Friday, April 26, 2013

အင်းလေး လယ်သိမ်းအမှုအတွက် လမ်းလျှောက်လာသူတွေကို အာဏာပိုင်တွေ တားမြစ်

Photo: အင်းလေး လယ်သိမ်းအမှုအတွက် လမ်းလျှောက်လာသူတွေကို အာဏာပိုင်တွေ တားမြစ်
Friday, April 26, 2013

တရားစွဲဆိုခံထားရတဲ့ အင်းလေးဟိုတယ်ဇုံ မြေသိမ်းခံတောင်သူ ၇ ဦးအမှုကို ကလောမြို့နယ် တရားရုံးမှာ ဒီကနေ့စစ်ဆေး မှာဖြစ်တဲ့အတွက် ညောင်ရွှေဒေသခံ ၈၀ ကျော်ဟာ မိုင် ၄၀ နီးပါး ကွာဝေးတဲ့ခရီးကို လမ်းလျှောက်ချီတက်ပြီး အားပေးဖို့အသွားမှာ အာဏာပိုင်တွေရဲ့ တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေဖက်က မနက်ဖြန်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးနဲ့ တွေ့ဆုံပေးမယ်လို့ ကတိပေးခဲ့တာကြောင့် လမ်းတ၀က်မှာ ပြန်လှည့်ခဲ့တယ်လို့ ဒီကနေ့အခြေအနေကို အခုလိုပြောပြပါတယ်။

"သူတို့ကတော့ ပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ ပြောတာပေါ့နော်၊ ဒါပေမယ့် ပြေလည်အောင်ဆောင်ရွက်ပေးမယ်ဆိုတာက လွန်ခဲ့တဲ့ ၁၁ လပိုင်းလောက်ကလည်း ဖြစ်ခဲ့တဲ့ကိစ္စပဲလေ၊ အခုက ၄ လပိုင်းတောင် ရောက်လာပြီ၊ ဘာမှပြေလည်မှုမရှိဘူးလေ၊ ပြေလည်မှုမရှိတဲ့အတွက် ကျနော်တို့ကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အဖြစ်တွေ ကြုံတွေ့နေရတာပေါ့၊ ဒါပေမယ့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြေလည်အောင် ညှိနှိုင်းပေးဖို့ မနက်ဖြန် ၉ နာရီကို တောင်ကြီးမြို့ကို ရောက်အောင်လာခဲ့ပါတဲ့၊ သူတို့ကဒါမျိုး ခေါ်ထားတာပေါ့နော်၊ ပြီးတော့ ဟိုတယ်ဇုံကို ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့လူနဲ့ တွေ့ခွင့်ပေးမယ်တဲ့၊ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျနော်တို့မသိသေးဘူး၊ အဲဒါကျနော်တို့ကလည်း ပြေလည်မှုတကယ်ရှိမယ်ဆို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ မနက်ဖြန်သွားတွေ့မယ်၊ အဲဒါတကယ်လို့ ပြေလည်မှုမရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့က ဒီလိုပဲဆက်လက်ပြီးတော့ လမ်းလျှောက်သွားမှာပဲ"

မနက် ၉ နာရီကတည်းက လမ်းလျှောက်လာတဲ့ အဲ့ဒီအဖွဲ့ကို အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာနားမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရှေ့ဆက်မသွားဖို့ တားဆီးခဲ့ပေမယ့် ဒေသခံတွေက မူလခရီးစဉ်အတိုင်းပဲ ဆက်လက်ချီတတ်ခဲ့ကြပါတယ်။ ပေါရိသ ဆံရှင်မွေတော်ဘုရားအရောက်မှာ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့တွေက ရှေ့ဆက်မသွားဖို့ ထပ်မံလာရောက်ညှိနှိုင်းခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ပြေလည်မှုရရှိသွားခဲ့ကြပြီး ရဲတပ်ဖွဲ့က ကား ၅ စီးနဲ့ ဒေသခံတွေကို ညောင်ရွှေမြို့ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မနက်ဖြန်မှာလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ တောင်သူကိုယ်စားလှယ် ၁၀ ဦးတို့ တွေ့ဆုံညှိနှိုင်းကြမယ်လို့သိရပါတယ်။

ဒေသခံတွေ အခုလိုလမ်းလျှောက်တာဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ရှေ့ဆက်သွားမယ်ဆိုရင် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူတွေအနေနဲ့ ကလောရုံးချိန်းသွားမယ်ဆိုရင်လဲ ပုဂ္ဂိုလ်ရေးအရ ကားစီစဉ်ပေးမှာဖြစ်တယ်လို့ ရဲမှူးကြီး ဝင်းထွန်းက RFA ကို တုံပြန့်ပြောကြားခဲ့ပါတယ်။

RFA Burmeseတရားစွဲဆိုခံထားရတဲ့ အင်းလေးဟိုတယ်ဇုံ မြေသိမ်းခံတောင်သူ ၇ ဦးအမှုကို ကလောမြို့နယ် တရားရုံးမှာ ဒီကနေ့စစ်ဆေး မှာဖြစ်တဲ့ အတွက် ညောင်ရွှေဒေသခံ ၈၀ ကျော်ဟာ မိုင် ၄၀ နီးပါး ကွာဝေး တဲ့ခရီးကို လမ်းလျှောက်ချီတက်ပြီး အားပေးဖို့အသွားမှာ အာဏာ ပိုင်တွေရဲ့ တားမြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဖက်က မနက်ဖြန်မှာ ဒီကိစ္စနဲ့ ပတ်သက် ပြီး ပြည်နယ်

ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု

Photo: ရှေ့နေများနဲ့ အစိုးရရဲ့ တရားရုံးဟိုတယ်အမှု
FRIDAY, APRIL 26, 2013

ရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီအစဉ်ကြောင့်  ရှေ့နေများကွန်ရက်က ဗဟိုအစိုးရကို တရားစွဲမည်ဟု ပြောလိုက်သည်။

ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းလဲမည့်အရာမှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်အအုံဖြစ်ကြောင်း ရှေ့နေ ဦးကိုနီက ပြောကြားသည်။ 

ထိုအဆောက်အအုံမှာ ကိုလိုနီခေတ်ကတည်းက တရားရုံးအဖြစ် အစဉ်အဆက်အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးလူမျိုးစုလွှတ်တော် ပြုလုပ်ကျင်းပခဲ့သောနေရာလည်းဖြစ်ကြောင်း၊
  သမိုင်းတန်ဖိုးရှိ၍ ဟိုတယ်အဖြစ် အသွင်မပြောင်းစေလိုကြောင်း ရှေ့နေဦးကိုနီက ဆက်လက် ပြောကြားသည်။

ဆန္ဒပြတာ အကြောင်းမထူး၊  တရားစွဲမှ ထူးမယ် 
ထိုအဆောက်အအုံကို ၂၀၁၂ မေ ၈ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က  မြန်မာနိုင်ငံသားပိုင် Flying Tiger Engineering,  စင်္ကာပူမှ Dimond Asia စသည့် ကုမဏီ ၂ ခုကို ဒေါ်လာ ၁၄.၄သန်းဖြင့် ဖက်စပ် လုပ်ကိုင်ခွင့်ပေးခဲ့သည်။  

ဟိုတယ်အသွင်ပြောင်းမှုနှင့် ပတ်သက်ပြီး ၂၀၁၂ အောက်တိုဘာတွင် ဆန္ဒပြကန့်ကွက်ခဲ့သော်လည်း  ထူးခြားမှု ရှိမလာသဖြင့် ယခုတရားစွဲဆိုရန်ပြင်ဆင် ရခြင်းဖြစ်ကြောင်း ဦးကိုနီ၏ပြောကြားချက်အရသိရသည်။

ထိုအကြောင်းကို တရားရုံးများရောင်းချမှု ရှေ့နေများဆန္ဒပြမည် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://burma.irrawaddy.org/archives/22098 တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

“၂၀၁၀ အောက်တိုဘာမှာ အဲဒီရုံးမှာရှိတဲ့ တရားရုံးတွေကို ချောင်ကြိုချောင်ကြား ရွှေ့ပစ်ပြီး ဒီ လွတ်နေတဲ့ရုံးကို ဟိုတယ် လုပ်တာပါ။  
ဒီရုံးက သွားရေးလာရေးအဆင်ပြေတော့ ၀န်ထမ်းတွေအတွက် ပိုကောင်းတယ်။ ကျွန်တော်ကတော့ ဒီရုံးကို တရားရုံးပဲဖြစ်စေချင်တယ်” ဟု ဦးကိုနီက ဆိုသည်။

ဘယ်တော့ တရားစွဲမလဲ
တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုခြင်းမပြုမီ ၂လ ကြိုတင်၍ နို့တစ်စာပို့ပေးရခြင်းဖြစ်ကြောင်း၊ လာမည့်  ဇွန်လလယ်တွင် ၂လပြည့်မည်ကြောင်း သိရသည်။ 

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံတချို့ကို ပုဂ္ဂလိကကို အောက်ပါအတိုင်း လုပ်ကိုင်ခွင့် ပေးထားသည်။ 
ဝန်ကြီးများရုံး - အနော်မာအနုပညာအဖွဲ့ - ပြတိုက်
တရားရုံးချုပ် - ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက် - ပြတိုက် နှင့် စာကြည့်တိုက်
တိုင်းစုပေါင်းရုံး - ဟိုတယ်
 မီးရထားရုံးချုပ် - Dosim Engineering & Construction Co.Ltd -  ဟိုတယ်

ဗဟိုအစိုးရရဲ့ အဖြေ

ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပါက ဒေါ်လာ ဘီလျံချီ ကုန်ကျမည်ဖြစ်၍ အရှည်ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကို အရေးကြီးအဆိုအနေဖြင့်တင်သွင်းသော တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးကို ပုဂ္ဂလိကသို့လွှဲအပ်ခြင်း  ဖျက်သိမ်းပြီး ရှေးဟောင်းအမွေအနှစ်ပစ္စည်းအဖြစ် ထိန်းသိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ထိုသို့ တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာရှင်ရှုဒေါင့်

ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ကထိကဦးပြည့်ဖြိုးကျော်က “ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံ ဆိုပြီး ဘာမှအသုံးမကျဘဲ ပိတ်ထားတာတော့ မဖြစ်သင့်ဘူး။ 
သူ့ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးတွေအရ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးဖြစ်သင့်တယ်” ဟု ဆိုသည်။

၂၀၀၉ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးဥပဒေအရ အနှစ် ၁ဝဝ ကျော်သက်တမ်းရှိပါက ရှေးဟောင်းအမွေအနှစ်ပစ္စည်းဖြစ်ပြီး ထိုမျှသော သက်တမ်း မရှိသေးပါကလည်း အနုပညာလက်ရာမြောက်မှု၊ သမိုင်းဝင် အဖြစ်အပျက်များကို အခြေခံ၍ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ချစ်ဆု ~

ဧရာဝတီ Blogရှေးဟောင်းတရားရုံးကြီးတခု ဟိုတယ်အဖြစ် ဘ၀ပြောင်းရမည့် အစီ အစဉ်ကြောင့် ရှေ့နေများကွန်ရက်က ဗဟိုအစိုးရကို တရားစွဲမည် ဟု ပြောလိုက်သည်။ ကြယ်ငါးပွင့်ဟိုတယ် အဖြစ် ပြောင်းလဲ မည့်အရာ မှာ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းတရားရုံးအဆောက်

မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

Photo: မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ

အေပြီ ၂၆ ရက် ၂၀၁၃

ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေးမသွားခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုတွေ တားဆီးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဘာသာမတူ လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးဆောင်ရွက်ပေးဖို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ဒီနေ့ ဘရူနိုင်းထိပ်သီးညီလာခံမှာ သမ္မတဦးသိန်းစိန်ဟာ ထိပ်သီးအစည်းအဝေးပြင်ပမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှီနာဝတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးမှုမှာ တနင်္သာရီတိုင်း ထားဝယ်ဒေသမှာ ထိုင်းအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို အဓိကထားဆွေးနွေးတာလို့ဆိုပါတယ်။

RFAဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာနိုင်ငံက မူဆလင် အဓိကရုဏ်းအရေးကို လည်း ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ အာဆီယံထိပ်သီး ညီလာ ခံကို သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ တက်ရောက်နေတာဖြစ်ပါတယ်။ မနေ့က အင်ဒိုနီး ရှားသမ္မတ ယူဒိုယိုနိုဟာ ဘရူးနိုင်းကို အစည်းအဝေး မသွား ခင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အရင်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက်

Photo: အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက် 

အေပြီ ၂၆ ရက် ၂၀၁၃

အမေရိကန် နဲ့ မြန်မာနိုင်ငံကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အတွက် အမေရိကန်နိုင်ငံရဲ့ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ Demetrios Marantis ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန် ကုန်သွယ်ရေးထိပ်တန်းသံတမန် Marantis ဟာ နေပြည်တော်ကို မနေ့ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး၊ မြန်မာအစိုးရ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့် နဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်သိန်း တို့ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း - မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့်အရေး (Generalize System of Preferences – GSP အစီအစဉ် ပေးအပ်ဖို့ကိစ္စ အပါအ၀င် ၂ နိုင်ငံကြား ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ရရှိရေး နဲ့ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ၂၀၁၄ မှာ စီးပွားရေးဆက်ဆံမှု တိုးမြှင့်ရေး အလားအလာကောင်းတွေကိုလည်း တဲ့အခါမှာ စဉ်းစားနေတယ်လို့ သူက ပြောခဲ့ပါတယ်။ GSP အစီအစဉ်အရ ဖွံ့ဖြိုးဆဲ့နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ထုတ်ကုန်တွေကို အခွန်မပေးရဘဲ တင်သွင်းခွင့်ရမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Mr.Marantis ဟာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အပါအ၀င် ၊ မြန်မာနိုင်ငံက ပါမောက္ခတွေနဲ့ ကျောင်းသားလူငယ်တွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်စင်တာမှာ တွေ့ဆုံမှာကြမှာဖြစ်ပါတယ်။ 

VOAအမေရိကန် နဲ့ မြန်မာနိုင်ငံကြားမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ပြန်လည် တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အတွက် အမေရိကန်နိုင်ငံရဲ့ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ Demetrios Marantis ဟာ မြန်မာအစိုးရ တာဝန်ရှိ သူတွေ နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန် ကုန်သွယ်ရေးထိပ်တန်းသံတမန်

မိတ္ထီလာ ဒုက္ခသည်တချို့ နေရပ်ပြန်

Photo: မိတ္ထီလာ ဒုက္ခသည်တချို့ နေရပ်ပြန် 

အေပြီ ၂၆ ရက် ၂၀၁၃

မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေက ဒုက္ခသည်တချို့ ကို နေရပ်ပြန်ခွင့် ပေးလိုက်ပါတယ်။ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လုံခြုံရေး အာဏာပိုင်တွေရဲ့ ကိုင်တွယ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ ဒုက္ခသည်တွေ နေရပ်ပြန်ခဲ့ကြတာပါ။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က နောက်ဆုံးအခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၁ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိတ္ထီလာမြို့ က သွေးထွက်သံယို တိုက်ခိုက်မှုတွေအတွင်း ထွက်ပြေးတိမ်းရှောင်ပြီး ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုင်နေသူတွေထဲက ၆၀၀ လောက်ကို ပထမဆုံး အကြိမ် ပြန်လည် နေရာချ ထား ပေးနေတာ ဖြစ်ပါတယ်။

ပထမဆုံးအသုတ် နေရပ်ပြန်ခွင့်ပြုလိုက်သူ အများစုကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ မူဆလင်တွေဖြစ်ကြတဲ့ အကြောင်း မိတ္ထီလာမြို့ က စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ ဦးခိုင် ကပြောပါတယ်။

“အခု အထက(၅) မူဆလင်တွေကို ဒုက္ခသည်ကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို အခုစပြီးတော့ နေရာပြန်လည်ချထားရေး လုပ်နေပါတယ်။ အခု ပထမဆုံး အသုတ်အနေနဲ့ ပြည်သာယာမြောက်ပိုင်း ကို ပြန်ပြီးတော့မှ နေရာပြန်ချထားပေးတာ၊ ၅၉၉ဦး၊ အိမ်ထောင်စုပေါင်း ၁၆၈စု၊ ကျားက ၂၆၁၊ မ က ၃၃၈၊ အားလုံးပေါင်း ၅၉၉ယောက်။ အိမ်တွေက နည်းနည်းပါးပါးပဲ ပျက်စီးတယ်ဆိုတော့ သူတို့တွေက သူတို့အိမ်တွေကို မူလအတိုင်းပဲ ပြန်နေရုံပဲပေါ့။ အိမ်ယာကို လုံးလုံး မီးရှို့ခံလိုက်ရတဲ့သူတွေရယ်၊ လုံးဝကို နေလို့မရလောက်အောင် ဖျက်ဆီးခံလိုက်ရတဲ့သူတွေကတော့ သူတို့ပြန်ပြီးတော့မှ ပို့လို့မရသေးဘူးပေါ့ဗျာ။”

မိတ္ထီလာမြို့မှာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား စကားများရာက စလိုက်တဲ့ ပဋိပက္ခတွေ ကြီးထွားလာရာက အစိုးရက အရေးပေါ် အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အခြေအနေကို ထိန်းချုပ်ခဲ့ရာက အခုအခါ တည်ငြိမ်မှု ရှိလာပေမဲ့ လုံခြုံရေး အတွက် စိုးရိမ်မှုတွေကတော့ ရှိနေကြဆဲပဲလို့လည်း မြို့ ခံတွေ က ပြောပါတယ်။

အာဏာပိုင်တွေကတော့ လုံခြုံရေးအတွက် ဆက်လက် စောင့်ကြပ်နေဆဲ ဖြစ် သလို သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး လူအများအပြားကိုလည်း ဖမ်းဆီးထားပြီး တရားရုံးတင် အရေးယူနေတာပါ။ ပဋိပက္ခတွေမှည တာဝန်ရှိသူတွေအဖြစ် ဖမ်းဆီးထားတဲ့ လူ ၁၀၀ လောက်အနက် ဒီသီတင်းပတ်ထဲမှာပဲ လူတချို့ကို တရားရုံးတင် စစ်ဆေးမှုတွေ ဆက်တိုက်ဆိုသလို ဆောင်ရွက်နေတယ်လို့လည်း မြို့ ခံဖြစ်တဲ့ ဦးခိုင်က ပြောပါတယ်။

“ တရားရုံးမှာ ရုံးထုတ်ပြီးတော့ စစ်တာမှ ဒီနေ့လည်း စစ်တယ်ခင်ဗျ။ ဒါပေမဲ့ ဘုန်းကြီးကိုသတ်တဲ့အမှု၊ သုံးရက်ဆက်တိုက် စစ်လိုက်ပါတယ်။ မနေ့ကအထိကို သုံးရက်ဆက်တိုက်စစ်လိုက်ပြီးတော့ ၁၉ရက်နေ့ကို ရုံးချိန်း ထပ်ပြီးတော့ ပေး ထားပါတယ်။ ဒီနေ့စစ်တဲ့အမှုကတော့ ဗုဒ္ဓဘာသာထဲကပဲ မီးရှို့ရန်ကြံစည်မှုပေါ့၊ ဗုဒ္ဓဘာသာထဲမှာ လည်း ပြစ်မှုကျူးလွန်သူပေါ့လေ။ လုမှု၊ ယက်မှု၊ ခိုးမှုရော၊ ရိုက်မှုရော၊ အားလုံး ၇၀ကျော်ရှိပါတယ်။ မူဆလင်ဘက်ကကျတော့ ဖမ်းထားတာ လူဦးရေ သုံးဆယ်ကျော်ပဲရှိပါတယ်။”

မိတ္ထီလာမြို့ မှာ သာမက မြန်မာနိုင်ငံ နေရာတချို့မှာပါ ဘာသာရေး အခြေခံတဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက်လည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားတဲ့ အစိုးရအတွက် စိမ်ခေါ်မှုအဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပေး နေကြတာပါ။ မိတ္ထီလာ ပဋိပက္ခနဲ့ ပတ်သက်လို့ ဗွီဒီယိုမှတ်တမ်းတွေ နောက်ထပ် ထွက်ပေါ်လာရာမှာလည်း လုံခြုံရေး အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ အားနည်းချက်တွေကို တွေ့မြင်ခဲ့ ရတာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပြဿနာတွေ ဖြစ်ပွား အပြီး မိတ္ထီလာမြို့ကို ကိုယ်တိုင်ရောက်သွားခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကလည်း အသစ်ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေကြောင့် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Martin Nesirky က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

“ဒေါသတကြီးနဲ့ အကြမ်းဖက်နေတဲ့ လူအုပ်တွေက လက်ခံနိုင်စရာမရှိတဲ့ အပြုအမူတွေ လုပ်နေတာကို လုံခြုံရေးအာဏာပိုင်တွေက ဘေးကနေ ကြည့်နေတဲ့ မှတ်တမ်းကို တွေ့ရတာဟာ အင်မတန်မှ စိတ်ပျက် စရာကောင်းတယ် လို့ သူကပြောပါတယ်။ ဒါပေမဲ့လည်း ဒီလုပ်ရပ်ကြောင့် တာဝန်ရှိသူတွေကိုယ်တိုင်က လက်ခံနေတယ်ဆိုတဲ့ သဘောထားမျိုး လည်း မဟုတ်ပြန်ဘူးလို့ သူကဆိုပါတယ်။ တခြား အစီရင်ခံစာတွေနဲ့ မိတ္ထီလာမြို့က ကိုယ်တိုင်ခံခဲ့ရသူတွေရဲ့ တိုက်ရိုက်ပြောပြချက်တွေ အရဆိုရင် လူအုပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကြားမှာပဲ ရဲတွေက မူဆလင် အမျိုးသမီးနဲ့ အမျိုးသားတွေကို ဘေးကင်းရာ ခေါ်ထုတ်ခဲ့တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။”

မိတ္ထီလာမြို့ နဲ့ တခြားမြို့ တွေမှာ ဆူပူမှုတွေ ဆက်တိုက် ဆိုသလို ပေါ်ပေါက်ခဲ့ပြီးနောက် မတ်လကုန်မှာတော့ အရေးပေါ် အခြေအနေတွေကို ကိုင်တွယ်ဖို့ ကော်မတီတရပ်ကို သမ္မတဦးသိန်းစိန် ရဲ့ အမိန့်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီ အနေနဲ့ အရေးပေါ် အခြေအနေတွေ ပေါ်ပေါက်တဲ့အခါ လုံခြုံရေး အဖွဲ့အစည်းတွေကြား ပူးပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့၊ ပြည်နယ်အစိုးရတွေနဲ့ ဆက်သွယ်ပြီး အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်ဖို့၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် တားဆီးဖို့လည်း တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။ 

VOAမြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခေ တွ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေ ဆဲ ဖြစ်ပေမဲ့ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေက ဒုက္ခသည် တချို့ ကို နေရပ်ပြန်ခွင့် ပေးလိုက်ပါတယ်။ ဘာသာရေး ကွဲပြားမှုအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် လုံခြုံရေး အာဏာပိုင်တွေရဲ့

George W. Bush ပြတိုက်ဖွင့်လှစ်

Photo: George W. Bush ပြတိုက်ဖွင့်လှစ် 

အေပြီ ၂၆ ရက် ၂၀၁၃

သက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးဟာ ကြာသပတေးနေ့တုန်းက သမ္မတ ဂျော့ဒဗလျူ ဘုရှ် စာကြည့်တိုက်နဲ့ ပြတိုက် ဖွင့်ပွဲ တက်ရောက်ဖို့ တက္ကဆက် ပြည်နယ် Dallas ကို စုဝေး ရောက်ရှိခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မယ်လို့ သံဓိဌာန် ချထားတဲ့ သမ္မတ တိုင်းဟာ ကိုယ့်အကျိုးစီးပွား ထက် နိုင်ငံတာဝန်ကို ပိုပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့လည်း သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က ပြောဆိုလိုက်ပါတယ်။

အခု အမေရိကန် သမ္မတ ပြတိုက်မှာတော့ ရီပက်ပလီကန် သမ္မတရဲ့ ၈ နှစ်တာ သမ္မတသက်တမ်းအတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အသေးစိတ် ပြသထားမှာ ဖြစ်ပါတယ်။ မစ္စတာ ဘုရှ်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ ၄၃ ယောက်မြောက် သမ္မတ ဖြစ်ပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်း ၂ ခု အတွင်း အမေရိကန် ပြည်ထောင်စုဟာ လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာဘဲ အမေရိကန်က အာဖဂန် နစ္စတန်နဲ့ အီရတ် နိုင်င်တွင်းမှာ စစ်ပွဲ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဟာရီကန်း ကက်ထရီနားလည်း တိုက်ခတ် ဖျက်ဆီးခဲ့ပြန်ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေ ကတည်းကနေ အကြီးမားဆုံး စီးပွားကျမှုကိုလည်း ကြံ့ကြံ့ခံ ခဲ့ရပါတယ်။ 

သမ္မတ ဘရက်ခ် အိုဘားမား၊ သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သမ္မတဟောင်း ဂျင်မီကာတာ တို့ကတော့ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်ရဲ့ အာဖရိက အတွင်း လုပ်ဆောင်ခဲ့မှုတွေ အပေါ်မှာ ချီးကျူးခဲ့ကြပါတယ်။ မစ္စတာ ဘုရှ်ရဲ့ ဆူဒန်နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ရရှိရေး တွန်းအားပေး လုပ်ဆောင်မှုက အစ AIDS နဲ့ ငှက်ဖျား ရောဂါ တိုက်ဖျက်မှုတွေ အတွက် လုပ်ဆောင်ခဲ့တဲ့ အပေါ်မှာ ချီးကျူး ပြောဆိုခဲ့ကြတာပါ။

သမ္မတဟောင်း ဂျော့ HW ဘုရှ်ကတော့ သူ့သားကြီး သမ္မတဟောင်း ဂျော့ဒဘလျူ ဘုရှ်ကို ဂုဏ်ပြု လှုဒါန်းပွဲကို တက်ရောက်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်တဲ့အကြောင်း ပရိတ်သတ်ကို ပြောဆိုခဲ့ပါတယ်။

VOAသက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးဟာ ကြာသပတေးနေ့ တုန်း က သမ္မတ ဂျော့ဒဗလျူ ဘုရှ် စာကြည့်တိုက်နဲ့ ပြတိုက် ဖွင့်ပွဲ တက်ရောက်ဖို့ တက္ကဆက် ပြည်နယ် Dallas ကို စုဝေး ရောက်ရှိ ခဲ့ပါ တယ်။ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မယ်လို့ သံဓိဌာန် ချထားတဲ့ သမ္မတ တိုင်းဟာ ကိုယ့်အကျိုးစီးပွား ထက် နိုင်ငံတာဝန်ကို ပိုပြီး လုပ်ဆောင်ကြ

ဘော်စတွန် ဗုံးခွဲသမား နယူးယောက် သွားဖို့ ပြင်ဆင်ခဲ့

Photo: ဘော်စတွန် ဗုံးခွဲသမား နယူးယောက် သွားဖို့ ပြင်ဆင်ခဲ့

အေပြီ ၂၆ ရက် ၂၀၁၃

အသက်မသေဘဲ ကျန်ရစ်တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲသူ အဖြစ် သင်္ကာမကင်း ဖြစ်ခံရသူက အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ကို ပြောရာမှာ သူနဲ့ သူ့အကို တို့ဟာ နယူးယောက်မြို့က Times Square နေရာမှာ နောက်ထပ် ဖောက်ခွဲမှုတွေ ဆက်လုပ်ဖို့ ပြင်ထားတယ်လို့ နယူးယောက် မြို့တော်ဝန် Michael Bloomberg က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သူတို့ ညီအကို နှစ်ယောက်ဟာ ကားတစင်းကို အပိုင်စီးပြီး နယူးယောက်ကို သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆေးရုံပေါ်မှာ ကုသမှု ခံယူနေရင်း စစ်ဆေး မေးမြန်း သူတွေကို ဂျော်ခါ ဆာနာရက်ဖ်က ပြောခဲ့တယ်လို့ မစ္စတာ ဘလွန်းဘာ့ဂ် က ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ ပိုက်အသုံးပြုပြီး လုပ်ထားတဲ့ ဗုံးငါးလုံးနဲ့ ပေါင်းအိုး သုံးပြီး ထုတ်လုပ်ထားတဲ့ ဗုံးတလုံး စုစုပေါင်း ဗုံး ခြောက်လုံးကို ယူသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။အဲဒီ ပေါင်းအိုးသုံးလုပ်ထားတဲ့ ဗုံးကြောင့် ဘော်စတွန် မာရသွန် ပေါက်ကွဲမှုမှာ လူသုံးယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

ကားကို ဆီဖြည့်ဖို့ ရပ်နားစဉ်မှာ ကားပိုင်ရှင်က လွတ်မြောက်သွားပြီး ရဲကို အကြောင်းကြားခဲ့တာကြောင့် သူတို့ အစီအစဉ် ပျက်ပြား သွားခဲ့ရတယ်လို့ ဆိုပါတယ်။

BBCအသက်မသေဘဲ ကျန်ရစ်တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲသူ အဖြစ် သင်္ကာမကင်း ဖြစ်ခံရသူက အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ကို ပြောရာမှာ သူနဲ့ သူ့အကို တို့ဟာ နယူးယောက်မြို့က Times Square နေရာမှာ နောက်ထပ် ဖောက်ခွဲမှုတွေ ဆက်လုပ် ဖို့ ပြင် ထား တယ်လို့ နယူးယောက် မြို့တော်ဝန် Michael Bloomberg က ပြောပါ

Tuesday, April 23, 2013

ရွှေပေါက်ကံမြို့သစ်လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားအချို့နှင့်မြို့နေထိုင်သူများ ပဋိပက္ခဖြစ်ပွား

၁၉၉၀-၉၁ ခုနှစ်တွင် တပ် မတော်အစိုးရလက်ထက်၌ မြေ ယာ ကွက်များဖော်ထုတ်၍ အငြိမ်းစားတပ်မတော်မိသားစု များ ကို မြေနေရာများချထားပေး ခဲ့သော ရန်ကုန် တိုင်းဒေသ ကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေ ပေါက်ကံမြို့သစ်၊ လူနေမြေကွက် များနှင့် စက်မှုဇုန်မြေကွက် များ ဖော်ထုတ် ရာတွင် လယ်ယာမြေ များသိမ်းဆည်းခြင်းခံရသော လယ် သမား (၃၀)ဦးခန့်သည် အမျိုးသား ညီလာခံကိုယ်စား လှယ် ဦးထွန်းဦးနှင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ဦးမင်းဇော် တို့

SIM CARD အကြောင်း သိကောင်းစရာ

Photo: SIM CARD အကြောင်း သိကောင်းစရာ
 
SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေ လိုမျိုး စက်ပစ္စည်း တွေမှာ Subscriber တွေ အသုံးပြုနိုင်ဖို့
ID အလိုက် တိုက်ဆိုင် စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာ ထိန်းသိမ်း ထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ် ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုး အစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများ ပါတယ်။ SIM Card တွေ ကို H1, H2, H3,H4 ဆိုပြီး အမျိုး အစား လေးမျိုး ခွဲခြားထား ပါတယ်။

H1= Normal Network

H2= Better Network , Means Strong

H3= More Better Network , Means Stronger

H4= Normal, Better, More Better Is Nothing In Front OF This Sim

များသော အားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်း တွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေ အတွက် ထုတ်လုပ်လေ့ ရှိပါတယ်။ မိုဘိုင်း ကုမ္ပဏီတွေဟာ User တိုင်း အတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြု နေသလဲ သိချင်ရင် SIM card ရဲ့ ကျော ဘက်မှာ ပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။

Read more>> http://bit.ly/11zlpzjSIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေ လိုမျိုး စက်ပစ္စည်း တွေ မှာ Subscriber တွေ အသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင် စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာ ထိန်းသိမ်း ထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ် ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ

ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု

Photo: ထိတွေ့ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု
 
အသုံးပြုသူကို  မူလ လက်တစ်ချောင်း ပမာ ထိတွေ့ ခံစားမှု အာရုံ ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု ကို သိပ္ပံ ပညာရှင်များက  ထုတ်လုပ် နိုင်ခဲ့ကြပြီး ယခု အချိန်တွင် ၎င်း လက်အတုကို လက်မရှိသော လူများ ၏ လက်မောင်းတွင် အစားထိုး တပ်ဆင်ပေးရန်  စီစဉ်လျက်ရှိသည်။ ယခင်က ထုတ်လုပ်ခဲ့သည့် လက်အတု များသည်  ဦးနှောက်မှ အချက်ပြမှုကို လက်ခံကာ အချက်ပြမှု အတိုင်း ရွေ့လျား ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ၎င်းလက်တုများသည် ယခု လက်တုကဲ့သို့ ထိတွေ့ ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် မပေးပို့ နိုင်ခဲ့ကြပေ။ ယခင် လက်အတု သည် လက်မောင်း ပင်မ အာရုံကြော နှစ်ခုပေါ်၌ တပ်ဆင် ထားသော  အီလက်ထရုဒ် များမှ တစ်ဆင့် အာရုံကြော စနစ်သို့ တိုက်ရိုက် ဆက်သွယ် ပေးထားသည်။ 

