Wednesday, January 23, 2013

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့် ငွေကြေးလိမ်လည်မှုများလာ

Photo: ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့်
ငွေကြေးလိမ်လည်မှုများလာ
Monday, January 21, 2013

နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင်သူ
ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ်လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက်  အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ် သို့ငွေလွှဲခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။

“ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကိုကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲ
ထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မတို့ကို
အလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့ကလည်း အဲပေါက်တဲ့ငွေ
ထဲကထည့်လို့ရမလားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” 
ဟု လိမ်လည်ခြင်းခံရသူ ဒေါ်တိုးတိုးလှိုင်က ပြောသည်။

ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယကံရှင်
မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေ မရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။

“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေး လိုက်တယ်။ ကျန်တဲ့ဟာကို သူစိုက်ပေး
ထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့
လွှဲပေး လိုက်တယ်။”ဟု ဒေါ်တိုးတိုးလှိုင်မှပြောသည်။

၎င်းငွေလိမ်လည်ခြင်းအား ရေဆင်း ရဲစခန်းသို့အကြောင်းကြား
ထားပြီး နောက်ထပ်ပိုက်ဆံ ကုန်မည်စိုးသည့်အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။

အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက 
ပုဒ်မ (၄၁၇)နှင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိ
တစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေး
ပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ ဘဏ်အကောင့်ထဲသို့
ငွေသွင်းခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ် စာမျက်နှာ များကတဆင့် သိရှိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroupနေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင်သူ
ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေ ထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ် လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက် အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ်

မြန်မာGSMများအား ဆီးဂိမ်းအမီ နိုင်ငံပါင်း ၁၀၀ ကျော်သို့ သယ်ယူအသုံးပြုနိုင်ရန် စီစဉ်

Photo: မြန်မာGSMများအား ဆီးဂိမ်းအမီ နိုင်ငံပါင်း ၁၀၀ ကျော်သို့ သယ်ယူအသုံးပြုနိုင်ရန် စီစဉ်
Monday, January 21, 2013

မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ယူပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး  လုပ်ငန်းမှ ဆိုထားသည်။

ယခင်က မြန်မာGSMဖုန်းလိုင်းများကို နိုင်ငံတကာသယ်ဆောင်အသုံးပြုခွင့်အနေဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်အပါအ၀င် အာဆီယံနိုင်ငံများ၌ အသုံးပြုနိုင်မည်ဟု သတင်းများ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင်
ခေါ်ဆို၍ မရသေးကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ အမီတော့ ပြည်ပနိုင်ငံအများစုနဲ့ဆက်သွယ်ပြောဆိုနိုင်အောင်  
ဆောင်ရွက်ပေးနေပါတယ်”မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

ဆီးဂိမ်းပွဲတော်အတွက် အာဆီယံနိုင်ငံများအပြင် ဥရောပနိုင်ငံများကိုပါ Roaming ရရှိအောင် ကမ်းလှမ်းထား ကြောင်းနှင့် ကမ်းလှမ်းထားသည့်
နိုင်ငံများလည်းရှိကြောင်း ၄င်းတို့နှင့် ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း
ကိုလည်း သိရသည်။

လက်ရှိတွင် မြန်မာGSM ဖုန်းများကို အာဆီယံနှင့် ဥရောပနိုင်ငံများ သယ်ဆောင် အသုံးပြုခွင့် Out bound Roaming မရရှိသေးသော် 
လည်း အဆိုပါ နိုင်ငံအချို့မှ ဖုန်းများမှာမူ မြန်မာနိုင်ငံတွင် Inbound Roamingသယ်ဆောင်သုံးစွဲခွင့် ပေးထားကြောင်း သိရသည်။

“ဒီအတွက် စမ်းသပ်မှုတွေ ပြုလုပ်ထား ပြီးသွားပါပြီ။ ငွေကြေးညှိနှိုင်းမှုတွေ ကျန်နေသေးတဲ့ အတွက် မရရှိသေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတကာ Roaming စနစ် ရရှိရန်အတွက် ပြည်ပမိုဘိုင်း အော်ပရေတာများ ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများမှ
အော်ပရေတာများကိုပါ  ကမ်းလှမ်းထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာGSMမိုဘိုင်းဖုန်းလိုင်းများအားနိုင်ငံတကာ Roamingသယ်ဆောင်အသုံးပြုခွင့်ရရှိရန် ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း Inbound Roaming စနစ်သာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ Outbound Roaming စနစ်ကိုမူ ယနေ့အချိန်အထိ မည်သည့် နိုင်ငံမျှ ရရှိခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။

“နိုင်ငံတကာကို အခုလို အပြန်အလှန် ပြောဆိုလို့ ရမယ်ဆိုရင်တော့
ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းရှင်တွေ အားလုံးအတွက် အဆင်ပြေသွားနိုင်ပါတယ်” ဟု ပြည်တွင်းမှ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ဥာဏ်ဥာဏ် (မြစ်မခ)
Myit Makha Mediagroupမြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ယူပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆိုထားသည်။ ယခင်က မြန်မာGSM ဖုန်း လိုင်းများကို နိုင်ငံတကာသယ်ဆောင်အသုံးပြုခွင့်အနေဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်အပါအ၀င် အာဆီယံနိုင်ငံများ၌ အသုံးပြုနိုင်မည်ဟု သတင်းများထုတ်ပြန်ခဲ့သော်လည်းလက်ရှိတွင်ခေါ်ဆို၍မရသေးကြောင် သိရသည်။

Tuesday, January 22, 2013

ဂျပန်ကားကုမ္ပဏီအချို့ လက်ခစားအပ်ကုန်စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်မည့် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်မည်


ဂျပန်ကားကုမ္ပဏီအချို့ လက်ခစားအပ်ကုန်စနစ်ဖြင့် တပ်ဆင်
ထုတ်လုပ်မည့် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် 
Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်မည် 	
Tuesday, January 22, 2013

မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ ထုတ်လုပ်သော ဂျပန်ကုမ္ပဏီအချို့
မြန်မာနိုင်ငံတွင် လက်ခစားအပ်ကုန်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်
ပြင်ဆင်လျက်ရှိပြီး အဆိုပါလုပ်ငန်းအချို့၏ ပို့ကုန်-သွင်းကုန် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း အမျိုးသား
စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ Toyota Tsusho Corporation မှ Project General Manager Mr. Yosuke Kido နှင့်
မော်တော်ယာဉ်နှင့် ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သော ကုမ္ပဏီအချို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဇန်န၀ါရီ ၁၉ ရက်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်မော်တော်ယာဉ် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မော်တော်ယာဉ်
အစိတ်အပိုင်းများ တပ်ဆင်ခြင်းလုပ်ငန်း လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ခစားအပ်ကုန်စနစ် (CMP-Cutting, Making, Packing) ဖြင့်
ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ကိုင်နိုင်ရန်အတွက် 
မြေငှားရမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သီလ၀ါ အထူးစီးပွားရေး
ဇုန်တွင် ဆောင်ရွက်လျက်ရှိသော အခြေအနေများကို ဆွေးနွေး
လျက်ရှိကြောင်း သိရသည်။

Toyota Tsusho Corporation သည် Toyota အုပ်စုတစ်ခုလုံး၏ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။

ထို့အတူ Toyota Tsusho Corporation ၏ မြန်မာနိုင်ငံရုံးခွဲ
သည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Trendy မော်တော်ယာဉ်
ရောင်းဝယ်ရေးလုပ်ငန်းနှင့် ချိတ်ဆက်ပြီး တိုယိုတာအမှတ်တံဆိပ် စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များကို တင်သွင်း ရောင်းဝယ်ရေး
လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် လက်ရှိ စက်ရုံအလုပ်ရုံသုံး 
Forklift များ စတင်တင်သွင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

တိုယိုတာအုပ်စုအနေနှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး တိုယိုတာအပါအ၀င် နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူးကီး စသည့် မော်တော်ယာဉ် ကုမ္ပဏီတို့ကလည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်နိုင်ရန်
ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းအတွင်းမှ သိရသည်။

Eleven Media Group
မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ ထုတ်လုပ်သော ဂျပန်ကုမ္ပဏီအချို့
မြန်မာနိုင်ငံတွင် လက်ခစားအပ်ကုန်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်
ပြင်ဆင်လျက်ရှိပြီး အဆိုပါလုပ်ငန်းအချို့၏ ပို့ကုန်-သွင်းကုန် ကုန်သွယ်ရေးကိစ္စများတွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation မှ ပါဝင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း အမျိုးသား
စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Karmaing Police station attacked and burned aground by KIA terrorists


Nay Pyi Daw   - January 19
 
The KIA – the so called Kachin Independence Army has been launching a terror campaign and various acts of terrorism, endangering the livelihood of the local residents since many years ago, a fact local and international mainstream never bothered to report.
The latest act of terror was the attack on the Karmaing police station in Kachin state where more than 100 Kachin rebels attacked, occupied and burned the buildings to ground early morning today. The poorly armed and defended police station was attacked at 4:55 am by about 100 KIA rebels. The tiny police force within the station defended the post until 7:20 am and had to withdraw due to overwhelming strength of the attacking rebels, after which the KIAs entered the police station and burned most of the buildings.

Monday, January 21, 2013

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်

Photo: မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်
Monday, January 21, 2013

လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် 
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရရှိခဲ့သည်။

၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြား
ငွေကြေးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ Bank of Lao PDR တွင် ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ Central Bank of Lao PDR တွင် အုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ (၄)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ထိ (၅)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ၏ အမြဲတမ်း အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂၂- ၁၂- ၂ဝ၁ဝ ရက်နေ့ထိ (၆)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ အဖွဲ့ဝင်နှင့် လာအို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ၂၃- ၁၂- ၂ဝ၁ဝ ရက်နေ့မှ ၁၄- ၆- ၂ဝ၁၁ ရက်နေ့ထိ (၆) ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၅ - ၆- ၂ဝ၁၁ ရက် နေ့မှစ၍ (၇)ကြိမ်မြောက် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ လာအို အမျိုးသား လွှတ်တော် အမြဲတမ်း
ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။

Madam Pany YATHOTOU သည် အိမ်ထောင်ရှင် ဖြစ်ပြီး သမီး တစ်ဦး ရှိပါသည်။ Madam Pany YATHOTOU နှင့် လာအို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက၏ ဖိတ်ကြားချက် အရ မကြာမီ ရက်အတွင်း ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေး အလည်အပတ် ခရီး လာရောက်မည်
ဖြစ်ပါသည်။

မြ၀တီလာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော်
ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရရှိခဲ့သည်။
၁၉၇၈ခုနှစ်မှ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြားငွေကြေး ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃

ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း

Photo: ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း
Sunday, January 20, 2013 

ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာ မျက်နှာများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော် ပင်ပြန့်နှံ့နေခဲ့ပါသည်။

ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန် အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင် ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည် ၀ါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။

ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြ သည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင် ဆင် ဖေါ်ပြအပ်ပါသည် ။

 ဒေါက်တာဆိတ်ဖွားဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက် စာ မျက်နှာများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော် ပင်ပြန့်နှံ့နေခဲ့ပါသည်။
ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန် ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန် အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင် ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ဆီးရီးယားသမ္မတ ခိုလှုံနေသည်ဟုဆို

Photo: ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ဆီးရီးယားသမ္မတ ခိုလှုံနေသည်ဟုဆို
Sunday, January 20, 2013 

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ၄င်း၏ မိသားစုသည် ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ခိုလှုံနေသည်ဟု သတင်းများတွင် ဖော်ပြသည်။

ပြဿနာပတ်လည် ဝိုင်းနေသော အာဏာရှင် အာဆတ်သည် ၄င်း၏ မိသားစု၊ လက်ထောက်တချို့နှင့် အတူ ဆီးရီးယားကမ်းလွန်ပင်လယ်ပြင်ရှိ စစ်သင်္ဘော တစ်စင်းဆီသို့ သွားရောက်သည်ဟု သတင်းများတွင်
ဖော်ပြသည်။ 

ဆီးရီးယားသမ္မတသည် ရုရှား၏ ကာကွယ်စောင့်ရှောက်ပေးမှု
အောက်တွင်နေထိုင်လျက်ရှိကြောင်း၊ ယင်းမှာ ၄င်းအား နိုင်ငံရေးခိုလှုံခွင့်
ပေးအပ်ခြင်းဖြစ်ကြောင်း လုံခြုံရေး သတင်းရပ်ကွက်များက ဆော်ဒီနေ့စဉ် သတင်းစာတစ်စောင်က ပြောကြားသည်ဟု အစ္စရေးတိုင်းမ် သတင်းစာက သတင်းဖော်ပြသည်။ 

ဒမတ်စကတ်မြို့တော် အတွင်းသို့ အတိုက်အခံ တပ်ဖွဲ့များဝင်ရောက်
လာခြင်းအပေါ် သမ္မတအာဆတ်၏ စိုးရိမ်ပူပန်မှုမှာ စစ်သင်္ဘောဆီသို့ ၄င်းထွက်ခွာရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်ဟု
ထောက်လှမ်းရေး သတင်းရပ်ကွက်များက ရေးသားဖော်ပြသည်။ 

ရုရှားသည် ၂ဝ၁၁ ခုနှစ် မတ်လက ဆီးရီးယားနိုင်ငံတွင် လူထုအုံကြွမှု ဖြစ်ပွားပြီးနောက်ပိုင်း အာဆတ်အစိုးရ၏ အမာခံ မဟာမိတ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး
ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။ 

(ဒေးလီးမေးလ်)
Khit Lu Ngeဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်နှင့် ၄င်း၏ မိသားစုသည် ရုရှားရေတပ်မှ စောင့်ကြပ်ပေးသည့် စစ်သင်္ဘောတစ်စင်းပေါ်တွင် ခိုလှုံနေသည်ဟု သတင်းများတွင် ဖော်ပြသည်။
ပြဿနာပတ်လည် ဝိုင်းနေသော အာဏာရှင် အာဆတ်သည် ၄င်း၏ မိသားစု၊ လက်ထောက်တချို့နှင့်အတူ ဆီးရီးယားကမ်းလွန် ပင်လယ်ပြင်ရှိ စစ်သင်္ဘော တစ်စင်းဆီသို့ သွားရောက်သည်ဟု သတင်းများတွင်ဖော်ပြသည်။

787 Dreamliner လေယာဉ်များ ဘိုးရင်း ကုမ္ပဏီ ပြန်လည် စစ်ဆေးမည်

Photo: 787 Dreamliner လေယာဉ်များ ဘိုးရင်း ကုမ္ပဏီ ပြန်လည် စစ်ဆေးမည်
Sunday, January 20, 2013 

ဘိုးရင်း ကုမ္ပဏီ ထုတ် 787 Dreamliner လေယာဉ် များတွင် တပ်ဆင် ထားသော ဘက်ထ ရီသည် မီးလောင်မှုကို ဖြစ်ပေါ် စေနိုင်သည့် အန္တရာယ် ရှိသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်၍ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဘိုးရင်း ကုမ္ပဏီက ဇန်နဝါရီ 
၁၇ ရက် တွင် ပြောကြား ခဲ့သည်။

ဂျပန် လေကြောင်းလိုင်းမှ Dreamliner လေယာဉ်သည် ဇန်နဝါရီ ၁၆ ရက်က အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အမေရိကန် လေယာဉ် ပျံသန်းရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနချုပ် FAA က ယင်းလေယာဉ် ပျံသန်းမှု အားလုံးကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် ဂျပန်၊ အိန္ဒိယနှင့် ချီလီနိုင်ငံ တို့ရှိ လေယာဉ် ပျံသန်းရေး အဖွဲ့အစည်း များက အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်ခဲ့ခြင်း
ဖြစ်သည်။ 

All Nippon ဂျပန် လေကြောင်း လိုင်းမှ S787 Dreamliner လေယာဉ် တစ်စင်း ဘက်ထရီ ယိုစိမ့်မှုကြောင့် အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အဆိုပါ လေယာဉ် တွင် တပ်ဆင်ထားသော ဘက်ထရီသည် မီးလောင် နိုင်ဖွယ် ရှိကြောင်း FAA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြ၀တီဘိုးရင်း ကုမ္ပဏီ ထုတ် 787 Dreamliner လေယာဉ် များတွင် တပ်ဆင် ထားသော ဘက်ထ ရီသည် မီးလောင်မှုကို ဖြစ်ပေါ် စေနိုင်သည့် အန္တရာယ် ရှိသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ အဆိုပါ လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်၍ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဘိုးရင်း ကုမ္ပဏီ က ဇန်နဝါရီ ၁၇ ရက် တွင် ပြောကြား ခဲ့သည်။
ဂျပန် လေကြောင်းလိုင်းမှ Dreamliner လေယာဉ်သည် ဇန်နဝါရီ ၁၆ ရက်က အရေးပေါ် ဆင်းသက် ခဲ့ပြီးနောက် အမေရိကန် လေယာဉ် ပျံသန်းရေး ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနချုပ် FAA က ယင်းလေယာဉ် ပျံသန်းမှု အားလုံးကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်

Photo: အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် ထားရှိသော ရွှေချောင်းများကို ဂျာမနီ ပြန်လည် ယူဆောင်မည်
Sunday, January 20, 2013 

အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင်ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်း များစွာကို ယခုအခါတွင် ဂျာမနီနိုင်ငံ ဗဟိုဘဏ်သို့ ပြန်လည် ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရွှေချောင်းများကို အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် အဆင့်မြင့် လုံခြုံရေး ဆိုင်ရာ နည်းစနစ် များဖြင့် ရှစ်နှစ်ကျော်ကြာ သိမ်းဆည်း ထားကြောင်း သိရသည်။ ပြင်သစ်နိုင်ငံရှိ ဘဏ်တိုက်တွင် ထည့်သွင်း ထားသော ရွှေ တန်ချိန် ၃၇၄ တန်ကို ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက် ၏ အလုံတိုက်ခန်း အတွင်းသို့ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြန်လည်ရွှေ့ ပြောင်းယူ မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။ 

ထို့ပြင် အမေရိကန် ပြည်ထောင်စု နယူး ယောက်မြို့ရှိ ဘဏ်တိုက်တွင် ထည့်သွင်းထားသည့် ရွှေတန်ချိန် ၃ဝဝ ကိုလည်း ပြန်လည် ရွှေ့ပြောင်း
ယူဆောင် တော့မည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

ထိုရွှေချောင်း များ၏ ယခုလက်ရှိ ကာလ ပေါက်ဈေးမှာ အမေရိကန်
ဒေါ်လာ ၃၆ ဘီလီယံ တန်ဖိုးရှိပြီး ဂျာမနီ နိုင်ငံ၏ အရန် ရွှေပမာဏ၏ 
၁၉ ရာခိုင် နှုန်းရှိကြောင်း၊ အမေရိကန် နိုင်ငံပြီးလျှင် ဂျာမနီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ရွှေ ပမာဏ အများဆုံး ပိုင်ဆိုင်သည့်
နိုင်ငံ ဖြစ်ကြောင်း သိရသည်။

ရွှေချောင်းများကို ပြန်လည် ရွှေ့ပြောင်း ယူငင်ပြီး ပါက ဂျာမနီ နိုင်ငံ၏ အရံ ရွှေပမာဏ တန်ချိန် ၃၄ဝဝ ၏ ထက်ဝက်ခန့်ကို ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက်တွင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ဂျာမနီနိုင်ငံသို့ ရွှေချောင်းများ ပြန်လည် ယူဆောင်ရာတွင် မည်သည့် နည်းလမ်းဖြင့် ယူဆောင်မည်ကို ဗန်ဒက်စ် ဘဏ်တိုက်က ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။

မြ၀တီအမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံ အတွင်းရှိ ဘဏ်များ တွင် ထားရှိသော ဂျာမနီနိုင်ငံမှ ရွှေချောင်း ထောင်ပေါင်း များစွာကို ယခုအခါတွင် ဂျာမနီနိုင်ငံ ဗဟိုဘဏ်သို့ ပြန်လည် ယူဆောင်တော့ မည်ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ရွှေချောင်းများကို အမေရိကန်နှင့် ပြင်သစ်နိုင်ငံရှိ ဘဏ်များတွင် အဆင့်မြင့် လုံခြုံရေး ဆိုင်ရာ နည်းစနစ် များဖြင့် ရှစ်နှစ်ကျော်ကြာ သိမ်းဆည်း ထားကြောင်း သိရသည်။ ပြင်သစ်နိုင်ငံရှိ ဘဏ်တိုက်တွင် ထည့်သွင်း ထားသော ရွှေ တန်ချိန် ၃၇၄ တန်ကို ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့တ်မြို့ရှိ ဗန်ဒက်စ် ဘဏ်တိုက် ၏ အလုံတိုက်ခန်း အတွင်းသို့ ၂ဝ၂ဝ ပြည့်နှစ် တွင် ပြန် လည်ရွှေ့ ပြောင်းယူ မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန် ရှိသူများက ပြောကြားခဲ့သည်။

စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်

Photo: စက်လှေနစ်မြုပ်မှု ငါးရက်မြောက်သော်လည်း ဆယ်ယူရန်ကြိုးစားဆဲဖြစ်
Sunday, January 20, 2013 

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန်ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ထွက်ခွာမည့်
ငွေဝင်တိုးအမည်ရှိ ကုန်တင်စက်လှေကြီးတစ်စီး နစ်မြုပ်သွားကြောင်း 
သိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွားခဲ့သော်လည်း
စက်လှေပေါ်ပါ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ယခုချိန်ထိ
ပြန်လည်ဖော်ယူနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ယင်းဆိပ်ကမ်းရှိ အလုပ်သမားတာဝန်ခံက ပြောကြားသည်။

