Thursday, May 23, 2013
မြန်မာ - တရုတ် စီးပွားရေးတွေ့ဆုံပွဲကျင်းပ...
Thursday, May 23, 2013
တရုတ်နိုင်ငံ၊ CCPIT Sichuan မှ ဒုဥက္ကဌ Mr.Zhu Xiaojin ဦးဆောင်မှုဖြင့် တရုတ်ကုမ္ပဏီ(၄၀) မှ တရုတ် စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ သည် မေလ(၂၃)ရက်နေ့ မနက်(၉း၃၀)တွင် ရန်ကုန်မြို့ Traders Hotel တွင် 'SICHUAN-MYANMAR BUSINESS MATCHING SESSION 2013' ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲအားMyanmar Tourism Resource မှကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ကုမ္ပဏီပေါင်း (၄၀)မှ ကိုယ်စားလှယ်များနှင့် မြန်မာကုမ္ပဏီပေါင်း (၁၀၈)ခုမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေ့စားခယူ၍ဆန္ဒပြသည်ဟု အဓိပ္ပါယ်ရသည့် သမ္မတ၏ ပြောကြာချက်အပေါ် ကျေနပ်မှုမရှိခြင်းကြောင့်ဆန္ဒဖော်ထုတ်
Thursday, May 23, 2013
သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာမိသားစုများနှင့်တွေ့ ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများသည် စားဝတ်နေရေးအခြေအနေများကြောင့် နေ့စားခယူကာဆန္ဒပြနေကြခြင်းဖြစ်ကြောင်း အဓိပ္ပါယ်ရသည့်ပြောကြားချက်ကို ကျေနပ်မှုမရှိခြင်းကြောင့် မေ ၂၃ ရက် ညနေပိုင်းတွင်ရန်ကုန်မြို့ တာမွေဈေးအနီး၌ ဆန္ဒဖော်ထုတ်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ " သမ္မတကြီးကဆန္ဒပြသူတွေကို ပိုက်ဆံယူပြီးလုပ်တယ်လို့ ပြောတယ်။ဒါနဲ့ပတ်သတ်လို့မဖြေရှင်းဘူး၊ ဖြေရှင်းဖို့လည်းမလိုဘူး။ ဒါပေမယ့် ဘယ်သူဘယ်အဖွဲ့အစည်းကဆိုတာအတိအကျပြောဖို့လိုတယ်။
မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ
Thursday, May 23, 2013
ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင်ငံထဲ ၀င်ရောက်မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏအများဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။
Wednesday, May 22, 2013
တရုတ်နှင့်ဆွေးနွေးရန် အထူးကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား စေလွှတ်
“တရုတ်နှင့်ဆွေးနွေးရန် အထူးကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား စေလွှတ်” 
22-5-2013
မြောက်ကိုရီးယား နိုင်ငံသည် တရုတ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်အတွက် အထူးကိုယ်စားလှယ် အဖွဲ့တစ်ခုကို စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ မြောက်ကိုရီးယား အစိုးရ၏ ထိပ်ဆုံးအဆင့် အရာရှိများ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သတင်း များက ဆိုသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ထိပ်ဆုံးအဆင့် အရာရှိအချို့အား အဆိုပါခရီးစဉ် အတွက် ရွေးချယ် စေလွှတ်ခဲ့ခြင်းဟု တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။ အလုပ်သမားပါတီ ထိပ် တန်းခေါင်းဆောင် တစ်ဦးဖြစ်သောချိုရိုင်ဟေး ဦးဆောင်သော သံတမန်အဖွဲ့သည် ကော်ယိုလေကြောင်း လိုင်းဖြင့် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
From...Planet Myanmar Network
မြောက်ကိုရီးယား နိုင်ငံသည် တရုတ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်အတွက် အထူးကိုယ်စားလှယ် အဖွဲ့တစ်ခု ကို စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ မြောက်ကိုရီးယား အစိုးရ၏ ထိပ်ဆုံးအဆင့် အရာရှိများ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သတင်း များက ဆိုသည်။
ဝါရှင်တန်ဒီစီရောက် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နဲ့ ပြည်ပရောက် ၈၈ မျိုးဆက်များ၊ မြန်မာ့အရေးလှုပ်ရှားသူများ တွေ့ဆုံကြတဲ့ ဆည်းဆာညမြင်ကွင်း
