မိမိရင်သွေးနှစ်ဦးကိုသတ်သည့် ဗြိတိန်နိုင်ငံမှ မိခင်တစ်ဦးကို သူမ၏ချစ်သူအား စပိန်နိုင်ငံတွင် ဖမ်းဆီးပြီးရုံးတင် သည့် နောက်တစ်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
လိုင်ရင်း စမစ်အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမ၏သမီးဖြစ်သူ အသက် ၅ နှစ် အရွယ်ရှိ ရေဘက်ကာနှင့် အသက်
၁၁ လသာရှိသေးသည့် သားဖြစ်သူ ဒယ်နီရယ်တို့ကို ပလပ်စတစ် အိတ်ထဲ ထည့်ကာ အသက်ရှူကြပ်စေပြီး အသေသတ်ခဲ့ကြောင်း၊ ထိုပြစ်မှုကို သူမသည် ဟိုတယ်တစ်ခုတွင် လွန်ခဲ့သည့် ၂ နှစ်က ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ သူမသည် ကျူးလွန်ခဲ့သည့် ပြစ်မှုကို ကြောက်ရွံ့ပြီး သူမ၏ချစ်သူ မာတင် စမစ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရာမှ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ခြေရာခံကာ ဖမ်းဆီး ရမိ ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။






