ယင်းသင်္ဘောသည် ဇန်နဝါရီလ ၁၅ရက်နေ့တွင် နံနက် လေးနာရီ
ခန့်တွင် အသင့်တင်ထားသော ကုန်ပစ္စည်းများဖြင့် စက်လှေ ထွက်ရန် ပြင်ဆင်စဉ် ဦးလှည့်ရင်း ရေစီးအားကြောင့် ယခုကဲ့သို့ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း စက်လှေပိုင်ရှင်က ပြောကြား သည်။

“စက်လှေပေါ်မှာ ငရုတ်သီး၊ ကြက်သွန်၊ ဆန်၊ ကြက်စာနှင့် အခြားကုန်ပစ္စည်းတွေ ပါတယ်။ ထွက်ဖို့ တစ်နာရီလောက်
အလိုမှာ ဖြစ်တာ၊ ကာလပေါက်ဈေးဆိုရင် စက်လှေချည်းပဲ တစ်ထောင်လောက်တန်တယ်’’ ဟု ပိုင်ရှင်ဦးသန်းဦးမှ
ပြောကြားသည်။

စက်လှေ ပြန်လည်ဖော်ယူရန် ရန်ကုန်မှ အဖွဲ့တစ်ခုအား
သိန်း၁၄၀ ဖြင့် ငှားရမ်းထားပြီး အမြန်ဆုံး ပြန်လည်ဖော်ယူ
နိုင်ရန် ကြိုးစား လျက်ရှိကြောင်းလည်း ပြောကြားသည်။
ပြန်လည်ဖော်ယူ ရရှိပါကလည်း အားလုံးကို အချိန်ကာလ တစ်ခုအထိ ပြန်လည်မွမ်းမံ ယူရမည်ဖြစ်ကြောင်း၊ လွန်းတင်ခြင်း၊ အင်ဂျင်များပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း
လည်း ပြောကြားသည်။

“ဟိုရက်ကဆို ကျွန်တော်တို့ စက်လှေအနားတောင် ကပ်လို့
မရပါဘူး။ ပစ္စည်းဆယ်ယူသူများက ဝိုင်းပြောကြလို့ပါ။ ပစ္စည်း ဆယ်သူများက ဘယ်ကလာမှန်း မသိပါဘူး။ ကျွန်တော်တို့ ပိုင်ရှင်တွေတောင် ကိုယ့်စက်လှေက ကုန်ပစ္စည်းတွေကို တစ်ခုမှ မရသေးပါဘူး။ ပေါ်လာတာနဲ့ အကုန်ဝိုင်း လုကြတာပါ”ဟု ပြန်လည် ဆယ်ယူရာတွင် စက်လှေပေါ်ပါ ပစ္စည်းများအား ရရှိသူ ယူနိုင်သည်ဟု သတင်းများထွက်နေခြင်းအပေါ် ဦးသန်းဦးမှ ဆက်လက်ပြောကြားသည်။

“စက်လှေ ပေါ်မှာ အစုံပဲ၊ ဆန်၊ကြက်သွန်၊ ကုန်စုံ၊ တခြားကုန်တွေ
လည်း ပါတယ်၊ ကာလတန်ဖိုးဆို ကုန်ချည်းပဲ သိန်းလေးရာ၊ ငါးရာ
လောက်ရှိမယ် ထင်တယ်”ဟု ဆိပ်ကမ်းမှ အလုပ်သမား တစ်ဦးက ပြောကြားသည်။

စက်လှေ အားပြန်လည်ဆယ်ယူရာတွင် သင်္ဘောဝမ်းတွင်းရှိ
ကုန်များအား အပြင်ထုတ်ပြီး ပေပါခွံများအား အစားထိုး၍
ပြန်လည်ဆယ်ယူကြမည်ဖြစ်ကြောင်းလဲ ပြောကြားသည်။

ယင်းကုန်တင်စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်း အာဏာပိုင်များအား မေးမြန်းခဲ့သော်လည်း တစ်စုံတရာ
ပြန်လည် ဖြေကြားခွင့် မရှိကြောင်း ယင်းဆိပ်ကမ်းမှ နယ်ထိမ်းက ပြောကြားသည်။

အောင်ပြည့်
The Myanma Ageရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် သင်္ဘောဆိပ်ကမ်းတွင် လွန် ခဲ့သော လေးရက်ခန့်က ရန်ကုန်မှ မြိတ်သို့ထွက်ခွာမည့် ငွေဝင် တိုး အမည်ရှိ ကုန်တင်စက်လှေကြီးတစ်စီး နစ်မြုပ်သွားကြောင်းသိရပြီး တစုံတရာ ထိခိုက်သေကြေမှု မဖြစ်ပွားခဲ့သော်လည်းစက်လှေပေါ်ပါ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ယခုချိန်ထိပြန်လည်ဖော်ယူနိုင်ရန် ကြိုးစားလျက်ရှိကြောင်းယင်းဆိပ်ကမ်းရှိအလုပ်သမားတာဝန်ခံက ပြော ကြား သည်။

ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်

Photo: ကေအိုင်အေကို တာဝန်ခံမည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ရှိဖို့ လိုပါတယ်
Sunday, January 20, 2013 

၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခုအချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်းတယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာကိုပဲ ကျေးဇူးတင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်ကလည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်းအထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာလာတဲ့အထိ ငြိမ်းချမ်းရေး မရနိုင်တာပါပဲ။

 ကေအိုင်အေ ရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကေအိုင်အေ ဆိုတာ ကေအိုင်အို အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထားချိန်ကာလမှာ လိုင်ဇာမြို့မှာ ဌာနချုပ်ထားပြီး သီးသန့် နေထိုင်တဲ့ တပ်ဖွဲ့ပါ။ သို့သော်လည်း ကေအိုင်အေရဲ့ တပ်စခန်းတွေ တည်ရှိတဲ့ မြေပုံအရတော့ ကေအိုင်အေဟာ သာမန် အပစ်ရပ် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့ မဟုတ်ဘူးလို့ သုံးသပ်ရနိုင်ပါတယ်။ အဲဒီ နောက် တာပိန်ရေအား လျှပ်စစ်ပြဿနာ ဖြစ်တယ်။ တိုက်ပွဲတွေ စတင်လာတယ်။ တိုက်ပွဲကာလ အစမှာတော့ နယ်မြေ ပြဿနာ အဖြစ် စတင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတဲ့ ခေါင်းစဉ်တွေ ပါလာခဲ့ပါတယ်။ ဆုံးဖြတ်ချက် အတိအကျ မချနိုင်ခဲ့တဲ့ ဆွေးနွေးပွဲများ အဆုံး၊ လဂျားယန်ကို ရိက္ခာပို့ အုပ်ချုပ် မှု လုပ်ရန် ဆိုတဲ့ အကြောင်းကြားစာ အပြီးမှာတော့ အစိုးရသစ် လက်ထက် အပြင်းထန်ဆုံး တိုက်ပွဲ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။

 
ဒီအချိန်မှာ တပ်မတော်ရဲ့ အနေအထားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ မြစ်ကြီးနားမှာ မပခ စစ်ဌာနချုပ် ဖွင့်ထားတဲ့ တပ်မတော်ဟာ လွတ်လပ်ရေး ရပြီးကထဲက မြန်မာနိုင်ငံရဲ့ တပ်မတော် အဖြစ်ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ အပစ် အခတ် ရပ်စဲထားချိန် အတွင်း ကချင်ပြည်နယ် အတွင်း သယံဇာတတွေရဲ့ မှောင်ခိုလမ်းကြောင်းမှာ ကေအိုင်အေနဲ့အတူ တပ်မတော် စခန်းတွေလည်း အကျိုးအမြတ်တွေ ရရှိခဲ့ကြတာလဲ လူတိုင်း သိနေတဲ့ အချက်ပါ။ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီ ဆိုတာနဲ့ ကေအိုင်အေ တပ်ရင်းတွေ ၀ိုင်းရံအခြေကျပြီး ဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ တပ်စခန်းတွေမှာ လုံခြုံမှု မရှိတော့ပါဘူး။

 စစ်ပွဲ တစ်ခုရဲ့ သဘောတရားအရတော့ ရန်သူ၊မိမိ (၂)မျိုးသာ ခွဲခြားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ ဖြစ်ပါ တယ်။ တပ်မတော် စခန်းကို ကေအိုင်အေက ဘေးက တောင်ကုန်းကနေ စိုးမိုးပြီး ပစ်ခတ်တယ်ဆိုရင် ထိုစခန်း ကို သိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းအထိ ထိုးဖောက်နေတဲ့ တပ်မတော် စခန်းတွေ အတွက် အုပ်ချုပ်ဆက်သွယ်မှု ဆောင်ရွက်ရာမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာရင် အဆိုပါ လမ်းကြောင်း တစ်လျှောက်ကိုလည်း ရှင်းလင်းရမှာပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းမှ အပ ဆိုတဲ့ စကားဟာ အရမ်းကို ကျယ်ပြန့်ပါတယ်။ အဆိုးဆုံး အဓိပါယ်ဖွင့်ရင် ကိုယ့်ကိုကိုယ် မသေအောင် ခုခံကာကွယ်ဖို့ ကိုယ့်ကို သတ်မယ့်သူကို အရင်သတ်ရတာပါပဲ။ တပ်မတော်ကလည်း ထိုနည်းဗျူဟာ အတိုင်း ကျင့်သုံးသလို၊ ကေအိုင် အေဘက်ကလည်း ထိုအတိုင်းပဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။

 
အပစ်အခတ်တွေ စတင်ခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ လျွှတ်တော် အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူး။ ကချင်စစ်ပွဲရပ် ဆိုတဲ့ ဆန္ဒပြမှု မတိုင်ခင်မှာ သမ္မတကြီးက ထိုးစစ်ရပ် ဆိုတဲ့ အမိန့်ထုတ်ပြန်ခဲ့သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း သမ္မတရုံး ၀န်ကြီး တစ်ပါး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လက်ရှိ ကချင်ပြည်နယ် အစိုးရနဲ့ စင်ပြိုင် နောက်ထပ် အစိုးရ တစ်ခုဖွဲ့ပေးဖို့၊ အစိုးရရဲ့ အာဏာသက်ရောက်မှု မဖြစ်နိုင်တော့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခု ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲမှာ လက်ပံတောင်းလို ဆူပူမှုမျိုးတွေ၊ ရခိုင်က ဘင်္ဂလီအရေးတွေကြောင့် ဖြေရှင်းနေရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။

