မြန်မာနိုင်ငံတွင်မိုဘိုင်းဖုန်းတန်ဖိုးတစ်ဖြေးဖြေး လျှော့ချရာတွင်“နိုင်ငံတကာမှလာရောက်ရင်းနှီးမည့်ကုမ္မဏီများ၏ပြိုင်ဆိုင်မှုပရိုမိုးရှင်းအပေါ်မှုတည်ပြီးSIMကပ်အလကားပေး နိုင်လောက်သည့်အထိဖြစ်သွားနိုင်တယ်”ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ်ဦးသိန်းဝင်းကသတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
Saturday, May 05, 2012
တူရိယာလုလင်ကြီးရဲ့ ရာပြည့်ပွဲ
မြန်မာ့ဂီတကိုတသစ်ဆန်းစေခဲ့တဲ့ဆရာကြီးဦးဘသိန်းရဲ့ရာပြည့်အထိမ်းအမှတ်ဂီတပွဲတော်ကိုမန္တလေးမြို့မအသင်းတိုက်ရှေ့မှာကြာသပတေးနေ့ညကကျင်းပခဲ့ပါတယ်။
ဆရာကြီးရဲ့ကျော်ကြားခဲ့တဲ့သီချင်းတွေကိုအဆိုတော်သန်းမြတ်စိုး၊ဖိုးသောကြာ၊ရာဇာဝင်းတင့်၊လှမြင့်ဝင်း၊ရီရီသန့်၊ နှင်းရည်သန့်၊စိုးစန္ဒာထွန်း၊စန္ဒရားကိုမျိုးနိုင်တို့ကပရိသတ်ကိုသီဆိုဖျော်ဖြေကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက်
လွှတ်တော်ကိုယ်စားလှယ်၇ဦးသည်FriedrichNaumannFoundation၏ဖိတ်ခေါ်မှုအရဂျာမဏ်ီနိုင်ငံသို့ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့်သွားရောက်ခဲ့သည်။ဂျာမဏ်ီအခြေစိုက်၎င်းဖောင်ဒေးရှင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါက်တာလှမြတ်သွေးနှင့်ဦးမင်းဦး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဝင်းဦး၊
မန္တလေးက ကျပ် ၁၀၀ တန် ဟန်းစက်
၅၀၀၀ကျပ်တန်ဖုန်းတွေမပေါ်လာသေးပေမယ့်ကျပ်၁၀၀တန်တယ်လီဖုန်းဟန်းစက်တွေဒီကနေ့မန္တလေးမြို့မှာ ရောင်းချပေးနေလို့လာရောက်ဝယ်ယူအားပေးသူတွေများလွန်းလို့လမ်းတွေပိတ်ဆို့ပြီးယာဉ်ထိန်းရဲတွေပါလမ်းရှင်းပေးတာတောင်လုပ်ခဲ့ရပါတယ်တဲ့။
Friday, May 04, 2012
တောင်ဒဂုံ NLD သွေးအကူအညီပေးရေးနှင့် အတတ်သင်ကျောင်းတွင် စက်ချုပ်သင်တန်းနှင့် ဆံပင်ညှပ်သင်တန်း ဖွင့်လှစ်
၂၀၁၂ခုနှစ်၊မေလ(၃)ရက်နေ့မနက်(၉)နာရီမှာဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊တောင်ဒဂုံNLDလူငယ်ညီညီဦးဆောင်ဖွင့်လှစ်တဲ့သွေးအကူအညီပေးရေးနှင့်အတတ်သင်ကျောင်းမှာစက်ချုပ်သင်တန်းအမှတ်စဉ်(၄)နှင့်ဆံပင်ညှပ်သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲပြုလုပ်ခဲ့ပြီးအခမ်းအနားမှာအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင်ဦးညွန့်ဝေနှင့်ရန်ကုန်တိုင်းစည်းတာဝန်ခံဦးစောနိုင်းနိုင်းတို့ဦးဆောင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။