အီလက် ထရုဒ်များသည် လက် အတု တပ်ဆင် အသုံးပြုသူ၏ စိတ်ကူးအတိုင်း လက်တုကို လှုပ်ရှား ဆောင်ရွက် ပေးနိုင်ပြီး လက်အတု၏ ထိတွေ့ ခံစားမှု အာရုံကို ဦးနှောက်သို့ ပြန်လည် ပေးပို့နိုင်သည်။ ယခု ကဲ့သို့ ခံစားမှုကို တုံ့ပြန် ပေးနိုင်သည့် လက်အတုကို ဖန်တီး နိုင်မှုသည် အနာဂတ် ကာလတွင်  လက်တု အသစ်များ ထုတ်လုပ်နိုင်ရေး အတွက် လမ်းခင်း ပေးသကဲ့သို့ ဖြစ်စေသည်။ လက်တု တပ်ဆင်သူများကို ထိတွေ့ ခံစားမှု အာရုံပေးနိုင်ခြင်း၊ လက်တုကို လက်အစစ် တစ်ချောင်း ပမာ အသုံးပြုနိုင်ရန် အဆင့် တိုးမြှင့် နိုင်ခြင်း တို့သည်  ခန္ဓာကိုယ်၏ မူလ အစိတ်အပိုင်း များကဲ့သို့ ခြေလက်အင်္ဂါ တုများကို တပ်ဆင် အသုံးပြု နိုင်မည့် အခြေအနေမှာ  ပိုမို နီးကပ် လာပြီဟု မျှော်လင့်ရကြောင်း သိပ္ပံ ပညာရှင် များက ပြော ကြားသည်။ 

ယခု ကဲ့သို့သော လက်အတုကို ဖန်တီး နိုင်မှုသည် လက်ဖြတ်ေ တာက် ကုသခံရမည့်  လူနာများ အတွက် မျှော်လင့်ချက်ဖြစ်ပြီး လက်တု အသုံးပြုသူများအား ထိတွေ့ ခံစားမှု အာရုံကို မူလ လက်အတိုင်း တုံ့ပြန်မှု ပေးနိုင်သည့် ပထမဆုံး လက်အတု  ဖြစ်လာမည် ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လက်မောင်း တစ်ခုလုံးကို အစားထိုး နိုင်လိမ့်မည် ဟု မျှော်လင့် ရကြောင်း ဆွစ်ဇာလန် အခြေစိုက် Ecole  Polytechnique Federalede Lausanne မှ   ဒေါက်တာ ဆေလ်ဗာစတို မီဆီရာက ပြောကြားသည်


Read more>> http://bit.ly/ZFjiLqအသုံးပြုသူကို မူလ လက်တစ်ချောင်း ပမာ ထိတွေ့ ခံစားမှု အာ ရုံ ပေးနိုင်သည့် ကမ္ဘာ့ ပထမဆုံး လက်တု ကို သိပ္ပံ ပညာရှင်များက ထုတ်လုပ် နိုင်ခဲ့ကြပြီး ယခု အချိန်တွင် ၎င်း လက်အတုကို လက်မ ရှိသော လူများ ၏ လက်မောင်းတွင် အစားထိုး တပ်ဆင်ပေးရန် စီစဉ် လျက်ရှိသည်။ ယခင်က ထုတ်လုပ်ခဲ့သည့် လက်အတု များသည် ဦးနှောက်မှ အချက်ပြမှုကို လက်ခံကာ အချက်ပြမှု အတိုင်း ရွေ့ လျား ဆောင်ရွက်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ၎င်းလက်တုများသည် ယခု လက်တုကဲ့သို့ ထိတွေ့ ခံစားမှု

Monday, April 22, 2013

ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်

Photo: ကယားပြည်နယ်လွိုင်ကော်မြို့တွင်ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက 
ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်
Monday, April 22, 2013

ကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ
အုပ်စုတွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက သဘာဝ
အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း
သိရသည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါဘူး၊အထဲကို
မီးတုတ်တွေနဲ့ဝင်သွားရင်မီးတုတ်ငြိမ်းတယ်၊ဘတ္ထရီ၊လျှပ်စစ်မီးတွေနဲ့
ဝင်သွားရင်လည်းမီးတွေငြိမ်းသွားပါတယ်။

 နောက်ပိုင်းမှာတော့လူတွေဝင်ထွက်သွားလာမှုတွေရှိခဲ့ပြီးနိုင်ငံခြားသားတွေပါ
လာရောက်လေ့လာခဲ့ကြပါတယ်။ ထူးဆန်းတဲ့အရာတွေကတော့လူ့အသုံး
အဆောင်ပစ္စည်းတွေက ကျောက်ဂူနံရံတွေပေါ်မှာတင်နေကပ်နေသလိုဖြစ်
နေပြီးလူတွေကသွားထိလိုက်တာနဲ့နေရာရွေ့သွားပြီးမူလနေရာကိုပြန်တင်လို့
မရတော့ဘဲပစ္စည်းတွေပါပျောက်သွားတဲ့အတွက်အခုနောက်ပိုင်းမှာဆိုရင်
ကျွန်းတလားသစ်ခေါင်းလိုပုံစံမျိုးတွေပဲတွေ့ရပါတော့တယ်”ဟုဒေသခံပြည်သူ
တချို့ကပြောကြားပါတယ်။ အဲဒီကယားပြည်နယ်မှာရှိတဲ့ကျတ်ဂူဟာ မိုင်
မည်မျှရှည်လျားပြီးမည်သည့်အရပ်ဒေသတွင်ခရီးဆုံးသည်ဆိုတာကို ယခု
လက်ရှိအချိန်အထိ ဘယ်သူမှအတိအကျမပြောနိုင်သေးကြောင်း သတင်း
ရရှိပါသည်။

SkyNet TV Browserကယားပြည်နယ်လွိုင်ကော်မြို့ (၁၀)မိုင်အကွာရှိ ပါလောင်းကျေးရွာ အုပ်စု တွင်ရှိသော ထူးဆန်းသည့်ကျတ်ဂူကို သက်ဆိုင်ရာက သဘာဝ
အတိုင်းထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဒေသခံများကဆန္ဒရှိနေကြောင်း
သိရသည်။“ဟိုအရင်တုန်းက ဒီဂူထဲကိုဘယ်သူမှဝင်လို့မရပါ ဘူး၊အထဲ ကိုမီးတုတ်တွေနဲ့ဝင်သွားရင်မီးတုတ်ငြိမ်းတယ်၊ဘတ္ထရီ၊လျှပ်စစ်မီးတွေနဲ

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ

Photo: တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ
Monday, April 22, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်းချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေနဲ့မမျှတဲ့အတွက် မဲဖောက်ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး
က ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ပြည်သူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းတွေ သုံးနိုင်အောင်ဆိုပြီး ညွှန်ကြားထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး
အတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန်ဖုန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရုံးမှာပဲ မဲဖောက်ပေးခဲ့တာပါ။ရန်ကုန်တိုင်း
 ဒေသကြီးအပါအ၀င် အခြားပြည်နယ်နဲ့ တိုင်းတွေအားလုံးပေါင်းမှ တလကို ဆင်းကဒ် အလုံးရေ သုံးသိန်းခွဲသာ ချပေးနိုင်တဲ့ အခြေအနေမှာရှိနေတဲ့
အတွက် အခုလိုမဲဖောက်တဲ့စနစ်ကို ကျင့်သုံးပြီး တိုင်းဒေသကြီး အစိုးရတွေ
ရဲ့ ကွတ်ကဲမှုနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဌာနရဲ့
 ပြောခွင့်ရှိသူ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက ပြောပါတယ်။

“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေ
သကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့် ဖြစ်ပါတယ်။ တနိုင်ငံလုံးမှ သုံးသိန်းခွဲပဲ
 ပေးတာကိုး။ နောက်လမှာလည်း မေမှာလည်း ရောင်းဦးမှာပေါ့လေ။ ဆက်တိုက် ဒါလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။”

ရပ်ကွက်တခုက အိမ်ထောင်စုတစုကို မိုဘိုင်းဖုန်းတစ်လုံးချပေးနိုင်ဖို့ အစိုးရက စီမံထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ချထားပေးနိုင်တဲ့ မိုဘိုင်းဖုန်းအရေအတွက်ဟာ အရမ်းနည်းနေတဲ့အတွက် မဲဖောက်ရောင်း
ချရဖြစ်ပြီးတော့ နောက်ပိုင်းမှာ ရပ်ကွက်အတွင်းမှာရှိနေတဲ့ ဖုန်းလိုအပ်သူတွေ
အားလုံးကို ဖုန်းရရှိနိုင်အောင် ချထားပေးနိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်
ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။

“ကျနော်တို့ နောက်လမှာ ကျန်တဲ့သူတွေကို ဆက် နှိုက်ပေးရင်း၊ နှိုက်ပေး
ရင်းနဲ့ တရပ်ကွက်လုံးစာ တအိမ်ထောင်ကို ဖုန်းတလုံးစီရသွားတဲ့အချိန်မှာ
 ပြန်ပြီးတော့ ပထမ ပေါက်ပြီးသား အိမ်ထောင်စုတွေကနေ နောက်ထပ် လိုချင်တဲ့သူတွေရှိရင် ထပ်ပြီးတော့ ကျနော်တို့ ဖောက်ပေးပါမယ်။ အခုလ ကျနော်တို့ ၁၁၅ ခုကျပေမဲ့ ရှေ့လကျရင် ကျနော်တို့ ပိုတိုးပြီးတော့ ရမှာပါ။ ၁၅၀ ဖြစ်မလား၊ ၁၆၀ ဖြစ်မလား ကျနော်တို့လည်း မသိသေးဘူးပေါ့။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖုန်းအသုံးပြုခွင့် မဲပေါက်ခဲ့တဲ့သူတွေ
ကတော့သူတို့ရရှိမယ့် ဆင်းကဒ်တွေရဲ့နံပါတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေမှာသွားပြီး မဲနှိုက်ရဦးမှာဖြစ်တယ်လို့လည်း ဦးရဲဝင်းက ပြောပါတယ်။

“မနက်ပိုင်း ကျနော်တို့ဆီမှာ နှိုက်ပြီးတာနဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီမဲပေါက်တဲ့သူတွေက ဆင်းကဒ်နံပါတ်ကို သူတို့က မဲနှိုက်ရမှာ။”

လက်ရှိအစိုးရက ရောင်းချပေးမဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် အမျိုးအစားတွေ
ကတော့ CDMA 800 အမျိုးအစားဖုန်းတွေကို အရင်ချပေးမှာဖြစ်ပြီးတော့ ဆင်းကတ် အလုံးရေ သုံးသိန်းခွဲကို ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ ဧပြီလ ၂၄ ရက်နေ့ စတင် ချပေးမှာဖြစ်ပါတယ်။ဒီကနေ့ ဖုန်းအသုံးပြုခွင့် ရရှိဖို့အတွက် 
ရန်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲနှိုက်ပြီး ဦးဆုံးမဲပေါက်ခဲ့တဲ့လူတွေက ဒီလ ၂၄ ရက်ကစပြီး တန်ဖိုးနည်း ၁,၅၀၀ တန်ဖုန်းတွေကို အသုံးပြုခွင့်ရ
မှာဖြစ်သလို မြို့နယ်တွေအတော်များများမှာ ရရှိတဲ့ခွဲတမ်းဟာ အတော်
နည်းတဲ့အတွက် ကံကောင်းတဲ့လူအချို့သာ ဖုန်းမဲပေါက်ခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ပြီး ဒီကနေ့ ဖုန်းမဲပေါက်ခဲ့တဲ့ မညိုက အခုလိုပြောပါတယ်။

