Friday, June 28, 2013
ယခု လလယ်ပိုင်းမှ စတင်ပြီး မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ မင်္ဂလာဒုံ စသည့် မြို့နယ်များအတွင်း ဆိုင်ကယ် ကယ်ရီသမားတို့ကို နံပါတ်တုတ်နှင့် ရိုက်နှက် ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။
မြောက်ဥက္ကလာမှ ဆိုင်ကယ်ကယ်ရီသမားတဦးဖြစ်သူ ကိုတရုတ်ကြီးက ...
“ကျနော်က သူတို့တွေ လိုက်ဖမ်းနေမှန်းလည်း မသိဘူး။ ကျနော့်ဖာကျနော် ဒီအတိုင်း မောင်းသွားတာ။ အဲဒါကို နံပါတ်တုတ်နဲ့ လှမ်းပစ်တယ်။ ဆိုင်ကယ်မှောက်သွားတော့ သူတို့တွေက ဝိုင်းပြီး တုတ်နဲ့ ရိုက်ကြလို့ ကျနော်လည်း ရွှေပေါက္ကံ တံတားနဲ့ နီးတာနဲ့ ရေထဲခုန်ချပြေးခဲ့ရတယ်” ဟု ပြောသည်။
ပြည်သူ့ရဲနှင့် ယာဉ်ထိန်းရဲများက အကြမ်းနည်းသုံးပြီး ဖမ်းဆီးခြင်းများလည်း ရှိကြောင်း အောင်မင်္ဂလာ အဝေးပြေးကွင်းအနီး ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် ကိုမင်းအောင်က ပြောသည်။
Friday, June 28, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသား များနှင့် တွေ့ဆုံသြဝါဒ စကား ပြောကြား၊ ရင်ပြင် နီသို့ ကြည့်ရှု
Friday, June 28, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်၂၅ရက် ၊ ဒေသ စံတော်ချိန် ညနေ ၆နာရီ ၄၅မိနစ်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးမှ အမှုထမ်းများ၊ မိသားစုများ၊ တပ်မတော်မှ ပညာတော်သင် သင်တန်းသားများနှင့် တွေ့ ဆုံသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သံရုံး မိသားစု ဝင်များနှင့် တပ်မတော်မှ ပညာတော်သင် သင်တန်း သားများက ခရီး ဦးကြိုဆို နှုတ်ဆက်ကြသည်။

''မျိုးစောင့် ဥပဒေ'' ကို ကန့်ကွက်သည့် အမတ်ကို ၂ဝ၁၅ တွင် မဲမပေးရန် စည်းရုံးမည်ဟုဆို
Friday, June 28, 2013
မျိုးစောင့်ဥပဒေကို ပြဌာန်းရေး လွှတ်တော်တွင်ဆွေးနွေးရန် တင်ပြတော့မည်ဖြစ်ပြီး ထိုအချိန်တွင် ကန့်ကွက်
သည့် အမတ်ကို မှတ်သားထားကာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲမပေးရန် ဒကာများကိုစည်းရုံးမည်ဟု ဆရာတော် တစ်ပါး မိန့်ကြားလိုက်သည်။
သံဃာတော်ပေါင်း ၁၅ဝဝ ကျော်တက်ရောက်သည့် ဇွန် ၂၇ ရက်က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်
ရှောက်ရေး သြဝါဒခံယူပွဲကို အင်းစိန်မြို့နယ်ရှိ တောရတပ်ဦး ကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ် သာတွင်ပြုလုပ်စဉ် မော်လမြိုင် မြစေတီစာ သင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ကြားခြင်းဖြစ်သည်။

သုဝဏ္ဏဘူမိမြို့ဟောင်း မိုးကုန်လျှင် စတင်တူးဖော်မည်
Friday, June 28, 2013
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် သုဝဏ္ဏဘူမိစာ တမ်းဖတ်ပွဲနှင့် အလုပ်ရုံ
ဆွေးနွေးပွဲ၏ရလဒ် အရသုဝဏ္ဏဘူမိမြို့ဟောင်း နေရာသတ်မှတ် လိုက်ပြီဖြစ်သဖြင့် တူးဖော်မှုကို မိုးကုန်လျှင် စမည်ဟု ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ဇွန် ၂၅ ရက် နှင့် ၂၆ ရက်တွင် ကျင်းခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲက သုဝဏ္ဏဘူမိ မြို့ဟောင်းသည် ဝင်ကနှင့် သထုံဟု သတ် မှတ်လိုက်ပြီး မြို့ရိုးဟောင်း အခိုင်အမာရှိ/ မရှိကို ပထမဦးစားပေးအနေဖြင့် စတင်လုပ်
ဆောင်သွားမည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦးလွင်က ပြောသည်။

