Monday, January 20, 2020

အွန်လိုင်းမဲပေးစနစ်ဖြင့် ရွေးချယ်မည့် အကယ်ဒမီရွှေကြို ရွေးချယ်ပွဲရလဒ်များကို ပွင့်လင်းမြင်သာစွာ ချပြသွားမည်


Image may contain: 4 people
အကယ်ဒမီရွှေကြို ရွေးချယ်မှုတွင် ပထမဆုံးအကြိမ် ပရိသတ်များက voting စနစ်ဖြင့် ရွေးချယ်နိုင် မည့် ရွှေကြိုရွေးချယ်ပွဲကို မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အကြို အထိမ်းအမှတ်အဖြစ် လာမည့် ဇန်နဝါရီ ၂၇ ရက် နှင့်၂၈ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ Sky Star Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေကြိုရွေးချယ်ပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့သည်။

'ရွှေကြိုအဖြစ် အရွေးခံရမယ့် ကလေးတွေဟာ သရုပ်ဆောင်သင်တန်းကို အခမဲ့သင်တန်းတက်ရောက် ခွင့်ရကြမှာဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရကြမှာဖြစ်ပါတယ်။ အကောင်းမြင်ဝါဒနဲ့ သုံးသပ်ရမယ်ဆိုရင် အဟောင်းဆိုတာ တစ်ခါတုန်းက အသစ်ပါပဲ။ လက်ရှိအောင်မြင်နေတဲ့သူတွေထဲက မင်းသား၊ မင်းသမီးကြီးတွေဟာလည်း တစ်ချိန်တုန်းက ဒီလိုမျိုးအခြေအနေကနေ အောင်မြင်ခဲ့ကြသူတွေ အများကြီးပါ။ ရလဒ်ကို စောင့်ကြည့်ပြီး အကျိုးရှိမယ်ဆိုရင် နောင်နှစ်ကို ဆက်လုပ်မယ်။ အကျိုးမရှိဘူးဆိုရင်တော့ နောင်နှစ် ဆက်မလုပ်ဖို့ပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မင်းသား၊ မင်းသမီးသစ်လေးတွေပေါ်ထွန်းမယ်လို့ ထင်မြင်ယူဆမိပါတယ်'ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကပြောဆိုသည်

ယခုနှစ်တွင် တစ်မူထူးခြားစွာဖြင့် ရွေးချယ်မည့် အကယ်ဒမီ ရွှေကြိုရွေးချယ်ပွဲတွင် ပရိသတ်များကပေးသည့် Voting ၆၀ရာခိုင်နှုန်း၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက် ၄၀ရာခိုင်နှုန်းဖြင့် အကယ်ဒမီ ရွှေကြိုမောင်မယ်များကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း၊ မဲရလဒ်များကို ပွင့်လင်းမြင်သာစွာ ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

'Voting စနစ်နဲ့ ပတ်သက်ပြီး ဘယ်ကနေ ဘယ်လိုပေးရမယ်ဆိုတာ အသေးစိတ်တွေကို ထပ်ပြီးတော့ကြေညာပေးသွားမှာပါ။ အခုမှ ကျွန်တော်တို့ ဆွေးနွေးနေတုန်းပဲ ရှိသေးတာပါ။ ထပ်ပြီးညှိနှိူင်းရမှာတွေ ရှိသေးတယ်။ ပွဲအစီအစဉ်ကိုတော့ Semi Final 1 နဲ့ 2 ဆိုပြီးတော့ စီစဉ်ထားပါတယ်။ Semi Final 1 နဲ့ 2 မှာ ရွေးချယ်ခံရသူက ၄၄ ယောက်ကျန်ပါမယ်။ အဲဒီ ၄၄ ယောက်ကနေစပြီးတော့ ပရိသတ်တွေက မိမိကြိုက်နှစ်သက်တဲ့သူကို Voting ပေးရမှာပါ။ နောက်ဆုံး အယောက် ၂၀ ရွေးချယ်တဲ့အထိ ပရိသတ်တွေက မဲပေးနိုင်မှာပါ။ ပရိသတ်ပေးတဲ့ မဲတွေကိုလည်း တစ်ပြေးညီ တစ်ခါတည်း LED မှာကြေညာပေးမယ်။ LED မှာ ဘယ်သူက မဲအရေအတွက် ဘယ်လောက်ရတယ်ဆိုတာ ရာခိုင်နှုန်းတက်မယ်' ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောဆိုသည်။

