်စိတွေကိုအခုကတည်းကဖွင့်ပေးကြရပါလိမ့်မယ်။ ဒီမိုကရေစီ စစ်စစ်ဖြစ်ပေါ်လာတဲ့အချိန်မှာ
လူထုဟာလည်း နားမျက်စိ ပွင့်နေပြီးသား တစ်နည်းအားဖြင့် ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အသိပညာရေချိန်မျိုးပိုင်ဆိုင်တဲ့ လူထု ဖြစ်နေပြီးသားဖြစ်ဖို့ အခုထဲက ပြင်ဆင်ဆောင်ရွက်သင့်ကြပြီဖြစ်ပါတယ်။
ဒီလိုပြောရတာဟာ လူထုကို အထင်အမြင်သေးလို့မဟုတ်ဘဲ လူထုကို အမှန်တစ်ကယ် ဒီမိုကရေစီအခွင့်အရေးများကို ပြည့်ပြည့်ဝဝ နဲ့ ကမ္ဘာတည်သရွေ့ခံစားစေလိုတဲ့ စိတ်ဆန္ဒနဲ့ ပြောဆိုရခြင်းဖြစ်ပါတယ်။

ဒီတော့ လက်ရှိကာလမှာ ဒေါ်စုလုပ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲများကို အခုထက် ပိုမို အကျိုးဖြစ်ထွန်းဖို့ဆိုရင် လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို နည်းလမ်းပေါင်းစုံနဲ့မေးမြန်းဆွေးနွေးသင့်တယ်လို့မြင်မိပါတယ်။ ဒီထက်လည်းပိုတိကျတဲ့ ရှင်းလင်းချက်များ၊
ပိုတိကျတဲ့မေးခွန်းများဖြစ်စေချင်ပါတယ်။ ဘယ်အချက်တွေပြင်မလဲ၊ ဘယ်လိုပြင်မလဲ၊ ဘယ်တော့ပြင်မလဲ
ဘယ်လောက်ပြင်မလဲ၊ ဘယ်မနည်းလမ်းတွေသုံးရင် ထိရောက်မလဲ စသဖြင့် ဖြစ်သင့်ပါတယ်။

ဒေါ်စုကိုယ်တိုင်သွားတဲ့ပွဲတွေနဲ့ ဒေါ်စုမပါတဲ့ပွဲတွေမှာ ပရိသတ်လာရောက်မှုအတိုင်းအတာကိုလည်းပြန်လည်ချင့်ချိန်သုံးသပ်ပြီး ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာကိုပါ ဆန်းစစ်သင့်ပါတယ်။ အခြေခံဥပဒေပြင်ချင်ပြင် မပြင်ချင်နေ လုံးဝစိတ်မဝင်စားဘူး၊ ငါတို့ ထမင်းဝချင်တယ်ဆိုတဲ့ လူတွေ၊ အခြေခံဥပဒေကို နှစ်ဖက် ယုံကြည်မှုတည်ဆောက်ပြီး ဖြည်းဖြည်းပဲပြင်ချင်တဲ့ လူတွေနဲ့ နိုင်ငံရေးကို ဖြည်းဖြည်းချင်းပြောင်း စီးပွားရေး မြန်မြန်ကောင်းချင်တယ်ဆိုတဲ့လူတွေ လည်းရှိနေတာဖြစ်ပြီး လူထုဆိုတဲ့နေရာမှာ သန်းခြောက်ဆယ်စလုံးကိုထည့်သွင်းစဉ်းစားဖို့လည်းမဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။

ဒီမိုကရေစီမှာ အယူအဆများစွာကွဲပြားနေတတ်တာသဘာဝဖြစ်ပြီး ဒီမိုကရေစီ မဖြစ်သေးတဲ့အချိန်မှာ
အသိပညာရေချိန်ကို ထည့်မတွက်ဘဲ မသိကျိုးကျင်လုပ်နေရင် အားလုံးအတွက်အန္တရာယ်များလှပါတယ်။အသိပညာကို မြှင့်တင်ပေးရမယ့်အစား အသိပညာနိမ့်ပါးမှုကိုနိုင်ငံရေးအတွက် အခွင့်အရေးတစ်ရပ်လိုအသုံးချမိသလိုမဖြစ်အောင်သတိထားကြရမှာလည်းဖြစ်ပါတယ်။လူထုအသိပညာနိမ့်ပါးမှုအတွက် လူထုမှာ လုံးဝတာဝန်မရှိသဘဲ ဖြတ်သန်းခဲ့ရတဲ့ အမှောင်ခေတ်များကြောင့်သာဖြစ်ပြီး ဒီကိစ္စကိုအခုတစ်ခါထဲမကိုင်တွယ်ရင် ကျွန်တော်တို့ ဒီမိုကရေစီရလည်းခနပဲဖြစ်မှာပါ။ နောက်ထပ်ပုံစံမတူတဲ့ အမှောင်ခေတ်တစ်ခေတ်ထဲ အချိန်မရွေးပြန်လည်ကျရောက်သွားမှာမုချဖြစ်ပါတယ်။

လက်ရှိနည်းလမ်းများဟာ ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ကြီးစွာသော အဟန့်အတားဖြစ်နိုင်တာကြောင့် အတိုက်အခံခေါင်းဆောင်အနေနဲ့ လူထုရဲ့ ကိုးစားယုံကြည်မှုကိုရရှိထားတာနဲ့အညီ အထူးသတိဝီရိယထားပြီး ဆောင်ရွက်သင့်ပါတယ်။
လက်ရှိ အခြေခံဥပဒေအရ အတိုက်အခံတို့ရွေးကောက်ပွဲမှာ အနိုင်ရရင် အစိုးရဖွဲ့ခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလည်း ထည့်မပြောဘဲ အတိုက်အခံကိုအစိုးရဖွဲ့ခွင့်ပေးဖို့
အစိုးရနဲ့တပ်ဖက်က အခြေခံဥပဒေနဲ့ကန့်သတ်ထားသယောင် ပြောဆိုတာတွေ့ရပြီး အတိုက်အခံပါတီအနေနဲ့ အခြေခံဥပဒေရဲ့ အဲဒီအခွင့်အရေးကိုမသိဘဲနေမယ်တော့ မဟုတ်ဘူးလို့ယူဆရပါတယ်။ ဒီတော့ လက်ရှိ လူထု စုဝေးပွဲများရဲ့ရည်ရွယ်ချက်က
၅၉ ( စ ) ပြင်ဆင်ရေးအတွက် အင်အားရယူခြင်းလို့လည်းတစ်နည်းတစ်လမ်းယူဆစရာရှိပါတယ်။
တစ်ကယ်တမ်းက အစိုးရဖွဲ့နိုင်ရေး၊လွှတ်တော်များကိုလွှမ်းမိုးနိုင်ရေးနဲ့တစ်ဖက်ကလည်းတပ်နဲ့ ယုံကြည်မှုတည်ဆောက်ရေးတို့ကို ဦးတည်လုပ်ကိုင်သွားသင့်တာဖြစ်ပါတယ်။ ဒီမိုကရေစီခရီးလည်းမြန်ဆန်သွားနိုင်စရာအကြောင်းရှိသလို ၂၀၂၀မှာလည်း ဒေါ်စုသမ္မတဖြစ်ရန်သေချာပေါက် မျှော်မှန်းလို့ရနိုင်မယ်လည်းဖြစ်ပါတယ်။

