Friday, September 20, 2013

တရုတ်ပြည်မှာ Miss သွားပြိုင်မယ့် ခင်လပြည့်ဇော်

၂၀၁၄ အကုန်တွင် ကုမ္ပဏီဥပေဒေသစ်အား ပြဋ္ဌာန်းနိုင်ရန် စီစဉ်

Friday, September 20, 2013
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်အကုန်တွင် ကုမ္ပဏီဥပဒေသစ်အား ပြဋ္ဌာန်းနိုင်ရန်အတွက် စီစဉ်လျက်ရှိပြီး ပွင့်လင်းမြင်သာမှုအပိုင်းတွင်း တိုးတက်လာရန်နှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများအား အုပ်ချုပ်သည့် နည်းဥပဒေများအားပြင်ဆင်ရန် တို့အား ရည်ရွယ်ကာ ယခုကဲ့သို့ ဥပဒေသစ်ပြဋ္ဌာန်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု Channel News Asia သတင်းတစ်ရပ်က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဥပဒေမှာ ၁၉၁၄ ခုနှစ်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၉၉ နှစ်ကြာသည် အထိ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခြင်းမရှိခဲ့ပေ။ ယင်းအား နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တွင်သိရှိခဲ့ရသည်။

ငြိမ်းချမ်းရေးနေ့ ထားဝယ်တွင် ပထမဆုံးအကြိမ် ကျင်းပမည်

Friday, September 20, 2013
စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို ထားဝယ်ဒေသ တွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့များထံမှ သိရသည်။ ထားဝယ်လူငယ် များက ထားဝယ်မြို့အနီးရှိ စပါးတောင်တွင် လည်းကောင်း၊ ထားဝယ် အမျိုးသမီး သမဂ္ဂက ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမတွင်လည်းကောင်း အသီးသီးကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့များထံမှ သိရ သည်။ ထားဝယ်အမျိုးသမီးသမဂ္ဂအနေနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ဖွံ့ဖြိုး တိုးတက်ရေးက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်။ မဖြစ်၊ အမျိုးသမီးများ ပြင်ပဗဟုသုတ နည်းပါးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သင့်။ မသင့်စသည့်ခေါင်းစဉ်များဖြင့် စကားစစ်ထိုးပွဲ (ဒီဘိတ်) ပြု လုပ်မည်ဖြစ်ပြီး ကဗျာပြိုင်ပွဲ၊ကလေးငယ်များ၏ ကလေးစစ်သားဆိုင်ရာ ဇာတ်လမ်းတိုများလည်း တင်ဆက် မည် ဖြစ်ကြောင်း အထက်ပါ သမဂ္ဂ၏ ထားဝယ်စင်တာ တာဝန်ခံ ဒေါ်နှင်းအိက ပြောကြားသည်။

ရန်ကုန်တိုင်း ဥပဒေအရာရှိဟောင်းကို မကွေးတိုင်း ဥပဒေချုပ်ခန့်

Friday, September 20, 2013
နိုင်ငံတော်သမ္မတကပေးအပ်သည့်တာဝန်များကို ကျေပွန်စွာမထမ်းဆောင်နိုင်သောကြောင့် ထုတ်ပယ်ခဲ့ သည့် မကွေးတိုင်းဒေသကြီး၊ဥပဒေချုပ်ဦးမောင်မောင်ဖြူတင့်နေရာတွင် ရန်ကုန်တိုင်း ဥပဒေအရာရှိဟောင်း ဦးဇေယျကို အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်သည်။ အသစ်ခန့် အပ်ခံရသည့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဇေယျသည် ယခင် တရားရုံးချုပ် ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရသစ် တာဝန်ယူချိန်တွင် အငြိမ်းစား ယူခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သမ္မတဦးသိန်းစိန်၏အစိုးရသစ်တာဝန်ယူပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ စတင်ဖွဲ့စည်းစဉ် က မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည့် ဦးမောင်မောင် ဖြူတင့်ကို တာဝန် ဝတ္တရားများကျေပွန်စွာမထမ်းဆောင်နိုင်သည့်အတွက် သြဂုတ်လ အတွင်းက တာဝန်မှ အနားပေးလိုက်ေ ကြာင်း ထုတ်ပြန်ကြေညာခဲ့သည်။
The Voice Weekly