ဒဂုံဆိပ်ကမ်း NLD ပါတီဝင်များတွေ့ဆုံပြီးအစည်းအဝေးပြုလုပ်
ဒီနေ့မေလ(၄)ရက်နေ့နေ့လည်(၁)နာရီကဒဂုံဆိပ်ကမ်းမြို့နယ်၊(၉၄)ရပ်ကွက်ရှိNLDပါတီရုံးမျာမြို့နယ်/ရပ်ကွက်/ကျေးရွာNLDပါတီအောင်နိုင်ရေးအဖွဲ့ဝင်များတွေ့ဆုံပြီးအစည်းအဝေးပြုလုပ်မယ်လို့သိရပါတယ်။
NLD ဗဟိုစည်းရုံးရေးကော်မတီမှအဖွဲ့ဝင်သစ်လျှောက်ထားခြင်းနှင့် ပတ်သတ်၍ ညွန်ကြား
NLDအဖွဲ့ချုပ်ရဲ့ဗဟိုစည်းရုံးရေးကော်မတီကပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွေမှာရှိတဲ့ပါတီအဖွဲ့ချုပ်အဖွဲ့ဝင်သစ်လျှောက်ထားခြင်းကိုဆောင်ရွက်နေတဲ့လုပ်ဆောင်မှုတွေနှင့်ပတ်သတ်ပြီးပြည်နယ်၊တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်၊ကျေးရွာ၊ရပ်ကွက်အလိုက်ဖြန့်ဝေရောင်းချပေးထားတဲ့အဖွဲ့ဝင်အရေအတွက်စာရင်းနဲ့ကျန်ရှိတဲ့လျှောက်လွှာစာရင်းတွေကို
တောင်ဒဂုံ NLD ပါတီဝင် ဦးဝင်းကို၏ ပြောကြားချက်
ရန်ကုန်တိုင်းဒေသကြီးအပါအ၀င်ပြည်နယ်အသီးသီးမှာရှိတဲ့NLDလူငယ်တွေချိတ်ဆက်ပြီးတော့ဒီနှစ်ကျောင်းအပ်နှံတဲ့ကာလမှာတစ်နိုင်ငံလုံးမှာရှိတဲ့စာသင်ကျောင်းများကကျောင်းသား/ကျောင်းသူတွေကိုကျောင်းအပ်လက်ခံတဲ့နေရာမှာအလှူငွေများကိုပုံစံအမျိုးမျိုးနဲ့တောင်းခံနေမှုနှင့်ကျောင်းသုံးပစ္စည်းတွေကိုတန်းဖိုးမည်မျှသတ်မှတ်ပြီးရောင်းချမှုတွေရှိနေတာကိုစောင့်ကြည့်ပြီးNLDလူငယ်တွေကသတင်းထုတ်ပြန်သွားနိုင်ဖို့အရေးအတွက်ပါတီဝင်တွေအကြားမှာ
အမျိုးသားဒီမိုကရေစီပါတီသစ်လွှတ်တော်ရေးရာကော်မတီအစည်းအဝေးကျင်းပ
မေလ(၃)ရက်နေ့မနေ့ကနေလည်း(၁၁)နာရီလောက်မှာကျင်းပတဲ့လွှတ်တော်ရေးရာကော်မတီအစည်းအဝေးကိုရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့အမျိုးသားဒီမိုကရေစီပါတီသစ်မှာလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်အပါအ၀င်တီဝင်အင်အားစုစုပေါင်း(၁၅)ဦးကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်..
အကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့များကျန်ရှိသောနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးတောင်းဆိုမည်
မြန်မာပြည်တွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ကိုမင်းဆွေ၊ကိုဖြိုးဝေသိန်းတို့ဟာအကျဉ်းထောင်တွေမှာကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့နဲ့
NLDပါတီကြည့်မြင်တိုင်မြို့နယ်ရုံးခန်းဖွင့်ပွဲပြုလုပ်
မေလ၃ရက်နေ့မနက်ပိုင်းမှာကြည့်မြင်တိုင်မြို့နယ်၊အောက်ကြည့်မြင်တိုင်လမ်းမှာရှိတဲ့အမှတ်(၆၄၇)မှာNLDရုံးခန်းဖွင့်ပွဲပြုလုပ်ခဲပါတယ်။အဲဒီရုံးခန်းဖွင့်ပွဲကိုဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်လူကြီးတွေတက်ရောက်ခဲ့ပြီးလေ့လာသူတွေအပါအ၀င်လူအယောက်(၈၀၀)လောက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
၈၈မျိုးဆက်သစ်ကျောင်းသားများနှင့်NLDအဖွဲ့များမှအပြုသဘောဆောင်ကူညီပေးရေးစီစဉ်
၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်တို့နှင့်NLDပါတီဝင်တွေပူးပေါင်းပြီးတော့ကိုမင်းကိုနိုင်အနေနဲ့NLDပါတီမှပြည်နယ်နှင့်တိုင်းစည်းရုံးရေးအဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့နိုင်ငံတကာကနေမြန်မာနိုင်ငံကိုဝင်ရောက်လာပြီး၊လူသားချင်းစာနာထောက်ထားမှုနဲ့ဆိုင်တဲ့အကူအညီပေးမယ့်NGOအဖွဲ့တွေအတွက်လိုအပ်တဲ့သတင်းအချက်အလက်တွေစုဆောင်းပေးပို့မဲ့လှုပ်ရှားမှုတစ်ခုပြုလုပ်ဆောင်ရွက်မယ်လို့
ABSDFမြောက်ပိုင်းတပ်ဖွဲ့ဟောင်းကိုဘိုဘို၊ကချင်ပြည်နယ်သို့ရောက်ရှိ
ရန်ကုန်မြို့နယ်စမ်းချောင်းမှာနေတဲ့ABSDFမြောက်ပိုင်းတပ်ဖွဲ့ဝင်ဟောင်းနှင့်အဖြူရောင်တွဲလက်များပရဟိတအဖွဲရရဲ့ဒုတိယတာဝန်ခံဖြစ်တဲ့ကိုဘိုဘိုဟာအခုကချင်ပြည်နယ်အတွင်းမှာရှိတဲ့စစ်ပြေးဒုက္ခသည်တွေကိုကူညီဖို့နဲ့လက်တလောဖြစ်ပျက်နေတဲ့သတင်းတွေကိုရယူဖို့ဆိုပြီးတော့မေလ၁ရက်နေကကချင်ပြည်နယ်မှာရှိတဲ့
ရက်လည်ဆွမ်းကျွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်နှစ်သိမ့်စကားပြော
ဒီနေ့မေလ၃ရက်နေမှာကော့မှူးမြို့နယ်ကိုယ်စားပြု၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဟာဒီကနေ့မနက်၈နာရီအချိန်လောက်မှာသူ့ရဲ့နေအိမ်ကနေထွက်လာပြီး
အမြင်မတူတာတွေကိုညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
"ကျွန်မတို့လွှတ်တော်ထဲ ရောက်ပြီးသား ဖြစ်နေတဲ့ပါတီအဖွဲ့အစည်း တော်တော်များများကကိုယ်စားလှယ်တွေကလှိုက်လှိုက်လှဲလှဲနဲ့ကြိုဆိုကြပါတယ်။လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးနဲ့ကြိုဆိုပြီးတော့အားလုံးပူးပေါင်းဆောင်ရွက်ချင်တဲ့ဆန္ဒတွေကို ဖော်ပြကြပါတယ်။အဲဒါကတော့ကျွန်မတို့ နိုင်ငံအတွက်အင်မတန်မှ ကောင်းတဲ့အလားအလာလို့ကျွန်မထင်ပါတယ်။"