 
ကချင်စစ်ပွဲအတွက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် ကော်မရှင်ဖွဲ့တယ်၊ဆွေးနွေးတယ် ဆိုတာက တစ်ခု၊ သမ္မတကြီးက နေပြည်တော်ကို လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်တာက တစ်ခုဟာ ၂၀၁၃ မတိုင်ခင်မှာ ရှိခဲ့ပေမယ့် ကေအိုင်အေရဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အပြန်အလှန် မယုံကြည်မှုတွေကြောင့် အကောင်အထည် မပေါ်လာခဲ့ပါဘူး။

 ယခု ၂၀၁၂ နှစ်ဆန်းပိုင်းမှာတော့ သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ အဆုံးစွန်သော အလျော့ ပေးမှုတွေကို တွေ့မြင်ရပါတယ်။ လွှတ်တော် အမတ်များရဲ့ စိတ်ဝင်စားမှုတွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲပါ့မယ်ဆိုတဲ့ ကေအိုင်အေရဲ့ ကတိကို ရဖို့ တာဝန်ခံနိုင်တဲ့သူ၊ အကြမ်းဖက်မှုတွေ မပြုလုပ်အောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ဝံ့တဲ့သူ၊ နှစ်ဖက် အဖွဲ့အစည်းကြားမှာ နိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ပြောဆိုတဲ့သူကတော့ ပေါ်မလာသေးပါဘူး။

 လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ရင်ဆိုင်ထားတဲ့ နေရာမှာ နှစ်ဖက်စလုံး တစ်ပြိုက်နက် အပစ်မရပ်နိုင်ရင် စရပ်တဲ့သူ သေဆုံးမှု များပြားတာပါပဲ။ အပစ်ရပ်ဖို့ ကြေငြာခဲ့ပြီး နောက်တစ်နေ့မှာ ကာမိုင်းရဲစခန်းကို ၀င်စီးတာက သက်သေပါ။ အပစ်ရပ်ဆိုပြီး အကြမ်းဖက်လာ၇င်တော့ ခုခံကာကွယ်ရမှာ ဖြစ်ပါတယ်။ ထွက်သွားဆိုပြီး ပိုက်ဆံနဲ့ အော်လို့ မရသလို နောက်တစ်ဖန် မလာရောက်နိုင်အောင်လဲ မောင်းထုတ်ရမှာက စစ်ပွဲသဘောပါ။

 ဒီတော့ ကချင်စစ်ပွဲကို ရပ်ဆိုတာ တစ်ဖက်သတ် အပစ်ရပ်ယုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးနေစဉ်မှာလဲ ပစ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ပြောသလို အပစ်ရပ်ဆိုတာ လွှတ်တော်မှာ တင်သွင်းယုံနဲ့ ပြီးသွားနိုင်မှာ မဟုတ်သလို အပစ်အခတ်တွေလည်း ရပ်စဲမသွားနိုင်ပါဘူး။ ကေအိုင်အေ လိုချင်တာဟာ အပစ်အခတ်ရပ်စဲမှုတင် မဟုတ်ဘဲ ကေအိုင်အေ ဦးစီးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် အစိုးရ၊ ကချင်ဒေသ အစိတ်အပိုင်းတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆိုတာကိုလည်း ထည့်စဉ်းစား ပေးရမှာပါ။ သိနေပါလျှက် မသိဟန်ဆောင်ပြီး နာမည်ကောင်းထွက်ယုံ ကချင်စစ်ပွဲအကြောင်း ပြောနေဖို့ အချိန် မဟုတ်တော့ဘူး ဆိုတာ ပြည်သူ တစ်ရပ်လုံး သဘောပေါက်နေပါပြီ။

 တပ်မတော် စခန်းတွေ ဆုတ်ပေးဖို့ ကေအိုင်အေက တောင်းဆိုပါလိမ့်မယ်။ ခပ်လွယ်လွယ် စကားနဲ့ ဆုတ်ဆို တိုင်း ဆုတ်လို့ မရတာတွေကို တစ်နှစ်ခွဲကျော် သက်သေပြခဲ့ပြီးပါပြီ။ အပစ်ရပ်တာတွေ ဖြစ်စေချင်တယ်ဆိုရင် တော့ ကေအိုင်အေဘက်က တာဝန်ခံပေးမယ့်၊ ကေအိုင်အေကို ငြိမ်းချမ်းရေး စကားဝိုင်းထဲ ရောက်အောင် လုပ်ပေးနိုင်မယ့် လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုပဲ လိုအပ်တယ်ဆိုတာ ကချင်စစ်ပွဲ အတွက် အဖြေပါ။ အဖြေမရှိတဲ့ ပုစ္ဆာကို ကျွန်တော်တို့ မဲပေးခဲ့သူတွေ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တွက် နေကြအုံးမလဲဗျာ။…

Opposite Eye၂၀၁၁ ခုနှစ် ဇွန်လက စပြီး ယနေ့ ၂၀၁၃ ဇန်န၀ါရီထိ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့တဲ့ ကချင်ဒေသအတွင်းက စစ်ပွဲ တွေနဲ့ ပက်သတ်ပြီး ယခု အချိန်မှာတော့ လူတွေ အပြည့်အ၀ အာရုံစိုက်လာကြပါပြီ။ ကံကောင်း တယ်လို့ ပြော လို့ ရအောင် ပြည်တွင်း ဆူပူမှုတွေ မရှိတာ ကိုပဲ ကျေးဇူး တင်ရမလိုလို ပါပဲ။ စစ်ပွဲ စတင်ချိန်က စလို့ ငြိမ်းချမ်း ရေး စကားကို တပ်မတော်ကလည်း တွင်တွင်သုံးခဲ့တယ်။ ကေအိုင်အေ ဘက်က လည်း နိုင်ငံရေးအရ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စကို အပြင်း အထန် ဆွေးနွေးခဲ့တယ်။ အဖြေကတော့ စစ်ပွဲ ၁ နှစ်ခွဲကြာ လာတဲ့
Photo: နိုင်ငံတော် သမ္မတနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်တွေ့ဆုံ ပွဲကို ရန်ကုန်တိုင်းလွှတ်တော် အဆောက်အအုံတွင် ပြုလုပ်နေပြီဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အရပ်ဖက် လူမှု အဖွဲ့ အစည်းများနှင့်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်တည်
ဆောက်ရန်နှင့် မိမိတို့ အစိုးရသည် ပြည်တွင်းရှိ တိုင်းရင်းသား အခွင့်အရေးများ၊ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူတစ်ရပ်လုံးပါဝင် ရန် အရပ်ဖက် လူ့အဖွဲ့
အစည်းများလည်း ပါဝင်ရန် လိုအပ်ကြောင်း၊ ယခု ဖြစ်ပွားနေသော မိမိတို့ အစိုးရနှင့် ကချင် ပြည်နယ်မှ ကေအိုင်အေ ၊ကေအိုင်အို အဖွဲ့ တို့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်
ရောက်ရှိရန် တိုက်တွန်း လုပ်ဆောင်စေချင်ကြောင်း၊မိမိအနေဖြင့်လည်း လိုင်ဇာ အား အပြီးသတ်ချေမှုန်း ရန် မပြုလုပ်ပဲ အပစ်အခတ် ရပ်စဲရန် အမိန်ပ ပေးထားပြီ ဖြစ်ကြောင်းထို့ကြောင့်အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း တစ်ဦးတစ်ယောက်ထဲ အဖြစ်သော်လည်းကောင်း ၀ိုင်းဝန်းလုပ်ဆောင်
သွားရန် လိုအပ်ကြောင်း ၊မိမိတိျု့နိုင်ငံရေး လူမဖှု ရေး အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံရေး စီးပွားရေးနှင့် လူမှု ရေးကို ပူးပေါင်းလုပ်ဆောင် သွားရန် အားလုံးတွင် တာဝန်ရှိကြောင်း၊အဖွဲ့အစည်းများကိုလည်း တရားဝင် ဖွဲံ့စည်းခွင့်ပေးထားပြီးကြိုဆိုနေကြောင်း အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

Popular Myanmar
Photo Irrwaddy နိုင်ငံတော် သမ္မတနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်တွေ့ဆုံ ပွဲကို ရန်ကုန်တိုင်းလွှတ်တော် အဆောက်အအုံတွင် ပြုလုပ်နေပြီဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အရပ်ဖက် လူမှု အဖွဲ့ အစည်းများနှင့်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်တည်ဆောက်ရန်နှင့် မိမိတို့ အစိုးရသည် ပြည်တွင်းရှိ တိုင်းရင်းသားအခွင့်အရေးများ၊ငြိမ်းချမ်းရေးဖြစ်စဉ် များတွင် ပြည်သူ တစ်ရပ် လုံးပါဝင် ရန် အရပ်ဖက် လူ့အဖွဲ့အစည်းများလည်း ပါဝင်ရန်

ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု ဒေါ်စုပြောကြား

Photo: ငြိမ်းချမ်းရေးရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု
ဒေါ်စုပြောကြား
Saturday, 19 January 2013



ပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံးတွင်
တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ်တွင်
ပြောကြားသည်။

၎င်း၏ ပဲခူးခရီးစဉ်တွင် ပါဝင်သော ကျောက်ကြီးမြို့နယ်၊မုန်းမြို့ရှိ
ဒေသခံတို့အားပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးမရရှိ
သေးသည့် အချက်များတွင် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့စည်းတစ်ခုနှင့်
တစ်ခုတို့ နားလည်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

"ငြိမ်းချမ်းရေးဆိုတာ အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ ကြိုးစားပြီး
လုပ်ယူရမယ့် ကိစ္စပါ။ ဒီလိုမကြိုးစားနိုင်လို့ ရှိရင် ငြိမ်းချမ်းရေး
မရှိခြင်းရဲ့ အနိဌာရုံတွေကိုကျွန်မတို့ ခံစားရမှာ ဖြစ်ပါတယ်" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆိုသည်မှာ ပူပင်စိုးရိမ်ကြောင့်ကြမှု ကင်းခြင်းအား ဆိုလိုခြင်းဖြစ်ပြီး ၎င်းအနေဖြင့်"ကိုယ့်ရဲ့ ပက်ဝန်းကျင်က မငြိမ်းချမ်းရင် ကိုယ့်ရဲ့ ပက်ဝန်းကျင်က မလုံခြုံရင် ဘယ်သူကငြိမ်းချမ်းမှာလဲ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် တစ်ယောက်ခြင်း
တစ်ယောက်ခြင်းမှာ ကြိုးစားဖို့လိုတယ်" ဟုဆိုသည်။

ငြိမ်းချမ်းရေးရရန်အတွက် မည်သူ့တွင်တာဝန်ရှိသည်ဟု လက်ညိုးထိုး
နေမည့်အစားမိမိတို့ ကိုယ်ကိုမိမိတို့ လက်ညိုးထိုး၍ မိမိသည်လည်း တာဝန်ရှိသည်ဟု ခံယူချက်များထားရှိရမည်ဖြစ်ကြောင်း သိရသည်။