ကျောက်ဖြူဆန္ဒပြ ခေါင်းဆောင်ဆယ်ဦးကို အမိန့်ချမည့် ရက်ချိန်း ဒုတိယအကြိမ် ပြောင်းလဲ

Friday, September 20, 2013
မြန်မာ-တရုတ်ပိုက်လိုင်း အကောင်အထည်ဖော်သည့် တရုတ်ကုမ္ပဏီ CNPC ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုသည့် မဒေးကျွန်း ရွာသားဆယ်ဦး စီရင်ချက်ချမည့်ရက် ကို ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်သည်ဟု တရားစွဲဆို ခံထားရသူများ၏ ရှေ့နေဦးထိန်လင်းက မဇ္ဈိမ သို့ ပြောသည်။ “အရင်တစ်ခေါက်ကတော့ တရားသူကြီးဘက်က ချို့ယွင်းချက်၊ အခုကတော့ ကျွန်တော် တို့ဘက်က ချို့ယွင်းချက် ရုံးတက်တဲ့သူမစုံလို့ အမိန့်ချမယ့်နေ့ကို ရွှေ့ဆိုင်းလိုက်ရတာပါ”ဟု ဦးထိန်လင်း က ဆိုသည်။ အမှုကို ပထမတစ်ကြိမ် စက်တင်ဘာ ၁၂ ရက်တွင် အမိန့်ချမည်ကို တရားသူကြီးက အမှု စီရင်ချက်ရေးဆွဲမှုမပြီးပြတ်သေးဟုဆိုကာ စီရင်ချက်ချမည့်ရက်ကို စက်တင်ဘာ ၁၉ ရက်ထိ ရွှေ့ဆိုင်းထား ခဲ့ပြီး ယခုအကြိမ်တွင် တရားရင်ဆိုင်နေရသူ ဆယ်ဦးအနက် ခုနစ်ဦးမှာ ခွင့်တိုင်ကြားခဲ့ပြီး ပျက်ကွက်ခဲ့ သဖြင့် တရားစီရင်မည့်နေ့ကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

မိတ္ထီလာ အကြမ်းဖက်မှု ခြောက်လကြာချိန်အထိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များအား ရွှေ့ပြောင်းနိုင်ခြင်း မရှိသေး၍ လူမှုရေးနှင့် ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်

Friday, September 20, 2013
မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင် ရသည်မှာ ခြောက်လကြာပြီ ဖြစ်သော်လည်း ပြန်လည်နေရာ ချထားပေးနိုင်ခြင်း မရှိသေးဘဲ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ဒုက္ခသည် အများအပြားမှာ လူမူရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

Photo: မိတ္ထီလာ အကြမ်းဖက်မှု ခြောက်လကြာချိန်အထိ ကယ်ဆယ်ရေး စခန်းများမှ ဒုက္ခသည်များအား ရွှေ့ပြောင်းနိုင်ခြင်း မရှိသေး၍ လူမှုရေးနှင့် ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်
Friday, September 20, 2013

မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင် ရသည်မှာ ခြောက်လကြာပြီ ဖြစ်သော်လည်း ပြန်လည်နေရာ ချထားပေးနိုင်ခြင်း မရှိသေးဘဲ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ဒုက္ခသည် အများအပြားမှာ လူမူရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

''ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းမှာ နေရာက အရမ်းကျဉ်းပြီး လူကများနေတော့ လူမှုရေးပြဿနာ အမြဲကြုံနေ ကြရတယ်။ ခန်းမကျယ်ထဲမှာ အိမ်ထောင်သည်၊ အပျိုလူပျို ရေရှည်တွဲနေ ရတာဆိုတော့ ဘယ်လိုမှ မသင့်တော်တော့ဘူး။ လူတွေကလည်း စိတ်ညစ်နေကြတယ်။ နေ့တိုင်း ပြဿနာ တစ်ခုမဟုတ်တစ်ခု ရှိနေတယ်။ ကယ်ဆယ်ရေး စခန်းထဲကို အရက်ဆီ ခိုးသွင်းလို့ ပြဿနာ ဖြစ်တာလည်း ရှိတယ်။ အိမ်ထောင်သည်အချင်းချင်း လူမှုရေး အရှုပ်အရှင်း ဖြစ်တာလည်းရှိတယ်။ တစ်လောက တစ်ညလုံး လျှပ်စစ်မီးပျက်တော့ အခြေအနေက ပိုဆိုးလာတယ်။ အပြင်ထွက်ခွင့် လျှော့လိုက်လို့ စခန်းမှာ စောင့်ပေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ အချေအတင် ဖြစ်တာလည်းရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း သည်းမခံနိုင်ကြတော့ ထစ်ဆို ရန်ဖြစ်ကြတယ်။ စားရေးသောက်ရေးက အဆင်အပြေကြီး မဟုတ်ပေမယ့် နေလို့ ဖြစ်ပါသေးတယ်။ အများစုက အိမ်ပြန်ချင်နေကြပြီ။ စက်တင်ဘာလထဲမှာ ရန်မျိုးအောင် ရပ်ကွက်ထဲက လူ ၄၀ ကျော်ကို ပြန်လည် နေရာချထား ပေးတာကလွဲလို့ ဘာမှမထူးသေးဘူး။ ခြောက်လကြာနေပေမယ့် ခုချိန်အထိ ဘယ်တော့ ပြန်ရမလဲဆိုတာ ဘယ်သူမှ သေချာမသိရသေးဘူး'' ဟု မိတ္ထီလာ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည် တစ်ဦးက ပြောကြားသည်။