အရှင်ဂမ္ဘီရဆေးကုခွင့် ငြင်းပယ်ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရပေမဲ့ ဆရာဝန်ကို အပြစ်မတင်ကြောင်း မိခင် ဒေါ်ရေးက ပြော
အရှင်ဂမ္ဘီရဆေးကုခွင့်ငြင်းပယ်ခံရတာနဲ့ပတ်သက်ပြီးစိတ်မကောင်း ဖြစ်ရပေမဲ့ဆရာဝန်ကိုအပြစ်မတင်ကြောင်းမိခင်ဒေါ်ရေးကပြောပါတယ်။"မနေ့ကဆရာဝန်ကြီးနဲ့ တွေ့တယ်။ တွေ့တော့ဦးဂမ္ဘီရတို့မင်းကိုနိုင်တို့စသဖြင့်နာမယ်ကြီးတွေတဲ့၊မန္တလေးတို့ရန်ကုန်တို့ကိုသွားကုပါတဲ့။အဲဒီလို ငြင်းလွှတ်လိုက်တယ်။ ရှောင်တာနေမှာပေါ့။ဆရာဝန်ကြီးလည်းအပြစ်မပြောချင်ပါဘူး။ဒါပေမဲ့စိတ်မကောင်း ဖြစ်တာပေါ့။အဒေါ်ကပြောပါတယ်။သူကလူလည်းထွက်ပြီးပါပြီလို့။ဆရာပေးလိုက်တဲ့ဆေးတွေတိုက်တာသက်သာပါတယ်လို့။ဆရာဝန်က ပြောတာကမီဒီယာတွေက မေးရင် ဖြေရတာခက်တယ်တဲ့။မန္တလေးတို့ရန်ကုန်တို့မှာဘုတ်အဖွဲ့နဲ့ကုတော့ ဖြေရတာလွယ်တယ်တဲ့။အဲဒါကြောင့်မကုတော့ဘူးပေါ့။အဲလိုဘဲ ပြောလိုက်တယ်။
ခြေတစ်လှမ်း၊ သန်း(၆၀)နှင့် လွှတ်တော်နိဒါန်း
နံနက်၉နာရီ၇မိနစ်ခန့်တွင်လွှတ်တော်တစ်ခုလုံးနှင့်မဏ္ဍိုင်ကြီး(၄)ရပ်စလုံးကကြိုဆိုနေသောခရမ်းရောင်ဝတ်စုံနှင့်ပခုံးထက်တွင်ဒေါင်းမြီးပုံပါခရမ်းနှင့်အဖြူစွက်ပိုးပ၀ါခြုံကာပန်းဖြူ နှစ်ပွင့်ပန်ထားသောသူမသည်အနက်ရောင်ကားလေးနှင့် ရောက်ရှိလာသည်။အညိုရောင်ကတ္တီပါပုံတော်ဖိနပ်ထူထူစီးကာ ပြည်သူ့လွှတ်တော်လှေကားဆီသို့လှမ်းတက်လာသောသူမ၏ခြေတစ်လှမ်းသည်သန်း(၆၀)သောပြည်သူများ၏အနာဂတ်အရေးအတွက်အရေးကြီးသောအခန်းကဏ္ဍတစ်ခုတွင်ပါဝင်နေသည်မှာ နိုင်ငံတော်သမ္မတကြီးနှင့်တကွအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူလူထုများနှင့်ကမ္ဘာတစ်ဝှမ်းလုံးကလက်ခံထား သောအချက် ဖြစ်သည်။
ကဆုန်လပြည့်မှာ ကြုံရမယ့် Supermoon
မတ်လ ၁၉ရက်၊ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ကနေ မြင်ခဲ့ရတဲ့ Supermoon
၂၀၁၂တနှစ်တာအတွက်ထူးခြားတဲ့Supermoon ဖြစ်စဉ်ကိုလာမယ့် မေလ၅ရက်၊ကဆုန်လပြည့်နေ့မှာ တွေ့ကြုံရမယ်လို့အာကာသ၊ကြယ်တာရာနဲ့နက္ခတ် လေ့လာသူတွေကဆိုပါတယ်။ တရားရေးမဏ္ဍိုင်မှန်ကန်ဖို့ Check and Balance လုပ်ကြစို့
အသွားမတော်တစ်လှမ်းလို့ဆိုရပါမယ်၊ ကော့သောင်းခမောက်ကြီးဆိပ်ဖူးကျေးရွာကဆိုင်ကယ်သမားလူငယ်တစ်ဦးဟာဆိပ်ဖူးကနေ အေးချမ်းသာကျေးရွာကိုဆိုင်ကယ်နဲ့သွားပါတယ်။
Thursday, May 03, 2012
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်
ပြီးခဲ့တဲ့ဧပြီလ၂၆ရက်နေ့ကမကွေးတိုင်းနတ်မောက်မြိုနယ်ဖုန်းတော်ပြည့် ကျေးရွာအုပ်စုမှာအမျိုးသားဒီမိုကရေအဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်းအနားတခုပြုလုပ်ခဲ့ပါတယ်။
ဒီမိုကရေစီ လိုလားသူများနဲ့ လွှတ်တော်အမတ်သစ်များ အမေရိကန် ချီးကျူး

သံရုံးအချို့ နေပြည်တော် ပြောင်းမည်
၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော
စုရင်ခွင်က ပညာ့ အလင်းရောင်
