Monday, November 04, 2013

ဟန်းဆန်း အထည်ချုပ် စက်ရုံလုပ်သားများ ဆန္ဒပြ တောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို

Monday, November 04, 2013

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားခေါင်းဆောင်အား အကြောင်းပြချက်မရှိ အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။

ထူးဖောင်ဒေးရှင်းမှ လူနာတင်ယာဉ် (၁၀)စီး လှူ ဒါန်း

Monday, November 4, 2013
ထူးဖောင်ဒေးရှင်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ (Highway Police) သို့ အရေးပေါ် လူနာတင်ယာဉ် (၁၀)စီးအား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် လှူဒါန်းခဲ့ပါသည်။

သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်

Monday, November 4, 2013
 
အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို

Monday, November 4, 2013
ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Monday, November 04, 2013 

ပတ္တရား ၊ အောက်တိုဘာ ၃၁။ ။ နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်းသူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

ထိုင်းလွှတ်တော်က နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်ကို သဘောတူထောက်ခံ

Monday, November 04, 2013


ထိုင်းနိုင်ငံ အောက်လွှတ် တော်က အငြင်းပွားနေသော နိုင်ငံ ရေးလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ ကို သဘောတူထောက်ခံခဲ့သည် ဟုသိရသည်။

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အား ဝေးလံခေါင်ပါး ဒေသအဖြစ် သတ်မှတ်ကာ နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆ တိုးမြှင့်ခံစားခွင့်ပြု




Monday, November 04, 2013

မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အား ဝေးလံခေါင်ပါးဒေသအဖြစ် သတ်မှတ်ကာ နိုင်ငံ့ဝန် ထမ်းများအား လစာနှစ်ဆ တိုးမြှင့်ခံစားခွင့် ပြုလိုက်ပြီဖြစ်ကြောင်းနှင့် အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ လစာနှစ်ဆ ရရှိနေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်ဖြူတော် အစွယ်ဖြင့်ထိုး၍ ဆင်ဦးစီး သေဆုံး



Monday, November 04, 2013

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ် ကြီး(ကျောက်တော်ကြီးဘုရား) အနီးတွင်ရှိသော မင်းဓမ္မ ဆင်ဖြူတော်ဝင်းတွင် ထားရှိသည့် စွယ်စုံဆင်ဖြူတော်က စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးခဲ့သောကြောင့် ဆင်ဦးစီး ဦးသိန်းစိန် သေဆုံးခဲ့မှု နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မင်းဓမ္မ ဆင်ဖြူတော်ဝင်းမှ တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည့် အဖွဲ့၏ ခေါင်းဆောင်ပိုင်းနေရာအတွက် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကွဲလွဲမှု ရှိခဲ့

Monday, November 04, 2013

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို သဘောတူခဲ့ ကြသော်လည်း အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည့် အဖွဲ့၏ ခေါင်းဆောင်ပိုင်း နေရာအတွက် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကွဲလွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

ယခင် စစ်ထောက်လှမ်းရေး အရာရှိ ဟောင်း ၏ သား က မဇ္ဈိမ သတင်းဌာန ကို ဦးဆောင်မည်

Sunday, 03 November 2013
၂၀၀၄ ခုနှစ် တွင် ရာထူး မှ ဖယ်ရှားခံရ ကာ ထောင်သွင်း အကျဉ်းချ ခံရသည့် စစ်ထောက်လှမ်းရေး အရာရှိ ဟောင်းဖြစ်သူ လေတပ် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သိန်းဆွေ ၏ သား ဦးမြတ်ဆွေ ခေါ် ဆန်နီဆွေ မှ အသစ် ပြန်လည် ဖွဲ့ စည်း လိုက်သည့် မဇ္ဈိမ သတင်းဌာန တွင် အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင် မည်ဖြစ်သည်။

မီတာခမြင့်တက်ခြင်းသည် အလုပ်ရှင်များအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင် သဖြင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှုအား အဟန့်အတား ဖြစ်စေနိုင် ဟုဆို

Sunday, 03 November 2013
မီတာ ခတိုးမြှင့်လိုက်ခြင်းသည် အလုပ် ရှင်များအား ဝန်ထုပ်ဝန်ပိုးဖြစ် လာနိုင်သဖြင့် အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ် နိုင်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း အလုပ်သမား အရေးဆောင် ရွက် သူများက ခန့်မှန်းပြောဆိုလိုက် ကြသည်။

မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

Sunday, 03 November 2013
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။

Saturday, November 02, 2013

လူသတ်မှု သံသယဖြင့် ၁၄ နှစ်အရွယ် ကလေးကို ရဲက ညှဉ်းပန်းနှိပ်စက်

Friday, 02 November 2013 
 
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် လူသတ်မှု သံသယဖြင့် အဖမ်းခံရထားရသူ ၁၄ နှစ် နီးပါး အရွယ်ရှိ မောင်စိုးလင်း ဆိုသူ ကလေးတဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သည် အထိ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက်သွားသည်ဟု  သိရှိရသည်။

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

Friday, 02 November 2013 

ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက် သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှုကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်းမှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆိုပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ယင်း ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်တွင် ထိုင်ခုံများကို ဖိုင်ဘာခုံတန်း ရှည်များဖြင့် အစားထိုးပြီး တွဲဆိုင်းသေး တစ်ခုတွင် ပန်ကာ ၆ လုံးထိ တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။

