Wednesday, July 17, 2013
ဆက်သွယ်ရေးတင်ဒါ မအောင် သဖြင့် Digicel တွင် ခန့်အပ်ထားပြီး သား ဝန်ထမ်းများကို ထုတ်ပယ်ပစ်သည် ဆိုသည့် သတင်းများထွက်ပေါ်နေ မှုကို ကုမ္ပဏီက ငြင်းဆိုလိုက်သည်။
”ကျွန်မတို့ကုမ္ပဏီက ခန့်အပ်ထား ပြီးသားဝန်ထမ်း ၈ဝဝ ကျော်ရှိပါတယ်။ တင်ဒါမအောင်ပေမယ့် မြန်မာနိုင်ငံမှာ ကျွန်မတို့ကုမ္ပဏီက လုပ်နိုင်တဲ့ ဟာတွေ အများကြီးရှိပါတယ်။ အခု အဲဒါကို လေ့ လာမှုတွေ လုပ်နေတယ်။ ဒါကြောင့် ခန့် ထားပြီးသားဝန်ထမ်းတွေကို ဖြုတ်တာ တို့၊ ထွက်ခိုင်း တာတွေမရှိပါဘူး”ဟု Digicel ကုမ္ပဏီ ပြည်သူ့ဆက်ဆံရေးမန် နေ ဂျာ ဒေါ်သီရိကြာညိုက ပြော သည်။
ကနေဒါနိုင်ငံ အခြေစိုက် Digicel ကုမ္ပဏီသည် YSH Finance? Quan-tum Strategic Partners Ltd. တို့နှင့် ပူးပေါင်း၍ ဆက်သွယ်ရေး တင်ဒါ အဆို တင်သွင်းခဲ့သော်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။ ထို့ကြောင့် Digicel ကုမ္ပဏီ ကခန့်အပ်ထားပြီးသားဝန်ထမ်း ၄ဝဝ ကျော်ကိုအလုပ်ထွက် ခိုင်းကြောင်း သတင်း များထွက်ပေါ်လာခဲ့သော်လည်း ကုမ္ပဏီ က မဟုတ်မှန်ကြောင်း ပေါ်ပြူလာ နယူးစ်သို့ ပြောသသည်။

ဇူလိုင်၁၆ ရက် နံနက်ပိုင်းက ပဲခူးမြို့တွင် ဆန္ဒဖော်ထုတ်ရန်ကြိုးစားသည့်
လယ်သမားများနှင့် ခြံသမားများ သည် ရဲတပ်ဖွဲ့ဝင်၁၅ဝခန့်၏ အ ပြင်းအထန်
ရာမန်ဒန် ဥပုသ်ကာလ အတွင်း ထိုင်း အာဏာပိုင်များနှင့် ထိုင်းတောင်ပိုင်းရှိ BRN သူပု