ပြင်ဆင်မယ်လို့ သဘောတူပြီးသား ကိစ္စကို ထောက်ခံဖို့ လူထုစုဝေးပွဲများကို အားသွန်ခွန်စိုက်လုပ်ကိုင်ပြီး သက်သေထူလိုခြင်းက ၈၈ ဝန်းကျင်ကကျင့်သုံးခဲ့တဲ့ ဖိအားပေးပြီး လိုက်လျောလာစေရေး ( pressure and compromize ) နည်းလမ်းကို ပြန်လည်အသုံးပြုဖို့ကြိုးပမ်းခြင်းသာဖြစ်ပြီး ဒီနည်းအလုပ်မဖြစ်ကြောင်းအထူးအတည်ရှင်းပြနေဖို့လည်းလိုမယ်မထင်ပါဘူး။ လေးပွင့်ဆိုင်တွေ့ဆုံရေးကိုတောင်းဆိုထားပြီး ရင်ကြားစေ့ရေးမူပါလို့ ကြေငြာထားတဲ့အချိန်မှာတစ်ဖက်ကနေ ( ပြင်ဆင်ရေးအတွက် မူအားဖြင့်အားလုံးလက်ခံထားတဲ့ကြားက )လူထုပွဲတွေကို တွန်းလုပ်နေခြင်းက revolution အသွင်ကိုဦးတည်နေပြီး စကားပြောဆိုဆွေးနွေးရေးအဟန့်အတားများဖြစ်လာနေပါပြီ။

တစ်ဖက်မှာ တပ်ချုပ်ကလည်း တပ်မတော်က နိုင်ငံရေးမှာပါဝင်နေရခြင်းက နိုင်ငံတော်ကို ဒီမိုကရေစီသို့ပို့ဆောင်နိုင်ရေးဖြစ်ကြောင်းနဲ့ တပ်မတော်ကလည်း ဒီမိုကရေစီစနစ်ကိုလိုလားကြောင်း ခပ်စိပ်စိပ်ပြောဆိုတာတာကို သတိပြုသင့်ပါတယ်။အစိုးရဖက်ကလည်း emotional speech တွေကြောင့် လေးပွင့်ဆိုင်တွေ့ရေး အခက်တွေ့နိုင်ကြောင်း ပြောဆိုသံကြားလိုက်ရပါတယ်။ တစ်ဖက်ကတုန့်ပြန်မှုများကိုလည်း အလေးအနက်နားထောင်ပြီးစနစ်တကျတုန့်ပြန်သင့်ပါတယ်။ အခုလောလောဆယ်မြင်ရသလောက်က အစိုးရနဲ့တပ်ဖက်က ညင်သာပြီး အတိုက်အခံဖက်က ပြင်းထန်နေတယ်လို့ဆိုပါရစေ။ တစ်ဖက်က စကားလုံးအသုံးအနှုန်းကအစ သေသေချာချာဂရုစိုက်နေတဲ့အချိန်မှာ ဒေါ်စုက လူထုပွဲတွေမှာ အထေ့အရိတွေ များလာနေတာတွေ့ရပါတယ်။ လေးပွင့်ဆိုင်ကိစ္စမှာလည်း ချက်ချင်းမတွေ့နိုင်တဲ့ကိစ္စကို အကြောင်းပြုပြီး
အချိန်ဆွဲတာ မတွေ့ချင်တာ ဒီမိုကရေစီမလိုလားတာဆိုတဲ့အထိ ပြောဆိုမှုဟာ အလုပ်ဖြစ်ဖို့ လုံးဝမရှိပါဘူး။
တစ်ဖက်နဲ့တစ်ဖက် အပြတ်ခြေမှုန်းရေးဗျူဟာနဲ့သာ ကိုက်ညီတဲ့ နည်းဗျူဟာများဖြစ်ပြီး ရင်ကြားစေ့ရေးနဲ့ကတော့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပါတယ်။

ပြင်ဆင်ရေးကိစ္စကိုလွှတ်တော်တွင်းကစတင်ရမှာဖြစ်ပြီး တခြားနည်းဖြစ်နိုင်ဖို့က ယုံကြည်မှုတည်ဆောက်နိုင်ရေးအပေါ်မှာသာလုံးဝမူတည်နေတာဖြစ်ပြီး ဘာလုပ်လုပ် ရင်ကြားစေ့ရေးကိုဦးတည်လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံရေးမှာ မဖြစ်နိုင်တာမရှိပေမယ့် ဖြစ်နိုင်အောင်နည်းလမ်းတကျမကြိုးပမ်းဘဲနဲ့ဖြစ်မလာနိုင်ပါဘူး။ ယုံကြည်မှုတည်ဆောက်နိုင်ရင်
ပြင်ရုံမက အသစ်လည်းရေးဆွဲလို့ရနိုင်တာဖြစ်ပါတယ်။ဒီတော့ လွှတ်တော်ထဲကနေသွားလို့မရရင်
တခြားနည်းသုံးမယ်လို့ကြေငြာပြီး ဘယ်လိုနည်းလမ်းဆိုတာပြောဖို့ငြင်းဆန်တာကြောင့် ဒေါ်စုအနေနဲ့
လက်တစ်ဘက်ကို နောက်ပြန်ဖွက်လိုက်တာပဲဖြစ်ပါတယ်။ ရင်ကြားစေ့ရေးခရီးဆက်ဖို့ ပိုခက်သွားတဲ့အနေအထားကို အလိုလိုရောက်သွားပါတယ်။

၈၈ ခေါင်းဆောင် ကိုကိုကြီးက လက်ရှိအခြေခံဥပဒေကို သူ့အနေနဲ့မနှစ်သက်ကြောင်း၊ အဖုံးကနေစပြီးဆုတ်ဖြဲပစ်လိုက်ချင်ကြောင်း၊ဖြစ်နိုင်လျှင်အသစ်ရေးဆွဲလိုကြောင်း
အခြေအနေအရ ဖြစ်နိုင်ခြေများကိုလက်ခံလုပ်ဆောင်ရတာဖြစ်ကြောင်းပြောပါတယ်။ကျွန်တော့်ရင်ထဲမှာလဲ ဒီသဘောနဲ့တစ်ထပ်ထဲရှိသလို နိုင်ငံရေးစိတ်စေတနာမှန်ပြီး ဒီမိုကရေစီကိုအမှန်တစ်ကယ်တန်ဖိုးထားသူ ဘယ်ဒီမိုကရက်မဆို ဒီသဘောပဲရှိပါတယ်။
ပြင်ဆင်ရေးဟာတစ်ခုထဲသောနည်းလမ်းဖြစ်ပြီး ယုံကြည်မှုကို အပြည့်အဝမတည်ဆောက်နိုင်မချင်းလွှတ်တော်လမ်းကြောင်းကပဲသွားလို့ရမယ်ဖြစ်ပါတယ်။

ဒေါ်စုဟာ လူထုခေါင်းဆောင်လည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက်
အရေးပါအရာရောက်လှတဲ့ပုဂ္ဂိုလ်လည်းဖြစ်တာကြောင့် စဉ်းစားသင့်တာစဉ်းစားနိုင်ဖို့ တင်ပြရခြင်းသာဖြစ်ပြီး
ဒေါ်စုသာ အခုအတိုင်းဆက်သွားနေရင် ၂၀၁၄ မှာတိုက်ခတ်လာတော့မယ့်လေပြင်းများကို တားဆီးနိုင်မှာမဟုတ်ဘဲ အခန့်အသင့်ပါက မြန်မာ့ဒီမိုကရေစီ မျှော်လင့်ချက်ကိုပါ ပြိုကျပျက်စီးစေနိုင်တဲ့
နိုင်ငံရေး လေမုန်တိုင်းအဆင့်အထိ ကူးပြောင်းနိုင်ပါကြောင်း ဒီမိုကရေစီ ချစ်မြတ်နိုးသူ နိုင်ငံသားတစ်ယောက်ရဲ့
အမြင်ကို မည်သည့်ကိုယ်ကျိုးစီးပွားကိုမှမမျှော်ကိုးဘဲ လူထုနဲ့နိုင်ငံတော်အကျိုးအတွက် ရိုးသားစွာတင်ပြလိုက်ပါတယ်။ ။
ပိုက်တင်