"အများစုက ကိုယ့်ကိုကိုယ် ဘယ်တော့မှ လက်ညိုးမထိုးဘူး၊ ဟိုဘက်က လူတွေကိုဘဲ လက်ညိုးထိုးတာ။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒါပေမယ့် ကျွန်မတို့က ဒီဟာတွေကိုပြောင်းလဲနိုင်မှ လိုချင်တဲ့ငြိမ်းချမ်းရေးကို ရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုလက်ရှိတွင်မုန်းမြို့ရှိ ဒေသခံများတွင် ပြည်တွင်းငြိမ်းချမ်းရေး မရခြင်းကို အကြောင်းပြု၍ မြေမြုပ်မိုင်းများ၏ နှိပ်ဆက်မှုများကြောင့်
ပြည်သူများတွင် မသန်စွမ်းဘဝအထိထိခိုက်ခဲ့မှုများရှိခဲ့ကြောင်း ထပ်မံသိရသည်။
The Myanma Age
စူးရှ
ဓါတ်ပုံ - စူးရှပြည်တွင်းငြိမ်းချမ်းရေး မတည်ငြိမ်မှုကြောင့် ပြည်သူများ ထိခိုက်နစ်နာမှု များ ရှိနေကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်တိုင်းပြည်လုံး တွင်တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပဲခူးခရီးစဉ် တွင်ပြောကြားသည်။
၎င်း၏ ပဲခူးခရီးစဉ်တွင် ပါဝင်သော ကျောက်ကြီးမြို့နယ်၊မုန်းမြို့ရှိဒေသ ခံ တို့အားပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးသည့် အချက်များတွင် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့စည်းတစ်ခုနှင့်တစ်ခုတို့ နား လည်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

သတိလစ်စေရန်ပြုလုပ်နှိင်သည့်ဆေးဝါးများ

Photo: သတိလစ်စေရန်ပြုလုပ်နှိင်သည့်ဆေးဝါးများ
Saturday, 19 January 2013

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်းချက်စာသားများကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့်အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအားဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သောအခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါအပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ

ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ

အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ဖြစ်ခြင်း ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန်ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း

Rohypnol ၏ အာနိသင်များ

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ်ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ(ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီးခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။

Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီကတရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?
ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါ သည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင်ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီးအများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့်ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူကမည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များ အားမှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်မည်သည့်အချိန်တွင်မဆို အထူးဂရုပြု သင့် ပါကြောင်း။ ။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Dr.Pwint Phyu Phyu
Senior Program Officer
Care Lashio

Ref: *http://kyawthetlatt.blogspot.com/*, “Date rape drugs”

ဗဟုသုတ

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ကိုအထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာအပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်းသိကြပြီးဖြစ်မည့် အမြင်ရိုင်းသောရှင်းလင်း ချက်စာသား များကိုဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်.............................................. ယခုပြော မည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။

ပြည်ပအလုပ်အကိုင်အကြောင်းပြ..ငွေလိမ်မှုပေါ်ပေါက်

Photo: ပြည်ပအလုပ်အကိုင်အကြောင်းပြ..ငွေလိမ်မှုပေါ်ပေါက်
Saturday, 19 January 2013 

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း  မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက်နေ   ဦးစုဝင်း (ခ) ဦးစုဝေနှင့် ၄င်း၏ ညီတော်သူ ဦးတင်အုန်းတို့က ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိ မည်ဟု
ညောင်လွင့်ကျေးရွာနေ  ရာအိမ်မှူးဟောင်းဦးဇော်မင်းသိန်း ထံသို့ ရောက်ရှိပြောဆိုပြီး လူငယ် များကို စုဆောင်းခဲ့ကြောင်း၊ 
တစ်ဦးလျှင် (၂) သိန်းကျပ်နှုန်းဖြင့် (၁၂)  ဦးရရှိခဲ့ကြောင်း၊ 
စုစုပေါင်းငွေ (၂၄) သိန်းကျပ် ကိုဦးဇော်မင်းသိန်း  မှ လက်ခံရယူပြီး စာချုပ်စာတမ်း များပြုလုပ်ခဲ့ရာ အလုပ်အကိုင်လုပ်လိုသူကိုယ်စား
လက်မှတ်ရေးထိုး ခဲ့ပြီး သက်သေများအဖြစ် (၁) ဦးမြင့်သိန်း (ညောင်ခြေထောက် ၂ ရပ်ကွက်) နှင့် (၂) ဦးသိန်းဟန်  (ညောင်လွင့်အုပ်ချုပ်ရေးမှူးဟောင်း)  တို့မှ လက်မှတ်ရေးထိုးခဲ့ပြီး 
ဦးစုဝင်း (ခ) ဦးစုဝေသို့ငွေနှင့် အလုပ်လုပ်ကိုင်မည့်သူများကို လွှဲပြောင်းပေးခဲ့ကြောင်း သိရ သည်။

ထို့နောက် အလုပ်လုပ်ကိုင် မည့်သူများကို မြ၀တီမြို့သို့ပို့ဆောင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေးအတွက် စောင့်ဆိုင်းခိုင်းကာ နံနက်၊ ည ကြက်ဥ
တစ်လုံးစီဖြင့် ထမင်း (၂) နပ်ကျွေးကာ ရက် (၃၉) ရက်ကြာသည်အထိ အလုပ်အကိုင်မရရှိ သောကြောင့် မိမိတို့၏ဆန္ဒသဘော  အရ (၁၂) ဦး
စလုံးမှပြန်လာခဲ့ရ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဇော်မင်းသိန်းနှင့် ဦးတင်အုန်း၊ ဦးစုဝင်း (ခ) ဦးစုဝေ တို့အားမိမိ တို့၏ ငွေများအား
ပြန်လည်ပေး ဆောင်ရန် အလုပ်မရရှိသည့် (၁၂) ဦးတို့မှပြောပြရာ 
၎င်းငွေ များကိုပြန်မပေးနိုင်ကြောင်း တိုင် ချင်ရာသို့တိုင်ကြား
နိုင်ကြောင်း ပြောဆိုလာမှုအပေါ် ၁၈.၁၂.၂၀၁၂ နေ့တွင် ညောင်လွင့်
ကျေးရွာမှ (၁) မောင်ဝင်းလှိုင်၊  (၂) မောင်ဇော်နိုင်ဦး၊ (၃) မောင် ဇင်မင်းထွန်း၊ (၄) မောင်ရဲဝင်းလတ်၊ (၅) မောင်ဝင်းကို၊(၆) မောင်ဝင်းဇော်ဦး၊ 
(၇) မောင်သန့်ဇင်ဦး၊ တို့က  ညောင်ခြေထောက်ရဲစခန်းသို့ 
အမှုဖွင့်တိုင်တန်းခဲ့ကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် ရဲစခန်းက (ပ) ၄/၂၀၁၃ ပြည်ပ  အလုပ်အကိုင်ပုဒ်မ (၂၆) ဖြင့် ဒု ရဲအုပ် မင်းမင်းလတ်မှတရားလိုပြုကာ
အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။

မင်းနေနိုင်
ွှThe Hot Newsပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အုပ်စု အမှတ် (၁) ရပ်ကွက်နေ ဦးစုဝင်း (ခ) ဦးစုဝေနှင့် ၄င်း၏ ညီတော် သူ ဦးတင်အုန်းတို့က ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိ မည်ဟုညောင် လွင့်ကျေးရွာနေရာအိမ်မှူးဟောင်းဦးဇော်မင်းသိန်းထံသို့ ရောက် ရှိပြော ဆိုပြီးလူငယ်များကိုစုဆောင်းခဲ့ကြောင်း၊တစ်ဦးလျှင်(၂)သိန်းကျပ်နှုန်း
ဖြင့်(၁၂) ဦးရရှိခဲ့ကြောင်း၊စုစုပေါင်းငွေ (၂၄) သိန်းကျပ် ကိုဦးဇော်မင်းသိန်း မှ လက်ခံရယူပြီး စာချုပ်စာတမ်း များပြုလုပ်ခဲ့ရာ အလုပ်အကိုင်လုပ်လိုသူကိုယ်စားလက်မှတ်ရေးထိုး ခဲ့ပြီး သက်သေများ

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ် ပွား

Photo: မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ် ပွား
Saturday, 19 January 2013 17:20

ဇန်န၀ါရီ လ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ လာခဲ့ပြီး ခရီးသည်များကို တင်ဆောင်၍ မြိတ်လေဆိပ်သို့ ဆက်လက်ထွက်ခွာရန် လေယာဉ်၏ စက်ပိုင်းဆိုင်များကို စစ်ဆေးစဉ် လေယာဉ်၏ တောင်ပံနှစ်ဖက်တွင်ရှိသော အရှိန်လျှော့သည့် ကိရိယာ(flap)မှာ အလုပ်မလုပ်သည့် အတွက် ထားဝယ်လေဆိပ်တွင် ရပ်နားထားခဲ့ပြီး ရန်ကုန်မြို့ရှိ လေယာဉ် အင်ဂျင်နီယာများကို ခေါ်ယူပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။
“လေယာဉ်တော့ ကြီးကြီးမားမား ဘာမှဖြစ်တာ မဟုတ်ပါဘူး။ ထားဝယ်ကွင်းကို ရောက်ပြီး မြိတ်ကိုဆက်သွားဖို့ ခရီးသည်အားလုံး တင်ပြီး လေယာဉ်က စက်ပိုင်းဆိုင်ရာတွေကို စစ်ဆေးတဲ့အခါမှာ လေယာဉ် ဆင်းသက်တဲ့ အချိန်မှာ အသုံးပြုရတဲ့ တောင်ပံ နှစ်ဖက်မှာရှိတဲ့ အရှိန်လျှော့ တဲ့ ကိရိယာတွေက အလုပ်မလုပ်လို့ လေယာဉ်ပျံ တက်မှု မလုပ်ဘဲ ရန်ကုန်က လေယာဉ် အင်ဂျင်နီယာတွေကို ခေါ်ယူပြင်ဆင် ခဲ့ပါတယ်။ ရန်ကုန်ကနေ F-28 နဲ့ လေယာဉ် အင်ဂျင်နီယာတွေ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ရောက်လာပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ခရီးစဉ်တွေ ကိုတော့ F-28 လေယာဉ်နဲ့ အစားထိုး ပြေးဆွဲပေးခဲ့ပါတယ်။ EMBRAER 190 လေယာဉ်က ထားဝယ်ဘက်က ခရီးစဉ်တွေကို ဒီနေ့မှစပြီး ပြေးဆွဲတာပါ” ဟု ထားဝယ်လေဆိပ် မျှော်စင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ခရီးသည် ၉၀ ဦး တင်ဆောင်လာခဲ့ပြီး မြိတ်မြို့သို့ ခရီးသည် ၆၃ ဦး လိုက်ပါရန် ရှိကြောင်း၊ ယင်းလေယာဉ်ကို အင်ဂျင်နီယာများမှ စစ်ဆေးပြုပြင်ခဲ့ပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာ့လေကြောင်းမှ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် F-28 လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန်အတွက် မြန်မာ့လေကြောင်းမှ ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များကို အငှားဝယ်ယူ ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 Eleven Media Groupဇန်န၀ါရီ လ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင် ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေ ဆိပ် တွင် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်သည် ရန်ကုန်လေဆိပ်မှ ထားဝယ်လေဆိပ်သို့ မွန်းလွဲ ၂