မလေးရှား၊ ထိုင်း ၊ စင်ကာပူတို့မှ ပြန်လာသူများကို အိမ်အလှဆင်လုပ်ငန်းတွင် အလုပ်ပေးမည်
Friday, June 28, 2013
မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မှန်၊ အလူမီနီယံ၊ စတီး၊ သံပန်း မျက်နှာ ကျက်နှင့် အိမ်အလှဆင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သော လုပ်သားများကို တစ်လလျှင် လစာ ကျပ်နှစ်သိန်းမှသည် လေးသိန်းအထိပေးကာ အလုပ်ခန့်ထားပေးမည်ဟု "တိုးဝါ" အိမ်အလှဆင်လုပ်ငန်းပိုင်ရှင် ဦးတိုးဝါက ပြောသည်။
''အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်မယ်။ နိုင်ငံခြားမှာ နှစ်နှစ်လုပ်ဖူးရမယ်။ တကယ် တတ်ကျွမ်းမယ် ဆိုလို့ ရှိရင်၊ နောက်နှစ်နှစ်အထိ လုပ်နိုင်မယ်ဆိုလို့ရှိရင်၊ ကျပ်နှစ်သိန်းကနေ လေးသိန်း ပေးပါမယ်။ လိုအပ်ရင် ဖုန်းကအစ ကူညီပေးပါမယ်။ ဖုန်းလည်း အပိုင်ပေးပါမယ်'' ဟု ဦးတိုးဝါက ပြောသည်။

ရုပ်ရှင်၊ ဂီတနှင့် သဘင်ပညာရှင်များစွာ ပါဝင်သော ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
Friday, June 28, 2013
ရုပ်ရှင်၊ ဂီတနှင့် သဘင်ပညာရှင်များစွာ ပါဝင်မည့် ရန်ပုံငွေဖျော်ဖြေပွဲကို စက်တင်ဘာလကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပွဲစီစဉ်သူ ဦးခိုင်ဇော် က မဇ္ဈိမသို့ ပြောကြားသည်။
အဆိုပါ ဖျော်ဖြေပွဲသည် မြန်မာ-ဥရောပ ဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ယဉ်ကျေးမှုထွန်း ကားရေးအသင်းကြီး၏ ပထမဆုံးရန်ပုံငွေ ရှာဖွေပွဲဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ တွင် ကျင်းပမည်ဖြစ်သည်။

အရက်မူးပြီးစကားများရာက လူသတ်မှုဖြစ်
Friday, June 28, 2013
အရက်မူးပြီး စကားများရာမှတစ်ဆင့် လူ သတ်မှု ဖြစ်ပွားခဲ့မှုတစ်ခု အင်းစိန်မြို့နယ်တွင် ဇွန် ၂၅ ရက်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။
သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ် ဦးမြင့်ဟန်ဖြစ်ပြီး သူ့အလောင်းကို ဖခင်ဖြစ်သူ ဦးသိန်းမြင့်က လမ်းမပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ရှိစဉ်က မှောက်လျက်အနေအထား ဖြင့်ဦးခေါင်းနောက်စေ့တွင် ဖူးရောင်နေပြီး၊ နဖူးနှင့် ပါးတို့တွင်လည်း ပေါက်ပြဲဒဏ်ရာများ ရရှိပြီး သေဆုံးနေကြောင်း ရဲကို ထွက်ဆို ထား သည်။

ဆက်သွယ်ရေးတင်ဒါရွေးချယ်မှု ဆိုင်းငံ့ရန် အဆိုတင်သွင်းခြင်း လွှတ်တော်အလုပ် လွှတ်တော်လုပ်ခြင်းဟု ဦးရွှေမန်းပြော
Friday, June 28, 2013
ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးမှသာ တင်ဒါရွေးချယ်ရန် အရေးကြီးအဆို တင်သွင်းခြင်းသည် လွှတ်တော် ၏ အလုပ်ကို လွှတ်တော်က လုပ်ခြင်းသာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ဇွန်လ ၂၇ ရက် လွှတ်တော်၌ တုံ့ပြန်ပြော ကြားလိုက်သည်။
''ကျွန်တော်တို့လွှတ်တော်မှာလည်း
ဖြစ်တယ်။ ဒီအဆိုကို လက်ခံပေးရမှာက လွှတ်တော်ဥက္ကဋ္ဌရဲ့အလုပ်။ ဒါမိမိရဲ့တာဝန်'' ဟု ဦးသူရရွှေမန်း က ပြောကြားလိုက်သည်။
ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်
Friday, June 28, 2013
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီမှ သတင်းထုတ်ပြန်လိုက်သည်။

