Wednesday, September 04, 2013

အပျိုတော်အကနဲ့ ခင်ဝင့်ဝါ



Wednesday, September 4, 2013

ခင်ဝင့်ဝါကဘယ်လာရုစ်မယ်ပြိုင်ပွဲကြီးရဲ့စွမ်းရည်ပြကဏ္ဍမှာအပျိုတော်အကနဲ့အစွမ်းပြဖို့ပြင်ဆင်သွားခဲ့ပါတယ်။အပျိုတော်အကကပြနေပုံ တချို့ကို သူ့ ဖေ့စ်ဘုတ်မှာ တင်ထားပါပြီ။မြန်မာပြည်မှာတော့ ဇာတ်ပွဲတွေမှာ ငှက်ပျောပွဲ အုန်းပွဲနဲ့ အပျိုတော်အက ထွက်တာကို ပွဲကြည့်ရင် မြင်ဖူးကြမှာပါ။

Tuesday, September 03, 2013

အိမ်ခြံမြေအခွန်နှုန်းသက်သာပြီး ပွင့်လင်းမြင်သာမှုရှိသော အခွန်စနစ်ဖြစ်လာစေရန် အကျိုးဆောင်များလိုလားလျက်ရှိ

ဘဏ္ဍရေးဝန်ကြီးဌာနမှ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း ရောင်း ၀ယ်ရေးဆိုင်ရာ အခွန်နှုန်းထားများကိုလျှော့ချသတ်မှတ်ခြင်းမရှိဘဲ ၃၇ ရာခိုင် နှုန်းအတိုင်း ထားရှိသွားမည် ဆိုသည့် ကြေညာချက်ထွက်ရှိပြီး တစ်လအကြာတွင် အိမ်ခြံမြေအကျိုးဆောင်များ က အခွန်နှုန်းထား ကြီးမြင့်သည့်အတွက် ဝေဖန်မှုများရှိပြီး ပိုမိုပွင့်လင်း မြင်သာသော အခွန်စနစ်ဖြစ် ပေါ်လာစေရန် တိုက်တွန်း လိုက်ကြောင်း ၀ါရင့်အကျိုးဆောင်များက မြန်မာတိုင်း(မ်)သို့ ပြောကြား ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၀ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့်ထုတ်ပြန်ကြေညာ ခဲ့သော ကြေညာချက်တွင် အိမ်ခြံမြေအဆောက်အအုံ တိုက်ခန်းအစရှိသည့်အခြေပြပစ္စည်းများ ရောင်း ၀ယ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအပေါ် ယခင်က အမြတ်ခွန်ဥပဒေနှင့် ကောက်ခံခဲ့ပြီး အမြတ် ခွန်ဥပဒေပြ ဋ္ဌာန်း ကောက်ခံခဲ့သည့် အချိန်မှ ၂၀၀၇ ခုနှစ်အထိ ရလမ်း မဖော်ပြနိုင်သော ၀င်ငွေအပေါ် ၅၀ ရာခိုင်နှုန်းကောက် ခံခဲ့ပါသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် လိုအပ်သောဆုံးဖြတ် ချက်များကို ဥက္ကဋ္ဌနှင့်ဘုတ်အဖွဲ့တွေ့ပြီးမှသာ ချမှတ်မည်ဟုဆို

Monday, September 2, 2013
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက်လိုအပ်သောဆုံးဖြတ်ချက်များကိုဗိုလ်ချုပ်ရုပ်ရှင်ဖြစ် မြောက်ရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ဘုတ်အဖွဲ့တွေ့ဆုံပြီးမှသာလျှင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံ ဦးဇော်သက်ထွေး က ပြောသည်။ ယင်းကဆက်လက် ၍''အခု ဥက္ကဋ္ဌက လွှတ်တော်တက်နေတော့ လွှတ်တော်နားချိန်က ဒီလထဲမှာ ဆိုတော့ ဥက္ကဋ္ဌနဲ့ ကျွန်တော် တို့ ဘုတ်အဖွဲ့နဲ့တွေ့ဆုံပြီးတော့မှ ပဲ ရွေးချယ်မှုအပိုင်းကိုဆက်ပြီး လုပ်သွားမှာပါ။ အခုကျွန်တော် တို့ ဆုံးဖြတ်ချက်စောင့်နေကြတာပါ''ဟု ပြောသည်။ ဗိုလ်ချုပ်ဆောင်ဆန်းရုပ် ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် အဓိကရွေးချယ်ရန် လိုအပ်နေ သော ဒါရိုက်တာရွေးချယ်ရန် နှင့် နိုင်ငံတကာမှဗိုလ်ချုပ်ဇာတ် ကားအတွက် လိုအပ်သည်များ ကူညီပေးရန်အတွက်ကမ်းလှမ်းလာမှုများအား မည်သည့်နိုင်ငံ၏အကူအညီယူရန် အစရှိ သည့် ဆုံးဖြတ်ချက်များချရန်အတွက် ဥက္ကဋ္ဌ၏ဆုံးဖြတ်ချက်စောင့်ဆိုင်း လျက်ရှိနေကြောင်း သိရသည်။

ငါန်းဇွန်မြို့ ကျေးရွာ ၁၂ရွာမှ လယ်များအား ပုဂ္ဂလိက ကုမ္ပဏီမှ မြေထိုးစက်ဖြင့် ထိုးကော်ဖျက်ဆီးသိမ်းယူ