ကချင်ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအတွက် ဗြိတိန် ဆက်လက်ကူညီမည်

22-12-2013

ဗြိတိန်မှ ကချင်ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအတွက် ဆက်လက်ကူညီမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၁၉ ရက်၊ ၂၀ ရက်တွင် လာရောက်လေ့လာသော ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနအကြီးအကဲ ဂါဗင်မက်ဂလေဗာရီတို့က ပြောကြားသည်။

သံအမတ်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ၊မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သံအမတ်ကြီးက "ကချင်ပြည်နယ်မှာတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ဗြိတိန်အစိုးရက ကူညီနေပါတယ်။ ပြည်နယ်အစိုးရကို နေရာတိုင်း အကူအညီပေးနိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နှစ်နှစ်ခွဲအတွင်း ဒေါ်လာသန်း ၂၀ ကူညီဖို့ရှိနေပြီး ကျန်တဲ့ ၁၀ သန်းလောက်ကတော့ လာမယ့်နှစ်အတွင်း ကူညီသွားမှာပါ"ဟု ပြောကြားသည်။

သံအမတ်ကြီးက "ဒုက္ခသည်စခန်းတွေမှာ ပညာရေးအထောက်အပံ့နဲ့ ဆေးဝါး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေတယ်"ဟုလည်း ဆက်လက်ပြောကြားသည်။ သံအမတ်အဖွဲ့သည် မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြောကြားခဲ့ကြောင်း သိရသည်။

"လက်ရှိတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက ပြည်သူလူထုကို ဗြိတိန်အစိုးရက စိုးရိမ်နေပါတယ်။ မြောက်ပိုင်းတိုင်းမှူးကတော့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ လူ့အခွင့်ရေးနှင့် ကလေးစစ်သားကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်ဟာ လူထု၊ ၀န်ကြီးဦးအောင်မင်း၊ ဗိုလ်ချုပ်ဂွမ်မော် စသည့်ပုဂ္ဂိုလ်များနှင့် လူမှု့အဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်တော့ လိုပါဦးမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဗြိတိန်အစိုးရကနှစ်ဖက်စလုံးကို တတ်နိုင်သမျှကူညီသွားမှာပါ"ဟု သံအမတ်ကြီးက ပြောကြားသည်။

(ဗြိတိသျှသံအမတ်ကြီးနှင့်အဖွဲ့ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေရသော ဒေသခံများနှင့် တွေ့ဆုံစဉ်)

တက္ကသိုလ်မူဝါဒ မူကြမ်းကို ကန့်ကွက်

 22-12-2013
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက မနေ့က ရန်ကုန်တက္ကသိုလ်မှာ ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ မနေ့က ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်တက္ကသိုလ်မူဝါဒ မူကြမ်းဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်လည်အသက်သွင်းတာဖြစ်ပြီး တက္ကသိုလ်တွေကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာမတွေ့ရတာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကိုပြောပါတယ်။

“ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဆိုပြီးတော့ အစိုးရဘက်ကနေ ပြန်ဖွဲ့ထားတဲ့ကော်မတီက တင်သွင်းတဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ ရည်မှန်းချက်မူဝါဒ လုပ်ငန်းစဉ်တွေဟာ တက္ကသိုလ်များကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ ပုံစံမျိုးကိုမတွေ့ရဘူး၊ သူတို့ထုတ်ပြန်တဲ့ ဥပဒေမူကြမ်းကြီးတစ်ခုလုံးကို ကျနော်တို့ လုံးဝကန့်ကွက်တယ်၊ အဲဒီကန့်ကွက်တဲ့ဟာကို ကျနော်တို့ အဖွဲ့စည်းလိုက်အနေနဲ့ ထုတ်ဖို့ရှိတယ်၊ ကျနော်တို့ စုပေါင်းကြေညာချက် ထုတ်ပြီးတဲ့အခါကျရင် ဒီကိစ္စအပေါ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်မယ်၊ ကျနော်တို့ ဒီကိစ္စအပေါ်မှာလည်း ကျနော်တို့ campaign တွေလုပ်မယ်၊ ဆရာ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေဟာ ကန့်ကွက်မှုအပေါ်မှာ အားကောင်းကောင်းနဲ့ ပါနိုင်အောင်လို့လည်း ကြိုးစားပါ”

ဒီနေ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ဆရာ/ ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဆွေးနွေးပြီး ကန့်ကွက်လိုက်ကြတာပါ။

ဆရာ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေ ပူးတွဲပြီး ပညာရေးမူကြမ်းတစ်ခုကိုလည်း ရေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့လည်း ကိုစည်သူမောင်က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်ဆရာ/ ဆရာမများအသင်းတွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA

ခြေထောက်ခွဲစိတ်ထားမှု အခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ယခုလကုန်အထိ ခရီးစဉ်များအားလုံး ဖျက်သိမ်း

22-12-2013
ခြေထောက်အသေးစား ခွဲစိတ်ခံထားရသည့်အခြေအနေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း NLD ကျန်းမာရေးကွန်ရက်က ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ခြေထောက်အသေးစားခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ယနေ့ငါးရက်မြောက်နေ့တွင် ခွဲစိတ်မှုအခြေအနေများ အားလုံးကောင်းမွန်နေပါသော်လည်း ကြာရှည်စွာ မတ်တတ်ရပ်ရန်၊ လမ်းလျှောက်ရန် မသင့်လျော်သေးပါသဖြင့် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့် ထပ်မံအသိပေး အကြောင်းကြားအပ်ပါသည်ဟု NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေထောက် ခွဲစိတ်ခံထားရတဲ့အခြေအနေကြောင့် ဒီလကုန်အထိ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ။ သေချာတာကတော့ ဒီဇင်ဘာ ၂၉ ရက်က မအူပင်မှာပြုလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ပါဘူး။ ချင်းပြည်နယ်ခရီးစဉ်ကတော့ နောက်လထဲမှဆိုတော့ မသေချာသေးပါဘူး" ဟု NLD ကျန်းမာရေးကွန်ရက်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် Bunion ဟုခေါ်သော ခြေမအတွင်းဘက်သို့ ယိုင်သည့်ဝေဒနာဖြင့် လမ်းလျှောက်လျှင် နာကျင်သောကြောင့် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ခြေမနှစ်ဖက်စလုံးကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုခွဲစိတ်ကုသခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်က အကြီးစားခွဲစိတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်အသေးစား ခွဲစိတ်မှုမပြုမီ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကော့မှူးမြို့နှင့် သာယာဝတီမြို့များသို့ ဆက်တိုက်သွားကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဟောပြောမှုများပြုလုပ်ခဲ့သည်။

Eleven Media Group

Friday, December 20, 2013

မြန်မာနှင့် ဂျပန် ဗီဇာကင်း လွတ်ခွင့် အတွက် နှစ် နိုင်ငံ လက်မှတ် ရေးထိုးရန် စီစဉ်

 20-12-2013
မြန်မာ နိုင်ငံနှင့် ဂျပန် နိုင်ငံတို့ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် သူများ အနေဖြင့် ဗီဇာ မလိုဘဲ သွားလာ နိုင်ရန် အတွက် နှစ် နိုင်ငံ အစိုးရ အဖွဲ့ တို့ အကြား စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဌာနမှ သိရသည်။ လက်ရှိ တွင် နှစ် နိုင်ငံ သံတမန် များ နှင့် အဆင့်မြင့် အရာရှိ များ အနေဖြင့် သွားလာ နိုင်ရန် ဆောင်ရွက် လျက် ရှိပြီး သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင် သူ တိုင်း သွား လာ နိုင်ရန် စီစဉ် လျက် ရှိကြောင်း သိရသည်။ နိုင်ငံခြား ရေး ဝန်ကြီးဌာန ကောင်စစ် ရေးရာ နှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ စာချုပ်များ ဦးစီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက “ဂျပန် နိုင်ငံနဲ့ နှစ် နိုင်ငံ လက်မှတ် ရေးထိုး နိုင်ဖို့ ဆောင်ရွက် နေပါတယ်” ဟု ပြောသည်။