Thursday, June 27, 2013
အမျိုးစောင့် ဥပဒေ ဆိုတာ ပုထုဇဉ် လူပုဂ္ဂိုလ်တွေရဲ့အလုပ်
Thursday, June 27, 2013
အမျိုးစောင့် ဥပဒေဟု အမည်ပေးထားသည့် “မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ” တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဘာသာတူချင်းသာ လက်ထပ်ရမည်ဖြစ်ပြီး၊ ဘာသာခြား၊ လူမျိုးခြားဖြစ်ပါက ထိုအမျိုးသမီး လက်ထပ်မည့် အမျိုးသားသည် ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်းရမည် ဆိုသည့် အချက်များ ပါဝင်သည်။ ထို အချက်များနှင့် ပတ်သက်၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သဘောမတူသည့် အကြောင်းအရာများကို စာစောင် တချို့တွင် တွေ့ရသည်။ ထို့ကြောင့် ၎င်းနှင့်စပ်လျဉ်း၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံက တွေ့ဆုံ မေးမြန်းထားပါသည်။

နောက်ကြောင်းမပြန်ရေး စိန်ခေါ်မှု ၁ဝ ချက်
Thursday, June 27, 2013
မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသန္ဓေတည်လာပြီဖြစ်သော အသွင်ကူးပြောင်းရေးသည် ယနေ့ကမ္ဘာတွင် အကောင်းဆုံးသော ဒီမိုကရေစီကြိုးပမ်းမှု သရုပ်သကန်အဖြစ် ထွက်ပေါ်လာခဲ့ပြီးပါပြီ။ မီးစာကုန်ဆီခန်းနေပြီဖြစ်သည့် ပြင်းထန်သည့် စစ်အုပ်ချုပ်ရေးအောက်တွင် ရာစုနှစ်ထက်ဝက်တာခန့် ကျရောက်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ဗဟိုဦးစီး ချုပ်ကိုင်မှုနှင့် ဖီလာဆန့်ကျင်သော အများပြည်သူ ပါဝင်သည့် စီပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေးလှုပ်ရှား မှုများဖြင့် အသွင်သစ် စနစ်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသန္ဓေတည်လာပြီဖြစ်သော အသွင်ကူးပြောင်းရေးသည် ယနေ့ကမ္ဘာတွင် အကောင်းဆုံးသော ဒီမိုကရေစီကြိုးပမ်းမှု သရုပ်သကန်အဖြစ် ထွက်ပေါ်လာခဲ့ပြီးပါပြီ။ မီးစာကုန်ဆီခန်းနေပြီဖြစ်သည့် ပြင်းထန်သည့် စစ်အုပ်ချုပ်ရေးအောက်တွင် ရာစုနှစ်ထက်ဝက်တာခန့် ကျရောက်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ဗဟိုဦးစီး ချုပ်ကိုင်မှုနှင့် ဖီလာဆန့်ကျင်သော အများပြည်သူ ပါဝင်သည့် စီပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေးလှုပ်ရှား
မြောက်ဦးယဉ်ကျေးမှုကို မထိန်းသိမ်းက ကမ္ဘာ့အမွေအနှစ်စာရင်းမှ အဖျက်ခံရနိုင်ဟုဆို
ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု
ဆက်လက်ပျက်ကွက် နေပါက နိုင်ငံတကာအဆင့် အသိအမှတ်ပြုထားသော ကမ္ဘာ့ယဉ်ကျေးမှု
အမွေအနှစ် စာရင်းမှ ပယ်ဖျက်ခံရဖွယ်ရှိနေကြောင်း ရှေးဟောင်း သုတေသန
ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က သတိပေး
ပြောကြားလိုက်သည်။
“မြောက်ဦး ယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းမှုညံ့ဖျင်းတဲ့အပေါ်မှာ မနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (GHF)က အာရှတိုက် စိုးရိမ်ဖွယ်ရာ ၁၀ နေရာ စာရင်းထဲမှာ မြောက်ဦးကို ထည့်သွင်းထား ခဲ့တယ်။ ဒီကနေ့ထိ ထင်သာမြင်သာတဲ့ တိုးတက်မှု မတွေ့ရသေးဘူး။ ဒီလိုသာ နာမည်ပျက်စာရင်းမှာပဲ ဆက်ပါနေမယ်ဆိုရင် နောက်ဆုံးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းကနေ မြောက်ဦး ပယ်ဖျက်ခံရနိုင်တယ်” ဟု ဦးကျော်ထွန်းအောင် က ဆိုသည်။

