Wednesday, January 15, 2020

ကိုယ်ခံပညာမျိုးစုံအသုံးပြုပြီး ယှဉ်ပြိုင်တိုက်ခိုက်တဲ့ MMA ကစားသမား အောင်လအန်ဆန် ၂၀၁၉ ရဲ့ နိုင်ငံတကာအကောင်းဆုံး တိုက်ခိုက်ရေးသမားဆု ရရှိ



Image may contain: 1 person, smiling
အောင်လအန်ဆန်ဟာ MMA ဝိတ်တန်း နှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပြီး လာမယ့် မတ်လအတွင်းမှာ Light Heavy Weight ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ထိုးသတ်ဖို့ရှိနေပါတယ်။

ကိုယ်ခံပညာမျိုးစုံအသုံးပြုပြီး ယှဉ်ပြိုင်တိုက်ခိုက်တဲ့ MMA ပြိုင်ပွဲရဲ့ ကစားသမား အောင်လအန်ဆန် ဟာ ၂၀၁၉ ရဲ့ နိုင်ငံတကာ အကောင်းဆုံး တိုက်ခိုက်ရေးသမား ဆုကို ရရှိသွားပါတယ်။
ဒီဆုကို World MMA Awards က ချီးမြှင့်တာဖြစ်ပြီး အွန်လိုင်းကနေ မဲပေးတဲ့စနစ်နဲ့ရွေးချယ်တာလို့ သိရပါတယ်။
ဆုရအောင် မဲပေးခဲ့တဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း အောင်လအန်ဆန်က သူရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။
Source: Aung La N Sang’s fb

No comments:

Post a Comment