Tuesday, September 3, 2013
မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်စီမံ ကိန်းနှင့်ပတ်သက်၍ ဒေသ ခံကျေးရွာ ၁၂ရွာမှ လယ်၄၀ဝခန့် မြေ လက်ကျန်အား ကုမ္ပဏီကြီးတစ်ခု မှ စက်ယန္တရားကြီးများဖြင့် လာရောက်၍ ပဲစင်းငုံစိုက်ခင်းများအား ထိုးကော်ဖျက်ဆီးမှုများ ပြုလုပ်ကာ ၎င်းနေရာမှအကွက်များအား ကုမ္ပဏီမှ သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒသခံနဝရတ်ရွာသားလည်းဖြစ်အကွက်ပိုင်ရှင်လည်း ဖြစ်သူ ဦးစိုးညွန့်က မိမိတို့မှာထမင်းတစ် လုပ်စားဖို့ အတွက်မျှပင် စိုက်ပျိုးမြေများမကျန်တော့ပါကြောင်း၊ ယခင်ကလည်း ကုမ္ပဏီနှင့် ဒေသအာဏာပိုင်တို့၏ အလိုကျ၊ စိတ်တိုင်းကျ တောင်းဆိုသောလယ်ယာ မြေများအပ်နှံပေးခဲ့ပြီးဖြစ်ပါ၍ယခုစိုက်ပျိုးထားသော၎င်း၏မြေကွက်လယ်ကွက်အားသိမ်းဆည်းခြင်းမပြုပါရန်တောင်းပန်တိုးလျှိုးရာမရသဖြင့်၎င်း၏လယ်ယာမြေကွက်အားဖျက်ဆီးထိုးကော်နေသောဘူလ်ဒိုဇာစက်ကြီးရှ့သို့တုံးလုံးပစ်လှဲချကာအကြိတ်ခံအသေခံကာတောင်းပန်သဖြင့်မောင်းနှင်နေဆဲဘူလ်ဒိုဇာစက်ကြီးမှာရှေ့ဆက်တိုးမမောင်းတော့ဘဲ စက်သတ်ကာ လုပ်ငန်းများ ခေတ္တရပ်ဆိုင်းလိုက်ရမှု ဖြစ်ပွား ခဲ့သည်။

ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့

Tuesday, September 3, 2013
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက် မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂ နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေး ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက် ဥပဒေ ပုဒ်မ၇ (၂) အရ လာရာလမ်းအတိုင်း ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ထပ်မံ စုံစမ်းသိရှိရသည်။

အမေရိကန် လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘော လေးစင်း ဆီးရီးယား အနီး ပင်လယ်နီ အတွင်းသို့ ထပ်မံ ရောက်ရှိ

Tuesday, September 3, 2013
နျူကလီးယား စွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော USS Nimitz နှင့် ၎င်းရေယာဉ်အုပ်တွင် ပါဝင်သည့် ခရူဇာစစ်သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘောသုံးစင်းတို့သည် စက်တင်ဘာ ၂ရက်က ပင်လယ်နီ အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လေယာဉ်တင်သင်္ဘောဖြန့်ချမှုသည် ဆီးရီးယားနိုင်ငံ အပေါ် တိုက်ခိုက်ပါက အထောက်အကူရရှိစေရေးအတွက်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။သို့သော် အဆိုပါသင်္ဘောများသည် ဆီးရီးယားအား တိုက်ခိုက် ရန်အတွက် အမေရိကန်၏ ဖျက်သင်္ဘော၅စီးနှင့် ကုန်းရေ နှစ်သွယ်သွားတိုက်ယာဉ်တစ်စီးတို့ တပ်စွဲ ထားသည့် မြေထဲပင်လယ်အတွင်းသို့ သွားရောက်ရန်အတွက်မူ အမိန့်တစ်စုံတစ်ရာရရှိထားခြင်း မရှိကြောင်း သိရသည်။ ဆီးရီးယား နိုင်ငံသည် သြဂုတ် ၂၁ရက်နေ့က ပြည်သူများ အပေါ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် ဆီးရီး ယားနိုင်ငံအား တိုက်ခိုက်ရန်အတွက် လွှတ်တော်သို့ တင်ပြထားပြီး အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော် က စက်တင်ဘာ ၉ ရက်နေ့တွင် စတင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံလုပ် ဆက်သွယ်ရေး ဂြိုဟ်တုကို ရုရှားလွှတ်တင်

Tuesday, September 3, 2013
ရုရှားနိုင်ငံသည် အစ္စရေးနိုင်ငံလုပ် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ကြောင်း ရုရှား အာကာသ အေဂျင်စီ က စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဆက်သွယ်ရေး ဂြိုဟ်တုကို Zenit-2SB ဂြိုဟ်တု သယ်ယူ ပို့ဆောင်ရေး ဒုံးပျံဖြင့် ကာဇတ်စတန်ရှိ ဘေကိုနာ အာကာသ စခန်းမှန၍ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၅ မိနစ်အချိန်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ Amos-4 အမည်ရှိ ဆက်သွယ်ရေး ဂြိုဟ်တုကို အစ္စရေးနိုင်ငံ အာကာသ ယာဉ် တည်ဆောက်ရေး လီမိတက်မှ ထုတ်လုပ်ပေးထားခြင်း ဖြစ်ပြီး ၎င်းသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၅ဝ က ဒုံးပျံမှ ခွဲထွက် သွားခဲ့ကြောင်း သိရသည်။ ယင်းဆက်သွယ်ရေး ဂြိုဟ်တုသည် ရုရှား၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်နှင့် ဗဟိုအာရှနိုင်ငံများရှိ အင်တာနက် သုံးစွဲသူများအတွက် အင်တာနက်စနစ်၊ DTH စနစ်နှင့် VSAT စနစ် များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ခုနစ်ရက်ဗီဇာဖြင့် သွားသူများလာ

Tuesday, September 3, 2013
အစ္စ လာမ်ဘာသာဝင်များ၏ ရာ မဒန်ဥပုသ်ကာလ ပြီးမြောက်သွား ပြီးနောက် မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ခုနစ်ရက်ဗီဇာ ဖြင့် နယ်စပ်ဖြတ်ကျော်သွားလာ သူများ ပြန်လည်များပြားလာ ကြောင်း သိရ သည်။''မောင်တောကနေ ဘင်္ဂ လားဒေ့ရှ်ကိုသွားတဲ့သူတွေ အ များစုက ဘင်္ဂါလီတွေဖြစ်တယ်။ ပြီးခဲ့ တဲ့ ရာမဒန်ဥပုသ်အတွင်းမှာ တော့ သွားတာနည်းတယ်။ အခု တော့ ပြန်ပြီးပုံမှန်အတိုင်းသွား လာနေကြ တယ်'' ဟု လဝက အရာ ရှိတစ်ဦးက ပြောသည်။လက်ရှိတွင် မောင်တော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ သွား ရောက်သူ တစ်ရက်လျှင် ဦးရေ ၅ဝခန့်ရှိပြီး တစ်ဖက်နိုင်ငံမှ လာ ရောက်သူမှာ တစ်ရက်လျှင်ငါးဦး ခန့် သာရှိကြောင်း သိရသည်။ ''တစ်ဖက်နိုင်ငံကလာတဲ့ သူက အလွန်နည်းတယ်။ မောင် တောကသွားတဲ့ သူတွေသာ များ တယ်။ မောင်တောမှာနေတဲ့ ဘင်္ဂါ လီတွေရဲ့မိသားစုဝင်တွေက တစ် ဖက်နိုင်ငံမှာရှိကြ တယ်။ ပြီးတော့ ဆေးကုဖို့သွားတဲ့သူတွေလဲ များ တယ်။ အမှန်အတိုင်းခွင့်ပြုထား တာကတော့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ဖို့အတွက် ခွင့်ပြုထား တာဖြစ်တယ်''ဟု မောင်တောမြို့ ခံတစ်ဦးက ခုနစ်ရက်ဗီဇာ အကြောင်း နှင့်ပတ်သက်၍ ပြောပြသည်။