“ဒီနေ့ ကျမတို့ရပ်ကွက်မှာ မိုဘိုင်းဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ရဖို့အတွက် မဲဖောက်တယ်လေ။ လူဦးရေကတော့ ၈၀၀ ကျော်လောက်တော့ ရှိတာပေါ့။ ပုဇွန်တောင် (၂) ရပ်ကွက်အတွက်က အလုံး ၈၀ လောက်ပဲရှိတယ်ထင်
တယ်။ မနက်ပိုင်းကစပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲဖောက်ခဲ့
တယ်လေ။ မပေါက်တဲ့သူတွေကတော့ ဒီတခါဖုန်း အသုံးပြုခွင့်ရမှာမဟုတ်
ဘူးပေါ့။ ကျမတို့ကတော့ ဒီနေ့ မဲပေါက်တယ်။ မြို့နယ်ရုံးမှာ နံပါတ်ရဖို့
သွားပြီးတော့ မဲနှိုက်ရတယ်လေ။ ကျမတို့လို တကယ်အသုံးပြုဖို့ လိုအပ်နေတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။ ရှေ့လမှာတော့ အခုရပြီးသားသူတွေရဲ့ စာရင်းကတော့ မပါတော့ဘူးပေါ့။ အခုစာရင်းပေး
ထားပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ ရမှာပေါ့နော်။”

အခုလို ဆင်းကတ်တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်လာမယ့်
အချိန်မှာ မိုဘိုင်းဖုန်း ဟန်းဆက်တွေ ဈေးမကစားနိုင်အောင်လည်း အစိုးရကဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေလိုအပ်သလောက် ဖုန်းအလုံးအရေအတွက်ကို
 ရောင်းချပေးနိုင်ဦးမှာမဟုတ်တဲ့အတွက် ဖုန်းရရှိတဲ့ လူတွေကနေ ဈေးကွက်
အတွင်းမှာ လက်ရှိချပေးလိုက်တဲ့ ဖုန်းတွေက် ဈေးကြီးကြီးနဲ့ မှောင်ခို
 ပြန်ရောင်းချတာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း
များအဖွဲ့က ကိုထွန်းကြည်က အခုလို သုံးသပ်ပါတယ်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာတုန်းက လုပ်တဲ့ပုံစံမျိုးပဲ မှောင်ခို
ကိုမွေးဖွားပေးတဲ့ ပုံစံမျိုးလို့ပဲ သုံးသပ်တယ်။ မြင်လည်းမြင်တယ်။”

အစိုးရကတော့ တန်ဖိုးနည်းဆင်းကဒ်တွေ မှောင်ခိုဖြစ်မလာဖို့အတွက် တိုင်းဒေသကြီး အစိုးရတွေကနေ ကြပ်မတ်တာတွေလုပ်မှာဖြစ်သလို ၀ယ်ယူထားတဲ့ ဆင်းကဒ်တွေကို ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်းမှာ ဖုန်းခေါ်ဆိုခအနေနဲ့ ငွေကျပ် ၅,၀၀၀ ကို ထည့်သွင်းရမှာဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားတာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းစဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ရှေ့လာမယ့်နှစ်တွေမှာ တယ်လီဖုန်း သိပ်သည်းဆကို တိုးမြင့်အောင်လုပ်ပြီး ၂၀၁၄ -၂၀၁၅ အရောက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဖို့ ရှိတယ်လို့လည်း သမ္မတက ပြောခဲ့
ဖူးပါတယ်။

VOAရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေ က ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်း ချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့်

စိုးရိမ်မှုတွေကြားကပဲ လန်ဒန်မာရသွန်ပွဲ ပြုလုပ်

Photo: စိုးရိမ်မှုတွေကြားကပဲ လန်ဒန်မာရသွန်ပွဲ ပြုလုပ်
Monday, April 22, 2013

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ထောင်ချီပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မာရသွန် ပြေးပွဲမစခင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဘော်စတွန် မာရသွန်ပွဲဗုံးပေါက်ကွဲမှုမှာ သေဆုံး
ထိခိုက်သူတွေအတွက် စက္ကန့် ၃၀ ငြိမ်သက်ဂုဏ်ပြုခဲ့ပါတယ်။

Gereenwich က တာထွက်ပြီး လန်ဒန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Tower Bridge တံတား၊ ပါလီမန်အဆောက်အဦး အစရှိတဲ့နေရာတွေကို
 ဖြတ်ကာ Buckingham နန်းတော်ရှေ့ ပန်းတိုင်အထိ မိုင်ပေါင်း ၂၆ မိုင်
ရှည်တဲ့ ပြေးလမ်းတလျှောက်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားပါတယ်။ အနံ့ခံခွေးတွေနဲ့ ရဲသား ရာနဲ့ချီကလည်း မသင်္ကာတဲ့ အထုတ်တွေကို စစ်ဆေးရှာဖွေခဲ့ကြပါတယ်၊။

ဘော်စတွန်မှာ ဗုံးကွဲထားတဲ့အတွက် စိုးရိမ်ပေမဲ့ ဘော်စတွန် မာရသွန် အပြေးသမားတွေနဲ့ စည်းလုံးမှုရှိတယ်ဆိုတာကို ပြသချင်တဲ့အတွက် မာရသွန်ပြိုင်ပွဲကိုဝင်ရတာဖြစ်တယ်လို့ အပြေးသမားတော်တော်များများက
 ပြောကြပါတယ်။ ကင်ညာနိုင်ငံက Priscah Jeptoo က အမျိုးသမီးပွဲအတွက်
 ရွှေတံဆိပ်ရခဲ့သလို Ethiopian နိုင်ငံက Tsegaye Kebede က အမျိုးသား
ပွဲအတွက် ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ဆုရရှိသူတွေကို တော်ဝင်မင်းသား Harry က ဆုချီးမြှင့်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က လန်ဒန်မာရသွန်မှာ လူပေါင်း ၃ သောင်း ၄ ထောင်လောက် ဝင်ပြီးပြေးခဲ့ကြပါတယ်။ ဘော်စတွန်ဗုံးခွဲမှုမှာ သေဆုံး ထိခိုက်သူတွေအတွက် အပြေးသမားတယောက် ပန်းဝင်တိုင်း ရန်ပုံငွေ ၃ ဒေါ်လာ လှူမယ်လို့ လန်ဒန်မာရသွန် စီစဉ်သူတွေက ပြောပါတယ်။

VOAဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ မာရသွန် ပြိုင်ပွဲမှာ လူပေါင်း ထောင်ချီပါဝင်ဆင်နွဲခဲ့ကြပါတယ်။ မာရသွန် ပြေး ပွဲမ စခင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ဘော်စတွန် မာရသွန်ပွဲဗုံးပေါက် ကွဲမှု မှာ သေဆုံးထိခိုက်သူတွေအတွက် စက္ကန့် ၃၀ ငြိမ်သက်ဂုဏ်ပြုခဲ့ ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ

Photo: ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ
Monday, April 22, 2013

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့
 မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာမိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန်
 ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့် တို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ
အပေါ် အစိုးရ၀န်ကြီးတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာ
တက္ကသိုလ်က မြန်မာကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြ
တယ်လို့ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ  ငြိမ်းချမ်းရေးအကျိုး
ဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိက ကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်
ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့
ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီး
တော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစု
ကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့
 ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေတဲ့
 မြန်မာကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာ
ပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေ
လည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့
 မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊
 နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာ
မိသားစုတွေ မေးမြန်းရာမှာတော့  လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ကြတယ်လို့ ဦးလှမောင်ရွှေ က
 ပြောပါတယ်။

“၀န်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာ
များပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့
လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊
 မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအ၀င်၊ အဲဒါမျိုးတွေက ပိုများပါတယ်။ အဲဒါကတော့ ၀န်ကြီး
ဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော် ဆောင်
ရွက်ပေးနိုင်တဲ့ကိစ္စတွေ၊ သူတို့ထောက်ပြတာကိုလည်း ကျနော်တို့အနေနဲ့ ၀န်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးသွားကြ
တယ်။”

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ
ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က
 ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်
များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံ
နေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြ
ပါတယ်။

VOAမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပြည်ပရောက် မြန်မာ လူငယ်တွေ ပါဝင်ကူညီ လာနိုင်အောင် လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေ နဲ့ တွေ့ ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယော က်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာ မိသားစုတွေ

အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်

Photo: အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်
Monday, April 22, 2013

ဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက်ကြပါတယ်။
 
သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို ပြောကြား
ခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူနဲ့ Kremlin တို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။
 
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲမှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား ဆီကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimier Putin) က ထပ်တလဲလဲ ၀မ်းနည်းကြေကွဲ
ရကြောင်း ပြောကြားခဲ့တယ်လို့  Kremlin က ပြောပါတယ်။  နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စရပ်တွေကိုပိုမိုအနီးကပ်လက်တွဲလုပ်ဆောင်ကြဖို့ နည်းလမ်းတွေ
အတွက် သမ္မတ ပူတင် က ဆွေးနွေးလိုတယ်လို့ဆိုပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ဘော်စတွန် တိုက်ခိုက်မှုနောက်
ဆက်တွဲ စုံစမ်းစစ်ဆေးမှုအပါအ၀င် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ပတ်
သက်ပြီး ရုရှားနိုင်ငံက အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ်းလှမ်းလိုက်
တာကြောင့် ၀မ်းသာတဲ့အကြောင်း တုံ့ပြန်လိုက်ပါတယ်။

VOAဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက် မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက် တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက် ကြပါတယ်။ သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား

အမေ ဒေါ်စု သိစေချင်ပါသည်..

Photo: အမေ ဒေါ်စု သိစေချင်ပါသည်..
Sunday, April 21, 2013 

အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်းပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနားမိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာဝင်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်ချင်တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေးသမားတွေလို ဝေ့လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့အမေ့ကို လေးစားပါတယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာမှာဆို ဒီလိုပဲဖြစ်မှာပါပဲ။
 ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ်ဖို့ ဝေးခဲ့ရတာအမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ယူမဲ့သူဟာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည်အတွက် ရေးဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။ 
 တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိတယ်။ ဘာကြောင့် နိုင်ငံခြားသားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။ အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော်သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
 တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။ အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင်ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက်ကတော့မတွေးရဲစရာပါပဲအမေ။ အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြားသားဖြစ်နေတာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့်မဖြစ်နိုင်မှာလဲဆိုပြီး နိုင်ငံခြားသားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစားလာကြ တော့မယ်အမေ။ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့်ရှိတယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ တစ်ယောက်အဖြစ်လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင်လိုက်ရင် နောင်နှစ်ပေါင်းများစွာမှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။
 ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေအများကြီးရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။ အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ်လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာပါတဲ့အချက်တွေကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။ 
                                                   