ဂျပန် နိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိ ပါက ပြည်တွင်း သို့ ရင်းနှီး မြှုပ်နှံမှု များ အပြင် ခရီးသွား လုပ်ငန်း များပါ တိုးတက် လာနိုင် ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်း အဝိုင်းက သုံးသပ် ပြောသည်။ “အသေး စားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းရှင် ဦး အောင်ဟိန်း က “လက်ရှိ မှာ ဂျပန် ကတော့ မြန်မာ နိုင်ငံ ကို အလွန် စိတ်ဝင်စား တယ်။ မြန်မာ နိုင်ငံမှာ သူတို့ အတွက် စီးပွားရေး လုပ်ကိုင် ဖို့ အကွက် အကွင်း တွေ ရှိနေတယ် လို့လဲ ယုံကြည် တယ်။ မြန်မာ နိုင်ငံရဲ့ ပွင့်လင်း မြင်သာမှု နဲ့ လူမျိုးချင်း နီးစပ်မှု တွေ ကြောင့် မြန်မာ ပြည် ကို လာချင် ကြ တယ်။ နှစ် နိုင်ငံ ဗီဇာ ကင်းလွတ် ခွင့် ပေးမယ် ဆိုရင်တော့ စီးပွားရေး အတွက် ရင်းနှီး မြှုပ်နှံမှု တွေ တိုးလာ နိုင်တယ်” ဟု သုံးသပ် ပြော သည်။ လက်ရှိ တွင် မြန်မာ နိုင်ငံတွင် ဗီဇာ အမျိုးအစား လေးမျိုး ရှိပြီး နိုင်ငံ ပေါင်း ၅၁ နိုင်ငံ ကို သတ်မှတ် စည်းကမ်း ချက်များ နှင့် ကိုက်ညီ ပါက ဆိုက်ရောက် ဗီဇာ ထုတ်ပေး လျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း(မ်)

အမျိုးသမီးအသင်း အကြိုဗိုလ်လုပွဲ ရှုံးနိမ့်အပြီး ငါးမိနစ်အတွင်း အမျိုးသားကြီးတစ်ဦး စိတ်ထိခိုက်ပြီး သေဆုံးခဲ့...

20-12-2013
၁၈-၁၂-၂၀၁၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြသော ထိုင်းနှင့်မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်ကို ရုပ်မြင်သံကြားမှ စောင့်ကြည့်သည့် အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပွဲစဉ်အပြီး ငါးမိနစ်ခန့်တွင် မြန်မာအသင်းရှုံးပွဲကြောင့် စိတ်ထိခိုက်ပြီး သေဆုံးခဲ့ရမှု ကျောက်တန်းမြို့နယ် ကျေးရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်မတို့ထဲမှာ ဘောလုံးပွဲလာကြည့်တယ်။ ကျွန်မတို့တဲနဲ့သူ့တဲက ဆိုင်ကယ်နဲ့ ငါးမိနစ်လောက်ပဲမောင်းရတာ။ ဘောလုံးပွဲကြည့်ပြီးတော့ သူ့သားနှစ်ဦးနဲ့အတူ ဆိုင်ကယ်နဲ့ပြန်တာ အငယ်ကောင်က ရှေ့က၊ အလတ်ကောင်က နောက်က၊ သူက အလယ်ကပါ။ သူ့တဲကိုလည်းရောက်ရော အသက်ပါမလာတော့ဘူး”ဟု တူမဖြစ်သူ ဒေါ်တင်တင်နိုင်က ပြောကြားသည်။

ဦးစံမြင့်သည် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဆုံးအဖြတ်ပွဲစဉ်ကလည်း ကြည့်ရှုခဲ့ဖူးပြီး ဘောလုံးအားကစားဝါသနာပါသူတစ်ဦးဖြစ်ကာ အမျိုးသမီးပွဲစဉ်ကြည့်ပြီး မကွယ်လွန်ခင်အထိ ကျန်းကျန်းမာမာပင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “အမျိုးသမီးပွဲကြည့်ပြီးလို့ ရှုံးသွားတော့ ငါ့ရင်ထဲမှာ မကောင်းဘူးကွာလို့ ပြောပါတယ်”ဟု ဒေါ်တင်တင်နိုင်က ပြောသည်။ “မနက်ဖြန် ၂၀-၁၂-၂၀၁၃ သင်္ဂြိုလ်မှာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။ အမျိုးသမီးအသင်းပွဲစဉ်တွင် ပွဲကြည့်ပရိသတ်များကို အကြီးအကျယ် စိတ်လှုပ်ရှားစေခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ဖော်ရေးသားကြသည်များကို တွေ့ရသည်။

===============================
လွင်သန္တာစိုး မီဒီယာမှ

မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ သူရလမ်းတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးပြီး လူဦးရေ ၂၀၈ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်

20-12-2013

မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ သူရလမ်းတွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးပြီး လူဦးရေ ၂၀၈ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်

မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက်၊ သူရလမ်းရှိ နေအိမ်တစ်အိမ်မှ စတင်မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၅ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရကာ လူဦးရေ ၂၀၈ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားအနီး၊ သူရလမ်း၊ အမှတ် (၉၀) နေ ဒေါ်ခင်သန်း၏ နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ မျိုးမြင့်အောင် (၃၁)နှစ် သည် နေအိမ်အခန်းအတွင်း၌ လျှပ်စစ်မီးပူအား မီးပလတ်ထိုးထားရာမှ အပူလွန်ကဲကာ အနီးရှိ အကြော်ကြော်ရာတွင် အသုံးပြုသည့် ဖွဲအိတ်များအား မီးကူးစက်လောင်ကျွမ်းရာမှ ယခုကဲ့သို့ မီးလောင်မှုကြီးဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါမီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ်အစီး ၅၀၊ အထောက်အကူပြုယာဉ် လေးစီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃ နာရီခွဲခန့်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း သိရသည်။

ထိုသို့မီးလောင်မှုကြောင့် အဆိုပါ ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်တစ်လုံးအပါအ၀င် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၄၅ စုရှိ လူဦးရေ စုစုပေါင်း ၂၀၈ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ယင်းရပ်ကွက်ရှိ မစိုးရိမ်ဘုန်းကြီးကျောင်းဝင်းအတွင်ရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိခဲ့ရကြောင်း သိရသည်။