Yangon Media Group

ကားချင်းဆက်သွယ်သည့် နည်းပညာ အမေရိကန်တွင် အသုံးပြုမည်

Tuesday, September 3, 2013
တီထွင်ရင်း တီထွင်ရင်းနဲ့ ကားတွေဟာ ကြာလာတော့ သင်္ဘောတစ်စီး လိုပဲ ဖြစ်လာတော့မယ် ထင်ပါတယ်။ ကား အချင်းချင်း ဆက်သွယ် လို့ရအောင် တီထွင်လိုက်တဲ့ နည်းပညာ သစ်ကတော့ DSRS လို့ ခေါ်တဲ့ Dedicated Short Range Communication စနစ် ပဲ ဖြစ်ပါတယ်။
Photo: ကားချင်းဆက်သွယ်သည့် နည်းပညာ အမေရိကန်တွင် အသုံးပြုမည်
Tuesday, September 3, 2013

တီထွင်ရင်း တီထွင်ရင်းနဲ့ ကားတွေဟာ ကြာလာတော့ သင်္ဘောတစ်စီး လိုပဲ ဖြစ်လာတော့မယ် ထင်ပါတယ်။ ကား အချင်းချင်း ဆက်သွယ် လို့ရအောင် တီထွင်လိုက်တဲ့ နည်းပညာ သစ်ကတော့ DSRS လို့ ခေါ်တဲ့ Dedicated Short Range Communication စနစ် ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု Michigan ပြည်နယ်က Ann Brbor မြို့ မှာ စတင် စမ်းသပ် အသုံးပြုနေပါပြီ။ သင်္ဘောတစ်စီးလိုပါပဲ တစ်စီးနဲ့တစ်စီး ရေဒါ စက်ဝိုင်းအတွင်းသို့ ရောက်လာရင် အချက်ပေးစနစ် အမျိုးမျိုးနဲ့ သတင်း ပို့ပြီး ယာဉ်တိုက်မှု အန္တရာယ်က ကင်းဝေးအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ကား တစ်စီးနဲ့ တစ်စီး လည်း ဆက်သွယ် စကားပြောလို့ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ ယာဉ်စည်းကမ်း လုံခြုံရေး တပ်ဖွဲ့ ကားနဲ့ လုံခြုံရေး ကား များမှာ စတင် အသုံးပြုစေမှာ ဖြစ်ပါတယ်။ နောက်တော့မှ တစ်ဆင့်ချင်းစီ သာမန် ကားငယ် များအထိ အသုံးပြုစေမှာ ဖြစ်ပါတယ်။ 

ယင်း နည်းပညာ အရ ကားအားလုံးမှာ ရေဒါစနစ် ထည့်သွင်းနိုင်မယ့် OBD စနစ်လည်း လိုအပ်ပါသေးတယ်။ မြန်မာခေါ် ကားကွန်ပြူတာ Box ဖြစ်ပါတယ်။ ဒါ့အပြင် Alarm system အမျိုးမျိုးလည်း ပါရှိရအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ကားတစ်စီးရဲ့  နည်းပညာက တစ်နှစ်ထပ် တစ်နှစ် ပိုမို မြင့်တက်လာဖို့ပဲ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ၂ နှစ်၊ ၃ နှစ်အတွင်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ ပါတယ်။

Ref: autoblog
ColayAutomobile

http://www.colay.com.mm/automobile/news/detail/864

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများအား အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် နှစ်ရက်အတွင်း မလေးရှားရောက် မြန်မာအလုပ်သမား ရာနှင့်ချီ ဖမ်းဆီးခံနေရ

Tuesday, September 03, 2013
မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။
ဝန်ထမ်းပေါင်း ၁၃၅၀၀၀ ဖြင့် ဖမ်းဆီးအရေးယူမည့် အဆိုပါ အထူးစီမံချက်ကို သုံးလကြာ လုပ်ဆောင်မည်ဖြစ်ရာ ယခုလို ဖမ်းဆီးခံရသူများကို နေရပ်သို့ ချက်ချင်းပြန်ပို့မည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အရန်ရဲတပ်ဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးဌာန၊ အမျိုးသား မှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာ ကောင်စီအဖွဲ့များကို လူဝင်မှုကြီးကြပ်ရေး ဌာနက ဦးဆောင်မည်ဟု သိရသည်။

Monday, September 02, 2013

သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်မည်

Photo: သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်မည်
Monday, September 2, 2013

သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းကာ ‘လွတ်လမ်းမရှိ’ အမည်ဖြင့် ဇာတ်ကားရိုက်ကူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေနှင့် ၂၀၀၁ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ တရားခံကို ပြန်လည် ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက ပညာပေးလိုသည်မှာ လူယုံသတ်၍ သေနိုင်သည်ဆိုသော အကြောင်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းအဖြစ် ဖော်ပြခြင်းခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကားအတွက် ဝတ္ထုဇာတ်လမ်းရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက်မောင်ရေခဲက ပြောကြားသည်။

“ဒီဇာတ်လမ်းမှာ အေးမြတ်သူက ရဲမေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းက အစ်မအတွက် ပထမဆုံး ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုလို ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ခေတ်မှာ ပြည်သူတွေကို အကျိုးပြုတဲ့ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုရတဲ့အတွက် ဝမ်းသာပါတယ်” ဟု သရုပ်ဆောင်အေးမြတ်သူက ပြောကြားသည်။