အဆိုပါ ရွေးချယ်ပွဲမှ ရွှေကြိုမောင်မယ် စုံတွဲ ၁၀ တွဲကို ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ်များအား ဆုတံဆိပ်၊ ငွေသားများကိုလည်း ချီးမြှင့်မည့်အပြင် ရုပ်ရှင်သင်တန်းအခမဲ့ တက်ရောက်ခွင့်၊ Sky Net နှင့် ရတနာဘုမ္မိရုပ်ရှင်ထုတ်လုပ်ေရးမှ ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲများ ပါဝင်သရုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထူးခြားသည့်အစီအစဉ်တစ်ရပ်အေနဖြင့် ပရိသတ် Voting အများဆုံးရရှိမည့်စုံတွဲတစ်တွဲကို Popular Choice ဆုအဖြစ် ရွေးချယ်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

အကယ်ဒမီရွှေကြိုဝင်ခွင့် လျှောက်လွှာများကို တစ်စောင်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီ ၂၅ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ရွှေကြိုရွေးချယ်ပွဲအစီအစဉ်များကို me entertainment, MNTV, Channel 9, Payper View ရုပ်သံလိုင်းများမှတစ်ဆင့် ဖေဖော်ဝါရီလအတွင်း ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။

သတင်း၊ ဓာတ်ပုံ - နှင်းစုမွန်

(Unicode Version)
အွန်လိုင်းမဲပေးစနစ်ဖြင့် ရွေးချယ်မည့် အကယ်ဒမီရွှေကြို ရွေးချယ်ပွဲရလဒ်များကို ပွင့်လင်းမြင်သာစွာ ချပြသွားမည်

အကယ်ဒမီရွှေကြို ရွေးချယ်မှုတွင် ပထမဆုံးအကြိမ် ပရိသတ်များက voting စနစ်ဖြင့် ရွေးချယ်နိုင် မည့် ရွှေကြိုရွေးချယ်ပွဲကို မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အကြို အထိမ်းအမှတ်အဖြစ် လာမည့် ဇန်နဝါရီ ၂၇ ရက် နှင့်၂၈ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ
Sky Star Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေကြိုရွေးချယ်ပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့သည်။

'ရွှေကြိုအဖြစ် အရွေးခံရမယ့် ကလေးတွေဟာ သရုပ်ဆောင်သင်တန်းကို အခမဲ့သင်တန်းတက်ရောက် ခွင့်ရကြမှာဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရကြမှာဖြစ်ပါတယ်။ အကောင်းမြင်ဝါဒနဲ့ သုံးသပ်ရမယ်ဆိုရင် အဟောင်းဆိုတာ တစ်ခါတုန်းက အသစ်ပါပဲ။ လက်ရှိအောင်မြင်နေတဲ့သူတွေထဲက မင်းသား၊ မင်းသမီးကြီးတွေဟာလည်း တစ်ချိန်တုန်းက ဒီလိုမျိုးအခြေအနေကနေ အောင်မြင်ခဲ့ကြသူတွေ အများကြီးပါ။ ရလဒ်ကို စောင့်ကြည့်ပြီး အကျိုးရှိမယ်ဆိုရင် နောင်နှစ်ကို ဆက်လုပ်မယ်။ အကျိုးမရှိဘူးဆိုရင်တော့ နောင်နှစ် ဆက်မလုပ်ဖို့ပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မင်းသား၊ မင်းသမီးသစ်လေးတွေပေါ်ထွန်းမယ်လို့ ထင်မြင်ယူဆမိပါတယ်'ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကပြောဆိုသည်