ပညာရွှေအိုးလူမခိုးဆိုတဲ့စကားပုံနဲ့အညီသူတပါးခိုးယူလုယူမှုအန္တရယ်ကကင်းဝေးစေဖို့ပညာအလင်းရောင်ရဖို့အတွက်“စုရင်ခွင်”လို့အမည်ရတဲ့ပညာဒါန ကျောင်းလေးကိုNLDလူငယ်များကဦးစီးပြီးကွမ်းခြံကုန်းမြို့နယ်၊မရမ်းကျေးရွာမှာ၂၀၁၁ဇူလိုင်လအတွင်းဖွင့်လှစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအဖွဲ့ဝင်များ၏ လွှတ်တော် ၀တ်စုံ
ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့တဲ့NLDပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကဒီကနေ့လွှတ်တော်ထဲပထမဆုံးအကြိမ် ရောက်လာပြီးဝတ်စားဆင်ယင်မှုမတူကွဲပြားနေတာသတိထားမိပါတယ်။
Tuesday, May 01, 2012
တောက်တဲ့ လက်အုပ်ချီတာ ဘာကြောင့်လဲ
အစိုးရ နဲ့ NLD ကို ဘန်ကီမွန်း ချီးကျူး
နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်
ပြောင်းလဲမှုတွေထဲမှာလူနည်းစုတိုင်းရင်းသားတွေအတွက်ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့အဓိကအပြောင်းအလဲအဖြစ်သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် နှစ်ပေါင်း၃၁ နှစ်အတွင်း ပြန်ပြီးစီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ကုလသမဂ္ဂတို့အကြားရခဲ့တဲ့ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ဗွီအိုအေသတင်းထောက်ဒယ်နီရယ်ဘန်စတိန်း(DanielleBernstein)သတင်းပေးပို့ထားတာကိုမခင်မျိုးသက်ကတင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား
NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများကြိုဆို ကိုမင်းကိုနိုင်ရဲ့ တုန့်ပြန်မှု
"ဒေါ်အောင်ဆန်းစုကြည်ဟာသဘောထားတင်းမာသူ၊စေ့စပ်ညှိနှိုင်းလို့မရအောင်ခေါင်းမာသူမဟုတ်ဘူးဆိုတာကိုသက်သေပြတာကတော့နံပတ်တစ်အချက်ပါပဲ။သူဟာအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လိုအပ်မယ်ဆိုရင်သူတို့ကိုင်စွဲထားတဲ့မူတွေကအစ ပြန်ပြီးတော့သုံးသပ်တယ်။သင့်တင့် လျှောက်ပတ်တဲ့အဖြေကိုထုတ်တတ်တယ်ဆိုတာမျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။
Monday, April 30, 2012
သမဂ္ဂ အစား အဖွဲ့ လို့သုံးစွဲခေါ်ဝေါ်ရန် အသင်းအဖွဲ့(၈)ဖွဲ့ထံ အသိပေးအကြောင်းကြား
(NLD) ပါတီက ဦးသိန်းမောင် ပြောကြားသည်မှာ သမဂ္ဂ အစား အဖွဲ့ ဟုသာ သုံးစွဲရန်အတွက် အသင်းအဖွဲ့(၈)ဖွဲ့ဆီကို အသိပေး အကြောင်းကြားခဲ့ကြောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနက အသင်းအဖွဲ့များ
တရားစီရင်ရေးဆိုင်ရာစောင့်ကြည့်လေ့လာသူများအဖွဲ့(မြန်မာနိုင်ငံ) ဖွဲ့စည်းမည်
မြောက်ဒဂုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးလှမင်း ပြောကြားသည်မှာ NLD ရှေ့နေကွန်ယက် ခါင်းဆောင် ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်းတို့ ခေါင်းဆောင်ပြီးတော့ ပြည်တွင်း/ပြည်ပ ဒီမိုကရေစီရေး
