အာဆီယံ
စီးပွားရေး အသိုက်အဝန်းအတွက် ပြင်ဆင်ရန် ထိုင်းနိုင်ငံ တောင်ပိုင်း
ဖူးခက်ခရိုင်ရှိ အထက်တန်းကျောင်းသားများသည် မြန်မာစကားကို ဦးစားပေး
သင်ယူလာကြသည်ဟု ထိုင်းသတင်း အေဂျင်စီ TNA တွင် ဖော်ပြထားပါသည်။
Satri
Phuket ကျောင်းရှိ ကျောင်းသားများသည် မြန်မာနိုင်ငံသား ဆရာက သင်ကြားသော
မြန်မာဘာသာစကားကို စိတ်ပါဝင်စားစွာ သင်ယူလာကြသည်ဟု မလေးရှားနိုင်ငံ၏
Bernama သတင်းဌာနက ဖော်ပြသည်။ အဆိုပါကျောင်းတွင် မြန်မာဘာသာကို
ရွေးချယ်သင်ယူနိုင်သည့် ဘာသာရပ်တစ်ရပ်အဖြစ် ထည့်သွင်းခြင်းဖြစ်သည်။
ယခင်နှစ်မှစ၍ အဆိုပါကျောင်းတွင် မြန်မာ၊ တရုတ် စသည့် ဘာသာရပ်များကို
နိုင်ငံခြားဘာသာ သင်ရိုးများအဖြစ် ထည့်သွင်းသင်ကြားနိုင်ရန်
စီစဉ်ထားခြင်းဖြစ်သည်။ သင်ရိုးတွင် အပြောသင်ခန်းစာနှင့် တစ်ပတ်လျှင်
နှစ်ကြိမ် အရေးသင်ခန်းစာများ ပါဝင်သည်ဟု သိရသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့၏
အဆိုအရ မြန်မာဘာသာစကား သင်ယူခြင်းမှာ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က
ပြုလုပ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ကျောင်းသားများနှင့်
ကျောင်းသား မိဘများအကြား ရေပန်းစားလာခဲ့သည်ဟု ဆိုသည်။
အာဆီယံ စီးပွားရေး
အသိုက်အဝန်း (AEC) ဆိုသည်မှာ ၂၀၁၅ ခုနှစ်အမီ အာဆီယံဒေသတွင်း
စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဖြစ်ပြီး အာဆီယံဒေသ တစ်ခုလုံးကို ဈေးကွက်
တစ်ခုတည်း၊ ကုန်ထုတ်လုပ်မှု အခြေခံဒေသတစ်ခုတည်းအဖြစ်
ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် Weekly
Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment