Wednesday, October 17, 2012

သင်သိဖို့ လိုအပ်မည့် အင်္ဂလိပ် စကားပြော ဥပဒေ ၅ ချက်




၁။ အင်္ဂလိပ် grammar ကို အများကြီး မလေ့လာပါနှင့်။
ဒီအချက်ဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် ထူးဆန်းနေပါတယ်။ ဒါပေမယ့်  အင်္ဂလိပ် စကားပြော ရာမှာ အရေးအကြီးဆုံးအချက်ပါပဲ။ သင်စာမေးပွဲ အောင်ဖို့ဆိုရင်တော့ အင်္ဂလိပ် grammar ကို တတ်ဖို့ လိုပါလိမ့်မယ်။

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်
ကျော်သူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ အောက်တိုဘာ ၁၇၊ ၂၀၁၂

အောက်တိုဘာလ (၁၃) ရက်နေ့သည် မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃.၁ဝ.၂ဝ၁၂ ရက်နေ့သည် (၉၂) နှစ်ပြည့်မြောက် ရှိခဲ့ပြီဖြစ်သော်လည်း ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ထူးခြားသည့်ဆုများဖြင့် ဝေဝေဆာဆာ ဂုဏ်ပြုကျင်းပခဲ့သည်။

ဒီမိုကရေစီကို မုန်းတယ်

ဒီမိုကရေစီကို မုန်းတယ်

ကျွန်တော်ရဲ့ အမေစုအပေါ် ယုံကြည်အားကိုစိတ်တွေ များလွန်းနေ၍လားတော့ မသိပါ။ အမေစု လုပ်ပေး လျှင်ရနိုင်မည်။

သက်ဝင်းအောင်အတွက် စာ

 

သက်ဝင်းအောင်အတွက် စာ
ဒီကနေ့ ၂၀၁၂ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ဟာ ကိုသက်ဝင်းအောင်ရဲ့ အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့တာ ၆ နှစ်ပြည့်ဖြစ်ပါတယ်။ ကိုသက်ဝင်းအောင် ကွယ်လွန်ပြီးနှစ်ရက်အကြာက ကျနော်ရေးခဲ့ တဲ့ အမှတ်တရ ဆောင်းပါးတပုဒ်ပါ။

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား
တူမောင်ညို၊ ၁၆ အောက်တိုဘာ၊ ၂၀၁၂

“ပြည်သူ့ဆန္ဒ” နဲ့ပတ်သက်လာရင် ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရသဘောထားပုံက အနည်းဆုံး ၃ မျိုး
လောက်ရှိပုံရတယ်။

ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်ရန် စောင့်ဆိုင်းနေ

 

မြန်မာနိုင်ငံ၏ ရွှေဝါရောင်တော်လှန်ရေးအတွင်းက နိုင်ငံရေး လှုပ်ရှားသူများအတွက် အမှုလိုက်ပေးရင်း တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပုဒ်မ ၂၂၈နှင့် ထောင်ဒဏ် ၆လ အင်းစိန်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင် နိုင်ရန် စောင့်ဆိုင်းလျှက်ရှိသည်။

ဖျာပုံမြို့သူမြို့သားများနှင့်သံဃာတော်များ၏ OIC ကန့်ကွက်ဆန္ဒပြပွဲ




အမေရိကန် လက်ထောက် ဝန်ကြီး ၈၈ ခေါင်းဆောင်တွေနဲ့တွေ့

အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Michael Posner

မြန်မာ လူ့အခွင့်အရေးကိစ္စတွေအပါအ၀င် ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပြဿ နာတွေ ဖြေရှင်းနိုင်ဖို့ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကြဖို့အတွက် မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အစိုးရဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးမိုက်ကယ် ပေါ့စ်နာ (Michael Posner) နဲ့

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး

မည်သည့် နိုင်ငံခြားဘဏ်ကိုမျှ ပြည်တွင်းတွင် ဘဏ်လုပ်ငန်းလုပ်ခွင့် လိုင်စင်ပေးထားခြင်း မရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒု ဝန်ကြီးက ပြောကြားထားသည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတချို့က ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank)လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီဟုဆိုကာ ငွေကြေးနှင့် အစုရှယ်ယာထည့်ဝင်ကြရန် ကြော်ငြာမှုများ ရှိနေ ပြီး ယင်းသို့လုပ်ရပ်များမှာ တရားမ၀င်ကြောင်းနှင့် ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သတိပေး ပြောဆိုလိုက်သည်။

