Tuesday, February 05, 2013

ကျူးကျော်များကြောင့် တန်ဖိုးနည်းအိမ်ယာ အသစ်တည်နေရာ ထုတ်ဖော်မပြောရဲဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဆို

Photo: ကျူးကျော်များကြောင့် တန်ဖိုးနည်းအိမ်ယာ အသစ်တည်နေရာ ထုတ်ဖော်မပြောရဲဟု ဆောက်လုပ်ရေး ဒုဝန်ကြီး ဆို
Monday, February 04, 2013

တန်ဖိုးနည်း ပြည်သူ့အိမ်ယာစီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်သော်လည်း တည်နေရာအား ထုတ်ဖော်မပြောဆိုရဲသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လွင်က ပြောကြားသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဧရာဝဏ်နှင့်
ရတနာ တန်ဖိုးနည်း ပြည်သူ့အိမ်ယာစီမံကိန်းများ ဖော်ဆောင်
မည်ဟု ထုတ်ဖော်ကြေညာစဉ်က ကျူးကျော်နေထိုင်သူများသည်
ထိုနေရာများ၌တစ်ရက်အတွင်းတစ်ရာကျော်လာရောက်
ဆောက်လုပ်နေထိုင်ကြသည့် ဖြစ်စဉ်များ ရှိခဲ့သည့်အတွက်
ထုတ်ဖော် မပြောလိုခြင်း ဖြစ်ကြောင်း ဒုတိယ၀န်ကြီး
ဦးကျော်လွင်က ရှင်းပြသည်။

“ကျူးကျော်ဝင်ရောက်သူတွေကို ကျွန်တော်တို့အနေနဲ့
တော်တော်လေး ညှင်ညှင်သာသာ ကိုင်တွယ် ဖြေရှင်းနေ
ရပါတယ်” ဟု ဦးကျော်လွင်က ပြောကြားသည်သည်။

ယခင်က ဧရာဝဏ် နှင့် ရတနာ တန်ဖိုးနည်း ပြည်သူ့အိမ်ယာ စီမံကိန်းများတွင် အဆောက်အဦများကို ၆ ထပ်သာ
တည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၈
ထပ်အထိ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယခင်က တိုက်ခန်းစုစုပေါင်း တစ်သောင်း ကျော်သာတည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၈၀၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်း ပြည်သူ့အိမ်ယာများကို အစိုးရ၀န်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအားလုံး အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်
မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က လာမည့်၂၀၁၅
ခုနှစ်တွင် တန်ဖိုးနည်း ပြည်သူ့အိမ်ရာစီမံကိန်း ပြီးစီး
စေလိုသည်ဟု လမ်းညွှန်ထား ကြောင်းသိရသည်။

ဟိန်းသူ
The Myanma Ageတန်ဖိုးနည်း ပြည်သူ့အိမ်ယာစီမံကိန်းများ ဆက်လက် အကောင် အထည် ဖော်သွားမည်ဖြစ်သော်လည်း တည်နေရာအား ထုတ်ဖော် မပြောဆိုရဲသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လွင်က ပြောကြားသည်။
ရန်ကုန်မြို့၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဧရာဝဏ်နှင့်ရတနာ တန်ဖိုး နည်း ပြည်သူ့အိမ်ယာစီမံကိန်းများ ဖော်ဆောင်မည်ဟု ထုတ်ဖော်ကြေ ညာစဉ်ကကျူးကျော်နေထိုင်သူများသည်ထိုနေရာများ၌တစ်ရက် အတွင်းတစ်ရာကျော်လာရောက်ဆောက်လုပ်နေထိုင်ကြသည့်ဖြစ်စဉ် များရှိခဲ့သည့်အတွက်ထုတ်ဖော် မပြော လိုခြင်း ဖြစ်ကြောင်း ဒုတိယ၀န်ကြီးဦးကျော်လွင်က ရှင်းပြသည်။ “ကျူးကျော်ဝင်ရောက်သူတွေကိုကျွန်တော်တို့အနေနဲ့တော်တော်လေးညှင်ညှင်သာသာကိုင်တွယ် ဖြေရှင်းနေရပါတယ်” ဟု ဦးကျော်လွင်က ပြောကြားသည်သည်။
ယခင်က ဧရာဝဏ် နှင့် ရတနာ တန်ဖိုးနည်း ပြည်သူ့အိမ်ယာ စီမံကိန်းများတွင် အဆောက်အဦများကို ၆ ထပ်သာတည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၈ထပ်အထိ တည်ဆောက် သွား မည် ဖြစ်ကြောင်း၊ ယခင်က တိုက်ခန်းစုစုပေါင်း တစ်သောင်း ကျော်သာတည်ဆောက်ရန် ရည်ရွယ် ခဲ့သော်လည်း ယခုအခါ ၁၈၀၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်း ပြည်သူ့အိမ်ယာများကို အစိုးရ၀န်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများအားလုံး အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က လာမည့်၂၀၁၅ခုနှစ်တွင် တန်ဖိုးနည်း ပြည်သူ့အိမ်ရာစီမံကိန်း ပြီးစီး
စေလိုသည်ဟု လမ်းညွှန်ထား ကြောင်းသိရသည်။

ဟိန်းသူ
The Myanma Age

No comments:

Post a Comment