Monday, January 20, 2020

၂၀၂၀ရွေးကောက်ပွဲတွင် ICJ ကိစ္စကြောင့် ထင်သလောက်ရုန်းကန်ရမည်မဟုတ်ဟု NLD သဘာပတိ အဖွဲ့ဝင်ပြောကြား


Image may contain: 8 people, people smiling, people standing
လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုလိုက်သည့်ဖြစ်ရပ်အား နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်၏ ဦးဆောင်ဖြေရှင်းမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုစိတ်ဝင်စားထောက်ခံမှုပိုမိုများပြားလာပြီး လာမည့်၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း အများထင်ထားသလောက်ရုန်းကန်မှုများရှိလိမ့်မည်မဟုတ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က iSee Mediaသို့ပြောကြားသည်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ လာမယ့်ရွေးကောက်ပွဲမှာ အခက်အခဲ တွေကြုံလာရမယ်လို့တော့ အန်ကယ်မမြင်ဘူး။အထူးသဖြင့်ICJ ကိစ္စကြောင့် NLDဟာ လူထုစိတ်ဝင်စားမှုထောက်ခံမှုပိုများလာပြီး ရွေးကောက်ပွဲ မှာ အများထင်ထားသလောက်ရုန်းကန်ရမှာမဟုတ်ဘူးလို့ အန်ကယ်ကတော့မြင်တယ်"ဟု ဦးဝင်းထိန်က ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မြန်မာနိုင်ငံအပေါ်အရေး ယူရန်ကြားဖြတ်အမိန့်ချမှတ်မှုသည် လာမည့်ဇန်နဝါရီလ ၂၃ရက်တွင် ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

"ငါတို့ကိုဆော်ချင်ရင်တော့ ပြင်းထန်တဲ့အမိန့်ဖြစ်လာမှာပဲ။သူတို့က ငွေကြေးအင်အားတောင့်တင်းတာပဲ။သို့သော် ပြဿာနာ မရှိဘူး"ဟု ဦးဝင်းထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့သည် နိုင်ငံ့တာဝန်စတင်ယူစဉ်ကတည်းက အခက်အခဲနှင့် စိန်ခေါ်မှုများစွာရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်ပြဿာနာသည် ကြီးမားသည့် စိန်ခေါ်မှုမျိုးဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက သုံးသပ်ထားကြသည်။

ကိုဖူးသစ်

No comments:

Post a Comment