အင်တာနက်တွင်တင်ထားသည့် ၀န်ကြီးဟောင်းဦးအောင်သောင်းသတင်းနှင့်ပတ်သက်ပြီး တောင်သာဒေသခံများလက်မခံ

 
Photo: အင်တာနက်တွင်တင်ထားသည့် ၀န်ကြီးဟောင်းဦးအောင်သောင်းသတင်းနှင့်ပတ်သက်ပြီး တောင်သာဒေသခံများလက်မခံ
Sunday, January 20, 2013 

ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် အင်တာနက်သတင်းများ၌ တွေ့ရှိရသည့်  မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း သတင်းနှင့်ပတ်သက်ပြီး တောင်သာနှင့် တောင်သာမြို့နယ် ၀ဲလောင်ရွာရှိ ဒေသခံပြည်သူများမှ လုံးဝလက်မခံကြောင်း သိရှိရသည်။ ၀ဲလောင်ကျေးရွာနေ ရပ်မိရပ်ဖ အငြိမ်းစားကျောင်းဆရာကြီး  ဦလှကျော်မှ ၄င်းသတင်းနှင့်ပတ်သက်ပြီး လုံးဝမှန်ကန်မှုမရှိကြောင်း၊  ၄င်းအင်တာနက်သတင်းသည် ၀န်ကြီးဟောင်းဦးအောင်သောင်းအား မနာလိုအပုတ်ချလိုသူများမှ လုပ်ကြံဖန်တီးထားခြင်း ဖြစ်ကြောင်း၊ ၀ဲလောင်ကျေးရွာတွင် အိမ်ခြေ (၃၀၀)ခန့်ရှိပြီး အင်တာနက်သတင်းပါ မအေးမို့မို့လှိုင် ဟူသောအမည် ၀ဲလောင်ရွာတွင် မရှိကြောင်း၊ ၄င်းသတင်းနှင့်ပတ်သက်ပြီး သံသယရှိသူများအနေဖြင့် အချိန်မရွေး လာရောက်စုံစမ်းနိုင်ကြောင်း ပြောဆိုသွားသည်။ ထို့ပြင် ၀ဲလောင်ကျေးရွာ ရွှေဥမင်ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးဓမ္မ၀ံသ မှလည်း ၄င်းသတင်း မမှန်ပါကြောင်း၊ ဦးအောင်သောင်းအား တောင်သာတစ်မြို့နယ်လုံးမှ ချစ်ခင်ကြကြောင်း၊ ဆရာတော်မှ ၀န်ကြီးဟောင်းဦးအောင်သောင်းဟာ ၀ဲလောင်ရွာသားပါ။သူ့ကြောင့် ဒီဒေသတွေ ဘာသာသာသနာထွန်းကားပြီး ကျန်းမာရေး ပညာရေး အလုံးစုံတိုးတက်လာတာပါ တစ်နယ်လုံး သူ့ကျေးဇူးမကင်းပါဘူး၊ အခုလို မဟုတ်မမှန် အပုတ်ချတဲ့ သတင်းဟာ ဘုန်းကြီးတို့ တောင်သာဒေသခံတွေကို စော်ကားလိုက်တာပါဘဲ အချိန်မရွေး လာရှင်းလို့ရပါတယ် ဟုမိန့်ကြားသွားသည်။ ၀န်ကြီးဟောင်းဦးအောင်သောင်းသည် တောင်သာမြို့နယ် ၀ဲလောင်ရွာသားတစ်ဦးဖြစ်ပြီး တောင်သာမြို့နယ် မှ ရွေးကောက်ခံရသည့် ပြည်သူ့လွတ်တော်ကိုယ်စားလယ်တစ်ဦးဖြစ်ကာ ပြည်သူ့လွတ်တော်မှ ဖွဲ့စည်းထားသည့် ငွေကြေးနှင့် ဘဏ်များဆိုင်ရာ ကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်လျက်ရှိသည်။ယခင်က ငြိမ်းချမ်ရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်ခဲ့သော်လည်း ၂၀၁၂ ခုနုစ်နောင်းပိုင်းတွင် ကျန်းမားရေးအခြေနေအရ အနားယူခဲ့သည်။ 

ဖေသန်းဇော်(မြင်းခြံ)
TaungThar Thar Fb ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် အင်တာနက်သတင်းများ၌ တွေ့ရှိရသည့် မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်းသတင်းနှင့်ပတ်သက်ပြီးတောင်သာနှင့် တောင် သာမြို့နယ် ၀ဲလောင်ရွာရှိ ဒေသခံပြည်သူများမှ လုံးဝလက်မခံကြောင်း သိရှိရသည်။ ၀ဲလောင်ကျေးရွာနေ ရပ်မိရပ်ဖ အငြိမ်းစားကျောင်း ဆရာကြီး ဦလှကျော်မှ ၄င်းသတင်းနှင့်ပတ်သက်ပြီး လုံးဝမှန်ကန်မှု မရှိကြောင်း၊ ၄င်းအင်တာနက်သတင်းသည် ၀န်ကြီးဟောင်း ဦးအောင်သောင်းအား မနာလိုအပုတ်ချလိုသူများမှ လုပ်ကြံဖန်တီး

Friday, January 18, 2013

မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက ခွင့်ပြုခြင်းမရှိသေး

Photo: မိုဘိုင်းဖုန်းတွေကို ထက်ဝက်ဈေးနဲ့ ရောင်းချရန် အစိုးရက 
ခွင့်ပြုခြင်းမရှိသေး
Thursday, January 17, 2013

မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မကြာခင်ရောင်းချမယ့် မိုဘိုင်းဖုန်းတွေနဲ့ ပက်သက်ပြီး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကျနော်တို့က ထက်ဝက်လျော့ချပြီး ရောင်းမယ်ဆိုတာ အထက်အဖွဲ့
အစည်းတွေကို ဝန်ကြီးဌာနကနေပြီးတော့မှ အစိုးရအဖွဲ့ရုံးတို့ ဘာတို့ကို ဆက်ပြီးတော့တင်ထားတယ်၊ တင်ထားတဲ့အခါမှာ ခွင့်ပြုမိန့်မရသေးဘူး၊ ကျနော်တို့ ဝန်ကြီးဌာနကနေ အပေါ်ကိုတင်လိုက်ပြီ၊ အပေါ်ကဘာကြောင့် ကြန့်ကြာနေသလဲဆိုတာ ကျနော်လည်း မပြောတတ်ဘူး၊ အရင်တုန်းက မကြာဘူးဗျ"

မိုဘိုင်းဖုန်းတွေကို အစိုးရနဲ့နီးစပ်တဲ့ ဦးတေဇပိုင် အီလိုက်(Elite)၊ ဦးထွန်းမြင့်နိုင်ပိုင် အေးရှားမီဂါလင့်(Asia Mega Link)၊ ဦးနေအောင်ပိုင် အိုင်ဂျီအီး(IGE) စတဲ့ ကုမ္မဏီ ၁၃ခုကနေတဆင့် ဖြန့်ချီမယ်လို့သိရပါတယ်။

ဈေးကွက်ထဲဖြန့်ချီမယ့် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းကို အစိုးရရောင်းဈေးနဲ့ တသတ်မှတ်တည်းဖြစ်ဖို့အတွက် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်း
ရောင်းချမယ့်ကုမ္မဏီတွေကို ခေါ်ယူဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ စီမံကိန်းအရ ၂၀၁၁-၁၂ မှာ မိုဘိုင်းဖုန်း ၄သန်း၊ ၂၀၁၂-၁၃ မှာ ၅သန်း စသည်ဖြင့် နှစ်အလိုက်ရောင်းချ
သွားဖို့ရှိတဲ့အပြင် မိုဘိုင်းဖုန်းတွေရဲ့ဈေးနှုန်းတွေကိုလည်း တဖြည်းဖြည်းချင်းလျော့ချဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese မကြာမီ ဈေးကွက်ထဲ ဖြန့်ချီတော့မယ့် မိုဘိုင်းဖုန်းတွေကို ကျပ်ငွေ တစ်သိန်းနှုန်းနဲ့ရောင်းချဖို့ စီစဉ်ထားပေမယ့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြု ချက် ကို ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးဘူးလို့ RFA က စုံစမ်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ စတဲ့ မိုဘိုင်းဖုန်းတွေကိုထက်ဝက်ဈေးနဲ့ ဈေးကွက်ထဲ ဖြန့်ချီဖို့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက အစိုးရအဖွဲ့ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက တင်ပြခဲ့တာပါ။

ဒုတိယသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံရာတွင် အယ်လ်ဂျားဇီးယားကိစ္စထည့်သွင်း ဆွေးနွေးခဲ့

Photo: ဒုတိယသမ္မတနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံရာတွင် အယ်လ်ဂျားဇီးယားကိစ္စထည့်သွင်း
ဆွေးနွေးခဲ့
Thursday, January 17, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ရာတွင် အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန်လုပ်ကြံထုတ်လွှင့်မှုများကိစ္စကိုပါထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပဋိပက္ခဒေသအတွင်း ရေရှည် လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာနေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုများကို စိစစ် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဒေါ်စုစုလှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

(နိုင်ငံတော်သမ္မတရုံး)
Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/15/id-2367ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambia ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ရာတွင် အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများကိစ္စကိုပါထည့်သွင်းဆွေးနွေး ခဲ့ကြောင်း သိရ သည်။ ထိုသို့ တွေ့ဆုံရာတွင် ပဋိပက္ခဒေသအတွင်း ရေရှည် လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူ အညီပေးရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ

ရန်ကုန်ခရီးသွားအခက်အခဲများသိရှိရန်ပထမဆုံးအကြိမ်ကွင်းဆင်းလေ့လာ

Photo: ရန်ကုန်ခရီးသွားအခက်အခဲများသိရှိရန်ပထမဆုံးအကြိမ်ကွင်းဆင်းလေ့လာ
Thursday, January 17, 2013

ရန်ကုန်မြို့တွင်းပြည်သူများခရီးသွားလာရာတွင် ကြုံတွေ့နေရသော 
အခက် အခဲများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာ ခြင်းကို အများပြည်သူ
သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ မှ ပထမဆုံးအကြိမ် ပြုလုပ်
ခဲ့ကြောင်းသိရသည်။