''နေရတာက မိုးကုန်တော့မယ်။ ဘယ်တော့ ပြန်ရမလဲ မသိသေးဘူး။ တဲတန်းတွေနဲ့ နေရတာဆိုတော့ ဘယ်အဆင်ပြေမလဲ။ အကုန်လုံးလည်း စိတ်ပျက်နေကြတယ်။ ဘယ်တော့ဆိုတာ အချိန်သတ်မှတ်ချက် မရှိသေးဘူး။ ညမိုးရွာ နေ့နေပူဆိုတော့ နေရထိုင်ရတာ အရမ်းဆင်းရဲတယ်။ ဒီကြားထဲ အများနဲ့ ပေါင်းနေရတာ ဆိုတော့ ညလည်း ကောင်းကောင်းမအိပ်ရဘူး။ အသက်ကြီးတဲ့သူ၊ မကျန်းမာတဲ့ သူတွေလည်း ဒီအတိုင်း နေရတာပဲ။ အဆင်ပြေတဲ့ လူတွေတော့ အပြင်ထွက် အိမ်ငှားပြီး နေကြတယ်။ အကုန်လုံးက ပြန်ချင်နေကြပြီ။ ပြန်လည်နေရာ ချထားဖို့ကလည်း ခုချိန်အထိ ဘာမှန်းမသိသေးဘူး'' ဟု သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်တစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် မတ်လအကြမ်းဖက်မှု များကြောင့် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ထားရပြီး စက်တင်ဘာ ၁၉ ရက်အထိ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်းတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၂၆၉ စု၊ လူဦးရေ ၈၉၅ ဦး၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်းတွင် အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု ၃၀၀ စု၊ လူဦးရေ ၁၅၄၆ ဦး၊ ရေအရင်းအမြစ် ကယ်ကယ်ဆယ်ရေး စခန်းတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၁၈၅ စု၊ လူဦးရေ ၈၆၈ ဦး၊ သာသနာ့ရက္ခိတ ကယ်ဆယ်ရေး စခန်းတွင် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၁၆၉ စု၊ လူဦးရေ ၆၅၆ ဦး၊ အုတ်ဖိုကယ်ဆယ်ရေး စခန်းတွင် ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၁၉၁ ဦး စုစုပေါင်း လူဦးရေ ၄၁၅၆ ဦး ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ခရိုင်အားကစား ကွင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတစ်ခုအား စက်တင်ဘာ လဆန်းက တွေ့ရစဉ်

Eleven Media Group
မိတ္ထီလာမြို့ ခရိုင်အားကစား ကွင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတစ်ခုအား စက်တင်ဘာ လဆန်းက တွေ့ရစဉ်

တန်းဖိုးသင့်အိမ်ရာများ ရောင်းချရာတွင် လက်ထပ်ပြီးစ လူငယ်များအတွက် ဦးစားပေးမည့် ဥပဒေ ရေးဆွဲတင်ပြမည်

Friday, September 20, 2013
အစိုးရ လက်ရှိဆောက်လုပ်နေသည့် တန်ဖိုးသင့်တင့်အိမ်ရာများ ရောင်းချရာတွင် အဂတိလိုက်စားမှုမှ ကာကွယ်ကာ လက်ထပ်ပြီးစ လူငယ်များနှင့် အမှန်တကယ် လိုအပ်သူများကိုသာ ရောင်းချပေးမည့် ဥပဒေ တစ်ရပ်ရေးဆွဲတင်ပြမည်ဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက ပြောဆို လိုက်သည်။“အစိုးရကိုအားကိုးလို့မရဘူး။ မြန်မာတွေရဲ့ ထုံးစံအရ ပိုက်ဆံရှိတဲ့သူတွေက ရင်းနှီးမြှုပ်နှံဖို့ အတွက်မဟုတ်ဘဲ တကယ်လိုအပ်တဲ့သူတွေကိုသာ ရောင်းဖို့ ဒီဥပဒေထဲ ထည့်ဆွဲမှာပါ” မဇ္ဈိမကို ပြော သည်။ အိမ်ယာများအတွက် ဥပဒေတစ်ရပ် ရေးဆွဲရန် အစိုးရကို တိုက်တွန်းသည့် အဆိုကို စက်တင်ဘာ ၁၈ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ဒေါက်တာညိုညိုသင်းက တင်ပြထားသော်လည်း “ကိုယ်တိုင်ရေးဆွဲပြဋ္ဌာန်းပြီးတော့ လွှတ်တော်ကိုတင်သွင်းလို့ရှိရင်တော့အစိုးရကို ရေးဆွဲခိုင်းပြီး လွှတ်တော် ကို တင်သွင်းခိုင်းတာထက် ပိုပြီးတော့ မြန်ဆန်မယ်”ဟုဆိုကာ အဆိုကို ပြန်ရုပ်သိမ်းခဲ့သည်။