ဗီအိုအေ တွေ့ဆုံမေးမြန်းခန်းအပေါ် ပြန်လည်ရှင်းလင်းတင်ပြချက်
Thursday, June 27, 2013
ဇူလိုင်လ ၁ ရက်နေ့ ထုတ် တိုင်မ်းမဂ္ဂဇင်းကို အရေးပေါ်ကာလ စီမံခန့်ခွဲမှုဗဟိုကော်မတီက မြန်မာနိုင်ငံအတွင်း ထုတ်ဝေ ဖြန့်ချိခွင့်ပိတ်ပင်ခဲ့တာနဲ့ ပတ်သက်ပြီး ဇွန် ၂၆ ရက်နေ့ညနေ ဗီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိခိုက်စေတယ်၊ ဒီ ဗဟိုကော်မတီရဲ့ လုပ်ပိုင်ခွင့်မှာ မပါဘူး စသည်ဖြင့် ဆွေးနွေးသွားပါတယ်။

Samsung နှင့် အကျိုးတူ ပူပေါင်း ဆောင်ရွက်ရန် Facebook မျှော်လင့်
Thursday, June 27, 2013
Facebook အမှုဆောင် အရာရှိချုပ် Mark Zuckerberg သည် ၎င်းတို့ကုမ္ပဏီ၏ မိုဘိုင်းကြော်ငြာ ရောင်းအားကို ပိုမိုမြှင့် တင်ပေးနိုင်မည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတစ်ရပ်ကို Samsung ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုက်ပွလျှင်ရှောင်ရမည့် အစားအစာများ
Thursday, June 27, 2013
မုန်ညင်းထုပ်
မုန်ညင်းရွက်တွင်အမျှင်ဓါတ် နှင့် ဗိုက်တာမင်များပါဝင်သော်လည်း ဓါတ်ငွေ့ထုတ်လွှတ်မှုများပြီး ဗိုက်ပွ စေသည်။
ဆေးသကြား
ဆေးသကြားတွင်ပါဝင်သော အယ်လ်ကိုဟောအခြေခံအချိုဓါတ် ကြောင့် ဗိုက်ပွစေသည်။

၈၈မျိုးဆက်တို့၏ အင်္ဂလန်ခရီးစဉ် နောက်ဆုံးနေ့ ….
Thursday, June 27, 2013
၈၈မျိုးဆက်တို့၏ အင်္ဂလန်နိုင်ငံခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ၂၅၊ ၆၊၂၀၁၃ နေ့၊နံနက်၈း၃၀တွင်လန်ဒန်မြို့New Cavendish လမ်းရှိ Asia House ၌ အင်္ဂလန်နိုင်ငံအခြေစိုက် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊ကိုဌေးကြွယ်၊ကိုမြအေး၊ကိုမာကီ၊မမီးမီးနှင့်မနီလာသိန်းတို့ တက်ရောက်ခဲ့ကြပြီး၊Asia House မှ Chief Executive Michael Lawrence, Director Charlie Humphreys နှင့်ဘဏ်လုပ်ငန်းရှင်များ၊ဆက်သွယ်ရေးလုပ်ငန်းရှင်များ၊ရေနံနှင့်ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းရှင်များ၊အထည်ချုပ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရာဘာပင်စိုက်ခွင့်ရ တောသစ်ပင်များကို ထင်းအတွက် ရွာသားများ ဝယ်သုံးနေရ
Thursday, June 27, 2013
မွန်ပြည်နယ် ကျိုက္မရောမြို့နယ် အတ္ထရန်မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများနှင့် ဆက်စပ်သည့် တောမြေမှသဘာဝ ပေါက်သစ်ပင်များကို အစဉ်အဆက်က ထင်းအဖြစ် ခုတ်ယူသုံးစွဲခွင့်ရလာခဲ့သော်လည်း ယခုအခါတွင် ၄င်းတောမှ သစ်ပင်များကို ရွာသားများက ထင်းအတွက်ဝယ်သုံးနေကြရသည်ဟု ရွာသားများထံမှသိရသည်။
ယင်းတောမြေကိုအစိုးရမှ နှစ်ရှည်ပင်စိုက်ပျိုးမြေအဖြစ်ကုမ္ပဏီများနှင့် ပုဂ္ဂလိများအား လုပ်ပိုင်ခွင့်ချမှတ်ပေးထားသဖြင့် တောနှင့်ဆက်စပ်ကျေးရွာများမှာထင်းအတွက်ခုတ်ခွင့်မရကြတော့ပဲ မြေလုပ်ပိုင်ခွင့်ရထားသူထံမှ သစ်ပင်များကိုထင်း အတွက် ဝယ်ယူသုံး စွဲနေရသည်။

