Monday, January 27, 2020

တပ်နဲ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးပွဲ ဖေဖော်ဝါရီလ ပထမပတ်ကို ရွှေ့ဆိုင်း


Image may contain: one or more people, table and indoor, text that says 'RFA'
လာမယ့် ဇန်နဝါရီလကုန် ၂၈ နဲ့ ၂၉ ရက်နေ့မှာ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ ရန်ကုန်မြို့မှာ တွေဆုံဆွေးနွေးဖို့ စီစဉ်ထားတာကို နှစ်ဖက်ခေါင်းဆောင်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်း အစည်းအဝေးတွေ ရှိနေတာကြောင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။
တပ်မတော်ဘက်က တပ်တွင်းလေးလပတ် အစည်းအဝေးရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေမှာလည်း အစည်းအဝေးတွေရှိတာကြောင့် ရန်ကုန်မှာပြုလုပ်မယ့်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေကို နှစ်ဖက်ညှိနှိုင်းပြီး ရွှေ့ဆိုင်းလိုက်တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းမှာကျင်းပမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲမှာ ရှမ်း၊ ရခိုင်အပါအဝင် အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

RCSS နဲ့ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေဆွေးနွေးဖို့ သီးခြားဆွေးနွေးဖို့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ချိန်းဆိုထားတာ ‌ရွှေ့ဆိုင်းလိုက်ပြီး ထပ်မံတွေဆုံဖို့ ရက်ကိုတော့ မညှိနှိုင်းရသေးဘူးလို့ ပြောပါတယ်။

အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း လာမယ့် မတ်လ ကုန်ပိုင်းမှာကျင်းပဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း သဘောတူညီချက် ရရှိထားပြီးဖြစ်ပါတယ်။

RFA 
Unicode

တပ်နဲ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးပွဲ ဖေဖော်ဝါရီလ ပထမပတ်ကို ရွှေ့ဆိုင်း

လာမယ့် ဇန်နဝါရီလကုန် ၂၈ နဲ့ ၂၉ ရက်နေ့မှာ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့ေတွ ရန်ကုန်မြို့မှာ တွေဆုံဆွေးနွေးဖို့ စီစဉ်ထားတာကို နှစ်ဖက်ခေါင်းဆောင်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်း အစည်းအဝေးတွေ ရှိနေတာကြောင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။

တပ်မတော်ဘက်က တပ်တွင်းလေးလပတ် အစည်းအဝေးရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေမှာလည်း အစည်းအဝေးတွေရှိတာကြောင့် ရန်ကုန်မှာပြုလုပ်မယ့်ဆွေးေနွးပွဲကို ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေကို နှစ်ဖက်ညှိနှိုင်းပြီး ရွှေ့ဆိုင်းလိုက်တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းမှာကျင်းပမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲမှာ ရှမ်း၊ ရခိုင်အပါအဝင် အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

RCSS နဲ့ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေဆွေးနွေးဖို့ သီးခြားဆွေးနွေးဖို့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ချိန်းဆိုထားတာ ‌ရွှေ့ဆိုင်းလိုက်ပြီး ထပ်မံတွေဆုံဖို့ ရက်ကိုတော့ မညှိနှိုင်းရသေးဘူးလို့ ပြောပါတယ်။

အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း လာမယ့် မတ်လ ကုန်ပိုင်းမှာကျင်းပဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း သဘောတူညီချက် ရရှိထားပြီးဖြစ်ပါတယ်။


Zawgyi
Photo: အောင်မိုးမြင့်/ RFA

No comments:

Post a Comment