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံး ယာယီရပ်ဆိုင်းထား

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ရန် ကရင် လက်နက်ကိုင်အဖွဲ့အားလုံးက ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအခြေအနေေ ပ်ါမူတည်၍ မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို လုပ်ဆောင် သွားမည်ဖြစ်ပြီး လတ်တလော အနေဖြင့် KNU ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်းရှင်းလင်းရန် အစီအစဉ်မရှိသေးကြောင်း တရားဝင်ပြောကြား ထားသည်။ ထို့အတူ ယခင် DKBA ကလို့ထူးဘော ကရင်အမျိုးသားတပ်မတော်ကလည်း မြေမြှုပ်မိုင်း ရှင်း လင်းရေး အစီအစဉ်ကို ယာယီရပ်နား ထားကြောင်း သိရသည်။

Nuclear လက်နက်ထုတ်ဖို့ ကြိုးပမ်းမှာ မဟုတ် ဟု အီရန်သမ္မတ ကတိပြု

Friday, September 20, 2013
Iran နိုင်ငံရဲ့ အသစ်တက်လာတဲ့ ခေါင်းဆောင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးတက်အောင်လုပ်ဆောင်တဲ့ လက္ခဏာအဖြစ် အခုနောက်ဆုံးမှာတော့ Iran နိုင်ငံဟာ nuclear လက်နက်ပိုင်ဆိုင်ဖို့ ဘယ်တော့မှ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ Iran သမ္မတ Hassan Rouhani က ကတိပြုသွားပါတယ်။ Iran က အရင်ကလည်း ဘယ်တုံးကမှ nuclear လက်နက်ပိုင်ဆိုင်ဖို့ မလုပ်ဆောင်ခဲ့ပါဘူး။ လူအမြောက်အများသေဆုံးစေနိုင်တဲ့ လက်နက်တွေပိုင်ဆိုင်ဖို့လည်း ဘယ်လို ပုံစံမျိုးနဲ့မှ မကြိုးစားခဲ့ဖူးပါဘူးလို့ NBC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွား ပါတယ်။သူ့နိုင်ငံသားေ တွဟာ နိုင်ငံရဲ့ အမှတ်အသားကို ကာကွယ်ဖို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ၊ ပြောဆိုခွင့်၊ Internet ပေါ်က အချက်အလက်တွေ ကို လွတ်လွတ်လပ်လပ် ရှာဖွေ ခွင့်တွေရသင့်ပါတယ် လို့ Mr. Rouhani ပြောသွား ပါတယ်။

Thursday, September 19, 2013

သန်းသုံးထောင်နီးပါး ကုန်ကျမည့် တရားရုံးနှစ်ခု အသစ်ဆောက်မှု ၀န်ကြီးကန့်ကွက်သော်လည်း လွှတ်တော်အတည်ပြု

Thursday, September 19, 2013
သန်းပေါင်း နှစ်ထောင့်ကိုးရာ ကုန်ကျမည့် ရန်ကုန်အရှေ့ပိုင်းနှင့်အနောက်ပိုင်းခရိုင်တရားရုံးနှစ်ခုေ ဆာက်လုပ်ရန်ကိစ္စကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က စက်တင်ဘာ ၁၈ က ပြုလုပ်သည့် တိုင်းလွှတ်တော်တွင် ကန့်ကွက်ခဲ့သော်လည်း ဆောက်လုပ်ရန် လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်သည်။ထိုတရားရုံးနှစ်ခု ဆောက်လုပ်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် သန်းကိုးရာ ရရှိထားပြီး မလောက်သည့်အတွက် တိုင်းအစိုးရက နောက်ထပ် သန်းနှစ်ထောင် တောင်းခံခြင်းကို လွှတ်တော်က အတည်ပြု လိုက်ခြင်းဖြစ်သည်။

ဖုန်းကတ်ထိန်ချန်ထားသည့် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလာပါက အရေးယူမည်ဟု ၀န်ကြီးပြော

Thursday, September 19, 2013
အစိုးရက လစဉ် ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းကတ်များကို ခွဲတမ်းရရှိသလောက် အပြည့်အ၀ မဲဖောက် ရောင်းချမပေးသည့် မည်သည့် အုပ်ချုပ်ရေးမှူးကိုမဆို ပြည်သူလူထုက တိုင်ကြားလာပါက စစ်ဆေး အရေးယူ မည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၁၈ က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောဆိုလိုက်သည်။ လစဉ်မဲဖောက်ရောင်းချပေးသည့် ဖုန်းကတ်များကို အုပ်ချုပ်ရေးမှူး အချို့က ခွဲတမ်းရရှိထား သလောက် ရောင်းချ မပေးဘဲ ထိန်ချန်ကာ ပြင်ပ သို့ ရောင်းချနေကြောင်း တိုင်ကြားစာများ ရရှိထားသည်ဟု လမ်းမတော်မြို့နယ်မှ တိုင်းအမတ် ဦးစိုးဝင်း ၏ မေးခွန်းကို ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးနေ့လမ်းလျှောက်ပွဲ မြို့နယ်လေးခုသာ ခွင့်ပြုချက်ရ