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဧပြီလ၂၉ ရက်နေ့တွင် ရောက်ရှိလာ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာစဉ်
မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)

(၃၃)အဆန်အိပ်စင်ရထားသည်နန့်စီးအောင်ဘူတာမှ(၂၉.၄.၂၀၁၂)နံနက်(၀၀း၅၆)နာရီအချိန်တွင်ထွက်လာပြီးနံနက်(၁း၁၀)နာရီအချိန်ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင်ဘူတာအကြားမိုင်တိုင်၆၁၆/၁ နှင့်၆၁၆/၃အကြားတံတားအမှတ်(၅၃၄) နေရာတွင်မိုင်း(၂)လုံးဆက်တိုက် ပေါက်ကွဲခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ
![]() |
| လျှပ်စစ်မီတာ (ဓါတ်ပုံ-Google Images) |
ရေရှည်တည်တံ့မယ့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဂျာမဏီထောက်ခံမည်
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးGuidoWesterwelleကဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးကိုအားပေးထောက်ခံသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့မနေ့ကတွေ့ဆုံစဉ်ကတိပြုလိုက်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက် ကြောင်းပြန်လှည့်မှာမဟုတ်ဘူးလို့တော့ ပြောလို့မရနိုင်သေးဘူးလို့ယူဆတဲ့အကြောင်းပြောဆိုလိုက်ပါတယ်။
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

မြန်မာနိုင်ငံကိုဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ဂျာမန်နိုင်ငံခြားရေးဝန်ကြီးGuidoWesterwelleဟာNLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာသွားရောက်တွေ့ဆုံပြီးEUဥရောပသမဂ္ဂရဲ့ရပ်တည်ချက်၊သဘောထားတွေကို ဆွေးနွေးကြောင်းသိရပါတယ်။
အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ

ရန်ကုန်ရောက် EU အကြီးအကဲ နဲ့ ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်းပြောနေတဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့် လုံခြုံရေးရာအကြီးအကဲ Catherine Ashton, ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံများ - ဧရာဝတီ)ရန်ကုန်မှာ EU ရုံး ဖွင့်ပါပြီ။
ဗဟန်းမြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံး ဖွင့်ပွဲကို စနေနေ့က လုပ်ပါတယ်။
အထက်ဖော်ပြပါဓာတ်ပုံမှာ ပါဝင်သူများ ရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ပြတိုက်ဖြစ်တော့မယ့် သမိုင်းဝင် ၀န်ကြီးများရုံး
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံး (ဓာတ်ပုံ - stephenbrookes.com)
ရန်ကုန်က ရှေးဟောင်းအဆောက်အဦးများထဲက၀န်ကြီးများရုံးကို ပြတိုက်လုပ်ရန်အတွက် ပြုပြင်ထိမ်းသိန်းမွမ်းမံ ပြင်ဆင်ဘို့ ဒေါ်လဲ့ရည်စိုးနဲ့အဖွဲ့ကိုရင်းနှီးမြုပ်နှံမှု ကော်မရှင်က ရွေးချယ်ထားတယ်လို့ဒီကနေ့သတင်းစာရှင်း လင်းပွဲမှာ ထိုကော်မရှင်ဥက္ကဌ ဦးစိုးသိန်း ကပြောပါတယ်။