နိုင်ငံရေးလွန်ပွဲ အီဂျစ်ကို ခြိမ်းခြောက်
Thursday, June 27, 2013
နိုင်ငံရေး အားပြိုင်မှု တွေက အီဂျစ် ဒီမိုကရေစီ ကို ခြိမ်းခြောက် လာနေပြီလို့ သမ္မတ မိုဟာမက် မော်စီက သတိပေး လိုက် ပါတယ်။သူ့ အနေနဲ့ အမှားအယွင်း လုပ်ခဲ့မိ တာတွေ ရှိတယ်လို့ သမ္မတ သက်တမ်း ၁ နှစ်ပြည့် အတွက် ရုပ်သံက မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက ဝန်ခံ ပြောကြား ခဲ့ပါတယ်။
တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး တွေမှာ အမြန်ဆုံး ပြုပြင် ပြောင်းလဲရေး ကြီးတွေ ဖော်ဆောင် သွားမယ်လို့လည်း သူက ကတိပြု ခဲ့ပါတယ်။

လိင်တူ လက်ထပ်မှု ချိုးနှိမ်တဲ့ ဥပဒေ ဖျက်
Thursday, June 27, 2013
လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့်ကို ချိုးနှိမ် ထားတဲ့ ဥပဒေကို ဖျက်သိမ်းဖို့ အမေရိကန် တရား လွှတ်တော် ချုပ် ဆုံးဖြတ်ချက် ကို သမ္မတ အိုဘားမား က ကြိုဆို လိုက်ပါတယ်။လိင်တူချင်း လက်ထပ် မှု တွေကို ပိတ်ပင် ထားတဲ့ ထိမ်းမြားခွင့် ကာကွယ်ရေး ဥပဒေ ကို ပယ်ဖျက်ဖို့ အမေရိကန် တရား ဝန်ကြီး များက ဆုံးဖြတ်ခဲ့ကြ ပါတယ်။

သြစတြေးလျ လေဘာပါတီ ခေါင်းဆောင်သစ်
Thursday, June 27, 2013
သြစတေးလျ လေဘာပါတီ ခေါင်းဆောင်သစ် ရွေးပွဲမှာ အရင် ခေါင်းဆောင်ဟောင်း ကဲဗင် ရတ်ဒ် ဟာ လက်ရှိ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကို အနိုင် ရလို့ လေဘာ ခေါင်းဆောင် ပြန်ဖြစ်သွား ပါပြီ။
မစ္စတာ ရတ်ဒ်ဟာ ထောက်ခံမဲ ၅၇ မဲနဲ့ အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။ မစ် ဂေးလာ့းဒ် ကတော့ သူ ရှုံးရင် နိုင်ငံရေး ကနေ ထွက်ခွာ သွားမှာ ဖြစ်တယ် လို့ ပြောထား ခဲ့တဲ့ အတိုင်း အတည်ပြု ပြောကြား လိုက်ပြီ ဖြစ်ပါတယ်။လာမယ့် ရွေးကောက် ပွဲမှာလည်း ဝင်ပြိုင်မှာ မဟုတ်ဘူး ဆိုတာကို မစ်ဂေးလာ့ဒ်က အတိ အလင်း ကြေညာ သွားပါတယ်။