" ကျွန်တော် မီးရောင်မြင်လို့ အိပ်ရာက ထကြည့်လိုက်တဲ့အချိန်မှာ မီးကတော်တော် ကြီးနေပြီ။ အခုမီးလောင်နေတဲ့ ပတ်ဝန်းကျင်က ပဲကြော်ကြော်တဲ့ အကြော်ဖိုတွေတော်တော်များတယ်။ ၁၆ ဖိုလောက်ရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တော့ ပါသွားတယ်။ အဲဒီအချိန်မှာ အနီးက မစိုးရိမ်ကျောင်းတိုက်က ဆရာတော်တစ်ပါးက မီးလောင်တယ်ဆိုပြီး စပီကာနဲ့အော်လို့ ပတ်ဝန်းကျင်ကလူတွေက လေဖြတ်နေတဲ့သူတွေကို အရင်ဆွဲထုတ် ပြီးတော့ ၀ိုင်းငြှိမ်းသတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဆီပုံးတွေရှိတဲ့အတွက် မီးကအရမ်းကြီးလာပြီး မီးသတ်ကားတွေနဲ့ ငြှိမ်းလိုက်တဲ့အခါကျမှ မီးညွန့်ကျိုးသွားတာပါ။ လေကလည်း တိုက်နေတော့ မီးသတ်ယာဉ်တွေ အရင်ရောက်မလာရင် တစ်ရပ်ကွက်လုံးမလွယ်ဘူး " ဟု အဆိုပါမီးလောင်ကျွမ်းခဲ့သော နေအိမ်ပတ်ဝန်းကျင်တွင်နေထိုင်သူ ကိုထွန်းနိုင်က ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်၍ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူး ဦးတင်မင်းက " လျှပ်စစ်ဓာတ်အားကို စနစ်တကျ သွယ်တန်းတပ်ဆင်ထားမှု မရှိခဲ့ခြင်းကြောင့် မီးလောင်မှုတွေဖြစ်ခဲ့တယ်။ ဘာကြောင့် လျှပ်စစ်ကြောင့် လောင်ရတာလဲဆိုတာက ထင်ရှားတဲ့အမှတ်အသားတွေရှိတယ်။လျှပ်စစ်ကြိုး၊ ကိရိယာတွေ၊ ပစ္စည်းတွေကို အပြင်က လောင်တဲ့ပုံစံနဲ့ အဲဒီပစ္စည်းတွေက အပူလွန်ကဲပြီး လောင်တဲ့ပုံစံကကွာပါတယ်။အပြင်ကလောင်တဲ့အရောင်က ရိုးရိုးတန်းတန်းအရောင်ပါပဲ။ အဲဒီလျှပ်စစ်ပစ္စည်းတွေက တစ်ဆင့် ၀ိုင်ယာရှော့ကြောင့် လောင်တဲ့မီးတွေက အရောင်တွေ ထွက်နေတာတွေ့ရပါတယ်။
အဲဒီအချက်ကို အဓိကကြည့်ပြီး လျှပ်စစ်ဝိုင်ယာရှော့ကြောင့် လောင်တာဖြစ်တယ်လို့ သတ်မှတ်ပါတယ် " ဟု ပြောကြားသည်။

ထို့ကြောင့် အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်မှ မီးပေါ့ဆစွာအသုံးပြုသူ မျိုးမြင့်အောင်အား မရမ်းကုန်းမြို့မရဲစခန်းက (ပ) ၅၁၉/၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မရမ်းကုန်း ၉ ရပ်ကွက်၊ သူရလမ်းရှိနေအိမ်များ မီးလောင်နေမှုအား ဒီဇင်ဘာ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်၌ တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ

20-12-2013
၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ" ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ - "အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်. နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး"

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ"

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်"

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ"

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ ...

Ref: everjokes

အောင်ခမ်း ( ရိုးရာလေး )

မန္တလေးဘူတာကြီးတွင် ဟိုတယ်နှင့် ရှော့ပင်းမောဖွင့်ရန် တင်ဒါအောင်သည့် ကုမ္ပဏီများ လုပ်ငန်းမစနိုင်သေး

20-12-2013
မန္တလေးဘူတာကြီး အဆောက်အအုံ စတုတ္ထထပ်မှ ခေါင်မိုးအထိ လေးထပ်ကို ငှားရမ်းကာ ဟိုတယ်နှင့် ရှော့ပင်းစင်တာများဖွင့်လှစ်ရန် ဧပြီလကတည်းက တင်ဒါအောင်ခဲ့သော်လည်း နှစ်ကုန်သည်အထိစာချုပ် ပင် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မှုလည်းမရှိဘဲ ဖြစ်နေသည်။

မြန်မာ့မီးရထား(မန္တလေး) စီးပွားရေးဌာနမှ တိုင်းမန်နေဂျာ ဦးဇော်မင်းသက်ကမူ စိစစ်ရွေးချယ်မှုများ ပြု လုပ်နေသည်ဟု ဆိုသည်။ “အဆင့်ဆင့်ရွေးချယ်နေပါတယ်၊ ကုမ္ပဏီရဲ့အဆိုပြုချက် တင်ပြတဲ့အပေါ်မှာ တိုင်းသမ၀ါယမရုံးနဲ့ ဟိုတယ်ခရီးတို့ရဲ့ ခွင့်ပြုချက်တွေကိုရပြီးမှ စာချုပ်ချုပ်ရမှာပါ၊ အသေးစိတ်အစီအစဉ် တွေကိုတော့ ရုံးချုပ်ကပဲ သေချာသိမှာပါ”ဟု ပြောသည်။

စာချုပ်ချုပ်ဆိုရန် စာချုပ်မူကြမ်းသာပြီးစီးသေးပြီး စာချုပ်မူကြမ်းတွင် တစ်နှစ်လျှင် ကန်ဒေါ်လာလေးသိန်း လေးသောင်းခန့်ဖြင့် ငှားရမည်ဖြစ်ပြီး ထိုပမာဏသည် အတည်မပြုရသေးကြောင်းနှင့် ငှားရမ်းသည့်ကာ လမှာ ၁၅ နှစ်တစ်ကြိမ်နှင့် ငါးနှစ်သုံးကြိမ်ဖြင့် နှစ် ၃၀ ငှားရမ်းမည်ဟု ဖော်ပြထားသည်။

စတုတ္ထထပ်မှခေါင်မိုးထပ်အထိ လေးထပ်စလုံးကို ငှားရမ်းမည်ဖြစ်ပြီး လေးထပ်မြောက်၏ခန့်မှန်းအကျယ် မှာ စတုရန်းမီတာ ၄၆,၈၈၀၊ ငါးထပ်၏အကျယ်မှာ ၃၅,၇၈၃ စတုရန်းမီတာ၊ ခြောက်ထပ်မြောက်မှာ ၄၀, ၁၈၀ စတုရန်းမီတာနှင့် ခေါင်မိုးထပ်အကျယ်မှာ ၃၉,၁၃၃ စတုရန်းမီတာ ကျယ်ဝန်းသည်။

ထို့အတူ မြန်မာ့မီးရထားပိုင် ဟိုတယ်နှစ်လုံးဖြစ်သည့် ပုပ္ပါးဟိုတယ် (၁) နှင့် (၂) ကိုလည်း အောက်တို ဘာလကုန်က တင်ဒါခေါ်ယူခဲ့ရာ သာလွန်ကုမ္ပဏီက ပုပ္ပါး ဟိုတယ် (၁) ကိုလည်းကောင်း၊Adventure Myanmar Group က ပုပ္ပါးဟိုတယ် (၂) ကိုလည်းကောင်း တင်ဒါအောင်ခဲ့သည်။

Mizzima - News in Burmese

Bluetooth လို့ခေါ်ရခြင်း အကြောင်း

20-12-2013
တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။ စစ်ခဏခဏ ဖြစ်ပြီး ကွဲပြားနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးရအောင် ကြားကနေ ဆက်စပ်ပေးပြီး သူ့ရဲ့  ထူးချွန် ထက်မြတ် တဲ့ စကားပြော စွမ်းရည်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ဘုရင် တစ်ပါး ဖြစ်လို့လာပါတယ်။