ယင်းဇာတ်လမ်း ရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုအပ်သည်များ ကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးရန်အတွက် အကောင်းဆုံး ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခု ရိုက်ကူးမည့် ဇာတ်လမ်းသည် ပညာပေးဇာတ်လမ်း ဖြစ်သောကြောင့် ပြည် သူများထံသို့ လောင်းကစားနှင့် ပတ်သက်သည့် အသိတစ်ခု ပေးစွမ်းနိုင် မည် ဖြစ်ကြောင်း ဒါရိုက်တာမီးပွားက ပြောကြားသည်။

အဆိုပါဇာတ်လမ်းကို ဝတ္ထုဇာတ်လမ်း စုံထောက် မောင်ရေခဲက ရေး သားထားပြီး ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာမီးပွားနှင့် သရုပ်ဆောင် ဖြိုးငွေစိုး၊ အေးမြတ်သူ၊ သားညီတို့က အဓိကပါဝင် ရိုက်ကူးမည်ဖြစ် ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသ မည် ဖြစ်သည်။

The Voice Weekly Monday, September 2, 2013 သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်း ကာ ‘လွတ်လမ်းမရှိ’ အမည်ဖြင့်ဇာတ်ကားရိုက်ကူးမည် ဖြစ်ကြောင်း မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြား သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေနှင့် ၂၀၀၁ခုနှစ် တွင် ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ တရားခံကို ပြန် လည် ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက ပညာပေးလိုသည်မှာ လူယုံသတ်၍ သေနိုင်သည်ဆိုသော အကြောင်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းအဖြစ် ဖော်ပြခြင်း ခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကားအတွက် ဝတ္ထုဇာတ်လမ်းရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက်မောင်ရေခဲက ပြောကြားသည်။

မလေးရှားရောက် တရားမဝင် မြန်မာများကို စတင်ဖမ်းဆီး

Monday, September 2, 2013
အဖမ်းအဆီး ကြမ်းမည်ဟု သတိပေးထားသည့် မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တော် အပါအဝင် တရားမဝင် နိုင်ငံခြားသား အများစုရှိသည့် နေရာများတွင် စတင်ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း၊ လမ်းဆုံများတွင် ကားများရပ်ကာ ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေပြီး တရားမဝင်သူများဖြစ်ပါက ကားပေါ်ဆွဲတင်သွားကြောင်း ခုနစ်ရက်သားသမီး ကပုန်းနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးသောင်းက ပြောကြားသည်။

မန္တလေး တန်ဖိုးနည်း အိမ်ရာစီမံကိန်းအနီးမြေများမူလပေါက်ဈေးထက် နှစ်ဆခန့်မြင့်တက်

Monday, September 2, 2013
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အနီး မြေကွက်များသည် သြဂုတ်လကုန်ပိုင်းခန့်တွင် ဝယ်လက် ဒုတိယအများဆုံး ကြိုက်သော နေရာ တစ်ခု ဖြစ်လာကာ ဇွန်လပေါက်ဈေးထက် နှစ်ဆခန့် မြင့်တက်သွားကြောင်း မန္တလေးမြို့သစ်အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အဆိုပါအနီး အကွက်အမှတ် မမ (၉)၊ (၅)၊ (၃)၊ (၄) အကွက်များ သည် ဈေးမြင့်လာခြင်း ဖြစ်ကြောင်း ဇွန်လကုန်ခန့်က အကွက် (မမ) ကြားကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၂၀ ရှိခဲ့ရာမှ သြဂုတ်လကုန်ခန့်တွင် ကျပ်သိန်း ၅၀၀ အထိ ရှိခဲ့ကြောင်း၊ ဇွန်လကုန်ခန့်က အကွက် (မမ) (၆)(၇)(၈) ဂန္ဓမာလမ်းပေါ်တင် တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀ ခန့် ရှိခဲ့ရာမှ သြဂုတ်လကုန်တွင် ကျပ်သိန်း ၁၅၀၀ အထိ မြင့်တက်သွားကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်ချိုက ပြောကြား သည်။

ဒေးဒရဲ ၌ လေဆင်နှာမောင်း တိုက်၍ ကျောင်းနှင့် အိမ်တချို့ပျက်စီး

Monday, September 2, 2013
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အကယ်ချောင်းဝ ကျေးရွာတွင် လေဆင်နှာမောင်း တိုက် ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်တချို့ပျက်စီးခဲ့ကြောင်းဒေသခံများနှင့် ဒေးဒရဲမြို့နယ် ပညာရေးဌာန တာဝန်ရှိ သူများက ပြောသည်။

Photo: ဒေးဒရဲ ၌ လေဆင်နှာမောင်း တိုက်၍ ကျောင်းနှင့် အိမ်တချို့ပျက်စီး
 Monday, September 2, 2013

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အကယ်ချောင်းဝ ကျေးရွာတွင် လေဆင်နှာမောင်း တိုက် ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီး ခဲ့ကြောင်း ဒေသခံများနှင့် ဒေးဒရဲမြို့နယ် ပညာရေးဌာန တာဝန်ရှိသူများ က ပြောသည်။

ယခင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးခြင်း မရှိသော်လည်း လေဆင်နှာမောင်း တိုက်ခတ်ရာ လမ်းကြောင်းပေါ်ရှိနေသော အကယ်ချောင်းဝ ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ မှ ကျောင်း ဆောင် ၃ ဆောင်နှင့် ကျေးရွာအတွင်းက အိမ်ခြေ ၆ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းဆရာတဦးက “လေဆင်နှာမောင်း က တဝူးဝူးတိုက်လိုက်တာ ၅ မိနစ်လောက်ပဲ ကြာမယ်၊အရှိန်ပြင်းတော့ ကျောင်းနားက ထန်းပင်တွေပါ ခေါင်းပြတ်ထွက်တယ်၊ ကျောင်းဆောင်တွေ လည်း အမိုးတွေ လန်ကုန် ပြီးတော့ ကျောင်းဆောင်ကြီးက အပေါ်ထပ်ပြိုကျသွားတာ၊ အမိုးတွေဆိုရင် အချပ်လိုက်လန်ထွက်သွားပြီး ပေ ၁၅၀ လောက်မှာ သွားကျတာ” ဟု သူက ဧရာဝတီသို့ ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မှု ခံခဲ့ရသော အဆိုပါကျောင်း တွင် ကျောင်းဆောင် ၃ ဆောင်ရှိသည့် အနက် ပေ ၆၀ ပတ်လည် ကျောင်းဆောင် ကြီးမှာ အမိုးအကာများလွင့်ထွက်သွာခဲ့ပြီး အပေါ်ထပ်ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပေ ၁၅၀-၃၀ ကျောင်းဆောင် မှာလည်း ပေ ၉၀ ကျော်ပျက်စီးသွားကြောင်း သိရသည်။ အလားတူ ကျန်သည့် ပေ ၆၀-၃၀ ကျောင်းဆောင်မှာ ကျောင်းခေါင်မိုး ကွာထွက်ရုံသာဖြစ်ခဲ့ပြီး ပျက်စီးမှု နည်းသည်ဟုသိရသည်။

၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ရာ ပင်လယ်ဝတွင် တည်ရှိသော အဆိုပါ အကယ်ချောင်းဝ ကျေးရွာလည်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး ယခု ပျက်စီးခဲ့သော ကျောင်းဆောင်များမှာ နာဂစ်ပြန်လည် ထူထောင်ရေး အစီအစဉ်ဖြင့် တည်ဆောက်ထားသောကျောင်းများဖြစ်ကြောင်းသိရသည်။

အဆိုးဆုံး ပြိုကျ ပျက်စီးသွားသော ပေ ၆၀ ပတ်လည် ကျောင်းဆောင်ကြီးမှာ ဂျာမနီနိုင်ငံထောက်ပံ့မှုဖြင့် အမရာဖောင်ဒေးရှင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ထားမှုမှာ ခိုင်ခံ့ခြင်းမရှိသည့် အတွက် ကျောင်းဆရာများက မြို့နယ် ပညာရေး ဌာနကို နှစ်စဉ် သတိပေးအကြောင်းကြားမှုများပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

အထက်တန်းပြ ကျောင်းဆရာ တဦးက “အပေါ်ထပ်ကို အောက်က ခံတဲ့ ဆင့်တို့၊ ယက်မတန်းတို့ကို ဝါးနက်တွေနဲ့ခံထားပြီး ဝါးထရံ ယက်ထားတဲ့အပေါ်မှာ ဘိလပ်မြေလောင်းပြီး အခင်းလုပ်ထားတာ၊ မိုးယိုလာရင် အဲဒီ ဒုတိယထပ် အခင်းကြီးက နိမ့်နိမ့်လာတယ်ပြီးခဲ့ တဲ့ နှစ်ကဆိုရင် တစ်ထွာလောက်ကိုနိမ့်သွားတာ၊ အခုလေဆင်နှာမောင်း တိုက်ချိန်ဟာ ကျောင်းတက် ချိန်သာဆိုရင် ကျနော့် ကျောင်းသားတွေအ တွက် မတွေးဝံ့စရာအဖြစ်ပဲ”ဟု သူကပြောသည်။

ကျောင်းဆောင်များပျက်စီးသွားသဖြင့် ၉ တန်း၊ ဆယ်တန်း ကျောင်းသား များကို အနီးရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ယာယီ သင်ကြားလျက်ရှိပြီး၊ မူလတန်းနှင့် အလယ်တန်းကျောင်းသားများကိုတော့ ပျက်စီးမှု နည်းသော ကျောင်းဆောင်များကို ပြုပြင် တည်ဆောက်ပြီး သင်ကြားပေး မည်ဟု သိရသည်။

ပျက်စီးမှုနည်းသော ကျောင်းဆောင် ၂ ခု၏ ကုန်ကျစရိတ်မှာ ကျပ် ၁၇ သိန်းခွဲကျော်ရှိပြီး ယင်းကုန်ကျငွေ၏ တဝက်ကို ဒေးဒရဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက အကုန်အကျခံကာ ကျန်တဝက်ကိုတော့ ရွာခံများက စုပေါင်း အကုန်အကျ ခံကြောင်း သိရ သည်။

လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားသော အဆိုပါကျောင်းဆောင် ကြီးပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ပညာရေးဌာနမှ၊ တိုင်းပညာရေးဌာနသို့ တင်ပြထားကြောင်း၊ တိုင်းမှတဆင့် ဗဟိုကိုတင်ပြပြီး ခွင့်ပြုချက် ပြန်ကျလာလျှင် ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဦး ကပြောသည်။

“ဒီအဆောက်အအုံကြီးက အန္တရာယ်ရှိတဲ့ အဆောက်အအုံဖြစ်တဲ့ အကြောင်းရယ်၊ အခုပျက်စီးမှုအခြေအနေတွေရယ်ကို တင်ပြ ထား ပြီးတော့ ခိုင်ခန့်တဲ့ ကျောင်းဆောင်အသစ် တည်ဆောက်ပေးနိုင်အောင် ကျနော်တို့ တိုင်းကို တင်ပြထားပြီးပါပြီ၊ အဆင့်ဆင့် က ခွင့်ပြုချက် ကျလာတာနဲ့ ကျနော်တို့ ပြန်ဆောက်ပေးမှာပါ” ဟု ဦးကျော်ဦး က ဧရာဝတီသို့ ပြောသည်။

ပြိုကျပျက်စီးသွားသော ကျောင်းဆောင်ခိုင်ခံ့မှု မရှိခြင်းနှင့် ပတ်သက်၍ ကျောင်းသားမိဘများက ကျေနပ်မှုမရှိ၍ ပြောဆိုနေမှုများ ရှိပြီး အမရာ ဖောင်ဒေးရှင်းအပေါ် အရေးယူဆောင်ရွက်မှုများ ရှိမရှိ မသိရသေးသော်လည်း ခိုင်ခံမှုမရှိခြင်းနှင့် တည်ဆောက် ထားပုံ အဆင့်ဆင့် အချက်လက်များကိုလည်း ဧရာဝတီတိုင်း ပညာရေးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း သူက ဆက်၍ ရှင်းပြသည်။

အကယ်ချောင်းဝ ကျေးရွာသည် ပင်လယ်ဝတွင်တည်ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုတွင် လူသေဆုံးမှု၊ တိရစ္ဆာန်များနှင့် လယ်ယာကိုင်းကျွန်းများပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည့် ကျေးရွာဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းလွဲ ၂ နာရီအချိန်အထိ ထုတ်ပြန်ထားချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်းက ဧရာဝတီတိုင်း အပါအဝင် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်ရှိသော တိုင်းနှင့် ပြည်နယ် များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ကချင်ပြည်နယ်တွင် နေရာ ကွက်၍ မိုးကြီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဒေးဒရဲမြို့နယ် မြစ်ဝကျွန်းပေါ် တနေရာ (ဓာတ်ပုံ – ဒေးဒရဲမြို့ Facebook)
ဧရာဝတီ 

ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

Monday, September 2, 2013
လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေးထားသော ရွှေပြည်သာတံတား၏ လုံခြုံရေး ရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ် သို့ တစ်ဦးတည်း ပြန်လာသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက ပြောကြားသည်။
လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်၊ ဗိုလ်တေဇ ပတ်လမ်းတွင် နေထိုင်သော မိန်းကလေးသည် ခင်ပွန်းဖြစ် သူနှင့် စကားများရန်ဖြစ်ကာ ယင်းနေ့ နံနက် ၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မိဘဖြစ်သူ၏ နေအိမ်ပြန် ရန် ဆိုင်ကယ်ကယ်ရီ မောင်းသမားကို တညင်းကုန်းလမ်းဆုံသို့ ပို့ဆောင် ခိုင်းစဉ် ရွှေပြည်သာတံတား ရဲကင်းအရောက်၌ ဆိုင်ကယ်ပျက်သွားသဖြင့် ဆိုင်ကယ်မောင်းသူက ကယ်ရီခ ငွေတစ်ထောင်ကျပ် ကို တောင်းယူပြီး ရဲကင်းတွင် ထားခဲ့ရာမှ အဆိုပါ ရဲကင်းတွင် တာဝန်ကျသူ ဒုတပ်ကြပ်ဝင်းဌေးက အလိုမ တူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါမိန်းကလေး ၏ ယောက္ခမဖြစ် သူက ပြောကြားသည်။

ဖုန်းဆက် သတင်းပေးမှုကြောင့် မီးသင်္ဂြိုဟ်တော့မည် လူသေအလောင်းကို ပြန်လည်စစ်ဆေး

Monday, September 2, 2013
ဖုန်းဆက်သတင်းပေးမှု တစ်ခုကြောင့် မီးသင်္ဂြိုဟ်ရန် စီစဉ်နေသည့် လူသေအလောင်းကို ဓမ္မတာ အတိုင်း သေဆုံးခဲ့ခြင်းဟုတ်မဟုတ်သိရှိနိုင်ရန် ဆေးရုံးသို့ ပြန်လည်ပို့ဆောင်ပြီး တောင်ဒဂုံရဲစခန်းက အမှုဖွင့် စစ်ဆေးလျက် ရှိသည်ဟု တိုင်းရဲဌာနမှ မှုခင်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။
သြဂုတ် ၂၃ က သေဆုံးသူ ဒေါ်ခင်စန်းမြင့်၏ အလောင်းအား သင်္ဂြိုလ်ရန် ကျီစုအအေးတိုက်သို့ ပို့ ဆောင် ထားကြောင်း အမည်မသိလူတစ်ဦးက ၂၃ ရက်တွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၉ သို့ သတင်းပေး တိုင်ကြား ခဲ့သည်ဟု ဆိုသည်။

ဆန္ဒပြမှုများရပ်တန့်ရန် အတိုက်ခံများနှင့် ဆွေးနွေးသော်လည်း တူနီးရှားအစိုးရ သဘောတူညီချက်မရခဲ့

Monday, September 2, 2013
တူနီးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းများ အဆုံးသတ်ရန်အတွက် အတိုက်ခံ များ နှင့် သဘောတူညီမှုရရှိရန်ကြိုးပမ်းသည့် တူနီးရှားအစ္စလာမ်မစ်များ ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့၏ ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ဟု စေ့စပ်ညှိနှိုင်းသူများက ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁ ရက် က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ထို့ကြောင့် နိုင်ငံတွင်းတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု များ ဆက်လက်ပေါ်ပေါက်နေဦးမည် ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့် တူနီရှားအကျပ်အတည်းမှာ အတိုက်အခံခေါင်းဆောင် မိုဟာမက်ဘရာမီအား ဇူလိုင်လ ၂၅ ရက်တွင် လုပ်ကြံခံရပြီးနောက်ပိုင်းတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ခြောက်လ ခန့်ကလည်း တခြားအတိုက်အခံအမတ် တစ်ဦးမှာ ဘရာမီကဲ့သို့လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ယင်း တိုက်ခိုက်မှု နှစ်ခုစလုံးမှာစလာဖစ်တို့၏လက်ချက်ဟုလည်း စွပ်စွဲထားသည်။

အာဖဂန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား တာလီဘန်တို့ တိုက်ခိုက်


Monday, September 2, 2013

အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းတွင် NATO ၏ ထောက်ပံ့ရေးယာဉ်များ ရပ်နားထားခြင်းဖြစ်ပြီးတာလီဘန်တို့ကဗုံးဖောက်ခွဲကာ သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား
Photo: အာဖဂန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား တာလီဘန်တို့ တိုက်ခိုက်
Monday, September 2, 2013
 
အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းတွင် NATO ၏ ထောက်ပံ့ရေးယာဉ်များ ရပ်နားထားခြင်းဖြစ်ပြီး တာလီဘန်တို့က ဗုံးဖောက်ခွဲကာ သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား 

အမေရိကန်စစ်အခြေစိုက်စခန်းရှိ NATO နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များအား တာလီဘန်တို့က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အာဖဂန်နစ္စ တန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်အနီးရှိ အမေရိကန်စစ်အခြေစိုက် စခန်းကို တာလီဘန်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းတွင် NATO ၏ ထောက်ပံ့ရေးယာဉ်များ ရပ်နားထားခြင်းဖြစ်ပြီး တာလီဘန်တို့က ဗုံးဖောက်ခွဲကာ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

အပြန်အလှန် တိုက်ခိုက်မှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်အခြေစိုက်စ ခန်းအား လာရောက်တိုက်ခိုက်သည့် တာလီဘန်အဖွဲ့ဝင်အား လုံး သေ ဆုံးသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ NATO နှင့် တာလီ ဘန် တပ်ဖွဲ့ဝင်များ၊ အရပ်သားများ ထိခိုက်သေဆုံးမှု မရှိဘဲ NATO ၏ ထောက်ပံ့ရေးယာဉ် အနည်းငယ်မှာ တိုက်ခိုက်မှုအတွင်း မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