မူးယစ်ဆေးအန္တရာယ် ကုလ သတိပေး
Thursday, June 27, 2013
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းမှာ သမားရိုးကျ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုတွေဟာ လျော့ပါးလာနေပေမဲ့ လူမြင်သူမြင် တရားဝင် ရောင်းချလို့ရနိုင်တဲ့ ဆေးဝါးတွေကို မူးယစ်ဆေးအဖြစ် သုံးစွဲမှုတွေဟာ စိုးရိမ်ရတဲ့ အဆင့်အထိ ကြီးထွားလာနေတဲ့အကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။နာမည်တွေ ပုံစံတွေ အမျိုးမျိုးနဲ့ ဖန်တီးရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲမှုကြောင့် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ပြဿနာတွေ နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ ကြီးကြီးမားမား ရှိနေတယ်လို့လည်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (UNODC) က ဗုဒ္ဓဟူးနေ့ အစီရင်ခံစာသစ် ထုတ်ပြန်ချိန်မှာ ပြောခဲ့တာပါ။

သမ္မတ အိုဘားမား အာဖရိက ၃ နိုင်ငံ ခရီးစဉ်စတင်
Thursday, June 27, 2013
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အာဖရိကခရီးစဉ် ပထမတထောက်ဖြစ်တဲ့ ဆီနီဂေါနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဆီနီဂေါနိုင်ငံမြို့တော် Dakar ကို ကြာသပတေးနေ့မှာ ဆိုက်ရောက်ပြီးတဲ့နောက် သမ္မတ အိုဘားမားဟာ ဆီနီဂေါသမ္မတ Macky Sall နဲ့ တွေ့ဆုံတဲ့အပြင် ဒေသတွင်း တရားရေးအရာရှိတွေနဲ့ ဥပဒေစိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာဖို့ Kevin Rudd ဒီနေ့မှာ ကျမ်းကြိမ်မယ်
Thursday, June 27, 2013
သြစတြေးလျ နိုင်ငံမှာ လက်ရှိအာဏာရအုပ်ချုပ်ရေး ပါတီခေါင်းဆောင်
နေရာအပြောင်းအလဲ တာဆူနေတာ ကြာပြီ ဖြစ်ပေမယ့် မနေ့က ည ၅ နာရီလောက်မှာ ဝန်ကြီးချုပ် ဟောင်းဖြစ်သွားပြီဖြစ်တဲ့ Julia Gillard က မဲပေးဆုံးဖြတ်ဖို့ စိန်ခေါ်လိုက်ပြီးတဲ့နောက် ဝန်ကြီးချုပ်သစ်ဖြစ်လာတော့
မည့် Kevin Rudd ဟာ ခေါင်းဆောင် နေရာကို ည ၇ နာရီ ကျော် မိနစ်ပိုင်း အတွင်းမှာပဲ ၅၇ မဲ ၄၅ မဲနဲ့ အနိုင်ရခဲ့ တဲ့အတွက် ဒီကနေ့မနက်မှာ Kevin Rudd ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကြိမ်ဆိုမှာ ဖြစ်ပါတယ်။
Julia Gillard ကတော့ ညတွင်းချင်း ရာထူးကနေ တရားဝင်နှုတ်ထွက်ခဲ့
ပါတယ်။ Kevin Rudd ကိုစိန်ခေါ်ရာမှာ Julia Gillard ကလည်း မဲရှုံးသူက နိုင်ငံရေးလောက ကနေ နှုတ်ထွက်ကြေးဆိုတဲ့ စိန်ခေါ်မှုပြု ခဲ့တဲ့အတိုင်း Julia Gillard ကလာမည့် ရွေးကောက်ပွဲမှာလည်း သူ့ရဲ့မဲဆန္ဒနယ်မြေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ မရှိတော့ဘူးလို့ကြေညာပြီး သူ့ရဲ့ နိုင်ငံရေးဘဝကို ဇာတ်သိမ်း ခဲ့ပါတယ်။

တီဗက်ဇ်ကိုခေါ်ယူရန် ဂျူဗင်တပ် သဘောတူညီမှုရ
Thursday, June 27, 2013
ဂျူဗင်တပ်မှာ မန်စီးတီးတိုက်စစ်မှူး တီဗက်ဇ်ကို ပေါင် ၇.၆သန်းဖြင့်
ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့သည်။ ဆေးစစ်မှုခံယူပြီးလျှင်တီဗက်ဇ်
မှာဂျူဗင်တပ်နှင့် ၃နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး လာမည့်သုံးနှစ်အတွင်း ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ထပ်ဆောင်းပြောင်းရွှေ့ကြေး
များ ရရှိမည့်အပြင် ချန်ပီယံလိဂ်ဖလား ရရှိပါကပေါင် ၂.၅သန်း ထပ်မံ
ရရှိမည်ဟု သိရသည်။