ယနေ့ညနေ ၄ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရား၏လမ်း ( ကမ္ဘာအေး
မှတ်တိုင်) တွင် ကွင်းဆင်းလေ့လာ ခြင်းကို ဆောင်ရွက်ခဲ့ပြီး ရုံးဆင်း
ခရီးသွား ပြည်သူများ၏ အခက်အခဲများကို အဖွဲ့ ဥက္ကဌ ဦးကြည်သိန်း ကိုယ်တိုင်တွေ့ဆုံ မေးမြန်း ခဲ့ကြောင်းသိရသည်။

" ကွင်းဆင်းလေ့လာတာကို နေရာအနှံ့ လိုက်ပြီး နှစ်ပတ် သုံးပတ် လောက် လုပ်သွားမှာပါ" ဟု ဦးကြည်သိန်းက ပြောသည်။

လက်ရှိတွင် ခရီသည် တင်ကားများ စနစ်တကျ ရပ်နားမှု မရှိသောကြောင့် ခရီးသည်များ အပြေးအလွား လိုက်ပါ စီးနင်းနေရသည်ကို တွေ့ရှိရသဖြင့်
ယာဉ်လိုင်းများစနစ်တကျ ရပ်နားနိုင်မည့် ပုံစံများ ပြုလုပ်သွားရန် ရှိကြောင်း အထက်ပါ အဖွဲ့မှ သိရသည်။

ယင်းအဖွဲ့ကို ယခုနှစ် ဇန်န၀ါရီလ ၇ ရက်တွင် နိုင်ငံတော် သမ္မတ မှ တရားဝင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

WMT
Popular Myanmar News Journalရန်ကုန်မြို့တွင်းပြည်သူများခရီးသွားလာရာတွင် ကြုံတွေ့နေရသော အခက် အခဲများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာ ခြင်းကို အများပြည် သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ မှ ပထမဆုံး အကြိမ် ပြုလုပ် ခဲ့ကြောင်းသိရသည်။
ယနေ့ညနေ ၄ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရား၏လမ်း ( ကမ္ဘာအေး
မှတ်တိုင်) တွင် ကွင်းဆင်းလေ့လာ ခြင်းကို ဆောင်ရွက်ခဲ့ပြီး ရုံးဆင်း
ခရီးသွား ပြည်သူများ၏ အခက်အခဲများကို အဖွဲ့ ဥက္ကဌ ဦးကြည်သိန်း ကိုယ်တိုင်တွေ့ဆုံ မေးမြန်း ခဲ့ကြောင်းသိရသည်။

Boeing 787 လေယာဉ်များ အားလုံးနီးပါး ရပ်ဆိုင်း

Photo: Boeing 787 လေယာဉ်များ အားလုံးနီးပါး ရပ်ဆိုင်း
Thursday, January 17, 2013

ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ဆင်းသက်လိုက်ရတဲ့ ဂျပန် ANA လေကြောင်းရဲ့ ဘိုးအင်း ၇၈၇ (Dreamliner) လေယောဉ်ကိစ္စကြောင့် ဂျပန်၊ အိန္ဒိယ နဲ့ ချီလီ နိုင်ငံတွေက သူတို့ရဲ့ ဘိုအင်း ၇၈၇ လေယာဉ်အားလုံးကို
လေယာဉ်ဘက်ထရီပြဿနာ ပြုပြင်ပြီးတဲ့အထိ ပျံသန်းမှုရပ်ထား
လိုက်တယ်လို့ သိရပါတယ်။ 

အမေရိကန်လေကြောင်းအုပ်ချုပ်ရေးဌာန FAA က အရေးပေါ်ဆင်းလိုက်
ရတဲ့ လေယာဉ်ကို စုံစမ်းစစ်ဆေးရာမှာ လေယာဉ်ဘက်ထရီ ကနေ မီးလောင်နိုင်တဲ့ အန္တရာယ်ကို တွေ့ရကြောင်း ဆိုပါတယ်။

ယခုလိုဖြစ်ရပ်ကြောင့် ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဘိုးအင်း ၇၈၇ အစီးရေ ၅၀ စီးထဲမှာ ၃၉ စီးက ပျံသန်းမှု ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ ဘိုအင်း ၇၈၇ ရဲ့ ဘက်ထရီတွေဟာ ဂျပန်နိုင်ငံ GS Yuasa ကုမ္ပဏီမှ ထုတ်လုပ်
တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုပြဿနာက ဘက်ထရီကြောင့်လား တခြား လျှပ်စစ်ပိုင်းဆိုင်ရာကြောင့်လား ဆိုတာ သေချာကွဲပြားစွာ မသိရှိရသေးကြောင်း GS Yuasa ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက ကာကွယ်ပြောသွားပါတယ်။ 

(Channel News Asia, Jan 17, 2013)
Myanmar1

ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ဆင်းသက်လိုက်ရတဲ့ ဂျပန် ANA လေကြောင်းရဲ့ ဘိုးအင်း ၇၈၇ (Dreamliner) လေယောဉ်ကိစ္စကြောင့် ဂျပန်၊ အိန္ဒိယ နဲ့ ချီလီ နိုင်ငံတွေက သူတို့ရဲ့ ဘိုအင်း ၇၈၇ လေယာဉ်အားလုံးကိုလေယာဉ်ဘက်ထရီပြဿနာ ပြုပြင်ပြီးတဲ့အထိ ပျံသန်းမှုရပ်ထားလိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး

Photo: ၀န်ကြီးအပြောင်းအလဲကြောင့် ကုမ္ပဏီများပါ ရောင်းချမည့် မိုဘိုင်းဖုန်းကဒ်ဈေး မသတ်မှတ်နိုင်သေး
Thursday, January 17, 2013

လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချသွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

လက်ရှိ ၀န်ကြီးပြောင်းလဲခွင့်ပြုခဲ့သည့်အချိန်အထိ တန်ဖိုးနည်းမိုဘိုင်းဖုန်း
များအား ဈေးမည်မျှဖြင့်ရာင်းချမည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားခြင်းမရှိသးပေ။

နိုင်ငံတော်သမ္မတမှ မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ချထားပေးရန် ပြောကြားထားသော်လည်း အဆိုပါကိစ္စအတွက် ရတနာပုံ
တယ်လီပို့နှင့်ဆက်သွယ်ရေးကုမ္ပဏီအများစုမှ သဘောမတူသည့်အတွက် လွှတ်တော်၌ ဆွေးနွေးတင်ပြသွားမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း
ကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသာနာရေးဝန်ကြီး
သူရဦးမြင့်မောင် တို့အားပြည်ထောင်စုဝန်ကြီးရာထူးမှ နိုင်ငံတော်သမ္မတရုံး၊ အမိန့် အမှတ် ၂/ ၂၀၁၃ နှင့်နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းဇန်န၀ါရီလ
(၁၅)ရက်နေ့ ညပိုင်းက ၈နာရီ နိုင်ငံပိုင်မီဒီယာများမှတဆင့်သတင်းထုတ်ပြန်
ခဲ့သည်။

“ ထပ်မံရောင်းချသွားမယ့်တန်ဖိုးနည်းဖုန်းတွေကိုတော့ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းအပြင် အခြားပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်တဲ့ ရတနာပုံ တယ်လီပို့၊ Asia Mega Link ၊ Fortune အင်တာနေရှင်နယ်၊ မြန်မာပိတောက် Engineering and Construction ၊ E-Lite Teach Manufacturing နဲ့ Information Technology Central Service ကုမ္ပဏီ လီမိတက် အစရှိတဲ့ ကုမ္ပဏီ ၁၃ ခုကို ရောင်းချခွင့်ပြု သွားမှာပဲ ဖြစ်ပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကုမ္ပဏီများအနေဖြင့် တန်ဖိုးနည်း ဖုန်းများအား ရောင်းချမှုတွင်လည်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း
ရောင်းချရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းပါက
ရောင်းချခွင့်ပိတ်သိမ်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို
လည်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တန်းဖိုးနည်း မိုဘိုင်းဖုန်းများအား
နေရာ (၁၈)နေရာ၌ ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်
ချက်များအရ သိရသည်။

“ကုမ္ပဏီများ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကိုလာရောက်ဆွေးနွေး
ခဲ့တဲ့အတွက် အခုလို ကုမ္ပဏီများကို ပြန်လည်ရောင်းချခွင့်ပြုတာ ဖြစ်
တယ်”ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၂ ခုနှစ် ဧပြီလက ကျပ်နှစ်သိန်းတန် GSM နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို တန်ဖိုးနည်း ဖုန်းအဖြစ် သတ်မှတ်ရောင်းချပေးခဲ့ပြီး ယင်းဖုန်းများကို ကျပ်တစ်သိန်းဝန်းကျင်ဈေးနှုန်း
သတ်မှတ်၍ ရောင်းချပေးနိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဉာဏ်ဉာဏ်(မြစ်မခ)
Myit Makha Mediagroup
လက်ရှိဆက်သွယ်ရေးဝန်ကြီးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံရောင်းချ သွားမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ပုဂ္ဂလိကကုမ္ပဏီများကို ရောင်းချခွင့်ပြုပေး သွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

လက်ရှိဝန်ကြီးပြောင်းလဲခွင့်ပြုခဲ့သည့်အချိန်အထိတန်ဖိုးနည်းမိုဘိုင်းဖုန်းများအား ဈေးမည်မျှဖြင့်ရာင်းချမည်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ထားခြင်းမရှိသးပေ။နိုင်ငံတော်သမ္မတမှ မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် ချထားပေး ရန် ပြောကြား ထားသော် လည်း အဆိုပါကိစ္စအတွက် ရတနာပုံတယ် လီပို့နှင့် ဆက်သွယ်ရေး ကုမ္ပဏီအများစုမှ သဘောမတူသည့် အတွက် လွှတ်တော် ၌ ဆွေးနွေး တင်ပြသွား မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းကိုလည်း သိရသည်။

တရုတ်နိုင်ငံစီမံကိန်းများအတွက် မြေယာလျော်ကြေးများကို မြန်မာနိုင်ငံ၏ သတ်မှတ်သည့်ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သည်ဟု တရုတ် ဒုဝန်ကြီးဆို

Photo: တရုတ်နိုင်ငံစီမံကိန်းများအတွက် မြေယာလျော်ကြေးများကို မြန်မာနိုင်ငံ၏ သတ်မှတ်သည့်ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သည်ဟု တရုတ် ဒုဝန်ကြီးဆို
Thursday, January 17, 2013

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံသည့် စီမံကိန်း
များတွင် မြန်မာအစိုးရ၏ သတ်မှတ်သည့် ဥပဒေအတိုင်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီများအနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးက ပြောကြားသည်။

ယနေ့နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် သံရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်
ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများအားလည်း ဒေသခံမြန်မာလူမျိုးများ၏ ဓလေ့
စရိုက်များ၊ထုံးတန်းစဉ်လာများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအား လိုက်နာရန် တိုက်တွန်းပြောဆိုထားကြောင်း ထပ်မံ
ရှင်းလင်းသည်။

"ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့ အကျိုးကို ဖွံဖြိုးအောင်လုပ်ရမှာ ဖြစ်သလိုမြေယာ လျော်ကြေးတွေကိုလည်း
ထိုက်သင့်သလောက် လျော်ကြေးပေးတဲ့ အကျိုးဆောင်ရွက်မှုတွေ
ဆောင်ရွက်နေပါတယ်" ဟု တရုတ်နိုင်ငံ စီးပွား/ကူးသန်းမှ ဒုဝန်ကြီးက
ပြောကြားသည်။

မြေယာ လျော်ကြေးပေးရန်ကိစ္စများနှင့် ဆက်လျဉ်းပြီး ဒေသခံအစိုးရ
၊ဒေသခံပြည်သူ၊ တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီတို့ လေးဖွဲ့ ညှိနှိုင်း
ဆွေးနွေးရမည်ဖြစ်ပြီး လျော်ကြေး ပေးဆောင်မှုများ ပျက်ကွက်ပါ
ကလည်း တရုတ်အစိုးရမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်
ဖြစ်ကြောင်းထပ်မံပြောကြားသည်။

လက်တလော ကာလအတွင်း မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းဒေသတွင်တရုတ်နိုင်ငံပိုင် ကုမ္ပဏီတစ်ခု၏ ကြေး
နီစီမံကိန်းနှင့် ဒေသခံတို့ ပဋိပက္ခဖြစ်ပွားလျက်ရှိသည်။

အဆိုပါ စီမံကိန်းနှင့် ပက်သက်၍လည်း ဒုဝန်ကြီးက "အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေဟာ ပြေလည်သွားမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားသည်။

ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စများ ထိခိုက်နိုင်ဖွယ်မရှိဘူးဟု
လည်း ပြောကြားသွားခဲ့သည်။

စူးရှ
The Myanma Ageမြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံသည့် စီမံကိန်း များတွင် မြန်မာအစိုးရ၏ သတ်မှတ်သည့် ဥပဒေအတိုင်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီများအနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီးက ပြောကြားသည်။
ယနေ့နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် သံရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်

ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ

Photo: ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ
Thursday, January 17, 2013

ကြံ့ကြီးများ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီး 
တစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။ တောင်အာဖရိက နိုင်ငံတွင် သဘာဝ သားရိုင်း ဥယျာဉ် တစ်ခုသို့ သွားရောက်ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်သူ၏ အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။

သူမသည် ဆာဖာရီ ဥယျာဉ်အတွင်း လှည့်လည် မောင်းနှင်သည့် ယာဉ်အတွင်းမှ အပြင်ထွက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့သည့်နောက် 
အဆိုပါ အမှတ်တရ ဓာတ်ပုံကို ကောင်းမွန်စွာ ရရှိခဲ့သော်လည်း
နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့် ဆေးရုံပါ ရောက်သွားရရှာခြင်း ဖြစ်သည်။ Bull Rhino အမျိုးအစား ကြံ့နက်ကြီးသည် အဆိုပါ ဓာတ်ပုံကို ရိုက်ကူးပြီး စက္ကန့်ပိုင်းအတွင်း ချန်တယ်လ်ကို အရှိန်နှင့် ဝှေ့ပစ်လိုက်ခြင်း ဖြစ်သည်။

Planet Myanmar Network

ကြံ့ကြီးများ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီး တစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။ တောင်အာဖရိက နိုင်ငံတွင် သဘာဝ သားရိုင်း ဥယျာဉ် တစ်ခုသို့ သွားရောက်ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်သူ၏ အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။

ကြံ့ခိုင်ရေးပါတီ နေ့စဉ်သတင်းစာ ထုတ်ဝေမည်

Photo: ကြံ့ခိုင်ရေးပါတီ နေ့စဉ်သတင်းစာ ထုတ်ဝေမည်
Thursday, January 17, 2013

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၁၇ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဖြင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှ စတင်ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီ အနေနှင့်လည်း သတင်းစာ ထုတ်ဝေနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း ဦးဌေးဦးက ပြောသည်။

“ပြင်ဆင်နေပါတယ်။ ကျနော်တို့မှာ ဌာနရှိတယ်။ ပညာရေးဌာနက ဦးစီးပြီးလုပ်နေကြတယ်။ သတင်းစာထုတ်ဖို့ နဂိုကတည်းက ရည်မှန်းချက်ရှိတယ်။ ပါတီရဲ့အာဘော်ကို လူထုကြားမှာ ပျံ့နှံ့အောင် သတင်းစာ ထုတ်မယ်ဆိုပြီးတော့ ရည်းမှန်းချက်ရှိတယ်။ ပါတီအာဘော်ချည်းပဲ သတင်းစာထုတ်ရင်ရော အောင်မြင်ပါ့မလား၊ လူထုလက်ခံပါ့မလား၊ ဒါလည်းရှိပါတယ်။ သတင်းစာဆိုတာ သိပ်ကျယ်ပြန့်တယ်။ ဂျာနယ်တို့ မဂ္ဂဇင်းတို့နဲ့တောင် မတူဘူး” ဟု ဦးဌေးဦးက ဆိုသည်။

အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အပတ်စဉ်ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ်ကို
နေ့စဉ်ထုတ် သတင်းစာအဖြစ် အသွင်ပြောင်း ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားရာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများနှင့်
အတူ နိုင်ငံရေးပါတီများမှ ထုတ်ဝေသော သတင်းစာများပါ အပြိုင်အဆိုင် ထွက်ရှိလာမည်ဖြစ်သည်။

နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရာတွင် ပါတီဝင်များသာမက ပြင်ပမှ ကျွမ်းကျင်သူများကိုလည်း ခေါ်ယူလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊
နေ့စဉ်ထုတ် သတင်းစာအဖြစ် လူထုကြားတွင် အောင်မြင်ရေးသည် စိန်ခေါ်မှုများစွာရှိနေကြောင်း ဦးဌေးဦးက ဆိုသည်။

“ကျွမ်းကျင်တဲ့သူနဲ့ လုပ်ရမှာပဲ။ ပါတီဝင် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွမ်းကျင်တဲ့သူတော့ ပါမှာပေါ့။
နေ့စဉ်သွားရတဲ့အထဲမှာ ပြည်သူတွေကို ဘယ်လို အချက်အလက်
တွေကို ပေးမှာလဲ။ ဒါကလည်း နောက်ကျသွားရင် အဖိုးမတန်တော့ဘူး။ ဒါကြောင့် ပြည်သူတွေကို ဦးဦးဖျားဖျား သူသိချင်တဲ့ ဥစ္စာတွေ ဘယ်လိုပေးမလဲ၊ ပြည်သူတွေ သိချင်တာတွေ ဘယ်လိုဖော်ပြမလဲဆိုတာ သိပ်ပြီးတော့ ခက်ခဲတယ်။ သတင်းစာထုတ်တာ အပြောသာ လွယ်တာ၊ အလုပ်က ခက်ခဲတယ်။ ဒါကြောင့် ကျနော်တို့ ကြိုးစားနေတယ်” ဟု ဦးဌေးဦးက ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေနှင့် စက်သုံးဆီ အရောင်းဆိုင်များ အပါအ၀င် စီးပွားရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ရန် အစီအစဉ်ရှိ၊ မရှိ ဧရာဝတီ
သတင်းဌာနက မေးမြန်းရာ ဦးဌေးဦးက အဓိကအားဖြင့် ပါတီဝင်များ၏ အသင်းဝင်ကြေး၊ လှူဒါန်းငွေနှင့် စီးပွားရေးလုပ်ငန်းတချို့မှ ရရှိသော ၀င်ငွေများဖြင့် ပါတီလုပ်ငန်းနှင့် ပြည်သူ့ရေးရာဆိုင်ရာ လုပ်ငန်းများ
ဆောင်ရွက်လျက်ရှိပြီး အကျိုးအမြတ်ငွေရှာသော စီးပွားရေးကုမ္ပဏီ
ကဲ့သို့ ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ ယခင်က ဘဏ်လုပ်ငန်း
လုပ်ကိုင်ရန် စိတ်ကူးခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့ကြောင်း ဦးဌေးဦးက ဖြေကြားသည်။

“ပါတီစီးပွားရေးနဲ့ ပတ်သက်လို့ကတော့ ဆီဆိုင်တွေကိစ္စ မှန်ပါတယ်။ ဆီဆိုင်တွေကို ကိုယ်တိုင် ဦးစီးပြီး မလုပ်နိုင်ပါဘူး။ မလုပ်နိုင်တဲ့အတွက် ကျွမ်းကျင်တဲ့သူတွေနဲ့ ပေါင်းစပ်ပြီး လုပ်ပါတယ်။ ထိုက်သင့်တဲ့ အကျိုးအမြတ်ရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း ပြောလို့ရှိရင် ကျနော်တို့လုပ်နေတဲ့ ပြည်သူ့အကျိုး ပြုလုပ်ငန်းဆိုတာက ပါတီရဲ့
စီးပွားရေးနဲ့တင် မလုံလောက်ဘူး။ ကျနော်တို့က ကုမ္ပဏီထောင်တာ မဟုတ်ဘူး။ ပိုက်ဆံတွေ အများကြီးရအောင် ရှာနေတာ
မဟုတ်ဘူး။ ပြည်သူတွေ ဘာလိုလဲ၊ လိုတဲ့ဟာကို ဘယ်လိုဆက်စပ်ပြီး
အောင်မြင်အောင် လုပ်မလဲဆိုတာ စဉ်းစားနေကြတာ ဖြစ်တယ်။ ဒါကြောင့် စီးပွားရေးမှာ ကျနော်တို့ ၀င်ငွေရတာတွေ ရှိပါတယ်။ ပါတီဝင်ကြေးဆိုပြီး စ၀င်ဝင်ချင်း တထောင် (ပါတီဝင်တဦးလျှင် ၀င်ကြေး ၁၀၀၀ ကျပ်) ရတယ်။ (ပါတီဝင်) တသန်းရှိရင် သန်းတထောင်ရှိတာပဲ။ အဲဒါက ကျနော်တို့
ဘဏ်တွေမှာ အပ်ထားတာပေါ့။ ဘဏ်အပ်ထားတော့ ဘဏ်ကပေးတဲ့အတိုး ရတာပေါ့။ ဘဏ်လုပ်ငန်းကို လုပ်မယ်လို့ စိတ်ကူးပါတယ်။ သိပ်ခက်ခဲတယ်။ အခုချိန်ထိတော့ မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီက
ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပြီး အထူးသဖြင့် ပြည်သူများနှင့် ထိတွေ့ဆက်စပ်သည့် လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီတွင် လက်ရှိ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဦးဌေးဦး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက တာဝန်ယူထားသည်။

နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ဧရာဝတီသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေသော ပါတီ 
ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)


သာလွန်ဇောင်းထက်
ဧရာဝတီအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၁၇ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

My Blog List