Planet Myanmar Network
အမေရိကန်စစ်အခြေစိုက်စခန်းရှိ NATO နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များအား တာလီဘန်တို့က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အာဖဂန်နစ္စ တန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်အနီးရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို တာလီဘန်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းတွင် NATO ၏ ထောက်ပံ့ရေးယာဉ်များ ရပ်နားထားခြင်းဖြစ်ပြီး တာလီဘန်တို့ က ဗုံးဖောက်ခွဲကာ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။
အပြန်အလှန် တိုက်ခိုက်မှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်အခြေစိုက်စ ခန်းအား လာရောက်တိုက်ခိုက်သည့် တာလီဘန်အဖွဲ့ဝင်အား လုံး သေ ဆုံးသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ NATO နှင့် တာလီ ဘန် တပ်ဖွဲ့ဝင်များ၊ အရပ်သားများ ထိခိုက်သေဆုံးမှု မရှိဘဲ NATO ၏ ထောက်ပံ့ရေးယာဉ် အနည်းငယ်မှာ တိုက်ခိုက်မှုအတွင်း မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

Planet Myanmar Network

သတင်းမီဒီယာများကို မကြောက်ရန် ဝန်ကြီးများကို သမ္မတပြောကြား

Monday, September 2, 2013
မိမိတာဝန်ကို ရိုးသားဖြောင့်မတ်မှုရှိရှိ မှန်မှန်ကန်ကန် ထမ်းဆောင်သူများအနေနှင့် သတင်းမီဒီယာများ ကို ကြောက်စရာ မလိုကြောင်း ဝန်ကြီးများနှင့် တွေ့ဆုံလမ်းညွှန် မှာကြားသည့် အခါတိုင်း ထည့်သွင်း ပြော ကြားလေ့ ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ လယ်တောအိမ်ရာတွင် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) နှင့် ယနေ့ နံနက် ၉ နာရီခန့်က တွေ့ဆုံစဉ် ပြောကြားသည်။ သမ္မတနှင့် သီးသန့်တွေ့ဆုံစဉ် သတင်းမီဒီယာများအနေနှင့် သတင်းကိစ္စများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိ ဌာနအသီးသီးနှင့် ဆက်သွယ်မေးမြန်းသည့် အခါတိုင်း တာဝန်ခံ ဖြေကြားသူမရှိခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ တင်ပြဆွေးနွေးချက်ကို သမ္မတက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်

Monday, September 2, 2013
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
ဆန်ဖရန်စစ္စကို ပြည်နယ် Richmond ခရိုင်ရှိ Clement လမ်းတွင် ဖွင့်လှစ်ထားသော အဆိုပါ စားသောက်တွင် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် လာရောက် စားသောက်ခဲ့သော ၁၄ ဦးသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ယင်းကျန်းမာရေးဌာနက ထုတ်ပြန်သည်။

မျက်စိညောင်း ခြင်းကို ကုသနည်းများ


Monday, September 2, 2013

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။
Photo: မျက်စိညောင်း ခြင်းကို ကုသနည်းများ
Monday, September 2, 2013

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိကအကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များတာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့
တောက်ပတဲ့ အလင်းရောင်ကို ကြာကြာ ကြည့်မိတာ တွေကြောင့်
ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိ လန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့် တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

ကြယ်စင်
Good Health

http://www.myanmaronlinenews.net/2013/09/blog-post_1901.html 

ယူကေနိုင်ငံ အဆင့် ၃ စာရင်းဝင် တက္ကသိုလ် ပညာသင်ဆုပေးမည်

Monday, September 2, 2013
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေ အိုင်ဂျီစီအက်စ်
အီး အောင်မြင်ထားသူတွေ ယူကေနိုင်ငံက အန်ဂလီရာရပ်စကင် တက္ကသိုလ် (Anglia Ruskin University) မှာ ကျောင်းလျှောက် ထားသူတွေကို ပညာသင်ဆု ပေးအပ်သွားမယ်လို့ အဲသည်ကျောင်းနဲ့ တိုက်ရိုက်ချိတ်
ဆက် ဆောင် ရွက်နေတဲ့ SR Worldwide Education ကသိရပါတယ်။
အဲသည် တက္ကသိုလ်ဟာ လန်ဒန်မြို့က သွားရင်အချိန်တစ်နာရီလောက် အကြာမှာ ရှိပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေအနေနဲ့ ဘယ်ဘွဲ့ကိုမဆို လျှောက်တဲ့သူတွေ ကို စတာလင်ပေါင် ၅၀၀ သို့မဟုတ် ၁၀၀၀ ပေးအပ်သွားမှာဖြစ်တယ်။ မြန်မာနိုင်ငံက ဘွဲ့တစ်ခုခုရ ထားပြီး မဟာသိပ္ပံဘွဲ့ သို့မဟုတ် အမ်ဘီအေ ပရိုဂရမ်ကို လျှောက်ထားတဲ့သူတွေကို ပညာသင်ဆု စတာလင်ပေါင် ၅၀၀ သို့မဟုတ် ၁၀၀၀ ပေးအပ်သွားပါမယ်။

မြန်မာပိုင် တရုတ်လေယာဉ်များကို ပြင်သစ်လေယာဉ်များနဲ့ အစားထိုးမည်

Monday, September 2, 2013
နိုင်ငံပိုင် မြန်မာ့လေကြောင်းအနေနဲ တရုတ်လေယာဉ်တွေနေရာ မှာ ပြင်သစ်လေယာဉ်တွေနဲ့ အစားထိုးတော့မယ်လို့ သိရပါတယ်။
လက်ရှိရပ်နားထားတဲ့ တရုတ်ပြည်လုပ် MA60 လေယာဉ်သုံးစီးနေရာမှာ အစားထိုးပြေးဆွဲဖို့ ပြင်သစ်နိုင်ငံလုပ် ATR72 – 500 လေယာဉ်စီး ဝယ် ယူတော့မယ်လို့ နေပြည်တော် သတင်းရပ်ကွက်ကို ကိုးကားပြီး eTurbo News က ဖေါ်ပြပါတယ်။ အခု စတင်ဝယ်ယူမည့် ပထမဆုံး ပြင်သစ်လေ ယာဉ်ဟာ သက်တမ်း ၅ နှစ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲ ကျသင့် တယ်လို့ဆိုပါတယ်။

Photo: မြန်မာပိုင် တရုတ်လေယာဉ်များကို ပြင်သစ်လေယာဉ်များနဲ့ အစားထိုးမည်
Monday, September 2, 2013