စင်ကာပူ အငြိမ့်
Sunday, April 29, 2012
မြစ်ကြီးနားမြို့တွင်NLDပါတီမှအ၀တ်အစားနှင့်ငွေများလှူဒါန်းခဲ့
မိုးကောင်းမြို့NLDပါတီပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်းဒေါ်ခင်ကြည်ဟာမြစ်ကြီးနားမြို့ကိုပြောင်းရွှေလာရောက်နေထိုင်သူတွေအတွက်မိုးကောင်းမြို့နယ်NLDပါတီဝင်တွေကထည့်ဝင်လှူဒါန်းတဲ့အလှူငွေကျပ်၃သိန်းနှင့်အ၀တ်အထည်ဘေထုပ်၂ထုပ်ကို
NLD ပါတီဥက္ကဌဒေါ်စုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး MR. Giuliomaria TERZIDISANT AGATA ကို တွေ့ဆုံ
ဧပြီလ၂၆ရက်နေ့ဒေါ်အောင်ဆန်းစုကြည်နေအိပ်မှာအီတလီနိုင်ငံခြားရေးဝန်ကြီးMR.GiuliomariaTERZIDISANT AGATAရောက်ရှိလာပြီးဒေါ်စုကြည်နှင့်တွေ့ဆုံရာတွင်MR. Giuliomaria TERZIDISANT AGATAက မြန်မာနိုင်ငံကိုလာရောက်ခြင်းမှာအကောင်းဆုံးအချိန်ဖြစ်ကြောင်း၊နေပြည်တော်မှာနိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ်သမ္မတ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များကိုသဘောကျကြောင်းပြောကြားခဲ့ပါတယ်၊
မြန်မာ-အီတလီနှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ခိုင်မာစေရး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများ၊မြန်မာနိုင်ငံနှင့်ဥရာပသမဂ္ဂအကြားရင်းနှီမြုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ အီတလီနိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်းနှင့်အခြားအကူအညီများပံ့ပိုးပေးရန်ဆွေးနွေးခဲ့ကြောင်း၊ထို့ပြင်လက်ရှိနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းများနှင့်ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆက်လက်ဆောင်ရွက်ပေးရန်ဒေါ်အောင်ဆန်းစုကြည်ကိုပြောကြားခဲ့ပါသည်။
MR. Giuliomaria TERZIDISANT AGATAကဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှုတစ်နှစ်ရပ်ဆိုင်းထားမှုကိုရုပ်သိမ်းပေးဖို့မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတတ်ပြောင်းလဲမှုများကိုစောင့်ကြည့်ပြီမှဆောင်ရွက်သွားမည်အကြောင်း၊အီတလီနိုင်ငံအနေနဲ့ဥရောပသမဂ္ဂရဲ့ဆောင်ရွက်ထားမှုအပေါ်ထောက်ခံကြောင်း၊ကြားဖြတ်ရွေးကောက်ပွဲတွင်NLDပါတီအနေနဲ့အနိုင်ရရှိခဲ့ခြင်းကိုလည်းဂုဏ်ယူမိပေမယ့်NLDလွတ်တော်ကိုယ်စားလှများလွှတ်တော်သို့မတတ်ရောက်တဲ့အကြောင်းအရင်းများကို