Thursday, February 27, 2020

ပြည်တွင်းစစ်ဟု ပြောဆိုသုံးနှုန်းသွားသည့် NLDအမတ်၏ဆွေးနွေးမှုကို ကြံ့ခိုင်ရေးအမတ်ထ ကန့်ကွက်


Image may contain: 3 people
ပြည်တွင်းစစ်ဟု ပြောဆိုသုံးနှုန်းသွားသည့် NLDအမတ်၏ဆွေးနွေးမှုကို ကြံ့ခိုင်ရေးအမတ်က ထ ကန့်ကွက်ခဲ့ပြီး ပြည်တွင်းစစ်ဆိုသည့် စကားရပ်က ကျယ်ပြန့်သည့်အတွက် မသုံးနှုန်းသင့်ကြောင်းပြောဆိုတားဆီးခဲ့သည်။
လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးက ခြေဥဆွေးနွေးစဉ်“နှစ်ပေါင်း ၇၀ကျော်ကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်ပဋိပက္ခ အဆုံးသတ် ချုပ်ငြိမ်းဖို့ဆိုတာဟာ လက်နက်နဲ့ ဖြေရှင်းလို့မရပါဘူး”ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းအပေါ် ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့်က နိုင်ငံတော်အနေနှင့်ရော တပ်မတော်အနေနှင့်ရော ခံယူထားသည်က ပြည်တွင်းသောင်းကျန်းမှုသာ ဖြစ်ပြီး ပြည်တွင်းစစ်မဟုတ်ကြောင်းပြောဆိုထကန့်ကွက်ခဲ့သည်။

ပြည်တွင်းစစ်ဆိုသည်က ကျယ်ပြန့်ကြောင်းနှင့် ထိခိုက်ကြောင်းလည်း ပြောဆိုသွားသည်။

ပြည်တွင်းစစ်စာသားကို ပြည်တွင်းသောင်းကျန်းမှုဟု ပြောင်းလဲပေးရန်ပါ ဦးမောင်မြင့်က လွှတ်တော်ကို တောင်းဆိုခဲ့သည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment