Tuesday, February 05, 2013

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ရှိ

Photo: ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ မြန်မာနိုင်ငံသို့
ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ရှိ 	
Monday, February 04, 2013

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မြန်မာနိုင်ငံရှိ မိသားစုများသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင်လုပ်သားများသည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်း
ပြန်လာကြလိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၏ သုတေသန စာတမ်းတစ်စောင်ကို ကိုးကားပြီး The Nation သတင်းစာ၌
ဖော်ပြခဲ့သည်။

ချူလာလောင်ကွန်း တက္ကသိုလ်၏ အာရှလေ့လာရေး ဌာနမှ စာတမ်းအရ မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဝက်ခန့်သည် တစ်လလျှင် ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ကြား ရရှိကြကြောင်း သိရသည်။

၃၀ ရာခိုင်နှုန်းခန့်သည် တစ်လလျှင် ဘတ် ၁၀၀၀၀ ကျော်ရရှိကြောင်းနှင့် အခြား ၂၀ ရာခိုင်နှုန်းသည် တစ်လလျှင် ဘတ် ၅၀၀၀ အောက် ရရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများသည် ထိုင်းနိုင်ငံ တတ်ခရိုင်၊ စမုစခွန်နှင့် ဘန်ကောက်တို့တွင် အများစု အလုပ်လုပ်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းခန့်သည် တရားဝင်ခွင့်ပြုချက်ဖြင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ၎င်းတို့၏ နှစ်စဉ်ပြန်ပို့ငွေသည် ဘတ်၇ ဒသမ ၄ ဘီလျံ မှ ၃၇ ဘီလျံကြား
(တစ်ဘတ်လျှင် ကျပ် ၃၀) ရှိကြောင်း သိရသည်။

အဆိုပါတွက်ချက်မှုတွင် တရားမ၀င် ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ တရားမ၀င်ရွှေ့ပြောင်း လုပ်သားများ၏ ၀င်ငွေကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုပါက မြန်မာနိုင်ငံသို့ ပြန်ပို့ငွေမှာ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ကျော်မည်ဖြစ်ကြောင်း အာရှလေ့လာရေး ဌာနမှ သုတေသီ premjai wangsiripaisarn က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင်လုပ်သားများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်း ပြန်လာ
ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ခရီးသွား၊ ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အချို့သည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်မှ ငါးနှစ်အတွင်း
ပြန်ကြလိမ့်မည် ဖြစ်ကြောင်း ထိုင်းသုတေသန ဖွံ့ဖြိုးရေး အင်စတီကျု၏ အလုပ်သမားသုတေသန ညွှန်ကြားရေးမှူး yongyuth chalemwong က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ရှိနိုင်ပြီး ယင်းမှာ ထိုင်းစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းခန့် နည်းပါးလိမ့်မည်
ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်ရန်အတွက် ကျွမ်းကျင်လုပ်သားများ အများအပြား လိုအပ်နေပြီး ယင်းသည် ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများ
အပေါ် နောက်ထပ် ၁၀ နှစ်ခန့် မှီခိုရမည်ဆိုသည့် ခန့်မှန်းချက်နှင့် တိုက်ဆိုင်နေသည်။

Eleven Media Groupထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မြန်မာနိုင်ငံရှိ မိသားစုများသို့ ပြန်ပို့ငွေ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင် လုပ်သားများသည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်းပြန်လာ ကြလိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၏ သုတေသန စာတမ်းတစ်စောင်ကို ကိုးကားပြီး The Nation သတင်းစာ၌ဖော်ပြခဲ့သည်။ချူလာလောင်ကွန်း တက္ကသိုလ်၏ အာရှလေ့လာရေး ဌာနမှ စာတမ်းအရ မြန်မာရွှေ့ပြောင်း လုပ်သား တစ်ဝက်ခန့်သည် တစ်လလျှင် ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ကြား ရရှိကြကြောင်း သိရသည်။၃၀ ရာခိုင်နှုန်း ခန့်သည် တစ်လလျှင် ဘတ် ၁၀၀၀၀ ကျော်ရရှိကြောင်းနှင့် အခြား ၂၀ ရာခိုင်နှုန်းသည် တစ်လလျှင် ဘတ် ၅၀၀၀ အောက် ရရှိကြောင်း သိရသည်။မြန်မာရွှေ့ပြောင်း လုပ်သားများသည် ထိုင်းနိုင်ငံ တတ်ခရိုင်၊ စမုစခွန်နှင့် ဘန်ကောက်တို့တွင် အများစု အလုပ်လုပ်ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းခန့်သည် တရားဝင်ခွင့်ပြုချက်ဖြင့် အလုပ်လုပ် ကိုင်နေကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသို့ ၎င်းတို့၏ နှစ်စဉ်ပြန်ပို့ငွေသည် ဘတ်၇ ဒသမ ၄ ဘီလျံ မှ ၃၇ ဘီလျံကြား(တစ်ဘတ်လျှင် ကျပ် ၃၀) ရှိကြောင်း သိရသည်။

အဆိုပါတွက်ချက်မှုတွင် တရားမ၀င် ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့်ကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ တရားမ၀င်ရွှေ့ပြောင်း လုပ်သားများ၏ ၀င်ငွေကိုပါ ထည့်သွင်းတွက်ချက်မည် ဆိုပါ က မြန် မာနိုင်ငံသို့ ပြန်ပို့ငွေမှာ တစ်နှစ်လျှင် ဘတ် ၃၇ ဘီလျံ ကျော်မည်ဖြစ်ကြောင်း အာရှလေ့ လာရေး ဌာနမှ သုတေသီ premjai wangsiripaisarn က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် ကျွမ်းကျင်လုပ်သားများသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်အတွင်း ပြန်လာကြမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ၌ ခရီးသွား၊ ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အချို့သည် မြန်မာနိုင်ငံသို့ လာမည့်လေးနှစ်မှ ငါးနှစ်အတွင်း
ပြန်ကြလိမ့်မည် ဖြစ်ကြောင်း ထိုင်းသုတေသန ဖွံ့ဖြိုးရေး အင်စတီကျု၏ အလုပ်သမားသုတေသန ညွှန်ကြားရေးမှူး yongyuth chalemwong က ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ရှိနိုင်ပြီး ယင်းမှာ ထိုင်းစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းခန့် နည်းပါးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်ရန်အတွက် ကျွမ်းကျင်လုပ်သားများ အများအပြား လိုအပ်နေပြီး ယင်းသည် ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများအပေါ် နောက်ထပ် ၁၀ နှစ်ခန့် မှီခိုရမည်ဆိုသည့် ခန့်မှန်းချက်နှင့် တိုက်ဆိုင်နေသည်။

Eleven Media Group

No comments:

Post a Comment