Thursday, September 19, 2013
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်ရန်အတွက် အရပ်ဘက်အဖွဲ့ အစည်းပေါင်းခြောက်ဆယ်ကျော်က အစိုးရထံတင်ပြထားပြီး လက်ရှိတွင် မြို့နယ်လေးခုသာ ခွင့်ပြုမိန့်ရ ထားသေးကြောင်း ဦးဆောင်သူများက မဇ္ဈိမကိုပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ် ရှစ်မြို့နယ်ကို စီတန်းလှည့်လည်မည်ဖြစ်ပြီး ပြည်သူ့ရင်ပြင်တွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသော်လည်း အာဏာပိုင်များက မြို့နယ်လေးခုသာ ခွင့်ပြုထားခြင်းဖြစ်သည်။
“မြို့နယ်လေးခုတော့ ကျန်သေးတာပေါ့။ လေးခုကတော့ အဆင်ပြေသွားပြီ။ ပြည်သူ့ရင်ပြင်မှာ ခွင့်ပြုချက်ရဖို့တော့ ကျွန်တော်တို့ဆွေးနွေးနေတုန်းပါပဲ” ဟု ကချင်ငြိမ်းချမ်းရေးလမ်းလျှောက်လူငယ် ကိုဇင်ကိုကိုက မဇ္ဈိမကိုပြောသည်။

မကွေးမြို့နယ်အတွင်း လယ်မြေသိမ်းမှုများ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် စစ်ဆေးနေ

Thursday, September 19, 2013
မကွေးမြို့နယ်အတွင်း မြေယာသိမ်းယူမှု ကိုးမှုကို ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် မကွေးတိုင်းအဖွဲ့(၅) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ၁၇ရက်က သွားရောက် စစ်ဆေးခဲ့သည်။ ကြားနာစစ်ဆေးမှုကို မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမှု တွင် ပြုလုပ်ခြင်းဖြစ်သည်။ အမှုကိုးမှုအတွင်း မြို့နယ် စိုက်ပျိုးရေးဌာနမှ ဂိုဒေါင်မြေနေရာကို သိမ်းယူ မှု၊ တောင်နွား ကူးကျေးရွာ တောင်သူများ ပိုင်သော မြေဧက (၁၀၃) ဧကခန့်ကို မကွေးပညာရေးကော လိပ်မှ သိမ်းဆည်းမှု၊ မယ်လှတောင်ကျေးရွာ အုပ်စုမြင်းကင်းကျေးရွာ ဦးအောင်မြတ်ထွေး၏ မြေအား ဆက်သွယ်ရေးဌာနမှ တာဝါ တိုင်ဆောက်ခြင်း၊ လျှပ်စစ်ဌာနမှ ဓါတ်အားခွဲရုံဆောက်ရာ လျော်ကြေးမရမှု၊ ကန်ပြားကျေးရွာ ဦးပေါပိုင် မြေအား ရယကနှင့်ပေါင်းပြီး သိမ်း၍ဘော်ဒါဆောင် ဆောက်လုပ်မှုစသည့် တိုင်ကြားမှုများကို စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

နယူးဇီလန်သံရုံး ရန်ကုန်၌ စတင်ဖွင့်လှစ်

Thursday, September 19, 2013
မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ အကူအညီများ ဆက်တိုက်ပေးအပ်နေသည့် နယူးဇီလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်လိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ယခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက် ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံရုံးကို မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေနှင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCullyက ပြောကြားသည်။
“လာမယ့်နှစ် မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ ဝန်ကြီးအဆင့် အရာရှိ အစည်းအဝေးတွေ ရန်ကုန်သံရုံးမှာ အများအပြား လုပ်နိုင်လိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။

သံဃာတော်များ သွေးမြေကျခဲ့ရခြင်းအတွက် ၀န်ချတောင်းပန်ရန် တည်ဆဲအစိုးရကို တောင်းဆို

Thursday, September 19, 2013
၂၀၀၇ ခုနှစ်စက်တင်ဘာလတွင်ဖြစ်ပေါ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအတွင်းသံဃာတော်များ သွေးမြေ ကျခဲ့ရခြင်းအတွက် တည်ဆဲအစိုးရက ၀န်ချတောင်းပန်ရန် တောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၁၈ရက်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်တွင် ပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေး ခြောက်နှ စ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ရွှေဝါရောင်သံဃာတော်များအဖွဲ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“အစိုးရအနေနဲ့ တိုင်းပြည်အနာဂတ်ကို သာယာဖြောင့်ဖြူးစွာ သွားနိုင်ရေးအတွက် နိုင်ငံရေးနည်းအရ ငြိမ်းချမ်းရေး နည်းအရ ပြေလည်စွာ သွားနိုင်ရေးအတွက် သံဃာထုကို ၀န်ချလျှောက်ထားစေချင်တယ်” ဟု ရွှေဝါရောင်တော်လှန်ရေးကာလတွင် ပါဝင်ခဲ့သည့် ဆရာတော်ဦးစန္ဒာသီရိက အမိန့်ရှိသည်။