ဒီတော့ ဆွီဒီအခြေဆိုက် Ericsson ကုမ္မဏီက မိုဘိုင်းဖုန်း တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ အသုံးပြုတဲ့ နည်းပညာ Protocol ကို Bluetooth လို့ အမည်ပေး ပါတယ်။ နှစ်ဖက် စလုံးက ဖွင့်မယ် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မှု အကြောင်းပြန်ပြီး အချက်အလက်တွေ ပေးပို့မယ် အစရှိသဖြင့် အဆင်ပြေမြန်ဆန်တဲ့ ကြိုးမဲ့ အချက်အလက် ကူးပြောင်းရေး စနစ် တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ Bluetooth ဆိုတာ သွားပြာ မဟုတ်ပါဘူး။ Harald Bluetooth ရဲ့ အမည်သာ ဖြစ်ပြီး သူ့ကို ဂုဏ်ပြုလို့ အမည်ပေးထားတဲ့ protocol တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလိုက်ရ ပါတယ်။
.
Ref:wiki
အောင်ခမ်း ( smart.com.mm )

ဖမ်းဆီးခံ တရုတ်နိုင်ငံသားများအရေး တည်ဆဲဥပဒေအဆုံးအဖြတ်ဟု တရုတ်သံအမတ်ပြော

20-12-2013
စီးပွားရေးဗီဇာဖြင့် ၀င်ရောက်လာပြီး ရန်တုန်ကုမ္ပဏီအတွက် သတ္တုလုပ်ကွက် လာရောက်ရှာဖွေနေသူ တရုတ်နိုင်ငံသား ၂၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr.Yang Houlan က မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ အဆုံးအဖြတ် ကိုသာ ခံယူသွားမည်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကို မှတ်ချက်ပြုသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့အနီး ရတနာမြေအဖြစ် သတ်မှတ်ထားသည့် ကန့်သတ်နယ်မြေအတွင်း ၎င်းတို့ကို ဒီဇင်ဘာ ၁၆ရက်က စိစစ်တွေ့ရှိသဖြင့် မြစ်ကြီးနားရဲစခန်းနှစ်ခုတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

တရုတ်သံအမတ်ကြီးက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်သည့် ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ရန် ကျပ်သန်း ၁၂၀ လှူ ဒါန်းပွဲ အခမ်းအနားတွင် မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

“သူတို့က တကယ် တရားမ၀င်သွားခဲ့တယ်ဆိုရင် ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို လေးစားတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေတွေအရပဲ ဆုံးဖြတ်မှုကို ခံယူရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကလည်း သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ထိန်းသိမ်းပေးဖို့အတွက် မျှော် လင့်ပါတယ်”ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် တရုတ်နိုင်ငံသား ယာဉ်မောင်းသုံးဦးနှင့် သတ္တုလုပ်ကွက်ရှာဖွေသူ ၁၈ ဦး၊ ရန် တုန် သတ္တုတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း နှစ်ဦးတို့ဖြစ်ပြီး လိုက်လံပို့ဆောင်ပေးသူ မြန်မာနိုင်ငံသား ငါးဦး ကိုလည်း ဖမ်းဆီးထားသည်ဟု မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့ကို မြစ်ကြီးနားကိုရောက်ကတည်းက သွားမယ့်နေရာမေးတော့ တနိုင်းဆိုရင် ကန့်သတ်နယ်မြေ သွားလို့မရဘူးပြောတယ်။ နောက်ဆုံး ဌာနပေါင်းစုံစစ်တဲ့ ရှဒေါင်ဂိတ်ထိ သွားလို့မရဘူးလို့ တားတာကို သူတို့က မှန်လုံကားနဲ့သွားတယ်။ ကုမ္ပဏီကလာတယ်ဆိုလည်း သူတို့ဆီမှာ လုပ်ငန်းနဲ့ပတ်သက်တဲ့လိုင် စင် အထောက်ထားတွေ ဘာမှမပါဘူး။ ဒါကြောင့် တနိုင်းမှာဖမ်းခဲ့တာ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို လ.၀.က အက်ဥပဒေဖြင့် အရေးယူနိုင်သော်လည်း ပြည်နယ်အစိုးရအ ဖွဲ့၏အဆုံးအဖြတ်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား ငါးဦးကိုမူ အလားတူဥပဒေမှ တရား မ၀င်ပို့ဆောင်မှုဖြင့် တရားစွဲဆိုရန် စီစဉ်ထားပြီးဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက အသိပေးသည်။ယင်း ဖြစ်စဉ်ကို ကချင်ပြည်နယ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်သိန်းက ယမန်နေ့ကတည်းက မဇ္ဈိမကို အသိပေးထားသည်။

သို့သော် ယင်းတရုတ်နိုင်ငံသားတို့ကို မည်သို့အရေးယူမည်နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်ရုံးသို့ ယနေ့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အချိန်မီပြန်ကြားခဲ့ခြင်းမရှိပေ။ ထို့ပြင် ရန်ကုန်ရှိ ရန်တုန်ကုမ္ပဏီရုံး သို့လည်း မဇ္ဈိမက ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်များအတွင်း တရားမ၀င်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအချို့ကိစ္စ ပေါ်ပေါက်ခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ မဇ္ဈိမ၏မေးမြန်းမှုကို မန္တလေးရှိ ကောင်စစ်ဝန်ရုံးမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက စကားပြန်မှတစ်ဆင့် ပြန်လည် ဖြေ ကြားသည်။

Mizzima - News in Burmese

မုန့်ဟင်းခါးရောင်းဖို့ စိတ်ကူးခဲ့တဲ့ မြန်မာပြည်ရဲ့ ဖတ်စ်လေဒီ

20-12-2013
အချိန်ကတော့ ၂၀၀၅ ခုနှစ်ထဲမှာပါ။ ဦးသိန်းစိန်ဟာ န.ယ.က အတွင်းရေးမှူး(၁)တာဝန် ယူထားရပါတယ်။ ဝန်ကြီးချုပ်က ဦးစိုးဝင်းပါ။

ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး ရှင်းပြီးကာစအချိန်ပေါ့။ ဦးသိန်းစိန်ဟာ ကျန်းမာရေးကလည်း တော်တော်လေးမကောင်း၊ သူရဲ့ အထက်/ဘေး/အောက်ကလူတွေ လုပ်ဆောင်ပုံ ကလည်း သူ့ခံယူချက်၊ သူ့လုပ်ဆောင်ချက်တွေနဲ့ အစပ်အဟပ်မတည့်ဆိုတော့ အင်မတန်စိတ်ညစ်ပြီး အနား ယူဖို့ စိတ်ကူးပါတယ်။

ဦးသိန်းစိန်က နားဖို့စိတ်ကူးပြီဆိုတော့ ဒေါ်ခင်ခင်ဝင်းကလည်း ရှေ့ဆက်မယ့်ဘဝခရီးမှာ မိသားစုဝမ်းရေးအတွက် အကြံထုတ်ရတော့တာပေါ့။ တပည့်တချို့နဲ့ တိုင်ပင်မိတဲ့အချိန်မှာ အန်တီကြီးက သူ မုန့်ဟင်းခါးတော့ ချက်တတ်တယ်။

ရှမ်းခေါက်ဆွဲချက်မယ့်သူ တစ်ယောက်လောက် ထပ်ရှာမယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဆိုင်ခန်းတစ်ခန်း လချုပ်နဲ့ငှါးပြီး ဆိုင်ဖွင့်မယ်လို့ အကြံရပါတယ်။ ခင်ဗျားတို့ကတော့ ရီနေကြမယ်ထင်တယ်။ ဦးသိန်းစိန်မိသားစု အဲဒီလောက်ထိ အခြေအနေဆိုးပါ့မလားဆိုပြီး။ ဒီမှာကိုယ့်လူ ... ခင်ဗျားသိအောင် ပြောပြမယ်။

ဦးသိန်းစိန်ဟာ တြိဂံဒေသ တိုင်းမှူးက လာတာ။ တိုင်းမှူးတစ်ယောက်ဟာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုရင် ကျောက်စိမ်းဒေသ မြောက်ပိုင်းတိုင်းရဲ့ တိုင်းမှူးဟောင်းတစ်ယောက်ဟာ ရန်ကုန်ကသူ့အိမ်ကြီးမှာ ကျောက်စိမ်းပြားတွေကို တအိမ်လုံးအပြည့် ကပ်ထားတယ်ဗျ။ ဦးသိန်းစိန်ကိုင်ခဲ့တဲ့ တြိဂံဒေသတိုင်းဟာ ကုန်သွယ်ရေးလမ်းကြောင်းရော၊ ဘိန်းရော၊ စိတ်ကြွဆေးရော စုံလို့ ... စုံလို့ ... ။ တိုင်းမှူးပြီးတော့ န.ယ.က အတွင်းရေးမှူးဖြစ်လာသေးတယ်။ သူဖြတ်သန်း ခဲ့တဲ့ နေရာတွေဟာ သူသာစိတ်ရှိမယ်ဆိုရင် ကိုယ်တိုင်ဘာမှ လုပ်နေစရာမလိုဘူး။ မျက်နှာလေး လွှဲထား လိုက်ရုံပဲ။ သဘောပေါက်။

ဒါပေမယ့် ဦးသိန်းစိန်ဟာ အဲဒီလိုစိတ်မျိုး အရင်ကလည်း မရှိခဲ့၊ နားတော့မယ့် ဆဲဆဲ မှာ လည်း ရှိလာမှာ မဟုတ်ဘူးဆိုတာကို တသက်လုံးပေါင်းလာတဲ့ အန်တီကြီးက သိလို့ အခုလို မုန့်ဟင်းခါး ရောင်းဖို့ စိတ်ကူးရတာပေါ့။ အန်တီကြီးရဲ့အကြံ ဘာကြောင့်အကောင်အထည်မဖော်ဖြစ်တာလဲဆိုရင် ဘရွှေကြီးက ခွင့်မပြုတာနဲ့ ဦးသိန်းစိန်ဟာ မနားလိုက်ရပါဘူး။ ဒီနေ့ ကျွန်တော်ပြောချင်တဲ့ ဖြစ်ရပ်လေးဟာလည်း ဒါပါပဲ။

သိပ်မကြာသေးခင်က အဖြစ်လေးကိုလည်း ကြားမိလိုက်မယ် ထင်ပါတယ်။ ကလေးဆေးရုံမှာ လာတက်တဲ့ကလေးကို ဆေးရုံဆင်းသွားမှပဲ သမ္မတကြီးရဲ့မြေးမှန်း သိလိုက်ကြတယ်ဆိုတာလေ။ လူသိပ်မသိလိုက်တဲ့ အဖြစ်လေးတစ်ခုကို ပြောပြချင်ပါသေးတယ်။

ပြီးခဲ့တဲ့နှစ်ထဲမှာ သမ္မတကြီးနဲ့ ဝန်ကြီးတချို့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ရောက်လာကြတယ်။ လူကြီးတွေအကုန်လုံး လေယာဉ်ပေါ်ကဆင်း၊ လာကြိုတဲ့ကားတွေနဲ့ အလျှိုအလျှို ထွက်သွားပြီးမှ သမ္မတကြီးရဲ့သမီးဟာ ကလေးချီပြီး လေယာဉ်ပေါ်က ကုပ်ကုပ်ကလေးဆင်း၊ နောက်ဘက်ကနေ တိတ်တိတ်ကလေး ထွက်သွားရတယ်။ ဒါတောင် သမ္မတကြီးက ကလေးငယ်ငယ် ကားနဲ့ဆင်းရင် ပင်ပန်းမှာကို သနားလို့ လိုက်ခွင့်ပြုပြီး ပါလာတာ။ အဲဒီကလေးကြီးပြီဆိုရင် အခုလို လိုက်ရဖို့ မမြင်ဘူး။

ခင်ဗျားတို့ဟာ သိပ်ကြီးမကြာသေးတဲ့ အဖြစ်အပျက်တွေကို မေ့မပစ်ကြပါနဲ့ဦး။ ရုပ်ဆိုး၊ ပုပ်သိုး၊ လိပ်ထော ဆိုတဲ့ သမီးတော်တွေ ကြီးစိုးမင်းမူခဲ့တာတို့၊ စိန်မျောက်မျောက်၊ ဖိုးလပြွတ် ဆိုတဲ့ မြေးတော်တွေ အထူးအခွင့်အရေးနဲ့ သောင်းကျန်းခဲ့တာတို့ဟာ ပြီးခဲ့တာမှ သုံးခါလည်တောင်မရှိသေးဘူးဗျ။ အဲဒီလိုလူစားတွေ ကမ္ဘာပေါ်က အပြီးတိုင် ပျောက်သွားပြီလို့များ ထင်နေကြပြီလား။ နောက်ထပ် ပေါ်မလာနိုင်ဘူးလို့များ ထင်နေကြပြီလား။ အဲဒီလိုခေတ်ကို ပြန်မရောက်ဖို့ ဆုတောင်းတဲ့အထဲမှာတော့ ကျွန်တော်လည်း ထိပ်ဆုံးကတစ်ယောက်ပဲဗျို့။

ကျွန်တော်ဟာ ဒီအကြောင်းတွေကို သိထားပေမယ့် ချရေးစရာ ကိုယ်ပိုင်ဘလော့ဂ်လည်းမရှိ၊ နာမည်ဝှက် (Fake Account)ကလည်း မရှိတာနဲ့ အများသိအောင် ထုတ်မပြောဖြစ်ခဲ့တာပါ။

ဒါပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ ... ရှိနေတုန်းမှာ ချစ်ဖို့ကောင်းတာလေးတွေအပေါ် ချစ်သင့်တယ်ထင်လို့ အခုလို အလျဉ်းသင့်တဲ့နေရာက တင်ပြရတာပါ။ ခင်ဗျားတို့ကတော့ ထင်မယ်။ ဒီကောင် ဦးသိန်းစိန်ရဲ့ တပည့် ဖော်လံဖားထဲက ဖြစ်မယ်ပေါ့။ တပည့်မဟုတ်ရပါဘူး။

သူတို့မိသားစုနဲ့ တစ်ခါမှ မပတ်သက်၊ မဆက်ဆံဘူးပါဘူး။ ဒါပေမယ့် ဒီလို စိတ်ထားကောင်းတဲ့သူတွေကို ဖော်လံဖားနေတယ် အပြောခံရရင်တော့ ခံနိုင်ပါတယ်ဗျာ။ စိတ်ဓာတ်အောက်တန်းကျတဲ့ သူတွေအောက်မှာ နှစ်ပေါင်းများစွာ ဖားခဲ့/ပြားခဲ့ရသေးတာပဲ။

ကဲ... မိတ်ဆွေ။ တကယ်လို့ အန်တီကြီး ဒေါ်ခင်ခင်ဝင်းသာ မုန့်ဟင်းခါးရောင်းဖြစ်ခဲ့ရင် ခင်ဗျား သွားစားမလား။ ကျွန်တော်ကတော့ သွားမယ်။ ဒီလောက် စိတ်ရင်းစိတ်ဓာတ် ကောင်းတဲ့သူတွေ ချက်တာပဲ ... ထည့်ရမယ့် အမယ်တွေကို ဘယ်ဟာမှ ခိုထားမှာ မဟုတ်ဘူး။ စေတနာဆိုတဲ့ အမယ်ကလည်း ပမာဏအများကြီးပါဦးမှာ။ အဲဒီဆိုင်သာ ဖွင့်ခဲ့ရင် ခင်ထွေးရီတို့၊ မြောင်းမြဒေါ်ချိုတို့တောင် ဒေဝါလီ ခံသွားရဦးမယ်။