စီးနင်းခအဖြစ် ခရီးသည် တစ်ဦးလျှင် ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးကိုမူ (၁) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ''အခုလို မြို့ပတ်ရထားကို အဆင့်မြှင့်ပြီး ပန်ကာတွေ၊ လက်ကိုင်တွေ တပ်လိုက်တော့ စီးရတာ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီထက်ပိုလျှော့ချ ပေးနိုင်ရင် ခရီးသွားတွေ ရထားကိုပဲ အာရုံစိုက် စီးလာနိုင်တယ်။ ကားကျတော့ လမ်းကျပ်လို့ ဘယ်အချိန် ရောက်မယ်မှန်း မသိဘူး'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

eleven media group

ကမ္ဘာနှင့်တူသော ဂြိုလ် Kepler-78b

Friday, 02 November 2013 

တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို

Friday, 02 November 2013

တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင်ရုပ်သံဌာနတစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာ လိုက်သည်။

SEA Games ကျင်းပမည့် မန္တလာသီရိ အားကစားကွင်း လုံခြုံရေးကင်မရာ ၂၆ လုံးတပ်ဆင်

Friday, 02 November 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည့် မန္တလေးမြို့တော် ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်းသစ်ကြီးတွင် လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ စီစီတီဗီ ၂၆ လုံး တပ်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

၂ဝ၁၂ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲ အတွက် အနုပညာရှင် တို့၏ အကြံပြုချက်

Friday, 02 November 2013

Friday, November 01, 2013

ကျောင်းသူ ကလေးငယ်တစ်ဦးကို သားမယားအဖြစ် ဆက်ဆံပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အမှုဖွင့်စစ်ဆေးနေ

နိုဝင်ဘာ ၁ ရက် ၂၀၁၃။ 
၁၃ နှစ်အရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက အကြိမ်ကြိမ်ကာမဆက်ဆံပြီးနောက် ပြည့်တန်ဆာ 
အိမ်သို့ ရောင်းချစေခိုင်းခဲ့မှုကြောင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း အခင်းဖြစ် မြို့နယ်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက အောက်တိုဘာ ၃၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

မြန်မာ့တပ်မတော်နှင် KNU/KNLA(Peace) ယူနီဖောင်း ဝတ်ဆင် လိမ်လည်သူအားအမြန်ဆုံးဖမ်းဆီးမည်


နိုဝင်ဘာ ၁ ရက် ၂၀၁၃။


KNU/KNLA(Peace) လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်တပ်ဖွဲ့မှ တရားဝင် ထုတ်ပယ်ထားသည့် ဒုဗိုလ်အဆင့်ရှိသူ စော မောင်မောင်သည် KNU/KNLA(Peace) နှင့် အစိုးရတပ်မတော် အရာရှိကြယ်ပွင့်များတပ်ဆင် ပြီးလိမ်လည်မှုများပြု လုပ်နေခြင်းကြောင့် နှစ်ဖက် အဖွဲ့အစည်းမှ တာဝန်ရှိသူများက အမြန်ဆုံးဖမ်း ဆီးအရေးယူနိုင်ရန် ဆောင်ရွ က်နေကြောင်း KNU/KNLA(Peace)မှ ဗိုလ်မှူးချုပ်စောထူးဂေ က ပြောသည်။

အသတ်ခံရသူ အမျိုးသမီး၏အလောင်း အိပ်မက်ပေးခဲ့ရာ နေရာတွင် ရှာဖွေတွေ့ရှိ


နိုဝင်ဘာ ၁ ရက် ၂၀၁၃။

လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )


နိုဝင်ဘာ ၁ ရက် ၂၀၁၃။

ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။  ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု  ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို  ( professional army )  မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ )  နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army  မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ  ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ  ( ရယ်သံများ ) ။

ကချင်နိုင်ငံရေးပါတီတခုကို အစိုးရက မှတ်ပုံတင်ခွင့်ပေး

  နိုဝင်ဘာ ၁ ရက် ၂၀၁၃။
ကချင်ပြည်နယ်​ ဒီမိုကရေစီပါတီကို ​မြန်မာအစိုးရက​မှတ်ပုံ တင်ခွင့်ပြုလိုက်တဲ့အပေါ်​ ပါ တီခေါင်းဆောင် ​ဒေါက်တာ ​မနန်းတူးဂျာက ​ကြိုဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား

 နိုဝင်ဘာ ၁ ရက် ၂၀၁၃။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်မည့် ဒုတိယသမ္မတဖြစ်လာပြီး သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။

သမ္မတက တစ်ရက်ကို လေးကြိမ် မိန့်ခွန်းပြောဖို့ရှိ

  နိုဝင်ဘာ ၁ ရက် ၂၀၁၃။
လာမယ့် ​နောက် ​၃ ​ရက်တာ ​နိုဝင်ဘာလ ​၁ရက်၊ ​၂ရက် ​နဲ့ ​၃ရက်နေ့တွေမှာ ​မြန်မာ ​သမ္မတ ​ဦးသိန်းစိန်က ​ရေဒီယိုအသံလွှင့်ဌာတွေကနေ ​တဆင့် ​တစ်ရက် ​လေးကြိမ်စီ ​မိန့်ခွန်းပြောကြားသွားဖို့ ​ရှိတယ်လို့ ​နိုင်ငံတော်သမ္မတရုံးက ​ထုတ်ပြန်ကြေညာထားပါတယ်။

My Blog List