ပုဂံသား အမေတစ်ယောက် တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရတာ အရမ်း ပင်ပန်းနေပါပြီအမေ။ အမေ့ အသက်အရွယ်နဲ့ အခုလို ပင်ပင်ပန်းပန်း သွားလာလှုပ်ရှားနေရတာ သားတို့ မိဘချင်းကိုယ်ချင်းစာနာပြီး သနား မိပါရဲ့ အမေ့အသက်အရွယ်နဲ့ဆိုရင် အခုလိုသင်္ကြန်ရက်မျိုးမှာ ရိပ်သာ ၀င်ပြီးတော့ အေးအေး ချမ်းချမ်းအနားယူသင့်ပါတယ် အမေ။ ဒါပေမယ့် တိုင်းပြည်အတွက် အမေ ကမ္ဘာပတ်နေရတုန်းပဲ။ ဂျပန် ခရီးစဉ်မှာ အမေ မြန်မာနိုင်ငံ ရဲ့သမ္မတ ဖြစ်ချင် တယ်၊ အာဏာလိုချင်တယ်လို့ ပြောခဲ့တာ အမေ မှတ်မိ အုံးမှာပါ။ တခြားနိုင်ငံရေး သမားတွေ လို ဝေ့ လယ်ကြောင်ပတ်လုပ်မနေဘဲ ပွင့်ပွင့်လင်းလင်း အာဏာ လိုချင် ကြောင်းပြောခဲ့တဲ့ အမေ့ကို လေးစားပါ တယ်အမေ။ အမေပြောတဲ့စကားမှန်ပါတယ်။ ဘယ်နိုင်ငံရေး ပါတီ ခေါင်းဆောင် မဆို နိုင် ငံ့ခေါင်းဆောင်ဖြစ်ချင်ကြမှာ အာဏာလိုချင်ကြမှာပါဘဲ။ ဒါလူ့သဘာဝပါ. ကျွန်တော် တို့လည်း အမေ့နေရာ မှာဆို ဒီလိုပဲဖြစ်မှာပါပဲ။
ဒါပေမယ့် အမေရယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အမေ သမ္မတဖြစ်ဖို့ ဝေးနေအုံးမှာ ပါဘဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတောင် သူ့သားမက်က နိုင်ငံခြားသား ခံယူထားတာနဲ့ ဒုသမ္မတဖြစ် ဖို့ ဝေးခဲ့ရတာအမေအသိပဲမဟုတ်လား။ အမှန်တော့ ၂၀၀၈ အခြေခံဥပဒေ မှာပါတဲ့ နိုင်ငံတော် အကြီးအကဲ အဖြစ်တာဝန်ယူမဲ့သူဟာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ”ဆိုတဲ့ အချက်ဟာ အမေပြောနေသလို အမေတစ်ယောက်ထဲကို ရည်ရွယ်ပြီးရေးထားတာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် အမေ့ရဲ့အဖေ ကျွန်တော်တို့ရဲ့အဖိုး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးဆွဲ ထည့်သွင်းခဲ့တဲ့ အချက်တွေပါ။ အဖိုးဗိုလ်ချုပ်လည်း အဲ့ဒီတုန်းက အမျှော်အမြင်ကြီးစွာနဲ့ တိုင်းပြည် အတွက် ရေး ဆွဲခဲ့တယ်လို့ပဲထင်ပါတယ်။ အဖိုးဗိုလ်ချုပ် အောင်ဆန်းအနေနဲ့လဲ အမေ့ကိုအခုလိုမျိုး နိုင်ငံခြားသား တစ်ယောက်နဲ့ အိမ်ထောင်ကျလိမ့်မယ်လို့ တွေးမိခဲ့ပုံမပေါ်ပါဘူး။
တစ်ခါတစ်လေတော့လဲ အမေရယ် ကျွန်တော်တို့အမေ့ကို ဂရုနာဒေါသဖြစ်မိတယ်။ ဘာကြောင့် နိုင်ငံခြား သားနဲ့ယူခဲ့လဲပေါ့။ ဒါပေမယ့် အမေရယ် ဒါတွေက ပြန်ပြင်လို့လဲမရတော့ပါဘူး။ အမေပြောခဲ့တဲ့ စကားတစ်ခုကို မှတ်မိပါသေးတယ်။ နိုင်ငံခြားမှာနေဖြစ်လို့ နိုင်ငံခြားသားနဲ့ရတာပါ ဆိုတဲ့စကားလေ။ အမေသာ နိုင်ငံခြားသားနဲ့သွေးမနှောခဲ့ဘူးဆိုရင် ၂၀၁၅မှာ အမေ့ကို နိုင်ငံတော် သမ္မတကြီး ဒေါ်အောင်ဆန်း စုကြည် အနေနဲ့တွေ့ရမှာပါ။
တစ်ခုတော့ သားတို့ပြောချင်ပါတယ်အမေ။ အမေ့အနေနဲ့နိုင်ငံခြားသားနဲ့သွေးနှောခဲ့လို့ အခြေခံ ဥပဒေအရ သမ္မတ မဖြစ်ထိုက်ဘူးလို့ဆိုထားပေမယ့် သားတို့ကတော့အမေ့ကို သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင် ပါတယ်အမေ။ ဒါမေမဲ့ အဲ့ဒီလိုလက်ခံတာ အမေဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ အတွက်ပါ။ တစ်ကယ်လို့များ အမေ သမ္မတဖြစ်နိုင်အောင် အခြေခံဥပဒေကိုပြင်နိုင်ခဲ့ရင် နောက်လာမဲ့ အကျိုးဆက် ကတော့မတွေးရဲစရာပါပဲအမေ။ အမေ့ကိုနိုင်ငံခြားသားနဲ့ သွေးနှောထားပြီး သားသမီးတွေ နိုင်ငံခြား သားဖြစ်နေတာတောင် သမ္မတဖြစ်သေးရင် တခြားသူတွေလဲ ဘာကြောင့်မဖြစ်နိုင် မှာလဲ ဆိုပြီး နိုင် ငံခြား သားခံယူတဲ့ မိုးသီးဇွန်လိုကောင်တွေ မွတ်ဆလင်နိုင်ငံက အထောက်အပံ့တွေအများကြီးရနေတဲ့ မွတ်ဆလင်ကုလားတွေ စတဲ့စတဲ့ ပြည်ပနဲ့အဆက်အသွယ်မကင်းတဲ့သူတွေ သမ္မတဖြစ်ဖို့ ကြိုးစား လာ ကြ တော့မယ်အမေ။ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားတွေက သူတို့လဲ အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့် ရှိ တယ် ဆိုပြီး တောင်းဆိုလာကြတော့မယ်အမေ။ သားတို့အနေနဲ့ အမေအောင်ဆန်း စုကြည် ကို နိုင်ငံတော် သမ္မတ တစ်ယောက်အဖြစ်လက်ခံနိုင်ပေမယ့် အခြေခံဥပဒေပြင် လိုက်ရင် နောင်နှစ်ပေါင်း များစွာ မှာ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ လက်မခံနိုင်ဘူး အမေ။
ဒါကြောင့် အမေဒေါ်စုကို သားတို့ရဲ့ခံစားချက်ကိုသိစေချင်တာကတော့ အမေဒေါ်စုသမ္မတဖြစ်ချင် တာကိုနားလည်ပါတယ်။ အမေဒေါ်စု သမ္မတဖြစ်ရင် အနောက်အုပ်စုက အကူညီတွေ အများကြီး ရထားပြီး နိုင်ငံတိုးတက်လာမှာကိုပဲ တွေ့မြင်ချင်ပါတယ်။ အမေဒေါ်စုကိုလဲ သမ္မတတစ်ယောက် အဖြစ် လက်ခံနိုင်ပါ တယ်။ ဒါပေမဲ့ အမေရယ် ကျွန်တော်တို့နိုင်ငံရဲ့နောင်ရေးကိုကြည့်ပြီးတော့ အမေရဲ့အဖေ ကျွန်တော်တို့ရဲ့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေ မှာပါတဲ့အချက်တွေ ကို ပြင်ဖို့ မကြိုးစား ပါနဲ့လို့ တောင်းပန်ချင်ပါတယ်။

ပုဂံသား

ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ

Photo: ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ
Sunday, April 21, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း 
ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 
 

"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ 
အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။ 
သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။ 

အိမ့်သံစဉ် ~
ဧရာဝတီ

 ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက် စာမျက်နှာ မှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။
"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့ တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်

Saturday, April 20, 2013

ရော်ဘာဝင်ငွေက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ

Photo: ရော်ဘာဝင်ငွေက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ
Friday, April 19, 2013

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်းအ၀ယ်ကျ
ဆင်းခြင်းက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာခဲ့ကြောင်း ဒေသခံ
စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံက သိရှိရသည်။ 

"ဒီမှာ အဓိကစီးပွားရေးက ရော်ဘာလုပ်ငန်းတွေလေ။ ရော်ဘာလုပ်ငန်းတွေ
မကောင်းတော့ စီးပွားရေး ကြပ်လာကြတယ်။ အဲဒီတော့ စားသောက်
ကုန်တွေ အရောင်းအ၀ယ်အေးတယ်။ စားသောက်ကုန်ဈေး ကလည်း
 ပြန်မကျသေးတာလဲပါတယ်"ဟု မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ရွှေ
ဝါချောင်ကျေးရွာမှ စားသောက်ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငယ်က ပြောသည်။ 

အဆိုပါဒေသတွင် ရော်ဘာလုပ်ငန်းအချို့စိုက်ပျိုးထုတ်လုပ်မှု ရပ်နားထားကြ
ခြင်းကြောင့် အလုပ်သမားအများစုမှာ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့
သွားရောက်လုပ်ကိုင်မှုများပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။ 

"ဒီမှာအလုပ်နည်းနည်းပါးနေတော့ မြ၀တီတက်ပြီးအလုပ်လုပ်မလို့ပါ။ အိမ်ကတော့ ရော်ဘာစိုက်ပါတယ်။ အခုတော့ ခဏရပ်ထားတယ်"ဟု
 မော်လမြိုင်၊ ကျိုက်မရော၊ ငါးပြေမကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

မော်လမြိုင်ဈေးကွက်အတွင်း သင်္ကြန်ကာလမတိုင်မီ ဧပြီလဆန်းပိုင်းမှ
စတင်ကာ စားသောက်ကုန် ပစ္စည်းဈေး နှုန်းများမြင့်တက်ခဲ့ပြီး လက်ရှိအချိန်
(ဧပြီ လကုန်ပိုင်း)ထိ ဈေးကွက်ဈေးနှုန်းများပြန်လည်ကျဆင်းခြင်း မရှိသေး
 ကြောင်း သိရှိရသည်။

“ဈေးက ပြန်မကျလာသေးဘူး။ သင်္ကြန်တွင်းမှာ မြ၀တီဘက်က ကားတွေ
မဆင်းတော့ ကုန်တွေမ၀င်သေး လို့လဲ ဖြစ်နိုင်ပါတယ်။ ကားတွေပြန်ဆင်း
လာရင်တော့ ဈေးနှုန်းတွေ ပြန်ကျသွားနိုင်ပါတယ်” ဟု မော်လမြိုင်မြို့မှ ကုန်သည် ဦးဝင်းနိုင်က ပြောသည်။       

သင်္ကြန်ကာလမတိုင်မီ ကုန်ဈေးနှုန်းအမြဲမြင့်တက်မှုရှိပြီး မော်လမြိုင်
စားသောက်ကုန်ဈေးကွက်မှာ ၂၀၁၂ ခုနှစ် သင်္ကြန်ကာလအပြီးထက် ယခု ၂၀၁၃ ခုနှစ် သင်္ကြန်ကာလ (ဧပြီ)အပြီး အရောင်းအ၀ယ်ဖြစ်ပေါ်မှုသည် ထက်ဝက်ခန့် သိသိသာသာ ကျဆင်းခဲ့ကြောင်း ကုန်စည်တင်ပို့ရောင်း
ချနေသူများက ပြောဆိုသည်။
 