ကျွန်တော်ကတော့ အကြော်နှစ်ခုလောက်ထည့်ပြီး အိုးဘဲဥ၊ ငါးဖယ်နဲ့ ကျကျနန စားပစ်မယ်။ ဟင်းရည်ကိုလည်း တစ်ပန်းကန်အပြည့်တောင်းပြီး သောက်ပစ်မယ်။ ပြီးရင် မီးဖိုချောင်ထဲအထိ ဝင်သွားပြီး ဟင်းရည်အိုး ကူမွှေပေးလိုက်ဦးမယ်။ ခင်ဗျားအနေနဲ့လည်း မီးဖိုထဲထိ မလိုက်ချင်ရင်တောင် မုန့်ဟင်းခါးကိုတော့ အားပေးချင်လိမ့်မယ်လို့ ထင်မိပါတယ်။

copy from - We Love True

Thursday, December 19, 2013

မလေးရှား ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း ယာဉ်မတော်တစ်ဆဖြစ်မှုတွင် ၆ ဦးသေဆုံး မြန်မာအမျိုးသမီး ၂ဦးပါဝင်

19.12.2013

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက် မနက် 12.42am အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့် နီဆန်း စကိုင်းလိုင်း ကားတစ်စီး မှာမော်တော်ယာဉ် ဘယ်နှင့်ညာ ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး မီးလောင်ကျွမ်းသဖြင့် သေဆုံးသွားကြောင်း New Straits Times သတင်း အရသိရပါသည်။

ယာဉ်မောင်းသူမှာ အသက် ၄၀ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား Simon John Hall ဖြစ်ပြီး ၎င်းတို့နှင်အတူဖီလိပိုင် အမျိုးသမီး ၃ဦးလည်း သေဆုံး သွားပါသည်။

မြန်မာ အမျိုးသမီးနှစ်ဦးမှာ ပီးပီး ၂၀ နှစ် နှင့် အက်စတာဆွီး ၂၆ နှစ်ဖြစ်ပါသည်။

ပူဒူးနှင့် ဟန်တွာ့ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁၃ ဖြင့် တစ်နာရီခန့် ငြိမ်းသတ်လိုက်ရကြောင်း ၊ သေဆုံးသူများ၏ အလာင်းများမှာ ခွဲခြား မရနိုင်သည်အထိ လောင်ကျွမ်းသည်ဟု
မီးသတ်ဦးစီးဌာနမှ Deputy Superintendent Abdullah
Roning ကပြောကြားပါသည်။

chinlandguardian သတင်းတွင်ဖော်ပြချက် အရ သေဆုံးသွားသူ မြန်မာ အမျိုးသမီး နှစ်ဦး မှာ ညစာ စားသောက်ရန်
ဖိတ်ကြားခံရပြီး အိမ်သို့မရောက်နိုင်သဖြင့် သူငယ်ချင်း ဖြစ်သူ Sonera Tinpar ကဖုန်းအကြီမ်ပေါင်းများစွာ ခေါ်ဆိုသည့်နောက် ရဲတပ်သားတစ်ဦးက ဖုန်းကိုင်ကာဆေးရုံသို့လိုက်လာရန် အကြောင်းကြားသည်ဟု ဆိုပါသည်။

သေဆုံးသည် အက်စတာဆွီးမှာ ၂၀၁၃ ခရစ်မတ်ရက်အတွင်း တတိယနိုင်ငံ ထွက်ခွါမည့်ရက်ကိုစောင့်ဆိုင်နေသူဖြစ်သည်ဟုလည်း chinlandguardian သတင်းတွင် ဖော်ပြထားသည်။

Malaysia News

ထူးခြားခြား လိင်အင်္ဂါ(၂)မျိုးပါသူကလေးငယ်မွေးဖွား

19-12-2013


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုးပါဝင်သူကလေးငယ်လေးတစ်
ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်း
မော်(ခ)ပူစူးမ မှအဆိုပါ (ယောက်င်္ကျားလေး လိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူကလေးငယ်လေးကိုမွေးဖွားခဲ့သ
ည် အဆိုပါ ထူးဆန်းစွာမွေးဖွားမှုနှင့်ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော် ပြည်သတင်းလူငယ် မိဘများအားသွားရောက်တွေ့ဆုံမေးမြန်းခဲ့
ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ)မပူစူးမ မှ ပြည်သတင်းသို့ယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်။

ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး လိုချင်တာကတော့ မိန်းကလေးပဲလိုချင်ပါ
တယ် ဒါပေမဲ့ကံစီမံရာပါပဲ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင်တိုင်း မိန်းကလေးပဲဖြစ်ပါစေဆိုတဲ့ဆုတွေကိုတော့ အရမ်းတောင်း
မိပါတယ် ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏မိခင်မှ ပြည်သ
တင်းသို့ ပြောကြားသွားသည်။

အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏မိခင်နဲ့ဖခင်တို့မှာ လက်ရှိလယ်/
ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေရကြောင်း အဆိုပါ ကံကြီးကုန်းကျေးရွာ။ကိုင်းချောင်းကျေးရွာ။ဝိုင်းချောင်း
ကျေးရွာ။ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄)ရွာတစ်အုပ်စုဖြစ်ပြီး အဆိုပါကလေးမွေးဖွားရာမှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာမှ လာ
ရောက်ကြည့်ရူသူ အဘွားအိုတစ်ဦးဖြစ်သူ ဒေါ်မသိန်း မှ ယခုလိုပြည်သတင်းသို့ပြောကြားသွားခဲ့သည်...

ဒီလိုမွေးတာအခုအချိန်အထိ မကြုံဘူးသေးဘူး အဘွားကလေးတစ်ကျိတ်လောက်မွေးလာတာ ဒါမျိုးတွေကြားတောင်မကြားမိဘူး ထူးဆန်း
တယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည်သတင်းသို့ပြောကြားသွားခဲ့သည် အဆိုပါထူဆန်းစွာ လိင်အင်္ဂါ(၂)
ခုပါရှိသည့်ကလေးငယ်မွေးဖွားမှုနှင့်ပတ်သတ်ကြီး ၀က်ထီးကန်တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေး
မြန်းခဲ့ရာယခုလိုပြန်လည်ဖြေကြားခဲ့ပါသည်....

အဲဒိကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့အချိန်အထိတော့လာရောက်ခြင်း
မရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်
နားလည်တတ်ကျွမ်းတဲ့ကျေးလက်ကျန်းမာရေးကဆရာ/မတွေကို အဲဒိလိုဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်အတွက်လိုအပ်တာတွေကို စီစဉ်
ပေးနိုင်မှုကပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့်ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွ
င်းစွာသုံးစွဲမိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ် တချို့သောဆေးတွေဆိုရင် နူတ်ခမ်းကွဲ။အာခေါင်ကွဲ။ကိုယ်လက်အင်္ဂါမစုံတာတွေလည်း
ဖြစ်တတ်ပါတယ် မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ် ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူး .........ဟုပြောကြားသွားပါသည်။အဆိုပါ
ထူးဆန်းစွာမွေးဖွားမှု့နှင့်ပက်သတ်ပြီး ဆက်သွယ်မေးမြန်းလှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်းအုပ်စုကျေးရွာအုပ်ချုပ်ရေးမှုး ဦးသိန်း
ငွေ(၀၉၂၅၀၁၁၃၈၆၆)ကိုဆက်သွယ်မေးမြန်းလှုဒါန်းနိုင်ပါကြောင်း ပြည်သတင်းမှ သတင်းရယူခဲ့ပါသည်။....

ပြည်သတင်း

Myanmaalinn

My Blog List