Wednesday, January 08, 2020

လူ ၁၈၀ ပါ ယူကရိန်း ခရီးသည်တင် လေယာဉ်တစ်စင်း အီရန်မှာ ပျက်ကျ


Image may contain: airplane and sky
အီရန်နိုင်ငံ အိုင်မန် ခိုမေနီလေဆိပ်ကနေ ပျံတက်ခဲ့တဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈၀ ပါ ယူကရိန်း ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း အီရန် Fars သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်ဟာ နည်းပညာဆိုင်ရာ ပြဿနာကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ ယင်းသတင်းက ဆိုပါတယ်။
လတ်တလောမှာတော့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်သတင်းတွေ မရရှိသေးပါဘူး။
( အီရန်ဗိုလ်ချုပ်တစ်ဦး အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ သေဆုံးခဲ့တာကြောင့် အီရန်က အီရတ်ရှိ အမေရိကန် လေတပ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်မားနေချိန်မှာ ယခု လေယာဉ်ပျက်ကျမှုဖြစ်ခဲ့တာပါ။ ) 

Reuters
ကိုလင်း (အကုန်သိ သတင်းဌာန) 

No comments:

Post a Comment