မော်လမြိုင်ဈေးကွက်အတွင်းလက်ရှိ ဖြစ်ပေါ်နေသောကုန်စည်ဈေးနှုန်းများ

အမျိုးအစား               အရေအတွက်             ဈေးနှုန်း

Singha (ဘီယာ)         ၂၄လုံး (တစ်ကတ်)      ၁၀၅၀၀ ကျပ်

Coke (အချိုရည်)        တစ်ကတ်                 ၈၅၀၀ ကျပ်

ယမ်ယမ် (ခေါက်ဆွဲ)     တစ်ဖာ (အထုပ် ၃၀)     ၄၂၀၀ ကျပ်

Birdy (ကော်ဖီမစ်)       တစ်ထုတ်(အထုပ် ၃၀) ၂၅၀၀ ကျပ်

ငါးလိပ်ခြောက်            တစ်ပိဿာ                ၁၀၀၀၀ ကျပ်

Myit Makha Mediagroupမွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်း အ၀ယ် ကျ ဆင်းခြင်းက စားသောက်ကုန်ဈေးကွက်ကို လှုပ်ခတ်လာ ခဲ့ကြောင်း ဒေသခံ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံက သိရှိရသည်။ "ဒီမှာ အဓိကစီးပွားရေး က ရော်ဘာ လုပ်ငန်းေ တွလေ။ ရော်ဘာလုပ်ငန်းတွေမကောင်းတော့ စီးပွားရေး ကြပ်လာကြ တယ်။ အဲဒီတော့ စားသောက်ကုန်တွေ အရောင်းအ၀ယ်အေးတယ်။

ကမ်းနီး၊ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်ခွင့်များအတွက် တတိယအကြိမ်တင်ဒါခေါ်ယူ

Photo: ကမ်းနီး၊ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကိုင်ခွင့်များအတွက် တတိယအကြိမ်တင်ဒါခေါ်ယူ
Friday, April 19, 2013

မြန်မာနိုင်ငံမှ ကမ်းနီးနှင့်ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ
အတွက် ဇွန်လတွင် အမေရိကန်နိုင်ငံမှ စီးပွါးရေးပိတ်ဆို့မှုများဖွင့်လှစ်
ပြီးနောက် ဒုတိယအကြိမ်တင်ဒါ ခေါ်ယူမည်ဖြစ်သည်။အဆိုပါတင်ဒါတွင် ကမ်းနီးလုပ်ကွက် ၁၁ကွက်နှင့် ကမ်းဝေးလုပ်ကွက်၁၉-ကွက်ပါဝင်မည်ဖြစ်
သည်။ 

အဆိုပါတင်ဒါကို စိတ်ပါဝင်စားသောကုမ္ပဏီများသည် နေပြည်တော်စွမ်းအင်
ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ထံသို့ ဇွန်လ ၁၄-ရက်နောက်ဆုံးထား၍
 လျှောက်ထားနိုင်မည်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များနှင့်
 နိုင်ငံပိုင်သတင်းစာများတွင် ၁၈.၄.၂၀၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ 

တင်ဒါတွင်ပါဝင်သော ကမ်းနီးကမ်းဝေး လုပ်ကွက်စုစုပေါင်းမှာ ၃၀-ဖြစ်ပြီး ၂၀၁၁-မှစတင်ကာ တတိယအကြိမ် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး အမေရိကန်
နိုင်ငံမှ စီးပွါးရေးပိတ်ဆို့မှုများဖွင့်လှစ်ပြီးနောက် ဒုတိယ အကြိမ်ခေါ်ယူခြင်း
ဖြစ်သည်။ 

တင်ဒါလျှောက်သူများသည် တင်ဒါတွင် ကမ်းနီး (သို့ )ကမ်းဝေး ( သို့ ) 
 နှစ်နေရာစလုံးတွင် လုပ်ကိုင်လိုသည် ဟူသည့်အချက်ကို တင်ဒါခွဲ၍
 လျှောက်ထားရမည်ဖြစ်သည်။ 

ကမ်းနီးလုပ်ကွက်၁၁-ကွက်တွင် လုပ်ကိုင်ခွင့်ရရှိသူများသည် ပြည်တွင်း
အခြေစိုက် ကုမ္ပဏီတစ်ခုနှင့်တွဲဖက်၍ လုပ်ကိုင်ရမည်ဟု စွမ်းအင်ဝန်ကြီး
ဌာနမှထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ဇန်နဝါရီလတွင် ခေါ်ယူခဲ့သော ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈-ကွက်ကို ပြည်တွင်းမှ ကုမ္ပဏီတစ် ခုနှင့်တွဲဖက်လုပ်ကိုင်ရမည်ဟု ဆိုသောကြောင့်ပြည်တွင်းမှ ကုမ္ပဏီပေါင်း ၁၃၇-ခုပါဝင်လျှောက်ထား
ခဲ့သည်။ 

၁၈.၄.၂၀၁၃ ရက်နေ့တွင် အဆိုပါလုပ်ကွက်၁၈-ကွက်အတွက် ပထမ
အဆင့်တင်ဒါအောင်မြင်သော ကုမ္ပဏီ၅၉ ခုကို ကြေငြာခဲ့ရာ ကနေဒါ၊
အင်္ဂလန်၊ဩစတြေးလျား၊ဂျပန်    ၊ထိုင်းအမေရိကန်နိုင်ငံမှ Esso ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ပါဝင်သည်။အဆိုပါကုမ္ပဏီများထဲတွင် MPRL E&P Pte တခုတည်းသာလျှင် ပြည်တွင်းရှိ   မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်
သည်။ 

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ စီးပွါးရေးခုနှစ်
အတွင်း ၃.၅ ဘီလီယံ ယူအက်စ်ဒေါ်လာ ခန့်ရှိခဲ့ပြီး ၂၀၁၀-၂၀၁၁တွင် ၂.၅၂ ဘီလီယံခန့်ရှိခဲ့သည်။ 

မေလတွင် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့စတင် တင်ပို့မည်ဖြစ်သည်။ရေနံတင်ပို့သောပိုက်လိုင်းမှာ ၂၀၁၄-တွင်စတင် အလုပ်လုပ်မည်ဟု တရုတ်နိုင်ငံမှသတင်းများတွင်ဖော်ပြ
ထားသည်။

Myit Makha Mediagroupမြန်မာနိုင်ငံမှ ကမ်းနီးနှင့်ကမ်းဝေး ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် များ အတွက် ဇွန်လတွင် အမေရိကန်နိုင်ငံမှ စီးပွါးရေး ပိတ်ဆို့မှုများ ဖွင့်လှစ်ပြီးနောက် ဒုတိယအကြိမ်တင် ဒါ ခေါ်ယူမည်ဖြစ် သည်။ အဆိုပါ တင်ဒါတွင် ကမ်းနီးလုပ်ကွက် ၁၁ကွက်နှင့် ကမ်းဝေး လုပ်ကွက်၁၉- ကွက်ပါဝင်မည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

Photo: အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
Friday, 19 April 2013

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ နှစ် အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
 နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်း
လည်း ဖြစ်သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေးဝန်ကြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ် စီမံကိန်း တစ်ခုကိုလည်း လေ့လာ
ခဲ့ကာ ကျိုတို တက္ကသိုလ်၊ Ryukoku တက္ကသိုလ်နှင့် တိုကျိုတက္ကသိုလ်များ
တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်လာပြီးနောက် ဆဋ္ဌမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃
 ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပ
 နိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံ
များသို့ သွားရောက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ
 အောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမ ဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ
 ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီး
ယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

eleven media groupဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့် တွင် မြန်မာနိုင် ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ နှစ် အထိ ဂျပန်နိုင် ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။

ဘော်စတွန် ဗုံးပေါက်ခွဲမှု

Photo: ဘော်စတွန် ဗုံးပေါက်ခွဲမှု သံသယရှိသူ နှစ်ဦးအနက် အသက် ၂၆ နှစ်အရွယ် Tamerlan Tsarnaev ကို ဖမ်းဆီးရမိ ပြီး နောက်သေဆုံးသွားသူ့ ရဲ့ ညီဖြစ်သူ 
အသက် ၁၉ နှစ် အရွယ် Dzhokar Tsarnaev ကတော့ Honda CRV ကားနဲ့  ထွက် ပြေး နေဆဲ ဖြစ်ပါတယ်။

သူတို့  နှစ်ဦး ဟာ ချေချင်းညှာ ဒေသမှာ မွေးဖွားခဲ့ပြီး နောက်တော့ ကာဇက် 
စတန်ကို ပြောင်း ရွှေ့  အခြေချကာ လွန်ခဲ့တဲ့ နှစ် တွေအတွင်း အမေရိကန် မှာ နေထိုင်ခွင့်ရလို့  ပြောင်း ရွှေ့ အခြေချခဲ့ပါတယ်။ တာမလင်း ဆာညာယက်
(ဗ်)က Bunker Hill Community College မှာ ပညာသင်ကြား နေ ပြီး ဇိုကာ ဆာညာယက်(ဗ်)ကတော့ ဟားဗတ်တက္ကသိုလ်မှာ ရေကူးသင်တန်းနည်းပြ 
အဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်ပါတယ်။

ဇိုကာ ဆာညာယက်(ဗ်) ရဲ့  အထက်တန်း ကျောင်းဆရာမကတော့ ဒီကလေး ဟာ ကျောင်းမှာ ချစ်ဖို့  ကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်ပြီး ဒီလို ပြုမူ
 ဆောင်ရွက်မယ်ဆိုတဲ့ အပြုအမူ မျိုးတောင်မတွေ့ ခဲ့ဖူးလို့  ဆိုပါတယ်။

ဇိုကာ ဆာညာယက်(ဗ်)ဟာ ရပ်ကွက်အတွင်းမှာလည်း လူချစ်လူခင်များသူ
 ဖြစ်ပါတယ်။

ဇိုကာ ဆာညာယက်(ဗ်) ၏ ဓာတ် ပုံ

Freedom News Group(Burma) ဘော်စတွန် ဗုံးပေါက်ခွဲမှု သံသယရှိသူ နှစ်ဦးအနက် အသက် ၂၆ နှစ် အရွယ် Tamerlan Tsarnaev ကို ဖမ်းဆီးရမိ ပြီး နောက်သေ ဆုံး သွားသူ့ ရဲ့ ညီဖြစ်သူ အသက် ၁၉ နှစ် အရွယ် Dzhokar Tsarnaev ကတော့ Honda CRV ကားနဲ့  ထွက် ပြေး နေဆဲ ဖြစ်ပါတယ်။
သူတို့  နှစ်ဦး ဟာ ချေချင်းညှာ ဒေသမှာ မွေးဖွားခဲ့ပြီး နောက်တော့ ကာဇက် စတန်ကို ပြောင်း ရွှေ့  အခြေချကာ လွန်ခဲ့တဲ့ နှစ် တွေအတွင်း အမေရိကန် မှာ နေထိုင်ခွင့်ရလို့  ပြောင်း ရွှေ့ အခြေချခဲ့ပါတယ်။ တာမလင်း ဆာညာယက်(ဗ်)က Bunker Hill Community College မှာ

ပအိုဝ်းနယ် အသီးသီးရှိ ပအိုဝ်း ဆရာ-ဆရာမ များကို မွမ်းမံသင်တန်းပေး

Photo: ပအိုဝ်းနယ် အသီးသီးရှိ ပအိုဝ်း ဆရာ-ဆရာမ များကို မွမ်းမံသင်တန်းပေး
Saturday, April 20, 2013 

၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်းများမှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြ ဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့်အား နိုင်ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။

သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံသင်တန်း
တက်ရန် ပီအဲန်အိုက တရား ၀င် ခေါ်ယူလိုက်ပြီဖြစ်သည်။
 
 သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မမခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ် ၀င်တန်းအောင် (သို့မဟုတ်) ပထမ
လတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားလေသည်။
 
၁၃၇၅-ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ (၂၃-၄-၂၀၁၃) အင်္ဂါနေ့တွင် သင်တန်းပို့ချရန်ဌာနဖြစ်သည့် တောင်ကြီးမြို့၊ ထီသိမ်ဘုန်းတော်ကြီးကျောင်း
သို့ သွားရောက်ရမည်ဖြစ်သည်။ 

အဆိုပါ ထီသိမ်ဘုန်းတော်ကြီးကျောင်းကို မသိလျှင် ပီအဲန်အိုဗဟိုရုံးချုပ်၌ လာရောက်စုရုံးကြပါ၊ ဒါ့အပြင် သင်တန်းသားများအနေဖြင့် မိမိတို့၏
 ခေါင်းအုံးစောင်ခြင်ထောင်နဲ့ ရိုးရာပအိုဝ်းဝတ်စုံကိုပါ တပါတည်း ယူလာပါ
ရန်လည်း အသေးစိတ် ညွန်ကြားဖော်ပြထားသည်ကို သိရှိရပါသည်။

တိုင်းရင်းသားများ မိမိတို့၏စာပေကို မိမိတို့နယ်ဒေသတွင် သင်ကြားပေးမှုနဲ့ ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေအတိုင်း -
၁။ စာသင်ကျောင်း(၁)ကျောင်းလျှင် ပအိုဝ်းဆရာ/မ (၂)ဦးကျ မွေးထုတ်ပေးသွားရမည်။
၂။ ဆရာ/မများ၏ ပညာအရည်အချင်းမှာ ဘွဲ့ရပြီး (သို့) တက္ကသိုလ်ဝင်တန်းအောင် (သို့) ပထမလတ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
၃။ သင်တန်းရက်ကာလမှာ ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၈)ရက် (၃-၅-၂၀၁၃) မှ ကဆုန်လဆန်း(၁)ရက် (၁၀-၄-၂၀၁၃)နေ့အထိ ဖြစ်သည်။
၎။ သင်တန်းနေရာနဲ့ စားရေးသောက်ရေးကိစ္စတို့ကို သက်ဆိုင်ရာမြို့နယ်က သံဃာတော်များ၊ ပီအဲန်အိုတာဝန်ခံများနဲ့ ပအိုဝ်းစာ/ယဉ်အဖွဲ့တို့က တိုင်ပင်
ညှိနှိုင်း၍ တာဝန်ယူသွားပေးရန်။
၅။ သင်ကြားပေးမည့် ဆရာ/မများကို ပီအဲန်အိုဗဟိုရုံးချုပ်မှ (အထက်က ထီသိမ် မွမ်းမံသင်တန်းဆင်းပြီးသူများကို) ပို့လိုက်မည်ဖြစ်သည်။
၆။ ထပ်ဆင့် ပအိုဝ်းဆရာဖြစ်အတွက် သင်ကြားကြမည့် သင်တန်းသား/သူ
များကို မိမိတို့နယ်ဒေသအတွင်းရှိ ပုဂ္ဂိုလ်များကိုသာ ခေါ်ယူရမည်။
၇။ မြို့နယ်အလိုက် သင်တန်းနေရာဌာနနှင့် သင်တန်းသား/သူစာရင်းများကို ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော်(၃)ရက်နေ့တွင် ပီအဲန်အိုဗဟိုရုံးချုပ်သို့ ပို့ပေးရမည်ဖြစ်သည်။

ပအိုဝ်းဖိုရမ်
KayanTimes၂၀၁၃-၂၀၁၄ခု ပညာသင်နှစ် ပအိုဝ်းဒေသ အစိုးရအတန်းကျောင်း များ မှာ ပအိုဝ်းဘာသာကို ဖြည့်စွက်ပြ ဋ္ဌာန်းခွင့်နဲ့ သင်ကြားခွင့် အား နိုင် ငံတော်က တရားဝင် ခွင့်ပြုထားပြီးဖြစ်သည်။
သို့ဖြစ်၍ ပအိုဝ်းနယ်ဒေသ တစ်မြို့နယ်လျှင် (၄)ဦးနှုန်းဖြင့် မွမ်းမံ သင်တန်းတက်ရန် ပီအဲန်အိုက တရား ၀င် ခေါ်ယူလိုက်ပြီဖြစ် သည်။
သင်တန်းတက်မည့် ဆရာ/မဖြစ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များကို ကျား/မ မခွဲခြား ဘွဲ့ရပြီး (သို့မဟုတ်) တက္ကသိုလ် ၀င်တန်းအောင် (သို့မဟုတ်) ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ် ထားလေ
 နည်းပညာ တိုးတက်လာခြင်း တို့နှင့် အတူ ဆန်းသစ် တီထွင် မှု များကြောင့် အွန်လိုင်း ဂိမ်းများမှာ အမျိုးအစား စုံလင်လှသည်။ အချို့ ဂိမ်း များသည် ကစားသူများအား  တကယ့် လက်တွေ့ ဘဝတွင် ကြုံတွေ့ နေရ သလို  စိတ်ထဲတွင် ထင်မြင်လာအောင် ဆွဲဆောင် ထားနိုင် ကြသည်။ယခုအခါ ဂိမ်းကစားခြင်းကို ကလေးများ သာမက လူကြီးများပင် စွဲလမ်းနေကြပြီး

ကရင်ကျောင်းသားကွန်ယက် အနုပညာနှင့် မီဒီယာ လက်တွေ့ လှုပ်ရှားမှု ပြုလုပ်

Photo: ကရင်ကျောင်းသားကွန်ယက် အနုပညာနှင့် မီဒီယာ လက်တွေ့ လှုပ်ရှားမှု ပြုလုပ်
Saturday, April 20, 2013 

ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG မှ သတင်းမီဒီယာ၊ ပန်းချီရေးဆွဲရေး
နှင့် ပြဇာတ်ဆိုင်ရာ လက်တွေ့လှုပ်ရှားမှုကို မယ်လဒုက္ခသည်စခန်းတွင် တစ်လတာသင်တန်းအဖြစ် ပထမဆုံးအကြိမ် ပို့ချလျှက်ရှိသည်။ 

 ယခုလှုပ်ရှားမှုကို KSNG ဗဟိုမှ ဦးစီးခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုးနှင့် ပြည် တွင်းဒုက္ခစခန်း အီတိုးထာ့ စသည့်စခန်းများရှိ KSNG အဖွဲ့ ၀င် ၅၄ဦးအား သင်တန်းပေးကာ စခန်းအတွင်းရှိ ရပ်ကွက်များတွင် ဧပြီလ ၅ရက်မှစ၍ ၂၇ရက်နေ့အထိ လက်တွေ့လုပ်သွားမည်ဖြစ်ကြောင်း KSNG ဥက္ကဌ စောမော့က ပြောသည်။

 “ကျနော်တို့ လှုပ်ရှားမှုကတော့ သုံးခုပါ။ သင်တန်းကတော့ ပေးရင်းနဲ့ လက်တွေ့လုပ်သွားမယ်။ အရင်နှစ်လည်း ဒီလို လှုပ်ရှားမှု တွေ လုပ်တာတော့ ရှိတယ်။ ဒုက္ခသည်စခန်းတခုချင်းစီ သွားပြီး နွေရာသီကျောင်းပိတ်ရက်မှာ မဟုတ်ဘဲ ကျောင်းတက်ချိန်မှာ လုပ်ခဲ့တယ်။

 ဒီနှစ်တော့ ကုန်ကျစရိတ် သက်သာအောင် တနေရာတည်း လုပ်လိုက်တယ်။ ဒီလိုစုပေါင်းလုပ်တာ ပထမဆုံးပဲ”ဟု စောမော့က ပြောသည်။ လက်တွေ့
လှုပ်ရှားမှု ရည်ရွယ်ချက်မှာ အဖွဲ့အတွင်းရှိ လုပ်ငန်းများကို နားလည်ပြီး လူ့အဖွဲ့အစည်းများထဲတွင် ပြန်လည် အကျိုး ပြုရန်ဖြစ်ပြီး KSNG ဗဟိုမှ ၎င်းတို့၏ အဖွဲ့ဝင်ကျောင်းသူကျောင်းသားများကို ခေါ်ယူကာ မယ်လ
ဒုက္ခသည်စခန်း (ဇုံစီ-1B)ရှိ Leadership and Management Course - LMC အထက်တန်းလွန်ကျောင်းနှင့် (ဇုံဘီ-4B)ရှိ Shalom Arts Leadership College - SALC အထက်တန်းလွန်ကျောင်းများ၌ သင်တန်းပို့ချပေးနေခြင်း
 ဖြစ်သည်။

 အစီအစဉ်ဖြစ်မြောက်ရေးတွင် ကိုယ်တိုင်ပါဝင်သူ KNSG အတွင်းရေးမှူး
 စောဆာ့ကစောက “အခုလှုပ်ရှားမှုမှာ အထူးသဖြင့် ဒရာမာ(ပြဇာတ်)ဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ မပြန်ရေးနဲ့ပတ်သက်ပြီး ဇာတ်တိုက်ပြီး ရပ်ကွက်တွေထဲမှာ လက်တွေ့ တင်ဆက်ကြတယ်။ မီဒီယာနဲ့ ပန်းချီကတော့ သင်တန်းကျောင်းမှာပဲ လက်တွေ့လုပ်ကြတယ်”ဟု ပြောသည်။ 

 ယခုလှုပ်ရှားမှုတွင် KSNG ဗဟိုမှ သင်တန်းပို့ချပေးသူများ အပါအ၀င် ၁၇ဦး လိုက်ပါသွားခဲ့ပြီး သင်တန်းတက်ရောက်သည့် KSNG အဖွဲ့ဝင်များတွင် အမျိုးသား ၃၁ဦးနှင့် အမျိုးသမီး ၂၃ဦး ပါဝင်သည်။ 

KSNG ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအ၀င် ပြည်တွင်း
ပြည်ပတွင် နေထိုင်ကြသော ကရင်ကျောင်းသား ကျောင်းသူများ တဖွဲ့နှင့်
တဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတများကို ဝေငှနိုင်ရန် ရည်ရွယ်၍ ၁၉၉၆ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။ 

KICကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNG မှ သတင်းမီဒီယာ၊ ပန်းချီရေး ဆွဲရေး နှင့် ပြဇာတ်ဆိုင်ရာ လက်တွေ့လှုပ်ရှားမှုကို မယ်လ ဒုက္ခသည် စခန်းတွင် တစ်လတာသင်တန်းအဖြစ် ပထမဆုံးအကြိမ် ပို့ချလျှက် ရှိသည်။
ယခုလှုပ်ရှားမှုကို KSNG ဗဟိုမှ ဦးစီးခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုးနှင့် ပြည် တွင်းဒုက္ခစခန်း အီတိုးထာ့ စသည့်စခန်းများရှိ KSNG အဖွဲ့ ၀င် ၅၄ဦးအား သင်တန်းပေး ကာ စခန်းအတွင်းရှိ ရပ်ကွက်များတွင် ဧပြီလ ၅ရက်မှစ၍ ၂၇ရက်နေ့ အထိ လက်တွေ့လုပ်သွားမည်ဖြစ်ကြောင်း KSNG ဥက္ကဌ စောမော့က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈နှစ်မြောက်မွေးနေ့ကို ဆုတောင်းသည့်အနေနှင့် လူငယ်ဂရပ်ဖစ်တီ သမား အာကာကျော်က သမ္မတ၏ပုံတူဂရပ်ဖစ်တီကိုချော်တွင်းကုန်း မီးပွိုင့်အနီးတွင် ယနေ့နံနက်ကရေးဆွဲထားခဲ့သည်။ သမ္မတ ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄နာရီတွင် စတင်ရေး ဆွဲခဲ့ ကြောင်း အာကာကျော်ကပြောကြားသည်။ “ကျွန်တော်ကြောက်ေ ကြာက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက်ဆွဲတာ သိပ်အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။

My Blog List