ဝါရှင်တန်ဒီစီရောက် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နဲ့ ပြည်ပရောက် ၈၈ မျိုးဆက်များ၊ မြန်မာ့အရေးလှုပ်ရှားသူများ တွေ့ဆုံကြတဲ့ ဆည်းဆာညမြင်ကွင်း
ဓာတ်ပုံ အတာလင်း၊ ဖေ့စ်ဘွတ်မှတဆင့်၊ မေ ၂၁၊ ၂၀၁၃
ယမန်နေ့ညက ၀ါရှင်တန်ဒီစီရောက် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး တို့ကို   ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူများ၊ ပြည်ပရောက် ၈၈ မျိုးဆက်များ၊  အမေရိကန်၏   မြန်မာပိုင်း အစီအစဉ် ရေဒီယိုဝန်ထမ်းများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်တွေ့ဆုံကြသည့် ပျော်ရွှင်ဖွယ် ဆည်းဆာညမြင်ကွင်း၊ ၀ါရှင်တန်ဒီစီ မက်ထရို၊ မေရီလင်း၊ နယူးယောက်စတဲ့ မြို့နယ်များက မိတ်ဆွေများ လည်း တက်ရောက်ကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုသက်ထွန်း၊ ကိုမိုးသီးဇွန်၊ ကိုကိုကြီး
ဖားကန့်မှာ ကျောက်စိမ်းတွင်းပြို ၃ ဦး သေဆုံး
ကချင်ပြည်နယ်၊ဖားကန့်ဒေသကစိမ်းလဲ့အောင် ကျောက်စိမ်းလုပ်ကွက်မှာဒီကနေ့မနက်ပိုင်းက ကျောက်စိမ်းတွင်းတွေ မှာ မြေပြိုမှုဖြစ်ပွားခဲ့တဲအတွက် ကျောက်စိမ်းတူးဖော်နေသူ ၃ ဦး သေဆုံးပြီး၊ ၁ ဦးကတော့   ပြင်းပြင်းထန်ထန်  ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
မိတ္ထီလာမှာ သံဃာတော် သတ်ဖြတ်ခဲ့သူ ၇ ဦးကို ထောင်ဒဏ်တွေချမှတ်
meikhtila-court-305.jpg
မိတ္ထီလာမြို့ ပဋိပက္ခအတွင်း သံဃာတော်တစ်ပါး အသတ်ခံရ မှုမှာ ပါဝင်သူတွေကို မေလ ၆ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီးနောက် တွေ့ရစဉ်
ပြီးခဲ့တဲ့ မတ်လကဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ ပဋိပက္ခမှာ သံဃာတော် ဦးသောဘိတကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ ၇ ဦးကို မိတ္ထီလာခရိုင်တရားရုံးက ဒီကနေ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
တရားခံ ၇ ဦးကို ပြစ်ဒဏ်ချမှတ်ရာမှာ ထောင်ဒဏ် ၂  နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အသီးသီး ချမှတ်ခဲ့ပြီး အသက် ၁၆ နှစ် မပြည့်သေးသူတစ်ဦးကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေစာရင်းထဲ မြန်မာပါဝင်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry  
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry
ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့်ဟာ စိန်ခေါ်အကဲစမ်း ခံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပြောဆိုပါတယ်။ အစိုးရတွေကြောင့် သည်းခံနားလည်မှုမရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီကနေ အမုန်းတရားတွေ၊ အကြမ်းဖက် မှုတွေ ပေါ်ပေါက်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာပါ။   မြန်မာနိုင်ငံက ဆိုရင်လည်း ဘာသာရေးလွတ်လပ်ခွင့်အရ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ထည့်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
Monday, May 20, 2013
၂၀၁၃ ခုနှစ်အတွင်း စက်ရုံအလုပ်ရုံများမှ လုပ်ငန်းခွင် အဆင်မပြေ မှုများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ပြဿနာများ ဆက်တိုက်ပြန်လည်ဖြစ်ပွား
