Friday, February 14, 2020

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၀၀ နီးပါးရှိ

No photo description available.
၁၄. ၂. ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၉.၅၀ နာရီအထိ ရရှိသောစာရင်းများအရ နိုင်ငံနှင့် နယ်မြေ ၂၈ ခုတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူလူနာပေါင်း ၆၅၂၄၇ ဦး၌ ၁၄၉၁ ဦးသေဆုံးပြီး ၇၀၉၉ ဦးမှာ ရောဂါသက်သာပျောက်ကင်းသွား​​​ပြီဖြစ်ကြောင်းသိရပါတယ်။

ဒါကြောင့် လက်ရှိလူနာ ၅၆၆၅၇ ဦးမှာ ၁၉ ရာခိုင်နှုန်းဖြစ်တဲ့ ၁၀၆၀၈ ဦးက ရောဂါပြင်းထန်စွာခံစားနေရပါတယ်။
နေ့စဥ်လူနာသစ်တိုးလာနှုန်းမှာ ဖြစ်ကာစက ၃၉ မှ ၆၃ ရာခိုင်နှုန်းထိ ရှိခဲ့သော်လည်း နိုင်ငံအသီးသီး၌ စနစ်တကျကာကွယ်လာကြသဖြင့် ၈ ရာခိုင်နှုန်းအထိ လျော့လာခဲ့ပါတယ်။
#Ref: Worldometers#

No comments:

Post a Comment