တရုတ်၏ ဖျက်အားပြင်းသော နျူကလီးယားလက်နက်များကို ခုခံကာကွယ် ရန် ဒုံးကျည်များ အိနိ္ဒယက ပိုင်ဆိုင်ရန် ဆန္ဒရှိနေ

Thursday, September 19, 2013
အိနိ္ဒယက တရုတ်၏ ဖျက်အား ပိုပြင်းသော နျူကလီးယားလက်နက်များအား ခုခံကာကွယ်ရန် ဒုံးကျည်များ ပိုင်ဆိုင်ရန်လည်း ဆန္ဒရှိနေကြောင်း စက်တင်ဘာ ၁၈ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
အိနိ္ဒယနိုင်ငံမှာ တရုတ်နိုင်ငံ၏ စစ်ရေးစွမ်းရည်တိုးတက်လာမှုအား အမီလိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
စက်တင်ဘာ ၁၆ ရက်ကလည်း ဘေကျင်းနှင့် ဥရောပတိုက်ရှိ နေရာတော်တော်များအထိ ပစ်ခတ်နိုင်သည့် နျူကလီးယား ဒုံးကျည်တစ်စင်းအား အိန္ဒိယမှ ဒုတိယအကြိမ်မြောက် စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားတိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ရည်ရွယ်သည့် လက်နက်ထုတ်လုပ်ရေးမှာ အောင်မြင်ရန် နီးစပ်နေပြီဖြစ်သည်။

သင်္ဃန်းကျွန်း တွင် ဖွင့်လှစ်ထားသော Elite World Trading Co., Ltd မှ သိန်း ၃၀၀ ကျော် ဖောက်ထွင်းအခိုးခံရ

Thursday, September 19, 2013
စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် သင်္ဃန်းကျွန်း မြို့နယ် ၊ စ/ သုမင်္ဂလာ ရပ်ကွက် ၊ သုနန္ဒာ (၁)လမ်း ၊ အမှတ်(၃၀) တွင် ဖွစ်လှစ် ထားသော Elite World Trading Co., Ltd အထွေထွေ မန်နေဂျာ မမေဇွန်ကျော်ဝင်း ၃၁ နှစ် (ဘ) ဦးကျော်ဝင်း သည် စတိုးခန်း ရုံးခန်း နှင့် ခြံဝင်းတံခါး သော့များအား စတိုး တာဝန်ခံ သိန်းထွဋ်ဂေါင် နှင့် အရောင်း ၀န်ထမ်း မဒေါင်နော် တို့အား အပ်နှံထား ခဲ့ပြီး စက်တင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲ အချိန်တွင် ကုမ္ပဏီရုံးခန်း သို့ သိန်းထွဋ်ဂေါက် မရောက် လာသဖြင့် မဒေါင်နော် ၏ သော့ဖြင့် ခြံတံခါး နှင့် ရုံးခန်းသော့ များဖွင့်၍ ၀င်ရောက် ခဲ့ပြီး နောက်ဖေး တံခါး ပွင့်နေ၍ ရုံးခန်း အတွင်း စစ်ဆေး ကြည့်ရှုရာ အပေါ်ထပ် ရှိ မီးခံ သေတ္တာ အတွင်း ထားရှိသော ငွေစက္ကူ ရောရာ (၃၃၈) သိန်း ၊ အမေရိကန် ဒေါ်လာငွေ (၁၆၀၀) နှင့် အောက်ထပ် ရုံးခန်း အံဆွဲတွင် ထည့်ထားသော ငွေကျပ် သိန်း (၂၀) တို့ ပျောက်ဆုံး နေကြောင်း ၊ စတိုး တာဝန်ခံ သိန်းထွဋ်ဂေါင် အား ဆက်သွယ်ရာ မရရှိဘဲ ၄င်းအား အပ်ထားသော သော့အား ရုံးခန်း အတွင်း တွေ့ရှိ ရသဖြင့် တရားခံဟု ယူဆရသူ သိန်းထွဋ်ဂေါင် ၂၃ နှစ် (ဘ) ဦးတင်လှ ၊ ၁၂/ဥကတ (နိုင်) ၁၇၀ ၇၅၆ ၊ အမှတ် ၆၁၃ ၊ ကရုဏာ ၅ လမ်း ၊ တောင်ဥက္ကလာပ နေသူအား အရေးယူ ပေးပါရန် အထွေထွေ မန်နေဂျာ မမေဇွန်ကျော်ဝင်း မှ သင်္ဃန်းကျွန်း မြို့မ ရဲစခန်း သို့ တရားလိုပြ လုပ်တိုင်တန်း ခဲ့ရာ ရဲစခန်း မှ (ပ) ၃၇၉/ ၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့် လှစ်ထားရှိပြီး အမှုစစ် အဖြစ် စခန်းမှူး ဒုရဲမှူး သိန်းဟန် မှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