မင်ဒဲလား လက်ရှိကျန်းမာရေး အခြေအနေ စိုးရိမ်နေကြ
Thursday, June 27, 2013
တောင်အာဖရိကနိုင်ငံမှာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသခံ
နေရတဲ့ သမ္မတဟောင်း နိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား ရဲ့ လက်ရှိအခြေ
အနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် တစုံတရာ ရှိမနေတဲ့အတွက် သူတက်ရောက်နေတဲ့ ပရက်တိုးရီးယားက ဆေးရုံအနီးမှာ သတင်းသိချင်သူ အများအပြား စုဝေးစောင့်ဆိုင်းနေကြပါတယ်။

Wednesday, June 26, 2013
တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် လယ်ယာသုံး စက်ကိရိယာများ လှူဒါန်း
Wednesday, June 26, 2013
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ လီကွမ်းဗုဒ္ဓ စွယ်တော်တိုက် ဆရာတော် Ven.Shi Chang Zang က လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနသို့ ပထမအသုတ် အနေဖြင့်ထွန်စက်ကြီး နှစ်စီး၊ လက်တွန်း ထွန်စက် ၁၅ စီး၊ ရိတ်သိမ်း ခြွေလှေ့စက် တစ်စီး၊ လက်တွန်း ကောက်စိုက်စက် တစ်စီးနှင့် လယ်ယာသုံး သယ်ပို့ယာဉ် သုံးစီးတို့ကို လှူဒါန်းခဲ့ပြီး ဒုတိယအသုတ် အနေဖြင့် လယ်ယာသုံး လေးဘီးထွန်စက်ငယ် အစီး ၃ဝ ကို ပေးအပ် လှူဒါန်းခဲ့သည်။

CNG ဈေးမြှင့်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားဟုဆို
Wednesday, June 26, 2013
တက္ကစီ အငှားယာဉ်များကို ရောင်းချသည့် သဘာဝဓာတ်ငွေ့ (CNG– Compressed Natural Gas) ဈေးနှုန်းကို သင့်တင့် မျှတသော ဈေးနှုန်းသို့ တိုးမြှင့်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားကြောင်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) အကြီးတန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

မျိုးစောင့်ဥပဒေအတွက် လက်မှတ်စုဆောင်းခဲ့ကြသည့် သံတွဲနည်းပညာကျောင်းသားများ
Wednesday, June 26, 2013
ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း ထောက်ခံသူ၊ ဝေဖန်သူများပြားနေသည့် မျိုးစောင့်ဥပဒေအား ထောက်ခံ ရန်အတွက် လက်မှတ်စုဆောင်းခြင်းကို သံတွဲမြို့၊ အစိုးရ နည်းပညာကောလိပ်တွင် ယမန်နေ့ ဇွန်လ(၂၅)ရက်နေ့က စတင်ပြုလုပ်ခဲ့ကြောင်း အဆိုပါကျောင်းမှ သိရှိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန် ပြောကြား
Wednesday, June 26, 2013
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန်က ဇွန်၂၅ ရက်တွင် နေပြည်တော်၊ သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သော စီမံကိန်းကော်မရှင် အစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ဖမ်းဝရမ်းကို ကိုယ်တိုင်ဖတ်ကြည့်သော အမျိုးသားတစ်ဦး သတိလစ်မေ့မြော
Wednesday, June 26, 2013
မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးသည် မုံရွာမြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့ကြောင်း ဖမ်းဝရမ်း ထုတ်ပြန်ခံရသူ၏ မိသားစုဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး
Wednesday, June 26, 2013
မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် တွေ့ရှိရသည့် ငါးမျိုးစိတ် ရေချို ငါးသလောက်များမှာ ပိုက်ကွက် အစိပ်များဖြင့် ဖမ်းဆီးမှု များပြားလာခြင်းကြောင့် မျိုးတုံး ပျောက်ကွယ်လုနီးပါး ရှားပါးလာကြောင်း ရေချိုငါး အဓိက ထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။

ဘာသာတရားမှာ ယုံကြည်မှုသာ အဓိကဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Wednesday, June 26, 2013
ဇွန်လ ၂၇ ရက်နေ့တွင် အင်းစိန်မြို့နယ် တောရတပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ကျင်းပမည့် သံဃာ့စုဝေးပွဲတွင် "မျိုးစောင့်ဥပဒေ" ဟု လူသိများနေသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ဘာသာခြားများ လက်ထက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသစ်ကို လွှတ်တော်သို့တင်သွင်းရန် အတည်ပြုနိုင်ဖွယ် ရှိနေသော အချိန်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းဥပဒေကို မထောက်ခံဟု ဆိုသည်။