၂၀၁၃ ခုနှစ်အတွင်း စက်ရုံအလုပ်ရုံများမှ လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် အလုပ်ရှင်နှင့် အလုပ် သမားများကြားပြဿနာများဆက်တိုက်ပြန်လည် ဖြစ်ပွားလာကြောင်း အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။လှိုင်သာယာ စက်မှုဇုန်ရှိ စံကောင်း ပီနံအိတ်စက်ရုံ၌ အလုပ်သမား ၄၉ ဦးအား အလုပ်မှ ထုတ်ပယ်မှုကြောင့် ပြဿနာများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အလုပ်သမား ၁၀၀၀ ကျော်မှ အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမား ၄၉ ဦးအား အလုပ်ပြန်လည် ခန့်ပေးရေးအပါအ၀င်အချက်၄၃ ချက်ကို စုပေါင်းတောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။အဆိုပါ ပြဿနာကို မြို့နယ်ဖျန်ဖြေရေးရုံးတွင် မေ ၁၅ ရက်က အလုပ်ရှင်နှင့် အလုပ်သမား တွေ့ဆုံကာ ညှိနှိုင်းခဲ့သော် လည်း ပြေလည်မှုမရရှိဘဲ ခုံသမာဓိကောင်စီသို့ လွှဲပြောင်းဖြေရှင်းသွားမည် ဖြစ်သည်ဟုသိရသည်။ ''ကျွန်တော် တို့ အနေနဲ့ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘာလုပ်မယ်ဆိုပြီး စဉ်းစားထားတာ မရှိသေးဘူး။ ခုံသမာဓိကောင်စီကိုတက်ပြီး သူရဲ့အဆုံးအဖြတ်ကို ရယူသွားမှာပါ။
မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်၌ တရုတ်နိုင်ငံမှ ကြက်နှင့် ကြက်ထွက်ပစ္စည်းများ တင်သွင်းမှု ရှိနေသည့်အတွက် သက်ဆိုင်ရာက ဖျက်ဆီးနေရ
တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 ဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံသို့ ကူးစက်မလာရန် မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်၌ တရုတ်နိုင်ငံမှ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများ တရားဝင်တင်သွင်းမှုကို ရောဂါစဖြစ်စဉ် ကတည်းက ပိတ်ထားသော်လည်း လက်ရှိ နယ်စပ်ဒေ သများမှတင်သွင်းမှုများရှိနေသည့်အတွက်သက်ဆိုင်ရာမှဖျက်ဆီးမှုများ ပြုလုပ်နေရကြောင်း   မွေးမြူရေး ဦးစီးဌာနမှ သိရသည်။လက်ရှိ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ဂိတ် အပါအ၀င် နယ်စပ်ဂိတ်များမှ ကြက်နှင့်အခြား ကြက်ထွက်ပစ္စည်း တင်သွင်းမှုကို မွေးမြူရေး ဦးစီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊
သမ္မတဦးသိန်းစိန် ၀ါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံသို့ သွားရောက်၊ မေ ၂၀ (တနင်္လာနေ့)တွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်တွင် တွေ့ဆုံမည်
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘော ခရီး ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်စံတော်ချိန် မေ ၁၈ ရက် နံနက်ပိုင်းတွင် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်သည် မေ ၁၈ ရက် ညနေပိုင်းတွင် ၀ါရှင်တန်ရှိ လင်ကွန်း အထိမ်းအမှတ် အဆောက်အဦသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ၀ါရှင်တန် ရှိ မြန်မာသံရုံးသို့ ဆက်လက်သွားရောက်ခဲ့ကာ မြန်မာမိသားစုဝင် ၃၀၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။ သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့သည် မေ ၂၀ ရက်တွင် အိမ်ဖြူတော် ၌ တွေ့ဆုံကြမည် ဖြစ်ပါသည်။
လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်
ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီ လူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်း တွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စုစာရင်းများမှပယ်ဖျက်ပြီးအရေးယူထားကြောင်းနယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။
Friday, May 17, 2013
မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ပင်လယ်ကမ်းခြေတလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့ကိုယ်ပေါ်ကမြန်မာကျပ်ငွေ(၄) သောင်း ကိုရှာဖွေတွေ့ရှိတဲ့အတွက်သူတို့ဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီးမြန်မာဘက်ကနေဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲ ကိုမျောပါလာတဲ့အလောင်းတွေဖြစ်တယ်လို့ဘင်္ဂလာဒေခ်ျ့အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူခဲ့သည့် Bill Gates