ယခုနှစ်တွင် တစ်မူထူးခြားစွာဖြင့် ရွေးချယ်မည့် အကယ်ဒမီ ရွှေကြိုရွေးချယ်ပွဲတွင် ပရိသတ်များကပေးသည့် Voting ၆၀ရာခိုင်နှုန်း၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက် ၄၀ရာခိုင်နှုန်းဖြင့် အကယ်ဒမီ ရွှေကြိုမောင်မယ်များကို ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း၊ မဲရလဒ်များကို ပွင့်လင်းမြင်သာစွာ ပြသပေးမည်ဖြစ်ကြောင်း သိရသည်။

'Voting စနစ်နဲ့ ပတ်သက်ပြီး ဘယ်ကနေ ဘယ်လိုပေးရမယ်ဆိုတာ အသေးစိတ်တွေကို ထပ်ပြီးတော့ကြေညာပေးသွားမှာပါ။ အခုမှ ကျွန်တော်တို့ ဆွေးနွေးနေတုန်းပဲ ရှိသေးတာပါ။ ထပ်ပြီးညှိနှိူင်းရမှာတွေ ရှိသေးတယ်။ ပွဲအစီအစဉ်ကိုတော့ Semi Final 1 နဲ့ 2 ဆိုပြီးတော့ စီစဉ်ထားပါတယ်။ Semi Final 1 နဲ့ 2 မှာ ရွေးချယ်ခံရသူက ၄၄ ယောက်ကျန်ပါမယ်။ အဲဒီ ၄၄ ယောက်ကနေစပြီးတော့ ပရိသတ်တွေက မိမိကြိုက်နှစ်သက်တဲ့သူကို Voting ပေးရမှာပါ။ နောက်ဆုံး အယောက် ၂၀ ရွေးချယ်တဲ့အထိ ပရိသတ်တွေက မဲပေးနိုင်မှာပါ။ ပရိသတ်ပေးတဲ့ မဲတွေကိုလည်း တစ်ပြေးညီ တစ်ခါတည်း LED မှာကြေညာပေးမယ်။ LED မှာ ဘယ်သူက မဲအရေအတွက် ဘယ်လောက်ရတယ်ဆိုတာ ရာခိုင်နှုန်းတက်မယ်' ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောဆိုသည်။

အဆိုပါ ရွေးချယ်ပွဲမှ ရွှေကြိုမောင်မယ် စုံတွဲ ၁၀ တွဲကို ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ်များအား ဆုတံဆိပ်၊ ငွေသားများကိုလည်း ချီးမြှင့်မည့်အပြင် ရုပ်ရှင်သင်တန်းအခမဲ့ တက်ရောက်ခွင့်၊ Sky Net နှင့် ရတနာဘုမ္မိရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲများ ပါဝင်သရုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထူးခြားသည့်အစီအစဉ်တစ်ရပ်အနေဖြင့် ပရိသတ် Voting အများဆုံးရရှိမည့်စုံတွဲတစ်တွဲကို Popular Choice ဆုအဖြစ် ရွေးချယ်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

အကယ်ဒမီရွှေကြိုဝင်ခွင့် လျှောက်လွှာများကို တစ်စောင်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး ဇန်နဝါရီ ၂၅ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ရွှေကြိုရွေးချယ်ပွဲအစီအစဉ်များကို me entertainment, MNTV, Channel 9, Payper View ရုပ်သံလိုင်းများမှတစ်ဆင့် ဖေဖော်ဝါရီလအတွင်း ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်

သတင်း၊ ဓာတ်ပုံ - နှင်းစုမွန်

No comments:

Post a Comment