ဗြိတိသျှ သံရုံးအရာရှိများ ဦးဂမ္ဘီရနဲ့အဖွဲ့ကို ဖိတ်ကြားဆွေးနွေး

ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးဂမ္ဘီရ၊ အခုအခါ လူဝတ်လဲထားပြီး ဖြစ်တဲ့ ဦးညီညီလွင်နဲ့အဖွဲ့ကို ဗြိတိသျှသံရုံးက အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဈေးအတွင်း မေလကုန်ပိုင်းကတွေ့ရသည့် လန်ချားနှင့် ပစ္စည်း သယ်ပို့ အလုပ် လုပ်နေသော မြန်မာ အလုပ်သမား တချို့

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလအတွင်း ၎င်းတို့၏နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု ထိုင်းအလုပ်သမား ၀န်ကြီးဌာန က ပြောကြားလိုက်သည်။
ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထား သည်။
ယင်း အလုပ်သမားများကို ထိုင်းအစိုးရအနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အရ လူဦးရေ ၁၇ သိန်း ရှိသည့်အနက် ၁၃ သိန်း အတည်ပြုပေးထားပြီး ကျန်ရှိသည့် လူ (၄) သိန်းသည် နောက်ဆုံးသတ်မှတ် ပေးထား သော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်ပါက ပြန်ပို့ခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အလုပ်သမားဝန်ကြီးဌာနအနေနဲ့မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ရင် ရွှေ့ပြောင်း အလုပ်သမား တွေ ကို မိခင်နိုင်ငံကို ပြန်ပို့သွားမှာ ဖြစ်ပါတယ်”ဟု Padermchai က ဆက်ပြောသည်။
လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်း(HRDF)မှမစ္စတာအန်ဒီဟောလ်က ပြန်ပို့ခံရနိုင်ဖွယ်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်း စာရင်း၌ မြန်မာနိုင်ငံသား ၂ သိန်းခန့် ပါဝင်နေသည်ဟု ကြားသိရကြောင်း ဧရာဝတီ သို့ ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ၆ လ သက်တမ်းတိုးရန် ထိုင်းအစိုးရအနေနှင့် ခွင့်ပြုပေးထား
ခြင်း ဖြစ်သည်။
အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံ သားစိစစ်ရေး အစီအစဉ်၌ ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ် ပရာကန်၊ စူရက်ဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ချင်းမိုင်မြို့များတွင် နိုင်ငံသားစိစစ်ရေးအတွက် ရုံးများ ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံသားစိစစ်ရေးလုပ်ငန်း အစီအစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် ၂၀၀၆ ခုနှစ်
နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း၌ စတင်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည်ဟုထိုင်းအစိုးရအနေနှင့် ပြောကြားသော်လည်းထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်အတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်မှုကြောင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင် တချို့ အ လုပ်သမား ရှားပါးမှုနှင့် စတင်ကြုံတွေ့နေရသည်။
လတ်တလော ကာလအတွင်း၌ပင် မြန်မာအလုပ်သမားများ တဖြည်းဖြည်း ပြည်တော်ပြန်နေသည်ဟု ရနောင်းခရိုင် ခရီးသွားလုပ်ငန်း ကော်မတီအကြီးအကဲတဦးဖြစ်သည့် နိုင်နစ်အွန် တိန်ခစ်က ပြောကြား
ကြောင်း ထိုင်းသတင်းများတွင် ယမန်နေ့က ဖော်ပြ ထား သည်။
“အခုဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ သူတွေ ပြည်တော်ပြန်ဖို့ စီစဉ်နေကြတယ်၊ ကြားရသလောက် ဒီမတိုင်ခင် ပြန်ကြတဲ့ သူ တွေလည်း ရှိတယ်၊ လတ်တလော တချို့လုပ်ငန်းတွေမှာဆိုရင် အလုပ်သမား ရှားပါးတဲ့ ပြဿနာတွေ ကြုံနေရပြီ”ဟု ၎င်းက ဆို သည်။
ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့များက ခန့်မှန်းထားကြသည်။

