Thursday, January 16, 2020

ကော့သောင်းမှာ ဖမ်းမိတဲ့ မွတ်စလင်တွေကို မောင်တောမှာ စစ်ဆေးနေ


Image may contain: one or more people, people standing, sky, ocean, outdoor, water and nature, text that says 'RFA'
ကော့သောင်းမြို့ကနေ ဖမ်းဆီးရမိခဲ့တဲ့ မွတ်စလင် ၁၅၀ ကျော်တို့ကို ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စစ်ဆေးနေရာမှာ ၂၉ ဦးဟာ မောင်တောခရိုင်အတွင်း နေထိုင်သူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က RFA ကို ပြောပါတယ်။
သူတို့တွေကို UEHRD ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာ ချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ အစီအစဉ်အတိုင်း ကိုယ်ရေးအချက်အလက်တွေယူပြီး NVC နိုင်ငံသား စိစစ်မှု သက်သေခံကတ်ပြား ကိုင်ချင်သူတွေကို ထုတ်ပေးသွားမယ့်အပြင် သက်ဆိုင်ရာက ထောက်ပံ့ကြေးပေးသွားမှာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

ကျန်တဲ့ မွတ်စလင် ၁၂၆ ဦးကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဘာသာစကားအခက်အခဲကြောင့် စကားပြန်နဲ့ စစ်ဆေးနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါအဝင် လူပေါင်း ၁၇၂ ဦး လိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက်အကွာမှာ တပ်မတော်ရေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီ ၁၇၂ ဦးကို ဇန်နဝါရီလ ၈ ရက်နေ့က ကော့သောင်းမြို့အနီး ဇာဒတ်ကြီးကျွန်းကနေ တပ်မတော်ရေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၁၇ ဦးဟာ စစ်တွေမြို့နယ် သဲချောင်းနဲ့ ဒါးပိုင်ကျေးရွာတွေကဖြစ်တာကြောင့် ပြန်လည်အပ်နှံခဲ့ပါတယ်။
- Unicode
~~~~~~~~~~~~~~~

ကော့သောင်းမှာ ဖမ်းမိတဲ့ မွတ်စလင်တွေကို မောင်တောမှာ စစ်ဆေးနေ
~~~~~~~~~~
■ ကော့သောင်းမြို့ကနေ ဖမ်းဆီးရမိခဲ့တဲ့ မွတ်စလင် ၁၅၀ ကျော်တို့ကို ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စစ်ဆေးနေရာမှာ ၂၉ ဦးဟာ မောင်တောခရိုင်အတွင်း နေထိုင်သူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က RFA ကို ပြောပါတယ်။

သူတို့တွေကို UEHRD ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာ ချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ အစီအစဉ်အတိုင်း ကိုယ်ရေးအချက်အလက်တွေယူပြီး NVC နိုင်ငံသား စိစစ်မှု သက်သေခံကတ်ပြား ကိုင်ချင်သူတွေကို ထုတ်ပေးသွားမယ့်အပြင် သက်ဆိုင်ရာက ထောက်ပံ့ကြေးပေးသွားမှာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

ကျန်တဲ့ မွတ်စလင် ၁၂၆ ဦးကို ငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဘာသာစကားအခက်အခဲကြောင့် စကားပြန်နဲ့ စစ်ဆေးနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါအဝင် လူပေါင်း ၁၇၂ ဦး လိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက်အကွာမှာ တပ်မတော်ရေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီ ၁၇၂ ဦးကို ဇန်နဝါရီလ ၈ ရက်နေ့က ကော့သောင်းမြို့အနီး ဇာဒတ်ကြီးကျွန်းကနေ တပ်မတော်ရေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၁၇ ဦးဟာ စစ်တွေမြို့နယ် သဲချောင်းနဲ့ ဒါးပိုင်ကျေးရွာတွေကဖြစ်တာေကြာင့် ပြန်လည်အပ်နှံခဲ့ပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

ဓါတ်ပုံ - မင်းသိန်းအောင်/ RFA
(ကော့သောင်းမြို့ကနေ ဖမ်းဆီးရမိခဲ့တဲ့ မွတ်စလင် ၁၅၀ ကျော် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ၂၀၂၀၊ ဇန်နဝါရီ ၁၃ ရက်နေ့က ပြန်လည်ရောက်ရှိလာစဥ်)

No comments:

Post a Comment