န.စ.က ဖျက်သိမ်းလိုက်သော်လည်း မောင်တောတွင် လုံခြုံရေး လုံလောက်စွာ ချထားဟုဆို

Thursday, September 19, 2013
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဖျက်သိမ်းလိုက်သော်လည်း ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ၂၀၁၃- ၁၄ ခုနှစ် ဒုတိယ လေးလပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တပ်ဂ်ျမဟာအငယ် ဟူမာယန်ဂူဗိမာန် ပြန်လည်ဖွင့်လှစ်

Thursday, September 19, 2013
နယူး ဒေလီ၏ အထင်ရှားဆုံးအထိမ်း အမှတ်အဆောက်အအုံများထဲ မှ တပ်ဂ်ျမဟာကဲ့သို့ ဆွဲဆောင်မှု ရှိသော ခမ်းနားကြီးကျယ်သော သင်္ချိုင်းဂူဗိမာန်အား ငါးနှစ်မျှပြန် လည်ပြုပြင်ပြီးနောက် ဗုဒ္ဓဟူးနေ့ ကဖွင့်လှစ်ခဲ့သည်။ ၎င်းဂူဗိမာန် မှာ မူလပုံစံမပျက်ပြုပြင်ထားသည် ဟု ဆိုသည်။
ဟူမာယန်၏ဂူဗိမာန်အား ၁၅၇ဝပြည့်နှစ်က အစ္စလာမ္မစ် မဂိုမင်းဆက်လက်ထက်၌ တည် ဆောက်ခဲ့သည်။ မဂိုဘုရင်တို့သည် အိန္ဒိယနိုင်ငံမြောက်ပိုင်းအား နှစ် ၃၀ဝကျော် စိုးစံခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂယူနက်စကို၏ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသောနေရာဖြစ် ပြီး နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်သည့်နေရာတစ်ခုလည်း ဖြစ်သည်။

Wednesday, September 18, 2013

နိုင်ငံခြားခိုးကူးခွေဖမ်းဆီးနေမှုကြောင့် အစည်းအရုံးအပေါ် အထင်မလွဲစေလိုဟု ဦးလူမင်းဆို

Wednesday, September 18, 2013
မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ရောင်းချနေသော မြန်မာဇာတ်လမ်း၊ မြန်မာသီချင်းခိုးကူးခွေများကိုသာ ဖမ်းဆီးနိုင်ရေးအတွက် အဓိကဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေများကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ဖိအားပေးတိုက်တွန်းခဲ့ခြင်းမရှိခဲ့သလို သက်ဆိုင်မှုလည်းမရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံအတွင်းရှိ ခိုးကူးခွေအရောင်းဆိုင်များကို ဖမ်းဆီးရာ၌ မြန်မာသီချင်း၊ မြန်မာဇာတ်လမ်းခွေနှင့် ညစ်ညမ်း ခွေများရောင်းချခြင်းမတွေ့ရဘဲ နိုင်ငံခြားကားဇာတ်လမ်းခွေများကိုသာ ရောင်းချနေသည်ကို ဖမ်းဆီးအရေးယူခံရမှုများရှိနေသည့်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပေါ် ခိုးကူးခွေရောင်းချနေသူများက ဝေဖန်ပြောဆိုနေကြသည်ဟု ဦးလူမင်းက ဆိုသည်။

ပန်းဘဲတန်း လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူခဲ့သူကို ငါးနာရီအတွင်း ဖမ်းမိ

Wednesday, September 18, 2013
ပန်း ဘဲတန်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူခဲ့သူကို ငါးနာရီအတွင်း သက်ဆိုင်ရာမှ သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။ စက်တင်ဘာ ၁၅ ရက်က ပန်းဘဲတန်းမြို့နယ် (၁)ရပ်ကွက် တွင် ဖွင့်လှစ်ထားသော လျှပ်စစ် ပစ္စည်းရောင်းဝယ်ရေးဆိုင်တစ် ဆိုင်သည် နံနက် ၉နာရီအချိန် ဆိုင်ဖွင့်ပြီး အလုပ်သမားများနှင့် ဈေးရောင်းနေစဉ် ငွေကျပ်သိန်း ၂၈၀ သိမ်းထားရာမှ ကျပ်သိန်း ၈၀ ပျောက်ဆုံးသွားကြောင်း သိရ သည်။ဆိုင်ဖွင့်ပြီး မိနစ် ၃၀ အ ကြာတွင် စားပွဲဗီရိုအံဆွဲထဲတွင် ၁၄ရက်ကထည့်ထားသော ကျပ် ၁၀၀ဝတန် သိန်း ၂၀ဝနှင့် ကျပ် ၅၀၀ဝတန် သိန်း ၈၀ တို့ကို စစ် ကြည့်ရာတွင် ကျပ် ၅၀၀ဝတန် ငွေကျပ် သိန်း ၈၀ ပျောက်ဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စနိုဒင်ကို ဥရောပ လူ့အခွင့်အရေး ဆုအတွက် အမည်တင်သွင်း