မြန်မာစပါးကြီးမြွေ (သို့) အောင်လ ၏ မျိုးချစ်အလှူ

aunghla
ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင် စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ (Photo:: www.aunglansang.com)


ချင်းမိုင် ။       ။ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင် စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းမည်ဆိုသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ က နောက်ထပ်လည်း လှူဒါန်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

လူ့အခွင့်အရေး စိတ်ချရမှ စစ်ရေး ပူးပေါင်းမည်ဟု ပင်တဂွန်ပြော

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုတခု (ဓာတ်ပုံ – Reuters)

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှု ရှိနေ တာတွေအပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင် ရွက်မှုတွေ လုံးဝ ပြန်လည်စတင်မှာမဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက် ပါတယ်။

လစ်ဗျား အမေရိကန်သံရုံး လုံခြုံရေး ပျက်ကွက်ခဲ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

လစ်ဗျားနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့တဲ့လက တိုက်ခိုက်ခံရမှုအတွက် သူ့မှာ တာဝန် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောဆို လိုက်ပါတယ်။

ဒုတိယအကျော့ သမ္မတလောင်း စကားစစ်ထိုးပွဲ


အမေရိကန်သမ္မတရဲ့အကြံပေးတွေက ဒီနေ့ အင်္ဂါနေ့ညလုပ်မယ့် သမ္မတရွေးကောက်ပွဲ မျက်နှာချင်း ဆိုင် စကားစစ်ထိုးပွဲမှာ Barack Obama အနေနဲ့ ပြိုင်ဘက် Mitt Romney ထက် ပိုအားကောင်းအောင် ပြောနိုင် လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

OIC ရုံးကိစ္စ ပြန်ရှင်းပါ


 OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးရုံး မြန်မာပြည်ထဲမှာ ဖွင့်ခွင့် မပြုဘူးလို့ မြန်မာအစိုးရကဆုံးဖြတ်ခဲ့ရာမှာ တရားဝင်အကြောင်းကြားစာမရသေးတဲ့အပြင် အခုလို ဆုံးဖြတ် ချက်အပေါ် ဖြေရှင်းချက်ပေးဖို့ တောင်းခံစာတစ်စောင်ကိုလည်း မြန်မာအစိုးရထံ ပို့ထားတယ်လို့ OIC အဖွဲ့ က ဆိုပါတယ်။

ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း

မြန်မာနိုင်ငံ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ ကလပ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ခေါင်းဆောင်ဟောင်းတွေက မြန်မာနိုင်ငံမှာအစိုးရအပေါ်ပိုင်း ပြောင်းလဲနေ
ပေမယ့် အောက်ခြေအဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အ.က.သ ခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက် အခမ်းအနားကျင်းပ

၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က မန္တလေးအိုးဘို အကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ အ.က.သ ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခမ်းမမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်နေစဉ်။
၈ လေးလုံး အရေးတော်ပုံကာလအတွင်းက အခြေခံပညာကျောင်းသားများသမဂ္ဂ (အ.က.သ)ခါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက်အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အတွက် ရန်ကုန်မှာ ရက်လည်ဆွမ်းသွတ်

အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကွယ်လွန်သွားသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ရည်စူးပြီး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြောင်းမြလမ်းရှိ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ နေအိမ်ဟောင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရည်လည်ဆွမ်းသွတ် အမျှပေးဝေပွဲကို ပြုလုပ်နေစဉ်။

နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု မစုစုနွေး ပြော

နယူးဒေလီ  ။       ။ လယ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မစုစုနွေး က ပြောသည်။

Tuesday, October 16, 2012

မောင်မဲရဲ့ အရည်အချင်းများနဲ့ လွှတ်တော်များရဲ့ ခရီးလမ်း






သူငယ်ချင်း ဆိုးပေရေ -
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တာတွေ လွှတ်တော်နဲ့ပတ်သက်ပြီးတော့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သူငယ်ချင်းကိုငါ ပြောပြချင်တယ်ကွာ။ ဒီလို တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ သုံးသပ် တင်ပြချင် တာလေးတွေကိုမတင်ပြခင် လွှတ်တော်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။ ငါပြောချင်တာက တို့နိုင်ငံ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ရာခိုင်နှုန်းပြည့်နီးပါး တည်ဆောက် နိုင်ပြီဖြစ်တယ်လို့  ပြောမယ်ဆိုရင်ရော မင်း လက်ခံနိုင်မလား။