မျိုးစောင့် ဥပဒေကို သဘောမတူဟု မြန်မာ့ လူ့အခွင့်အရေးကော်မရှင် ပြော
Wednesday, June 26, 2013
မျိုးစောင့်ဥပဒေဟု အမည်ပေးထား သည့် ''မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အေရေးပေါ် ဥပဒေ'' တွင် ပါရှိသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆို သောအချက်အား အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သဘောမတူဘဲ ဘာသာများအကြား အပြန်အလှန်လေးစားကြရန် တိုက်တွန်းလိုက်သည်။

ပြည်ခိုင်ဖြိုး ဝန်ကြီးတွေ ဗဟိုကော်မီတီကနေ နုတ်ထွက်
Wednesday, June 26, 2013
ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ အစိုးရ ဝန်ကြီးတွေ ပါတီ ဗဟို ကော်မီတီထဲကနေ ယာယီ နုတ်ထွက် လိုက်တယ်လို့ သိရပါတယ်။
အဲဒီ ဝန်ကြီးတွေထဲမှာ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းတို့ ပါပြီး တနင်္လာနေ့က ကျင်းပ ပြီးစီးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီ အစည်းအဝေးမှာ အခုလို ထုတ်ဖေါ်ကြေညာလိုက်တာ ဖြစ်ပါတယ်။

ရီးရဲလ် အန်စလော့တီနှင့် ရှေ့ခရီးဆက်တော့မည်
Wednesday, June 26, 2013
ရီးရဲလ်သည် ပီအက်စ်ဂျီနည်းပြ ကားလို့စ်အန်စလော့တီကို သုံးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အန်စလော့တီမှာ ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း ကတည်းက ပီအက်စ်ဂျီမှ ထွက်ခွာရန် ဆွေးနွေးနေသူဖြစ်ပြီး ယခုအခါတွင် ရီးရဲလ်သို့ပြောင်းရွှေ့လိုသော ၎င်း၏ မျှော်လင့်ချက်မှာလည်း ပြည့်ဝလာခဲ့သည်။

အရှည် ၁၁ ပေခန့်ရှိ မိကျောင်းအား ပုဇွန်တောင် ချောင်းအတွင်း ဖမ်းဆီးရမိ
Wednesday, June 26, 2013
ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် ရေလုပ်သားဖြစ်သည့် မျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိခဲ့ပြီးနောက် အနီးရှိ သမ္ဗာန်မောင်းနှင် သူများနှင့် စုစုပေါင်း အယောက် ၃၀ ခန့်က တစ်နာရီခန့်အကြာ ၀ိုင်းဝန်းဖမ်းဆီးမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ တရားမဝင်နည်းဖြင့် ကြီးပွားနေသူများအား ဖော်ထုတ်အရေးယူမည်
Wednesday, June 26, 2013
တရားမဝင်သည့် နည်းလမ်းအသုံး ပြုကာ ငွေကြေးရရှိစုဆောင်းထားကြ သူများကို ငွေကြေးစုံစမ်းထောက်လှမ်း ရေးရဲတပ်ဖွဲ့က အရေးယူ သွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့မှစကာ ဒုတိယ ရဲချုပ် ဦးစီးသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ကလေးနှင့် တမူးခရိုင်အတွင်း ကွင်းဆင်း စုံစမ်းစစ် ဆေးမှုအပြီး ရက်ပိုင်းအကြာ ရဲတပ်ဖွဲ့ ဌာနချုပ်က အထက် ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး အရေးယူနိုင်ရန်အတွက် လည်း သက်ဆိုင် ရာရဲတပ်ဖွဲ့ကို ဖွဲ့စည်း ထားပြီးပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ ပညာရေး မိုက်ခရိုဆော့ဖ် ဇူလိုင်တွင် စတင်ကူညီမည်
Wednesday, June 26, 2013
မြန်မာ့ပညာရေး အိုင်တီနည်း ပညာအကူအညီပေးရေးကို မိုက်ခရို ဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ် ဆောင်ပေး သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။
ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့် ပညာ နှစ်ပိုင်းခွဲလုပ်ဆောင်မည်ဖြစ် ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည် ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာ ထွန်းသူရသက် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။