သိရှိလိုတယ်လိုပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဒေါ်စုကြည်ကဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံအပေါ်စီးပွားရေးအရအရေးယူပိတ်ဆို့ထားမှုကိုရုပ်သိမ်းစေလိုသော်လည်း၊(၁)နှစ်ခန့်ဆက်လက်ဆိုင်းငံ့ထားသင့်ကြောင်း၊ကြားဖြတ်ရွေးကောက်ပွဲမှာNLDပါတီအနိုင်ရရှိခြင်းမှာပြည်သူလူထုရဲ့ထောက်ခံအားပေးခြင်းကြောင့်၊အခုအချိန်မှာလွှတ်တော်ကိုမတတ်ရောက်နိုင်သေးကြောင်း၊NLDပါတီ၏ဥပဒေပညာရှင်များမှ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပါမည်ဆိုမည်အသုံးအနှုန်းကိုလက်မခံနိုင်ကြောင်း၊၎င်းအသုံးအနှုန်းအစား၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့အသုံးအနှုန်းကိုပြောင်းလဲပေးဖို့နိုင်ငံတော်သမ္မတ၊ပြည်ထောင်စုလွှတ်တော်၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုတောင်းဆိုထားကြောင်းပြောခဲ့တယ်လို့သိရပါတယ်၊
နှစ်ဦးနှစ်ဖက်သဘောတူညီမှုကိုညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကြောင်း၊ပြေလည်မှုများရရှိနိုင်မယ်လို့ယုံကြည်ကြောင်း၊နိုင်ငံတော်သမ္မတမှNLDပါတီရွေးကောက်ပွဲဝင်ရောက်နိုင်ရေးအတွက်ဆောင်ရွက်ပေးမှုများနှင့်နိုင်ငံပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ချက်များကိုလည်းယုံကြည်ကြောင်း၊NLDပါတီအနေနဲ့လွှတ်တော်ပြင်ပမှာနိုင်ငံရေးလုပ်ဆောင်မှုနှစ်၂၀ကျော်ကြာပြီးဖြစ်လို့လွှတ်တော်အတွင်းမှာနိုင်ငံရေးလုပ်ဆောင်ဖို့ဆန္ဒရှိပေမယ့်လက်ရှိအချိန်မှာလွှတ်တော်သို့မတတ်ရောက်နိုင်သေးကြောင်း၊လွှတ်တော်သို့တတ်ရောက်လျှင်ပါတီ၏အဓိကရည်ရွယ်ချက်၃ချက်ဖြစ်တဲ့တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကိုဆောင်ရွက်သွားမည်လို့ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
နေ့လည်ပိုင်းမှာဒေါ်စုကြည်နှင့်MR. Giuliomaria TERZIDISANT AGATAတို့မှ ပြည်တွင်းပြည်ပသတင်းထောက်၃၀ ဦးခန့်နှင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒေါ်စုကြည်ကလွှတ်တော်သို့မတတ်ရောက်ရခြင်းမှာနိုင်ငံရေးပြဿနာတစ်ရပ်လိုမထင်ကြောင်း၊နည်းပညာစနစ်ပိုင်းများ(မီဒီယာများ)မှားယွင်းမှုတယ်လို့သားမှတ်ယူလိုပြီးလွှတ်တောမတက်သည့်ပြဿနာအားNLDပါတီနှင့်ပြည်သူမှအကျယ်ချဲ့မည်ကိုစိုးရိမ်မိကြောင်း၊မိမိအနေဖြင့်အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊နိုင်ငံတော်သမ္မတ၏နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကိုယုံကြည်ကြောင်း၊သမ္မတအနေဖြင့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပေးခဲ့ပြီးNLDအနေဖြင့်နှစ်ဦးနှစ်ဖက်ပြေလည်အောင်ဆောင်ရွက်သွားရန်ရှိကြောင်းပြောကြားခဲ့ပါတယ်။ယခုလွှတ်တော်တွင်နိုင်ငံရေးလုပ်ရန်ဆန္ဒရှိပြီးလွှတ်တော်သို့မတတ်ရောက်ခြင်းမဟုတ်ကြောင်း၊မတတ်ရောက်သေးခြင်းသာဖြစ်သည်လိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရှိရပါသည်။
MR. Giuliomaria TERZIDISANT AGATAကမြန်မာနိုင်ငံသို့ရောက်ရှိစဉ်နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံခဲ့ကြောင်း




