Microsoft ထူထောင်သူ Bill Gates ဆိုသည်မှာ ကမ္ဘာပေါ်တွင် အချမ်းသာ ဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အများဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ယင်းထူထောင်ခဲ့သည့် Microsoft ကနေ ထွက်ခွာလာခဲ့ပြီးနောက် Bill & Melinda Gates Foundation ကနေတဆင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးလှူ နေခဲ့သူလည်း ဖြစ်ပါတယ်။
အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan တို့က သဘောတူ ခဲ့ကြပါတယ်၊ သမ္မတအာဆတ်အနေနဲ့ အသွင်ကူးပြောင်းရေးအုပ်စုကို အာဏာလွှဲပြောင်းပေး သင့်တယ် ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာသမ္မတအိုဘားမားကပြောခဲ့ပါတယ်။
ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား
အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင် ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။ အီရတ်နိုင်ငံမှာရှီးယားမွတ်ဆလင်တွေဦးဆောင်တဲ့အစိုးရနဲ့လူနည်းစုဆွန်နီမွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေးအာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စု ကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။
BBC Burmese
ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား
Friday, May 17, 2013
အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင်ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ ရှီးယား မွတ်ဆလင်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ လူနည်းစု ဆွန်နီ မွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေး အာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စုကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။
BBC Burmese
ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့
ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့
ဒေးဗစ်ဘက်ခမ်းဘောလုံး လောက က အနားယူတော့မည်
အင်္ဂလိပ်ဘောလုံးအကျော် အမော်၊ David Beckham က သူဘောလုံး ကစားတာကနေ အနားယူတော့မယ် လို့ ကြေညာလိုက် ပါတယ်၊ ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကြာကစားခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအကုန်မှာ အနားယူတော့မယ်လို့ အသက် ၃၈ နှစ်အရွယ် ဘောလုံး အကျော်အမော်က ကြာသပတေးနေ့က ပြောလိုက်တာဖြစ်ပါတယ်။
ဆီးရီးယားမှာ ဓါတု လက်နက် သုံးကြောင်း ပိုခိုင်မာလာ
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရဲ့ အနောက်တောင် ပိုင်းမှာ ရှိတဲ့ ဆာရာကက်ဘ် မြို့ကို ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ပိုခိုင်မာသွားစေတဲ့ မျက်မြင် သက်သေတွေရဲ့ ပြောဆိုချက်တွေကို ဘီဘီစီက ကြားသိခဲ့ရပါတယ်။အဆိပ်ဓါတ်ငွေ့တွေ ပါတဲ့ အနည်းဆုံး ဗုံးနှစ်လုံးလောက်ကို ဆီးရီးယား အစိုးရ ရဟတ်ယာဉ်တွေက ကြဲချခဲ့တယ်လို့ မျက်မြင်သက်သေတွေက အဲဒီ မြို့ကို သွားရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ကို ပြောပြကြပါတယ်။
Thursday, May 16, 2013
ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၇၅,၀၀၀ ကျော် ပေါ်ပေါက်ခဲ့
Thursday, May 16, 2013
နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အ တွင်း လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း ၇၅,၀၀၀ ကျော် ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှမှ သိရသည်။