Wednesday, September 18, 2013
တလောက ကမ္ဘာသတင်းလောကမှာ နေရာယူထားသူ အမေရိကန် စပိုင်ဟောင်း အက်ဒ၀ပ်ဒ် စနိုဒင်ဟာ ဥရောပ သမဂ္ဂက ပေးအပ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးအတွက် အမည်စာရင်းတင်သွင်း ခံထားရပါတယ်တဲ့။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်အာဖရိကနိုင်ငံက နယ်လ်ဆင် မန်ဒဲလားတို့လည်း Sakharov Prize ဆုကို ရရှိခဲ့ဖူးကြပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို ပေါက်ကြားမှုနဲ့ ထွက်ပြေး တိမ်း
ရှောင်ရင်း ရုရှား နိုင်ငံမှာ ယာယီခိုလှုံနေတဲ့ စနိုဒင်ဟာ လွတ်လပ်စွာ တွေးခေါ်မှုအတွက် Sakharov Prize ဆုရဖို့အတွက် ဥရောပ ပါလီ မန်က အမည်စာရင်းတင်သွားခံထားရသူ ၇ ဦးထဲမှာ ပါဝင်လာတယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုပါတယ်။

ယာဉ်တိုက်မှု ကြောင့် လ၀က်အတွင်း လမ်းဖြတ်ကူးသူ ၃ဦးသေ ၆ ဦး ဒဏ်ရာရ

Wednesday, September 18, 2013
ယခုလ၀က် အတွင်း ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မ မှုကြောင့် ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မထသ ( ဗဟို ) စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။
စက်တင်ဘာ ( ၁ )ရက်မှ ( ၁၅ )ရက်အတွင်း ခရီးသည်တင်ယာဉ်တိုက်မှု ၊ တိမ်းမှောက်မှု နှင့် ယာဉ်မတော်တဆမှု ဖြစ်စဉ် ၉ မှု ရှိပြီး ၄င်းအနက် ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူ အားတိုက်မိမှု ၅ မှု ဖြစ်ပွားခဲ့ကြောင်း မထသ ( ဗဟို ) မှ သိရသည်။

မြန်မာနိုင်ငံ (၁၀)မြို့နယ်အတွင်း ရေဖုံးလွှမ်းနိုင်ဟု နာဆာမှကြေငြာ

Wednesday, September 18, 2013
တိုင်းနှင့်ပြည်နယ်ခုနစ်ခုမှ ၁၀ မြို့နယ်အတွင်း ရေဖုံးလွှမ်းမှု ကြုံတွေ့နိုင်ကြောင်း နာဆာဂြိုလ်တု တိုင်းတာချက်မှ ထုတ်ပြန်ကြေ ညာထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြသည်။
မိုးရွာသွန်းမှုများကြောင့် ရန်ကုန်၊ မအူပင်၊ သာယာဝတီ၊ ပဲခူး၊ ညောင်ဦး၊ ရေး၊ သထုံ၊ ဘားအံ၊ မော်လမြိုင်၊ ပုဂံမြို့နယ် များတွင် ရေဖုံးလွှမ်းမှုများ ကြုံတွေ့ရနိုင်ကြောင်း နာဆာမှ ထုတ်ပြန်ထားသည်။
“နာဆာက ထုတ်တဲ့ကြေညာချက်မှာ အနီရောင်ပြထားတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတောင်ပိုင်း၊ အရှေ့ မြောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အနောက်ပိုင်းတွေမှာ ပိုပြီးရေဖုံးလွမ်းမှုပို လာနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။

မြန်မာအလုပ်သမားတဦး ၅ ထပ်တိုက်ပေါ်မှ ပြုတ်ကျ သေဆုံး

Wednesday, September 18, 2013
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ စက်တင်ဘာ ၁၆ ရက်နေ့ညက မြန်မာအလုပ်သမားတဦး ငြမ်းစင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်က အသက် ၂၃ အရွယ် ကိုရဲထွန်းနိုင် ဆိုသူဖြစ်ပြီး ချင်းမိုင်စူပါဟိုက်ဝေးလမ်းမကြီးပေါ်က ဆန်ဒိတ်လမ်းဆုံ ၆ လွှာ ကုန်တိုက် တည်ဆောက်ရေး လုပ်ငန်းခွင်တခုမှာ ညဆိုင်းအလုပ်ဆင်းရင်း ၉ နာရီလောက်မှာ ၅ ထပ်လွှာ ငြမ်းစင်ပေါ်က ပြုတ်ကျပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေက ပြောပါတယ်။

My Blog List