Interview with U Win Tin (ဒေါ်စု အမေရိကန်ခရီးစဉ်နဲ့ အဝေးရောက်တွေ)



အင်န်အယ်ဒီပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်နဲ့ မိုးမခမီဒီယာတို့ရဲ့ အင်တာဗျုးကဏ္ဍကို ရပ်နားခဲ့တာ ၁ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဧည့်သည်များတဲ့ ဆရာကို တွေ့ဆုံစကားပြောခွင့်ရဖို့ ခက်ခဲသလို ဆရာကိုယ်တိုင်ကလည်း အချိန်ယူပြီး စကားပြောချင်တာကြောင့်မို့ ရက်ချိန်းများ အကြိမ်ကြိမ် ပြောင်းခဲ့ရတာလည်း ရှိပါတယ်။ တွေ့ဆုံခွင့်ရချိန်မှာ ဆရာ့ ကျန်းမာရေးအခြေအနေကို မေးမြန်းရာမှာ ဆရာဝန်ကြီးများက ဆရာရဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ဖို့ အကြိမ်ကြိမ် တောင်းဆို ထားတာကို ခုချိန်ထိ အချိန်ရွှေ့ဆိုင်းနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက ဆရာကိုယ်တိုင် စိတ်ဝင်စားတာကတော့ ပြည်ပ
ရောက် မြန်မာတွေ၊ အဝေးရောက်အင်န်အယ်ဒီတွေနဲ့ ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဆရာနဲ့ အဲသည်ခေါင်းစဉ်ကိုပဲ မေးမြန်းခဲ့ပါတယ်။

နိုဘဲလ်စီးပွားရေးဆု အမေရိကန်နှစ်ဦး ချီးမြှင့်ခံရ

 
15.10.2012 
Two American economists have won this year's Nobel Memorial Prize
၂၀၁၂ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်အမှတ်တရဆုကို အမေရိကန် စီးပွားရေးပညာရှင်နှစ်ဦးကို ချီးမြှင့်လိုက်ပါတယ်။ ဈေးကွက်ထဲမှာ မတူကွဲပြားတဲ့ လုပ်ငန်းတွေနဲ့ ထိရောက်နိုင်သမျှ ထိရောက်မှုအရှိဆုံး လိုက်လျောညီထွေဖြစ်စေတဲ့ ဈေးကွက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပုံစံထုတ်ခဲ့ကြတဲ့အတွက် ဒီဆုကို ချီးမြှင့် လိုက်တာပါ။

အမေရိကန် သမ္မတလောင်းနှစ်ဦး အင်္ဂါနေ့ စကားစစ်ထိုးမည်

Republican သမ္မတလောင်း Mitt Romney နဲ့ သမ္မတ Barack Obamaတို့ နှစ်ဦးကို ပထမ အကြိမ် စကားစစ်ထိုးပွဲတွင် တွေ့ရစဉ်
 
၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ရဲ့ အင်္ဂါနေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ သမ္မတလောင်းနှစ်ဦးစလုံးဟာ ကောင်းကောင်းပြောဆိုနိုင်ကြလိမ့်မယ်လို့ သမ္မတ Barack Obama နဲ့ ရီပတ်ဘလီကန်ပြိုင်ဘက် Mitt Romney တို့ရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အဖွဲ့နှစ်ဖွဲ့စလုံးက ပြောနေပါ တယ်။

ကလေးမြို့တွင် နိုင်ငံသားမဟုတ်သူ ၁၆ ဦး ဖမ်းမိ

နယူးဒေလီ  ။       ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တရားမဝင် ခိုးဝင်လာသူဟု ယူဆရသူ ၁၆ ဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးရမိထားကြောင်း ကလေးခရိုင် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းများ ၏ ပြောပြချက်အရ သိရှိရသည်။

My Blog List