မုန်တိုင်း အားပျော့၊ ရခိုင်ဘက်ကို ၀င်ရောက်ရန် အခြေအနေ နည်းပါးသွား
Thursday, May 16, 2013
မဟာဆန်မုန်တိုင်းမှာတဖြည်းဖြည်းအားပျော့သွားပြီး မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်တွင်စိုးရိမ်လောက် သည့် အနေအထားတွင် မရှိတော့ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလဗေဒက ယနေ့ နေ့လည် ၁ နာရီ ၃၀တွင် သတင်း ထုတ်ပြန်သည်။ မုန်တိုင်းသည် မိုးအကြီးအကျယ် ရွာသွန်းမူကြောင့် အားပျော့သွားခဲ့ကြောင်း၊ ယနေ့နံနက်က အင်အား အကောင်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ န၀ါခါလီမြို့နှင့် စစ်တကောင်းးမြို့ကို ဦးတည်နေကြောင်း ပြောဆိုသည်။
ရန်ကုန် ဘတ်စ်ကားလိုင်း စနစ်များ ပြင်မည်
Thursday, May 16, 2013
ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေရန်အတွက် ဘတ်စ်ကားလိုင်းများ လက်ရှိပြေး ဆွဲနေသော စနစ်ကို ပြန် လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့(Yangon City Public Transport Authority-YCPTA)က ပြောသည်။“ကျစ်လျစ်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်အောင် ပြန်ပြင်မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုးနဲ့သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုးဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်၊
Tuesday, May 14, 2013
ဘူးသီးတောင်မှာ တစ်အိမ်တက်တစ်အိမ်ဆင်း မုန်တိုင်းအန္တရာယ်အသိပေးပြီ
စစ်တွေ၊မေလ-၁၃ မဟာစင်မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မှာ မုန်တိုင်း အန္တရာယ်ကိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံအသိပေးနေပြီလို့ဘူးသီးတောင်နေဒေသခံအချို့ထံကသိရ ပါတယ်။“ရေကြောင်းသွားလာရေးတွေကို ရပ်နားထားဖို့ရှိနေတယ်၊ ကယ်ဆယ်ရေးစခန်းတွေကိုလည်း စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်း၊မုန်တိုင်းဒဏ်ခံနိုင်တဲ့နေရာတွေမှာကြိုတင်ဖွင့်ထားတယ်၊ ရပ်ကွက် လှည့်ပြီး ခဏခဏလည်းကြေညာပေးနေတယ်”လို့ ဒေသခံဦးဇော်ဝင်းကပြောပါတယ်။
နှစ်ကတ်တွဲနဲ့  အပြတ်ကဲနိုင်ဖို့  View Sonic ရဲ့  View Pad 7D Tab (Dual Sim)
Friday, May 10, 2013
မြန်မာတက္ကသိုလ်တွေ အဆင့်မြင့်ရေးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား
အရင်စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရတဲ့ မြန်မာတက္ကသိုလ်တွေကို ဗြိတိန်တက္က သိုလ်တွေအနေနဲ့ လိုအပ်သမျှ အကူအညီတွေပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှာ ဗြိတိသျှကောင်စီနဲ့ လန်ဒန်တက္ကသိုလ်တို့ပူးတွဲပြီး မနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်မြန်မာမူဝါဒရေးရာဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဗီဒီယိုကတဆင့် အမှာစကားပြောကြား ခဲ့ တာပါ။
Thursday, May 09, 2013
မိုးသည်းထန်စွာရွာသွန်းစဉ် ရှေးဟောင်းစေတီပြိုကျရာမှ ဌာပနာပစ္စည်းများတွေ့ရှိထိန်းသိမ်းထား
၈-၅-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘုရားနီကျေးရွာတွင် မိုးသည်း ထန်စွာ ရွာသွန်းစဉ် ယခင်ပြိုပျက်လျက်ရှိသည့် ရှေးဟောင်းစေတီတော် ထပ်မံပြိုကျခဲ့ရာ စေတီတော် အတွင်းမှ ကြေးဗုဒ္ဓဆင်းတုတော် ၇၄ ဆူ၊ နဂါးရုံ/ကျောက်စိမ်း/မြ ဘုရား ၃ ဆူ၊ ဘိလပ်မြေ ဆင်းတုတော် ၃ ဆူ၊ ရဟန်းကြေးဆင်းတု ၅ ဆူ၊ ရှင်ဥပဂုတ္တ ၂ ဆူ၊ ရှင်သီဝလိ ၂ ဆူ၊ ဓါတ်တော်ပုလင်း ၄၄ လုံး၊ စေတီ ၈ ဆူ၊ ကျောင်းဆောင် ၁ ခု၊ ကြက်လျှာတိုင် ၁ ခု၊ လက်စွပ်မျိုးစုံ ၂၅ ကွင်း၊ ဆွဲပြားမျိုးစုံ ၅ ပြား၊
My Blog List