Wednesday, June 03, 2020

ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးရဲမင်းဦး အား လွှတ်တော်မှ အတည်ပြုခန့်အပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒီကနေ့ ဇွန်လ ၃ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးတွင် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး အား အတည်ပြုခန့်အပ်လိုက် ခြင်းဖြစ်သည်။
ဦးရဲမင်းဦးသည် ၂၀၁၃ ခုနှစ်ခန့်မှ စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) စီးပွားရေးကော်မတီဝင် နှင့် ပြန်ကြားရေး ကော်မတီတို့တွင် ပါဝင်ခဲ့သူဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ၂၅ ရက်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုက္ကဌ၊ နေပြည်တော်ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
စီးပွားရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် လေ့လာသုံးသပ်သူ တဦးလည်းဖြစ်သည်။

အဖြူရောင်
Isee Media

No comments:

Post a Comment