နိုင်ငံပိုင် မြန်မာ့လေကြောင်းအနေနဲ တရုတ်လေယာဉ်တွေနေရာ မှာ ပြင်သစ်လေယာဉ်တွေနဲ့ အစားထိုးတော့မယ်လို့ သိရပါတယ်။

လက်ရှိရပ်နားထားတဲ့ တရုတ်ပြည်လုပ် MA60 လေယာဉ်သုံးစီးနေရာမှာ အစားထိုးပြေးဆွဲဖို့ ပြင်သစ်နိုင်ငံလုပ် ATR72 – 500 လေယာဉ်စီး ဝယ် ယူတော့မယ်လို့ နေပြည်တော် သတင်းရပ်ကွက်ကို ကိုးကားပြီး eTurbo News က ဖေါ်ပြပါတယ်။ အခု စတင်ဝယ်ယူမည့် ပထမဆုံး ပြင်သစ်လေ ယာဉ်ဟာ သက်တမ်း ၅ နှစ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲ ကျသင့် တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံကနေ ၂၀၁၁ ခုနှစ်က ၀ယ်ယူခဲ့တဲ့ MA60 လေယာဉ်သုံးစီးဟာ ဟိုက်ဒရောလစ် ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် တစ်လအတွင်း နှစ်ကြိမ် လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။

မော်လမြိုင်-ကော့သောင်း ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ်တစ်စီးဟာ ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းလေဆိပ်ကို ဆင်းသက်စဉ်အတွင်း ဘီးချော်ခဲ့ပါတယ်။ ခရီးသည် ၅၃ ဦးပါ လေယာဉ်ဟာ ပြေးလမ်းအပြင်ဘက် ပေ၂၀၀ လောက် လမ်းချော်ပြီး ခြံစည်းရိုးအပြင်ဘက် ချုံတောသို့ တိုးဝင်သွားခဲ့တဲ့အတွက် ပန်ကာဒလက်တွေ ပျက်စီးသွားခဲ့ပါတယ်။ လူအထိအခိုက်တော့မရှိခဲ့ပါဘူး။

မေလ ၁၆ ရက်နေ့ကလည်း ခရီးသည် ၅၅ ဦးပါ MA60 ဖော်ကာလေယာဉ် ဟာ မိုင်းဆတ်လေဆိပ်ကိုအဆင်း ဘရိတ်ချွတ်ယွင်းခဲ့တဲ့အတွက် အရှိန် လွန်ပြီး ပြေးလမ်းနဲ့ကိုက် ၂၀၀ အကွာ ခြံစည်းရိုးကိုဝင်တိုက်ခဲ့လို့ လေ ယာဉ်တောင်ပံနဲ့ ဘီးတွေပျက်စီးခဲ့တဲ့အပြင် ခရီးသည် အမျိုးသမီးနှစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် မြန်မာ့လေကြောင်းအနေနဲ့ MA60 လေယာဉ်သုံးစီးလုံးကို ဆက်လက်မသုံးစွဲတော့ဘူးလို့ ကြေညာခဲ့ပါတယ်။

RFA 

ကိုရီးယားရောက် မြန်မာများနဲ့ ကွမ်း ပညာပေး

Monday, September 2, 2013
ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစား သုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ် ပါသည်။

Photo: ကိုရီးယားရောက် မြန်မာများနဲ့ ကွမ်း ပညာပေး
Monday, September 2, 2013

ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစားသုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ်ပါသည်။

မြန်မာစင်တာက ကမကထပြု၍ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများ ကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများ ကပ်ခြင်း၊ လက်ကမ်းစာရွက် ဝေခြင်းတို့ကို လူအင်အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြပါသည်။

“မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့မှာ နေသူတဦးက ပြောပါသည်။

ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရသေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။

ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်အတွက် သစ်ပင်ရင်း၊ မြောင်းပေါက် ၀နှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေး နီရဲရဲ အကွက်များ အများဆုံး ဖြစ်သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို “လမ်းနီလေး”ဟုပင် မြန်မာတွေ က ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။

“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန် မာ့ဗုဒ္ဓသာသနာပြုကျောင်းမှာ ဝေါဆရာတော်က မိန့်ပါသည်။

“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရ တယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။

ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံနက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊ လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။

“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်းလိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ် မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်းတွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။

ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင် ဘူဖျောင်းမြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွား မည်ဖြစ်သည်။

ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံး မှု လျှော့ချနိုင်ဖို့ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ 

(ကိုဝင်းပေါ်မောင်အီးမေးမှာ တွေ့ရတဲ့သတင်း နဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြပါတယ်)
 
ဧရာဝတီ 

အသားပိုပါလာသည့် ကလေးငယ် ခွဲစိတ်ကုသနိုင်ရန် အလှူငွေလို အပ်နေဆဲဖြစ်

Monday, September 2, 2013
တင်ပါးတွင် မွေးရာပါအသားပိုတစ်ခု ပါလာသောလသားအရွယ် ကလေးငယ်တစ်ဦး ခွဲစိတ်ကုသနိုင်ရန် အတွက် အလှူငွေ လိုအပ်နေဆဲဖြစ်ကြောင်း ယင်းကလေးငယ်ကို ဆေးရုံပို့ပေးသူ တောင်ငူဒေသခံများက စက်တင်ဘာ ၁ ရက်က မဇ္ဈိမကိုပြောသည်။
ယင်းကလေးငယ်မှာ တောင်ငူခရိုင်ဖြူးမြို့နယ် ဗိုလ်ချုပ်ရပ်ကွက်မှဖြစ်ပြီး ယခုနှစ် မေ ၁ ရက်ကမွေးဖွားခဲ့ပြီး မိဘများမှာ ဦးအေးမင်းထွန်းနှင့် ဒေါ်ဖြူဖြူအေးတို့ ဖြစ်သည်။ ကလေးငယ်ကို ဖြူးမြို့ ပြည်သူ့ဆေးရုံကြီး တွင် ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး တင်ပါးဆုံအနောက်ဘက်တွင် မွေးရာပါအသားပိုတစ်ခု ပါလာခဲ့ သည်။ နောက်ပိုင်းတွင် ပိုမိုကြီးထွား လာသည့်အတွက် ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံကြီးသို့ သြဂုတ် ၃၁ ရက်တွင် ရောက်ရှိလာခြင်း ဖြစ်သည်။

My Blog List